စကားပြောသွက်သလို လူကလည်းသွက်လှ တယ်။ တော်ရုံလူ 'ကျ' သွားပြီး ရောင်းနေတဲ့ ပစ္စည်းကို ၀ယ်ချင်လာလောက်အောင်အပြောကောင်းတယ်လို့ ဆိုရမှာဖြစ်တယ်။
စကားပြောသွက်သလို လူကလည်းသွက်လှ တယ်။ တော်ရုံလူ 'ကျ' သွားပြီး ရောင်းနေတဲ့ ပစ္စည်းကို ၀ယ်ချင်လာလောက်အောင်အပြောကောင်းတယ်လို့ ဆိုရမှာဖြစ်တယ်။ မလေးရှားဈေးဝယ်သူလာရင် မလေးရှားလိုပြောတယ်။ နိုင်ငံခြားဈေးဝယ်သူလာရင် ဘိုလို ပြောတယ်။
ကံကောင်းထောက်မစွာ မြန်မာ ဈေးဝယ်သူရောက်လာခဲ့ရင်တော့ ဈေးရောင်းရုံသာမက ဆွေမျိုး
စပ်တော့တာပါပဲ။ "ကိုယ့်နိုင်ငံက လူတွေလာတဲ့အခါကျတော့ ကိုယ့်နိုင်ငံရဲ့အခြေအနေလေး
ဘာလေးသိရအောင် မေးစမ်းကြည့်ရတာပေါ့။ မလေးရှားကို ရောက်ပြီးကတည်းက ကိုယ်က
တစ်ခါမှ မပြန်ဖြစ်သေးဘူးမဟုတ်လား" လို့ မဂျူလီက ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ်၊
လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကတည်းက မဂျူလီ မြန်မာနိုင်ငံက နေ မလေးရှားနိုင်ငံကို အလုပ်လုပ်
ဖို့ထွက်လာ ခဲ့တာဖြစ်ပါတယ်။ သူထွက်လာခဲ့စဉ်တုန်းက တရားဝင် ထွက်လာခဲ့တာဖြစ်ပြီး
နောက်ပိုင်း မှာ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပေးတဲ့ နေထိုင်ခွင့်ပါမစ်လျှောက်
ထားပြီး ဆက်လက်နေထိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုနေထိုင်ခွင့်ပါမစ်ရရှိဖို့ ပွဲစားကို ပေးရတဲ့ ပိုက်ဆံက သူ့အတွက်ဝန်ထုပ်ဝန်ပိုး
တစ်ခုလိုဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ (အခြားအခြားသော မြန်မာရွှေ့ပြောင်းလုပ်
သားတွေလိုပဲ) မလေးရှားမှာ တရားမဝင်နေထိုင်ဖို့ကို ရွေးချယ်ဖြစ်ခဲ့တယ်လို့ မဂျူလီက
ပြောပါတယ်။ "တစ်ခါတစ်ခါ နေထိုင်ခွင့်ပါမစ်ရဖို့ ပွဲစားကိုပေးရတဲ့ရင်းဂစ်က ၄,၅၀၀။
ပွဲစားညစ်လို့ စာအုပ်ညပ်နေရင် (သံရုံးကစာအုပ်ပြန်ချပေး ပေမယ့် ပွဲစားကညစ်ပြီးစာအုပ်ပြန်
မပေးတာ ကိုဆိုလိုတာဖြစ်ပါတယ်) သွားရောပဲ။ စာအုပ် လည်းထွက်လာရော ချပေးတဲ့နေထိုင်
ခွင့်က ကျော်နေရော။ အဲလို" လို့ မျူလီက ပြောပါ တယ်။

တကယ်တော့ မဂျူလီဆိုတာ သူ့နာမည်အရင်းမဟုတ်ပါဘူး။ သူဈေးရောင်းတဲ့ဆိုင်ပတ်ဝန်းကျင်၊
မလေးရှားမှာသူငှားရမ်းနေထိုင် တဲ့နေရာပတ်ဝန်းကျင်နဲ့ မလေးရှားမှာ သူ့ကိုသိတဲ့သူတိုင်း
ခေါ်ကြတဲ့နာမည်ပါ။ မူလနာမည်ထက် ျူလီဆိုတဲ့နာမည်က မလေး ရှားမှာ တရားမဝင်
အလုပ်လုပ်ကိုင်နေတဲ့သူ့အတွက် ပိုပြီးလုံခြံုစေတာတော့အမှန်ပဲလို့ သူကပြောပါတယ်။
"ဒီမှာ (မလေးရှား)မှာက မြန်မာလို့သိသာ ရင် မထင်ရင်မထင်သလို မလေးရှားရဲတွေ က
ဖမ်းပြီးစစ်တတ်တယ်။ အဲဒီလိုမိသွားလို့က တော့ ကမ့် (ထိန်းသိမ်းရေးစခန်း) ထဲမရောက်
အောင် ညှိပေတော့ပဲ" လို့ မဂျူလီကပြောပါ တယ်။ ၀ယ်သူလာရင်ဈေးရောင်းလိုက်၊ ၀ယ်
သူမလာခိုက်ပစ္စည်းလေးတွေနေရာချလိုက်နဲ့ လုပ်ရပါတယ်။ မြန်မာနိုင်--ငံနဲ့ မလေးရှားနိုင်ငံ
အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆောင် ရွက်တဲ့အဖွဲ့အစည်းတွေကထုတ်ပြန်
ထားတဲ့စာရင်းအရ မလေးရှားနိုင်ငံတွင်းမှာ မဂျူလီလိုပဲ တရားမဝင်နေထိုင်နေတဲ့ မြန်မာရွှေ့ ပြောင်း
လုပ်သား တစ်သန်းကျော်ရှိပြီး စုစုပေါင်း မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သန်းနီးပါးရှိတယ်လို့
သိရပါတယ်။
မြန်မာ အစိုးရကတော့ မလေးရှားနိုင်ငံတွင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ကိုးသိန်းကျော်
သာရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှိထားတဲ့စာရင်းတွေဟာ အကြမ်းဖျင်း
သဘောသာဖြစ်ပြီး အတိအကျစာရင်း ကောက်ယူနိုင်မှုလုပ်ဆောင်ဖို့ အတွက်က အခက်အခဲ
ရှိနေသေးတယ်လို့ အာရှဒေသဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းက အဖွဲ့ဝင်
မထွေးထွေးသိန်းက ပြောပါတယ်။ မလေးရှားအစိုးရရဲ့ အထူးစီမံချက်နဲ့ ဖမ်းဆီးခံရပြီး
စခန်းထဲရောက်ရှိနေတဲ့ တရား မဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားကပင် ၃,၀၀၀
ကျော်ရှိနေပြီး၊ ကွာလာလမ်ပူမြို့ပေါ် ရှိ စင်ထရယ်မားကတ် တရုတ်တန်း၊ ဂျိုဟိုး၊ ကလန်၊
ဆန်းဝေးဒေသတွေမှာကို လက်ညှိုး ထိုးမလွဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေရှိ နေခဲ့တာဖြစ်
တယ်လို့ မထွေးထွေးသိန်းက ပြောပါတယ်။ "အများစုကတော့ တရားမဝင်တွေပဲ။ ဒါပေမဲ့ သူ့ဟာနဲ့သူအဆင်ပြေအောင်နေထိုင်လုပ်ကိုင်နေကြတာပဲ"လို့ သူကပြောပါတယ်။ အထူး
သဖြင့် မလေးရှားနိုင်ငံရဲ့ အထင် ကရနေရာတွေဖြစ်တဲ့ ကွာလာလမ်ပူမြို့ပေါ် ၊ စင်ထရယ်မား
ကတ်နဲ့ တရုတ်တန်းလိုနေရာမျိုးမှာ အလုပ်လုပ်ကိုင်နေတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်း
လုပ်သား အများစုကတော့ အလုပ်လုပ်ကိုင်တဲ့ဈေးဆိုင်ရယ်၊ ငှားရမ်းနေထိုင်တဲ့အိမ်ရယ်
ကလွဲရင် အဖမ်းခံရမှာစိုးလို့ တော်တန်ရုံ အပြင်ထွက်လေ့မရှိဘူးလို့ မလေးရှားနိုင်ငံတွင်း
မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတာ တစ်နှစ်ကျော်ရှိပြီး တစ်နှစ် ကျော်အတွင်း နေတဲ့
အိမ်ရယ်၊ အလုပ်လုပ်တဲ့ စတိုးဆိုင်ရယ်ကလွဲရင် ဘယ်မှ မရောက်ဘူးသေးသူ မအေးခိုင်
ကပြောပါတယ်။ ကရင်ပြည်နယ် ဇာသပြင်မြို့ကနေ ပွဲစား ကို ရင်းဂစ် ၂,၅၀၀ ပေးပြီး
အောက်လမ်းက တစ်ဆင့် မလေးရှားနိုင်ငံထဲကိုလာခဲ့တာဖြစ်တယ်လို့ သူကပြောပါ
တယ်။
"ကြောက်တာတော့ မကြောက်ဘူး။ စစ်ဆေးရေးရှိတဲ့နေ့ဆို သူဌေးကကြိုပြော တယ်။
အဲဒီနေ့ ပုန်းနေလိုက်ရုံပဲ။ ဟို(ကရင် ပြည်နယ်)မှာ တိုက်ပွဲတွေကြားထဲနေရတာ ထက်
စာရင် ဒီမှာက ပိုက်ဆံလည်းရတယ်။ အဆင်လည်းပြေတယ်။ ဘယ်မှ မရောက် တော့
လည်းဘာဖြစ်လဲ" လို့ မအေးခိုင်က ပြော ပါတယ်။ ဧရာဝတီတိုင်း၊ မအူပင်မြို့က တစ်ဆင့်
မလေးရှားနိုင်ငံကို တရားမဝင်ရောက်လာခဲ့ပြီး မလေးရှားမှာ အလုပ်လုပ်နေတာ ငါးနှစ်
ကျော်ရှိပြီဖြစ်တဲ့ ကိုကျော်ကြီးက မြန်မာလို့ သာ သိသာအောင်မနေရင် မလေးမှာ ဘယ်
တော့မှ အဖမ်းမခံရဘူးလို့ပြောပါတယ်။ မလေးရှားမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ
သာမက ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ နီပေါ စတဲ့ ဒေသတွေက ရွှေ့ပြောင်းအလုပ်
သမားတွေ ပါရှိနေပါတယ်။ ဒါ့ပြင် တရုတ်ရွှေ့ပြောင်းအလုပ်သမားတွေလည်းရှိနေပေမယ့်
မလေးရှားအစိုးရက အခြားသော ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းလေ့ရှိပြီး တရုတ်ရွှေ့ပြောင်း
အလုပ်သမားတွေကို တရားမဝင်ရှိနေလည်း ဖမ်းလေ့မရှိဘူးလို့ ကိုကျော်ကြီးကပြောပါတယ်။
ကရင်တိုင်းရင်း သားပေမယ့် တရုတ်နဲ့ဆင်တဲ့အားသာချက် ကြောင့် ငါးနှစ်အတွင်းနေရာ
အနှံ့သွားလာ ခဲ့ပေမယ့် တစ်ကြိမ်သာ အဖမ်းခံ ထိခဲ့တယ်လို့ သူက ဆိုပါတယ်။ "ဖမ်းခံ
ထိလည်း အေးဆေးပါပဲ။ မလေးရှား ရဲတွေက စဖမ်းပြီဆို၊ ကားပေါ်မှာတစ်ခါညှိ တယ်။
သူတို့တောင်းတဲ့ပိုက်ဆံပေးနိုင်ရင် အေးဆေးပဲ၊ မပေးနိုင်ရန် ရဲစခန်းခေါ်သွား တယ်။ စခန်းမှာ
တစ်ခါ ထပ်ညှိတယ်။ အဆင် မပြေရင် အချုပ်ထဲထည့်တယ်။ အချုပ်ထဲမှာ တစ်ခါထပ်ညှိတယ်။
အချုပ်ထဲမှာထိ ညှိလို့ အဆင်မပြေတော့ဘူးဆိုမှ ကမ့်ထဲကိုပို့တာ။ အဲဒီတော့ ပိုက်ဆံရှိဖို့ပဲ
လိုတယ်" လို့ ကိုကျော် ကြီးက သူ့အတွေ့အကြံုကို ပြောပြပါတယ်။
ရုတ်တရက်ကြည့်ရင် မလေးရှားမှာ တရားမဝင်အလုပ်လုပ်ကိုင်ရတာ သက်သောင့်
သက်သာရှိတယ်လို့ထင်ရပေမယ့် ကြံုတွေ့ နေရတဲ့အခက်အခဲတွေကတော့အများကြီးပဲလို့
သူတို့တွေကပြောပါတယ်။ မလေးရှားမှာခေတ်စားတဲ့ တန်ဖိုးနည်းအခန်းလို့ခေါ်တဲ့စုပေါင်းနေ
ရတဲ့ အခန်းမျိုး မှာ ငှားနေရတဲ့ မဂျူလီက သူတရားမဝင် နေထိုင်နေတာကို အတူနေတဲ့သူတွေ
က သိထားတာမို့ မလေးရှားရဲတွေကို အကြောင်းမကြားအောင် အစစအရာရာသည်းခံပြီးနေ
ရတာဖြစ်တယ်လို့ဆိုပါတယ်။ "ဥပမာ ချဉ်ပေါင်ရွက်နဲ့မျှစ်ကြော်တယ်ဆိုရင် သူတို့က နံလို့မကြိုက်
ဘူးဆိုတာနဲ့ နောက်မကြော်ရဲတော့ဘူး။
စားချင်ရင် အပြင် မှာထွက်ဝယ်စားပဲ။ ဘုရားပုံတော်ချိတ်ဖို့ တောင်သူတို့က မကြိုက်လို
့ မချိတ်ရတာမျိုး အထိ သည်းခံရတယ်။ ကိုယ်ကလည်း ကိုယ့် အားနည်းချက်နဲ့ကိုယ်မို့လား"
လို့ မဂျူလီက ပြောပါတယ်။ မအေးခိုင်က သူ့ဆိုင်သူဌေးက အဖမ်း အဆီးရှိတဲ့အချိန်မျိုးသာ
အသိပေးပေမယ့် ကျန်တာတွေနဲ့ပတ်သက်လို့ ဘာမှ တာဝန် ယူမပေးဘူးလို့သူ့ကို
ကြိုတင်ပြောထားတယ် လို့ဆိုပါတယ်။ "ကိုယ့်ဘာသာ အခန်းငှားနေရတယ်။ စားတာ
လည်း ကိုယ့်ဘာသာကိုယ်ပဲ။ မနက် ၁၀ နာရီကနေ ည ၁၀ နာရီခွဲထိအလုပ်ဆင်း ရတယ်။
ဒီလိုပဲအဆင်ပြေအောင်ကြည့်နေ၊ ကြည့်စားရတာပဲ"လို့ မအေးခိုင်က ပြောပါ တယ်။ သူဌေး
က တစ်ခါတစ်ရံမှသာ ဆိုင်ကို လာလေ့ရှိပြီး လာတဲ့အချိန်မျိုးမှာလည်း ပစ္စည်းတွေပျောက်တယ်
လို့ အမြဲစွပ်စွဲလေ့ရှိတယ်လို့ သူက ပြောပါတယ်။ "သူဌေးက ဈေးလျှော့ရောင်းလိုက်ရင်
ရောင်းလိုက်တယ်လို့မထင်ဘဲ ခိုးထားတယ်လို့ထင်တာ။ ကိုယ်က တရားမဝင်ဆိုတော့
ကိုယ်မဟုတ်လည်း ခပ်မာမာပြန်မပြောရဲဘူး။ သူဌေးက မလေးရှားရဲတွေနဲ့ ပေါင်းထားတာ
ဆိုတော့ အဲဒါလည်းထည့်တွက်ရသေးတယ်" လို့ မအေးခိုင်က ပြောပါတယ်။ ရေခြား၊
မြေခြား၊ ဘာသာလူမျိုး မတူတဲ့ အရပ်မှာ၊ အချိန်မရွေးအဖမ်းခံထိပြီး ကမ့်တွေထဲ ရောက်
သွားနိုင်တဲ့အခြေအနေမျိုးမှာ၊ စွန့်စားပြီးနေထိုင်လုပ်ကိုင်ဖြစ်နေတဲ့ အကြောင်းကိုမေးတော့
သူတို့အားလုံးရဲ့အဖြေက ငွေကြေးကြောင့်လို့ တစ်သံတည်းနီးပါးထွက်လာခဲ့တာဖြစ်ပါတယ်။
မလေးရှားရောက်နေတာ ခုနစ်နှစ်နီးပါး ရှိပြီဖြစ်တဲ့ ကိုစိုင်းထွန်းက သူ့နေရပ်ဒေသဖြစ်တဲ့
လားရှိုးမှာ အခြေချထားပြီးသား စီးပွားရေး လုပ်ငန်းလည်းမရှိသလို၊ လားရှိုးပြန်ပြီး စီးပွား ရေး
အခြေချ လုပ်ကိုင်ဖို့အတွက်ကလည်း တိုက်ပွဲတွေဖြစ်နေဆဲ အခြေအနေကြောင့် မစွန့်စားရဲဘူး
လို့ဆိုပါတယ်။ "ဒီမှာက ကျွန်တော်နဲ့ကျွန်တော့သူဌေး ရှယ်ယာအတူပေါင်းပြီး ဆိုင်ဖွင့်ထားတယ်။
တစ်လ သိန်း ၃၀ လောက်အမြတ်ကျန်တယ်။ ဟို (မြန်မာပြည်) ပြန်ပြီးလုပ်ကိုင်ရင် ဒီလိုအခြေကျမလားဆိုတာမသေချာဘူး။ ပြန်တာ တော့ပြန်ချင်တယ်။ ဒါပေမဲ့ ဒီမှာက ပိုသေချာ
တယ်လေ"လို့ ကိုစိုင်းထွန်းက ပြောပါတယ်။ မျူလီ၊ မအေးခိုင်၊ ကိုကျော်ကြီး၊ ကိုစိုင်း ထွန်းတို့လို
တရားမဝင်နေထိုင်နေပေမယ့် အနည်းငယ် အဆင်ပြေနေတာမို့ မြန်မာပြည် ပြန်ဖို့
မစဉ်းစားသေးပေမယ့် အထောက်အထားဘာမှ မရှိဘဲ မလေးရှားမှာ တရားမဝင် နေထိုင်
လုပ်ကိုင်ရတာ အဆင်မပြေတာ ကြောင့် မြန်မာပြည်ပြန်ချင်တဲ့သူတွေအတွက် အဆိုးရွားဆုံး
ကြံုတွေ့ရတဲ့အခက်အခဲက တော့ မြန်မာသံရုံးနဲ့ ပွဲစားရဲ့နှိပ်စက်မှုပဲဖြစ် တယ်လို့ ဂျိုဟိုးမြို့
အခြေစိုက်မြန်မာရွှေ့ ပြောင်းအလုပ်သမားရေးကွန်ရက် အဖွဲ့ဝင် ဦးထွန်းထွန်းလွင်က ပြောပါတယ်။
မြန်မာသံရုံးနဲ့ ချိတ်ဆက်ပြီးနေရပ်ပြန်ဖို့ ဆောင်ရွက်လိုတဲ့ မလေးရှားရောက် အထောက်
အထားမဲ့တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ သံရုံးနဲ့အလုပ်သမားသံအရာ
ရှိထံ တိုက်ရိုက်သွားခွင့် မရဘဲ သံရုံးက တရားဝင်သဘောအသိအမှတ် ပြုပေးထားတဲ့
ပွဲစားတွေကတစ်ဆင့် ဆက် သွယ်လုပ်ကိုင်ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။
"နေထိုင်ခွင့်လျှောက်တာပဲဖြစ်ဖြစ်၊ စီအိုင် လျှောက်တာပဲဖြစ်ဖြစ်၊နောက်ဆုံး ပြန်ဖို့ လေ
ယာဉ်လက်မှတ်ခ ပေးတာပဲဖြစ်ဖြစ် အကုန်လုံးပွဲစားကတစ်ဆင့် လုပ်မှရတယ်။ သံရုံးက
လိုက်လုပ်ပေးတယ် ဆိုတာမရှိဘူး။ သံရုံးနဲ့ ပွဲစား ပေါင်းညစ်ရင်သွားရောပဲ။ ကမ့်ထဲဆို
လည်း ကမ့်ထဲနေရောပဲ။ ပြန်ဖို့ဆို လည်းစောင့်ပေရော့ပဲ" လို့ ဦးထွန်းထွန်း လွင်ကပြော
ပါတယ်။ တစ်ခါတလေ သံရုံးနဲ့ပွဲစားပေါင်းညစ်မှုကြောင့် ကမ့်ထဲမှာဖမ်းဆီးခံထားရတဲ့
တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ဖမ်းဆီးခံရတဲ့ ကာလထက် အချိန်များစွာ
ပိုပြီးနေထိုင်ရလေ့ရှိတယ်လို့ ကွာလာလမ်ပူမြို့အခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းအဖွဲ့ဝင်
ဦးဆန်းလွင်ကပြောပါတယ်။ "ကျွန်တော့်မှာ အထောက်အထားအကုန် လုံးလည်းရှိတယ်။
အဲဒါစီအိုင်လျှောက်ထား တာလည်းကြာပြီ ဒါပေမယ့်ခြောက်လကျော် တဲ့ထိကျမလာဘူး"
လို့ တရားမဝင်နေထိုင်မှု ကြောင့်ဖမ်းခံထိပြီး ကမ့်ထဲပို့ခံခဲ့ရာက တစ်ဆင့် ဖေဖော်ဝါရီလအတွင်း
က အစိုးရ အစီအစဉ်နဲ့ မြန်မာပြည် ပြန်ခွင့်ရခဲ့တဲ့ ဦးစိုးသိန်းက ပြောပါတယ်။ "ကျွန်တော်အခု
မြန်မာပြည်ပြန်ဖို့လုပ်နေ တာ တစ်လကျော်ပြီ။ အခုထိ စာအုပ်ထွက် မလားသေးဘူးပွဲစား
ညစ်ထားလို့။ တစ်ခါ တစ်ခါ အဲဒီပွဲစားတွေက တော်တော်ဆိုးတယ်" လို့ စီအိုင်လျှောက်ပြီး
မလေးရှား ကနေ မြန်မာပြည်ပြန်ဖို့စီစဉ်နေတဲ့ ကိုသန်းလှိုင်က ပြောပါတယ်။
အဆိုပါ ကိစ္စများတွေအပါအဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားရေးနဲ့ ပတ်သက်လို့ မလေး
ရှားအခြေစိုက်မြန်မာသံရုံးနဲ့အလုပ် သမားသံအရာရှိထံကို တယ်လီဖုန်းက တစ်ဆင့်သာမ
က၊ ဖုန်းစာသားမက်ဆေ့ချ်၊ အသံမက်ဆေ့ချ်ပေးပို့ပြီး တွေ့ဆုံမေးမြန်းခွင့် တောင်းဆိုခဲ့ပေမယ့်
တစ်စုံတစ်ရာတုံ့ပြန် ချက်မရရှိခဲ့တာမို့ မေးမြန်းခွင့်မရခဲ့ပါဘူး။ ဘယ်လိုအကြောင်းတွေ
အခက်အခဲတွေရှိနေပေမယ့် မြန်မာတွေထဲက တချို့ကတော့ အခွင့်အရေးရတဲ့နောက်ဆုံး
အချိန်ထိ မလေးရှားမှာ နေထိုင်လုပ်ကိုင်သွားဖို့ဆုံး ဖြတ်ထားတယ်လို့ဆိုကြပါတယ်။
"တရားမဝင်ဆိုပေမယ့် ကျွန်တော့်မှာ မှတ်ပုံတင်နဲ့ပတ်စပို့ရှိတယ်။ အဲဒီတော့ ပြန်ချင် တဲ့
အခါကျရင် စီအိုင်လျှောက်ပြီးပြန်မယ်။ အဆင်ပြေတဲ့အချိန်ထိ ဒီမှာနေပြီး အလုပ် လုပ်မယ်။
အဓိကက ပိုက်ဆံပဲ။ ကျွန်တော်တို့လို သာမန်လူတွေအတွက် မြန်မာပြည်မှာ အလုပ်လုပ်ပြီး
ပိုက်ဆံရှာဖို့က လမ်းမမြင် သေးဘူး"လို့ ကိုကျော်ကြီးက ပြောပါ တယ်။

















