မှန်မှန် ဆေးစစ်ခြင်းဖြင့် အသက်ပိုရှည်ကြပါစေ

မှန်မှန် ဆေးစစ်ခြင်းဖြင့် အသက်ပိုရှည်ကြပါစေ

နှစ်စဉ်ကျင်းပတဲ့ အာစရိယပူဇော်ပွဲမှာ ဆရာကြီးတစ်ဦးက ကန်တော့ခံဆရာကြီး၊ ဆရာမကြီးတွေနဲ့ တပည့်တွေကို တစ်နှစ်တစ်ခါ ကျန်းမာရေးဆေးစစ်ကြဖို့ သတိပေးပါတယ်။

နှစ်စဉ်ကျင်းပတဲ့ အာစရိယပူဇော်ပွဲမှာ ဆရာကြီးတစ်ဦးက ကန်တော့ခံဆရာကြီး၊
ဆရာမကြီးတွေနဲ့ တပည့်တွေကို တစ်နှစ်တစ်ခါ ကျန်းမာရေးဆေးစစ်ကြဖို့ သတိပေးပါတယ်။

ကန်တော့တဲ့ တပည့်တွေဟာ အသက် ၅၀ ကျော်၊ ၆၀ ကျော်ရှိနေကြပြီ၊ သူတို့ထဲမှာ နှစ်ယောက်၊
သုံးယောက်ဟာ မကြာခင်က ကွယ်လွန်သွားကြပြီဖြစ်လို့ ဆရာကြီးက ဆေးစစ်ဖို့ မှာကြားခြင်း
ဖြစ်တယ်။

အသက် ရ၆ နှစ်ရှိပြီဖြစ်တဲ့ ကျွန်မဟာ ယေဘုယျအားဖြင့် ကျန်းကျန်းမာမာရှိနေလို့၊ ဆေးစစ်ပြီးမှ
ရောဂါရှိနေတယ်ဆိုတာ သိရမှာ ကြောက်နေမိတယ်။ တကယ်တော့ ဒါဟာ မဖြစ်သင့်ဘူးဆိုတာ
သိပါတယ်။

တစ်နေ့ ဗိုလ်ချုပ်ဈေးရှေ့ လမ်းဘေး စာအုပ်အဟောင်းဆိုင်က Reader's Digest စာအုပ်အဟောင်း
သုံးအုပ် ၀ယ်လာပြီး ဖတ်လိုက်ပါတယ်။

ကျန်းမာရေးဆေးစစ်ခြင်းဟာ လူ့အသက်ကို မသေသင့်ဘဲ၊ မသေအောင် ကယ်နိုင်တယ်ဆိုတဲ့
ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိတော့၊ ဆရာကြီးပြောခဲ့တာကို သတိရပါတယ်။

အဲဒီဆောင်းပါးမှာ ဆေးစစ်ပြီး ရောဂါ သိရလို့ အချိန်မီကုသနိုင်၊ အသက်ပိုရှည်လာတဲ့
ဖြစ်ရပ်တွေကို ဖော်ပြလိုက်ပါတယ်။

ကျန်းမာပုံပေါက်တဲ့ ငယ်ငယ်ရွယ်ရွယ် အိမ်ရှင်မတစ်ယောက်ဟာ ဆေးစစ်တဲ့အခါမှာ သူ့ရဲ့
သွေးထဲမှာ ကယ်လ်စီယမ်တွေများများ ရှိနေတာကို တွေ့ရတယ်။

ပါရာသိုင်းရွိုက် ဂလင်းထဲမှာ အသားပို တစ်ခုရှိနေတာကို ညွှန်ပြနေတယ်။

ခွဲစိတ်ဆရာဝန်က ခွဲထုတ်လိုက်တာနဲ့၊ လူနာကောင်းသွားပါတယ်။ ရောဂါလက္ခဏာမပြမီ၊
ဒီအမျိုးသမီး ဆေးစစ်ဖို့ မလာခဲ့ရင် ဘာဖြစ်သွားမလဲ၊ ဒီလို အသားပိုမျိုးဟာ ပါရာသိုင်းရွိုက်
ဟိုမုန်းကို တရားလွန်ထုတ်ပေးတယ်။

ဒီလွန်ကဲမှုက သွေးကြောထဲကို ကယ်လ်စီယမ် လွှတ်ပေးဖို့ အရိုးကို နှိုးဆွပေးတယ်။

အရိုးတွေ ပိန်ချည့်ချည့်နဲ့ ကျိုးသွားနိုင်ပြီး၊ လူကိုမသန်မစွမ်းဖြစ်သွားစေတယ်။

ကယ်လ်စီယမ် မရှိသင့်တဲ့ နေရာဆီ သွားတယ်။ ကျောက်ကပ်မှာ ကျောက်တည်ပြီး
သေစေနိုင်တယ်။ ဒီလိုဖြစ်စဉ်မျိုးဟာ ဒီအမျိုးသမီးတစ်ယောက်တည်း ဖြစ်တာ မဟုတ်ပါ။

ပုံမှန်ဆေးစစ်ခြင်းက လူတော်တော် များများကို ကယ်တင်ခဲ့ဖူးကြောင်း ဆရာဝန်များက
ပြောတယ်။ ဒါကြောင့် ဆေးစစ်ခြင်းဟာ လူကို အသက်ပိုရှည်စေတယ်။

ဆေးစစ်ဖို့လာတဲ့ လူတစ်ယောက်ရဲ့ ဝှေးစေ့ကို ဆရာဝန်က ကိုင်ကြည့်ရာ၊ တစ်ခုက
လေးနေတာကို ဆရာဝန်က စမ်းသပ်တွေ့ရှိတယ်။

နာကျင်ခြင်းမရှိ၊ နေရတာလည်း မသက်မသာမဖြစ်ပေမယ့်၊ ဆီးလမ်းကြောင်း အထူးကုဆရာဝန်ကို
ပြကြည့်ရာ ဆရာဝန်က သေသေချချာ စစ်ဆေးပြီးနောက်၊ ခွဲစိတ်ပြီး ထိုအကျိတ်ကို
ဖယ်ထုတ်လိုက်တဲ့အခါ၊ ဝှေးစေ့ဟာ ပုံမှန်ဖြစ်သွားတယ်။

ဒီအကျိတ်ကို မဖယ်ထုတ်ရင် အကျိတ်ရဲ့ အန္တရာယ်ပေးနိုင်မှုက ခန္ဓာကိုယ်ထိ ပြန့်သွားပြီး လူကို
သေစေနိုင်ပါတယ်။

တချို့ရောဂါတွေ့ရဲ့ သဲလွန်စတွေဟာ ပုန်းအောင်နေပြီး၊ ထိုးထွင်းသိမြင်နိုင်တဲ့ ကိရိယာတွေနဲ့
နည်းပညာက တချို့ကို စေ့စေ့စပ်စပ် ရှာဖွေနိုင်တယ်။

တစ်ချိန်က နှလုံးဖောက်ပြန်မှုဖြစ်ဖူးလို့ မှန်မှန်ဆေးစစ်နေတဲ့ လူတစ်ယောက်ဟာ တစ်နေ့
ဆေးစစ်ခံယူဖို့ မိသားစု ဆရာဝန်ဆီ လာခဲ့တယ်။

လူနာက ထူးခြားတဲ့ ခံစားမှု မရှိသလို၊ စစ်ဆေးတဲ့အခါမှာ ပုံမှန်ဖြစ်နေတာကို တွေ့ရတယ်။

ဒါပေမဲ့ အီးစီးဂျီ ယူကြည့်တဲ့အခါမှာ နှလုံးခုန်မှတ်တမ်းကားချပ်မှာ တွေ့ရှိချက်အရ နှလုံးရဲ့
၀ဲဘက်အရှေ့ခြမ်းမှာ သွေးလုံးဝ မစီးတာကို ညွှန်ပြနေတယ်။

နာရီ အနည်းငယ်အတွင်း ဒီအခြေအနေ ဆက်ရှိနေမယ်ဆိုရင်၊ နှလုံးကြွက်သားတွေ
ပျက်စီးသွားနိုင်တယ်။

ဆရာဝန်က သူ့နှလုံးထဲက ပိတ်ဆို့နေတဲ့ သွေးလွှတ်ကြော နှစ်ချောင်းကို သူ့ရဲ့ ခြေထောက်က
ဖြတ်လိုက်တဲ့ သွေးကြောနဲ့ လွှဲပြောင်းပေးလိုက်တယ်။

အဲဒါနဲ့ သူဟာ နေကောင်းသွားပြီး ပြန်အလုပ်လုပ်နိုင်ခဲ့တယ်။

နှစ်စဉ် ဆေးစစ်တိုင်း၊ ဆိုးဝါးတဲ့ ရောဂါအခြေအနေကို အမြဲတွေ့တယ်လို့ မမှတ်ပါနဲ့။

မတွေ့ရရင် စိတ်ချမ်းသာရသလို၊ တွေ့ရင်လည်း အချိန်မီကုနိုင်လို့ စိတ်အေးရပါတယ်။

ဆေးစစ်ခြင်းဟာ လိုအပ်ပါသလား

အောက်ပါ မေးခွန်းနှစ်ခုအနက် တစ်ခုခုနဲ့ အကျွမ်းဝင်နေရင် အသက် ၃၅ နှစ်ကျော် လာတာနဲ့
နှစ်စဉ်ဆေးစစ်ဖို့ လိုပါတယ်။

၁။ သင်ဟာ အသက်တိုတဲ့ အဘိုးအဘွား၊ မိဘတွေမှ ဆင်းသက်လာသလား။ ဖြစ်ခဲ့ရင်
အိုမင်းရင့်ရော်ခြင်းကို စောစောဖြစ်စေတဲ့ ယိုယွင်းလာတဲ့ ပြောင်းလဲခြင်းတွေ သင့်ထံသို့
ပုံမှန်ရောက်လာလိမ့်မယ်။ အချိန်မီ စစ်ဆေးကာ ရောဂါကို တိုက်ဖျက်ပြီး၊ မိဘ၊ ဘိုးဘွားများထက်
အသက်ပိုရှည်ရှည်နေနိုင်ပါလိမ့်မယ်။

၂။ သင်ဟာ ဆေးလိပ်သောက်တတ်သလား။ သောက်ရင်၊ အသက်ရှူကျပ်တဲ့ အဆုတ်ရောဂါ၊
ချောင်းဆိုးရင်ကျပ်၊ နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်။ ဒီရောဂါတွေရဲ့
လက္ခဏာတွေဟာ အစောပိုင်းအဆင့်တွေမှာ ဖြစ်တတ်တယ်။ ၎င်းတို့ကို ရှာဖွေနိုင်ပြီး ကုသနိုင်လို့
မကြာခဏ ပျောက်ကင်းကြတယ်။

ဆေးလိပ်သောက်သူတွေနဲ့ အသက်တိုတဲ့ မျိုးရိုးက မျိုးဆက်တွေမှအပ၊ နေကောင်းတယ်လို့
ခံစားရပြီး၊ နေကောင်းပုံရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကိုယ်မသိဘဲနဲ့ အကူအညီ
လိုနေတာကို တွေ့ရတယ်။ သူတို့မှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တချို့ ကျောက်ကပ်ရောဂါ
တွေက လက္ခဏာ မပြဘဲ တိတ်တဆိတ် ရောဂါအစောပိုင်းအဆင့်မှာ ရှိနေတတ်တယ်။

ပုံမှန်ကျန်းမာရေး ဆေးစစ်မှုရဲ့ ခန့်မှန်းခြေ ၁၀ မှ ၁၅ ရာခိုင်နှုန်းမှာ ဆိုးဝါးတဲ့ ရောဂါအခြေအနေကို
တွေ့ရတယ်။ အတော်များများက ကျန်းမာရေးပြဿနာတွေကို ညွှန်ပြပေမယ့်၊ ၎င်းတို့ဟာ
အလွယ်တကူ ကုသနိုင်တယ်။ ဆရာဝန်က လိုအပ်တဲ့ ကုသမှု၊ နေ့စဉ် စားတဲ့ အစာနဲ့
ပတ်သက်ပြီး ညွှန်ကြားမှုတွေကို ပေးနိုင်တယ်။

ဒါကြောင့် နှစ်စဉ် ဆေးစစ်ဆေးမှု မှန်မှန်လုပ်ပြီး အသက်ပိုရှည်ရှည်နေနိုင်ကြပါစေ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021