တိုင်းပြည်စာရင်းစနစ် (သို့မဟုတ်) အမျိုးသားစာရင်းစနစ် (၄)

တိုင်းပြည်စာရင်းစနစ် (သို့မဟုတ်) အမျိုးသားစာရင်းစနစ် (၄)

ကျွန်ုပ် ဉာဏ်မီသလောက်ဆိုရလျှင် ငှားရမ်းခ အများစုမှာ နှုတ်ကဖြစ်သော ဈေးနှုန်းများသာ ဖြစ်သဖြင့် စရိတ်တွက်ပြီး အမြတ်/အရှုံး တင်ထားသော စားသုံးကုန်ပစ္စည်းများနည်းတူ အခွန်ကောက်ခံခြင်းမှာ မဆီလျော်ဟု ဆိုချင်ပါသည်။

ကျွန်ုပ် ဉာဏ်မီသလောက်ဆိုရလျှင် ငှားရမ်းခ အများစုမှာ နှုတ်ကဖြစ်သော ဈေးနှုန်းများသာ
ဖြစ်သဖြင့် စရိတ်တွက်ပြီး အမြတ်/အရှုံး တင်ထားသော စားသုံးကုန်ပစ္စည်းများနည်းတူ
အခွန်ကောက်ခံခြင်းမှာ မဆီလျော်ဟု ဆိုချင်ပါသည်။

တစ်ခုခုတော့ မှားနေပြီဟု ပြောရပါမည်။ တိုင်းပြည်စာရင်းစနစ် သို့မဟုတ် အမျိုးသားစာရင်းစနစ်
အပိုင်း(၁)တွင် အခြေခံဈေးနှုန်း၊ ထုတ်လုပ်သူဈေးနှုန်းနှင့် ၀ယ်ယူသူဈေးနှုန်းတို့ကို ဆွေးနွေးခဲ့ပါ
သည်။

ယခု အပိုင်း(၂)တွင် နောက်ထပ် သော့ချက်တစ်ခုဖြစ်သည့် စီးပွားရေး အဆောက်အအုံ
တစ်ခုလုံး၏ ဖွဲ့စည်းမှုကို ဦးစွာတင်ပြပါမည်။

တိုင်းပြည် စာရင်းစနစ် SNA တွင် စီးပွားရေး အဆောက်အအုံတစ်ခုကို အစိတ်အပိုင်းကြီး ငါးခုဖြင့်
ဖွဲ့စည်းတည်ဆောက်ထားသည်ဟု ဖော်ပြထားပါသည်။

ယင်းအချက်သည် အလွန်အရေးကြီးပါသည်။ အကြောင်းမှာ စာရင်းများ ရေးဆွဲရာတွင်
အစိတ်အပိုင်း တစ်ခုချင်းစီ၌ ရေးဆွဲပြီး စီးပွားရေး အဆောက်အအုံ တစ်ခုလုံးအတွက် ပြန်လည်
ပေါင်းစပ်ရပါသည်။

တိုင်းပြည် စာရင်းစနစ်အရ စီးပွားရေးအဆောက်အအုံ တစ်ခု၏ အစိတ်အပိုင်းကြီးငါးခုမှာ -

(က) ငွေရေးကြေးရေးကဏ္ဍမဟုတ်သော ကော်ပိုရေးရှင်းများ (Non-Financial Corporations)

(ခ) ငွေရေးကြေးရေးဆိုင်ရာ ကော်ပိုရေး ရှင်းများ (Financial Corporations)

(ဂ) အထွေအထွေအစိုးရ (General Government)

(ဃ) အိမ်ထောင်စုများအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေသည့် အမြတ်အစွန်း မကြည့်သော
       အဖွဲ့အစည်းများ (Non-profit Institutions Serving Households - NPISHs)

(င) အိမ်ထောင်စုများ (Households) တို့ဖြစ်ကြသည်။

ငွေရေးကြေးရေးကဏ္ဍမဟုတ်သော ကော်ပိုရေးရှင်းများနှင့် ငွေရေးကြေးရေးဆိုင်ရာ
ကော်ပိုရေးရှင်းများကို အစိတ်အပိုင်း တစ်ခုချင်းစီ၌ ပြည်သူ့ကော်ပိုရေးရှင်းများ (Public
Corporations)၊ နိုင်ငံသားပုဂ္ဂလိက ကော်ပိုရေးရှင်းများ (National Private Corporations) နှင့်
နိုင်ငံခြားသားထိန်းချုပ်ကော်ပိုရေးရှင်းများ (Foreign Controlled Corporations) ဟု
ထပ်မံခွဲခြားသည်။

ဖော်ပြခဲ့သော အစိတ်အပိုင်းကြီး ငါးခုကို SNA တွင် အဖွဲ့အစည်းဆိုင်ရာကဏ္ဍများ (Institutional
Sections) ဟု သတ်မှတ်သည်။

အဖွဲ့အစည်းဆိုင်ရာ ကဏ္ဍများကို အဖွဲ့ အစည်းဆိုင်ရာ ယူနစ် (Institutional Unit) များဖြင့်
ဖွဲ့စည်းတည်ဆောက်ထားသည်။

ယင်းအဖွဲ့အစည်းဆိုင်ရာ ယူနစ်တစ်ခုသည် ပိုင်ဆိုင်ပစ္စည်းများကို ကိုယ်ပိုင် ပိုင်ဆိုင်ခွင့်ရှိပြီး
ပေးရန်တာဝန်များကိုလည်း ကိုယ်ပိုင် တာဝန်ယူနိုင်စွမ်းရှိကာ စီးပွားရေးလုပ်ဆောင်ချက်များတွင်
ပါ၀င်လှုပ်ရှားနေသည့် စီးပွားရေးဆိုင်ရာ တည်ရှိမှုတစ်ခု ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အဆောက်အအုံထဲမှ အိမ်ထောင်စုများ အစိတ်အပိုင်းကို နုတ်လျှင်
ကျန်သော အပိုင်းသည် ဖော်ပြခဲ့သော အဖွဲ့ အစည်းဆိုင်ရာ ကဏ္ဍ(က)မှ (ဃ) အထိ
ပါ၀င်ပါသည်။

လောလောဆယ်တွင် အစိတ်အပိုင်း တစ်ခုချင်းကို လူအများ နားလည်လွယ်သော
ရှင်းလင်းချက်များဖြင့် ဖော်ပြပါမည်။

နောက်ပိုင်းတွင် နည်းပညာဆိုင်ရာ ရှင်းလင်းချက်များ ပေးပါမည်။

အရေးကြီးသည်မှာ ဖော်ပြခဲ့သည့် အဖွဲ့အစည်းဆိုင်ရာ ယူနစ်၏ အဓိပ္ပာယ် သတ်မှတ်ချက်
ဖြစ်ပါသည်။

အစိတ်အပိုင်းကြီးများကို အဖွဲ့အစည်းဆိုင်ရာကဏ္ဍဟု သတ်မှတ်ပြီး ယင်းအဖွဲ့အစည်းဆိုင်ရာ
ကဏ္ဍတွင် အဖွဲ့ အစည်းဆိုင်ရာ ယူနစ်တစ်ခုချင်းစီကို ဖော်ထုတ်ပေးရပါမည်။

အစိတ်အပိုင်း(ခ)ဖြစ်သော ငွေရေးကြေးရေးဆိုင်ရာ ကော်ပိုရေးရှင်းများသည် ဘဏ်များ၊
နိုင်ငံခြားငွေလဲလှယ်သော ဈေးကွက်များ၊ စတော့ဈေးကွက်များစသည့် ငွေကြေးဆိုင်ရာ
ယူနစ်များ ပါ၀င်သော အဖွဲ့ အစည်းများ ပါ၀င်ပါသည်။

အစိတ်အပိုင်း(ဂ) ဖြစ်သော အထွေထွေအစိုးရဆိုသည်မှာ အစိုးရက တာဝန်ယူ လုပ်ကိုင်နေသော
ယူနစ်များ ပါ၀င်သည့် ကဏ္ဍဖြစ်ပါသည်။ (ဥပမာ - ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့အုပ်ချုပ်ရေး
စသည်) အစိတ်အပိုင်း(ဃ)ဖြစ်သည့် NPISHs မှာ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊
ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့သော အမြတ်အစွန်းမကြည့်ဘဲ အများအကျိုး
ဆောင်ရွက်နေသည့် ယူနစ်များပါ၀င်သော ကဏ္ဍဖြစ်ပါသည်။

ထိုသို့ဆိုလျှင် ငွေရေးကြေးရေးကဏ္ဍမဟုတ်သော ကော်ပိုရေးရှင်းများ ဟူသော အစိတ်အပိုင်း(က)
တွင် စီးပွားရေးလုပ်ငန်းများ စက်ရုံ အလုပ်ရုံများ ပါ၀င်ပါသည်။

SNA နည်းပညာဆိုင်ရာ အသေးစိတ် ရှင်းလင်းချက်များကို သက်ဆိုင်ရာအလိုက် အသေးစိတ်
ရေးသား ဖော်ပြပါမည်။

ဤတွင် သက်ဆိုင်ရာ အစိတ်အပိုင်းကြီးများအလိုက် စာရင်းများ ဖော်ထုတ်ရာတွင် (ခ)၊ (ဂ) နှင့်
(ဃ) တို့မှာ ကိုင်တွယ်နိုင်သည့် ပမာဏရှိသဖြင့် ရေတွက်မှုအပြည့် (Complete Count) က
စာရင်းများ ရရှိနိုင်သော်လည်း (က) နှင့် (င) မှာ နမူနာ (Sample) ကို အခြေပြုမှသာ
အချိန်မီစာရင်းများ ရရှိနိုင်မည်ဖြစ်ပါသည်။

နမူနာကို အခြေခံသော စာရင်းများမှာ အပြည့်စာရင်းကောက်ခြင်း မဟုတ်သော်လည်း
အပြည့်စာရင်းကောက်ခြင်းနည်းတူ တိကျမှု ရရှိကြောင်းကို စာရင်းအင်းပညာ သီအိုရီနှင့်
နည်းလမ်းများ (Statistical Theory နှင့် Methods) တွင် တွေ့နိုင်ပါသည်။

ယင်းကို နောက်ပိုင်းကဏ္ဍများတွင် ထည့်သွင်း ရှင်းလင်းပါမည်။

သို့သော် မြန်မာနိုင်ငံ အထက်တန်းပညာရေးအဆင့်တွင် စာရင်းအင်းပညာ (Statistics)
သင်ကြားမှု လွန်စွာအားနည်းပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI) တွင်
ကျင်းပခဲ့သော ဟောပြောပွဲ တစ်ခုတွင် နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဦးမြင့် ကလည်း
မြန်မာနိုင်ငံတွင် စာရင်းအင်းကိန်းဂဏန်းများ အားနည်းမှုကို ထောက်ပြခဲ့သည်ဟု သိရပါသည်။

ယင်းမှာ ပညာရေးတွင် 'စာရင်းအင်းပညာ' သင်ကြား ရေးအားပေးမှု အားနည်းသောကြောင့်
စာရင်း အင်းကိန်းဂဏန်း တစ်လုံး၏ တိကျမှန်ကန်မှု တန်ဖိုးကို နားမလည်သဖြင့်ဟု ကျွန်ုပ်
ကောက်ချက် ချပါသည်။

ထိုသို့ကောက်ချက် ချရခြင်းမှာ ဗြိတိန်ကောင်စီစာကြည့်တိုက်တွင် GCE O Level, GCE A Level
တွင် စာရင်းအင်းပညာသင်ရိုးများမှာ ကျွနု်ပ်တို့ မြန်မာနိုင်ငံ တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်
သင်ရိုးများနှင့် တူညီနေကြောင်း တွေ့ရပါသည်။

ကျွနု်ပ်တို့ မြန်မာနိုင်ငံတွင် တက္ကသိုလ် မရောက်မီ ဤကဲ့သို့ သင်ကြားခဲ့ရလျှင် တက္ကသိုလ်များတွင်
သုတေသနအတွက် အဆင့်မြင့်သော စာရင်းအင်းပညာများကို သင်ကြားခွင့်ရှိမည်ဟု
ယုံကြည်မိပါသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် မူလတန်းမှ အထက်တန်းအထိ ၁၂ နှစ် ပညာရေး ဟူသော အသံကို
ကြားရပြီး အကောင်အထည်ဖော်ရန် ပြင်ဆင်မှုများ ပြုလုပ်နေမှု ရှိ - မရှိ မသိပါ။

ကျွနု်ပ်အမြင်မှာ ယင်း ၁၂ နှစ် ပညာရေးသည် လိုအပ်သည်ဟု ပြောရပါမည်။ ၁၂ နှစ် ပညာရေး
လုပ်ပါက ရှေးဦးစွာ တက္ကသိုလ် ပထမနှစ် ကျောင်းသား/သူများ ဤနှစ်တွင် ရှိမည်မဟုတ်ပါ။

ထိုအခါ ပညာရေးအဆင့်အတန်း မြှင့်တင်ရေးအတွက် တက္ကသိုလ်များတွင် ပြင်ဆင်ခွင့် ရရှိပါမည်။

တစ်ဖန်တက္ကသိုလ်ဘွဲ့ရ မထွက်ရှိသော နှစ်များအတွက် အလုပ်လက်မဲ့ ပြဿနာ စဉ်းစားရန်
မလိုပါ။

ရန်ကုန်တက္ကသိုလ်တွင် ယခုသဘင်နှစ်အတွက် ကျောင်းသားဦးရေ လျော့ကျသွားခြင်း၏
အကြောင်းရင်းများစွာအနက် တစ်ခုမှာ ဘွဲ့ရ ပြီးလျှင် အလုပ်ရရှိနိုင်မှု လိုအပ်ချက်တစ်ခု
ပါ၀င်သည်ဟု ကျွန်ုပ်တွက်ဆပါသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသား/သူများမှာ တစ်လလျှင် ပညာသင်ထောက်ပံ့ကြေး
ငွေကျပ် တစ်သိန်း ရနေပါလျက် ဤသို့ ကျောင်းသားဦးရေ လျော့ကျသွားခြင်းမှာ ...။

တိုင်းပြည်စာရင်းစနစ် (SNA) တွင် စီးပွားရေး သိပ္ပံပညာ (Economic Science) ၏
သဘောတရားများ ပါ၀င်ပါသည်။

စာရင်းကိုင်ပညာ (Accountancy) စည်းမျဉ်းများ ပါ၀င်ပါသည်။

သို့သော် စာရင်းများပြုစုရာတွင် စာရင်းအင်း ပညာရှင်များက တာဝန်ယူလုပ်ဆောင် ရပါသည်။

အကြောင်းမှာ တိုင်းပြည်စာရင်း စနစ်တွင် ကိန်းဂဏန်းများကို ကိုင်တွယ်ပြရာတွင်
ကိန်းဂဏန်းများ၏ အတတ်ပညာဖြစ်သော စာရင်းအင်းပညာက တိကျမှန်ကန်စွာ
ဖော်ထုတ်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။

အဓိကအားဖြင့် စီးပွားရေး စာရင်းအင်းပညာရှင်များ (Economic Statisticians) က
ပဲ့ကိုင်ကြရပါသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် 'တစ်နိုင်ငံလုံးတွင်
ရှိသည့် အသက် ၁၀၀ နဲ့အထက် အဘိုးအဘွားများကို နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်
ဂုဏ်ပြုချီးမြှင့်မည်' ဟူသော ခေါင်းစဉ်ဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်
က '၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့
အောင်ပွဲအထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အသက် ၁၀၀ နဲ့ အထက် အဘိုး ၁၆၉ ဦး
အဘွား ၄၀၀ တို့ကို ...' ဟု ဖတ်လိုက်ရပါသည်။

ဤသို့ အသက် ၁၀၀ နှင့်အထက် အဘိုးအဘွား ဦးရေ ကိန်းဂဏန်း အတိအကျ ရရှိခြင်းမှာ
မြန်မာနိုင်ငံတွင် လူဦးရေ သန်းခေါင်စာရင်း၏ အကျိုးပြု ရလဒ်ဟု ကျွနု်ပ်ထင်မြင်မိပါသည်။

ကျွနု်ပ်၏ ထင်မြင်ချက်မှားလျှင် ဘွာခတ်ရပါမည်။ လူဦးရေးစာရင်းနည်းတူ တိုင်းပြည်စာရင်းစနစ်
အတွက် ရေရှည်တွင် ငွေရေးကြေးရေး ကဏ္ဍမဟုတ်သော ကော်ပိုရေးရှင်းကဏ္ဍအတွက် စက်ရုံ၊
အလုပ်ရုံ စီးပွားရေးလုပ်ငန်း အကြီးအငယ်အားလုံး၏ အမှန်အရေအတွက်နှင့်တကွ အခြေအနေကို
သိရှိနိုင်ရန် စီးပွားရေး စစ်တမ်းဟု ခေါ်ဆိုရမည့် ECONOMIC CENSUS ကောက်ယူရန်
နိုင်ငံတော်အစိုးရ အနေဖြင့် စဉ်းစားသင့်ပြီဟု အကြံပြုရင်း တိုင်းပြည် စာရင်းစနစ် အပိုင်း (၂) ကို
နိဂုံးချုပ်ရပါသည်။

အပိုင်း (၃) တွင် တိုင်းပြည်စာရင်း စနစ်မျိုးဆက်များ (SNA Generations) ကို ဖော်ထုတ်ကာ
သော့ချက်များကို ဆက်လက်ဖော်ပြပါမည်။

စာရေးသူ ကီနိုစံ သည် ရန်ကုန် စီးပွားရေးတက္ကသိုလ်က အငြိမ်းစား ပါမောက္ခ တစ်ဦး ဖြစ်ပါသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021