နေက ချစ်ချစ်တောက်အောင် အရှိန်တငြီးငြီး ပူလောင်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ကောက်ပဲသီးနှံရိတ်သိမ်း မီးရှို့ထားပြီးသား ပပ်ကြားအက်နေတဲ့ လယ်ကွင်းကျယ်တွေရဲ့ဘေးက ကန်သင်းရိုးတွေအပေါ်မှာ ၀ါးဓနိနဲ့ ခနော်ခနဲ့ ဆောက်ထားတဲ့ လူနေအိမ်လေးတွေက ဟိုနားတစ်စု ဒီနားတစ်စု ပြန့်ကျဲလို့နေပါတယ်။
နေက ချစ်ချစ်တောက်အောင် အရှိန်တငြီးငြီး ပူလောင်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ကောက်ပဲ
သီးနှံရိတ်သိမ်း မီးရှို့ထားပြီးသား ပပ်ကြားအက်နေတဲ့ လယ်ကွင်းကျယ်တွေရဲ့ဘေးက ကန်
သင်းရိုးတွေအပေါ်မှာ ၀ါးဓနိနဲ့ ခနော်ခနဲ့ ဆောက်ထားတဲ့ လူနေအိမ်လေးတွေက ဟိုနားတစ်
စု ဒီနားတစ်စု ပြန့်ကျဲလို့နေပါတယ်။
အဲဒီနေရာတွေကမိုးတွင်းတစ်တွင်းလုံး ရေတွေပြည့်လာတဲ့ ရေနက်ကွင်းနယ်မြေတွေ ဖြစ်
သလို နွေရောက်လာရင်လည်း ခြောက် သွေ့ပူပြင်းတဲ့ ဒေသတစ်ခုလည်းဖြစ်ပါ တယ်။
အသက် ၃၀ ၀န်းကျင်ရှိပြီ ဖြစ်တဲ့ ကလေး သုံးယောက်မိခင် မချိုမာထွေး တစ်ယောက်
အရောင်လွင့်နေတဲ့ ပုဆိုးတစ်ထည်ကို ကွင်း သိုင်းလုပ်ထားတဲ့ ပုခက်ထဲက တစ်နှစ်သား
အရွယ် ကလေးငယ်ကလေးကို အိပ်ပျော် အောင်ချော့သိပ်လို့နေပါတယ်။ ၀မ်းလျှော
၀မ်းပျက်ဖြစ်ပြီး ကျန်းမာရေးချူချာနေတဲ့ အထွေးဆုံး သားလေးက သူ့အတွက် အတော် လေး
စိတ်သောကရောက်နေရတဲ့ အချိန် တစ်ချိန်လည်း ဖြစ်ပါတယ်။ "စီးပွားရေးကတော့
လက်လုပ်လက်စားပဲ၊ ဖားရှာလိုက် ငါးရှာလိုက်ပေါ့၊ လယ်အပိုင်လည်းမရှိပါဘူး"လို့
မချိုမာထွေးက ကလေးပုခက်ကို တကျွိကျွိနဲ့ မြည်အောင်လွှဲရင်ပြောပါ တယ်။
သူတို့မိသားစုက အခြားသော အိမ်ထောင်စု ၅၀နဲ့အတူ ၀ါးခယ်မမြို့နယ်၊ က ကတိုက်ကျေး
ရွာအုပ်စု အပိုင်ထဲက လယ်ကွင်း အစပ် ဟိုတစ်စု ဒီတစ်စု လေးအိမ်တန်းရွာကလေး
မှာနေထိုင်နေကြတာဖြစ်ပါတယ်။ သူတို့လက်ရှိနေနေတဲ့ အိမ်ကလေးက ၀ါးပိုး
၀ါးတိုင်တွေထောင်ထားပြီး၊ ၀ါးကပ်ကာ ဓနိမိုး ထားတဲ့ ရေလွတ်ရုံခြေတံရှည်တဲ့တစ်ခု
သာ ဖြစ်ပါတယ်။ အိမ်အကာ ၀ါးကပ်တွေ ဆွေးမြေ့ ပေါက်ပြဲ နေပြီဖြစ်သလို ထောက်တိုင်
တွေ လည်း ယိုင်နေပါပြီ။ အိမ်ခေါင်ဓနိအမိုးက တော့ ဆွေးမြေ့ပေါက်ပြဲနေပါတယ်။ အသက်
ရ၀ ကျော် အမေအိုကြီး အပါအဝင် သူတို့ မိသားစု ခြောက်ယောက်ဟာ ၁၀ ပေပတ်
လည်သာသာ တဲအိမ်လေးမှာ စုပေါင်းနေထိုင် နေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ ရက်သတ္တပတ်
သင်္ကြန်မတိုင်မီ တစ်ရက်အလိုမှာ တိုက်ခတ်သွားတဲ့ အင်အား အသင့်တင့်ရှိ လေဆင်နှာမောင်း
က သူတို့ အိမ်ကခေါင်မိုးတွေကို ဖျက်ဆီးခွာလှန်သွားခဲ့ပါတယ်။ ကံကောင်းတာက
ရွာထဲမှာရှိတဲ့ အိမ်ခြေ ၃၅ လုံးကို ဘုန်းဘုန်းလဲအောင် ဖျက်ဆီးသွားခဲ့ပေမယ့် သူတို့
အိမ်ကလေးက တော့ အိမ်ခေါင်လန်ရုံသာပျက်စီးသွားခဲ့တယ်လို့ မချိုမာထွေးက ပြော
ပါတယ်။
လေဆင်နှာမောင်းကြောင့် ၀ါးခယ်မမြို့နဲ့ ငါးမိုင်အကွာမှာရှိတဲ့ ကျုံကပြင်ကျေးရွာ အုပ်စု၊ ကကတိုက်ကျေးရွာအုပ်စုအတွင်းမှာပါတဲ့ လေးအိမ်တန်းကျေးရွာအပါအဝင် အခြား
ကျေးရွာတွေက လူနေအိမ် ၈၀ နီးပါး ပျက်စီးပြိုလဲသွားတဲ့အထိ ထိခိုက်ခဲ့ပါတယ်။
ဒါပေမဲ့ လူအသေအပျောက်တော မရှိခဲ့ပါ ဘူး။ လေပြင်းတိုက်ခတ်ပြီး နေအိမ်တစ်ခုလုံး
ပြိုလဲပျက်စီးသွားချိန်မှာတော့ နေစရာအတွက် တူးမြောင်းဘောင် မြေစာပုံဘေးက
သစ်ပင်အောက်မှာ သူတို့မိသာစုကြောက် အားလန့်အားနဲ့ တစ်ညတာ ဖြတ်သန်းခဲ့ရ
ကြောင်း အသက် ၆၀အရွယ် လယ်သမား ဦးမြမောင်က ပြောပါတယ်။
"ချမ်းလိုက်တာဆိုတာ သေမတတ်ဘဲ၊ မြေကြီးပေါ်မှာပဲ အိပ်ခဲ့ရတာ၊ အခုထိလည်း
ဆောက်စရာ ငွေမတတ်နိုင်သေးလို့ တာလပတ်လေးနဲ့ပဲကာပြီး နေနေရတုန်းပဲ"လို့
သူကပြောဆိုပါတယ်။ လေပြင်းကြောင့် အိမ်ခြေ ၃၇ လုံး ပြိုလဲပျက်စီသွားခဲ့ပေမယ့်
ဒေသခံတွေက လက်ရှိအချိန်အထိ ပြန်ဆောက်နိုင်တဲ့သူ မရှိသေးသလို သက်ဆိုင်ရာ
ခရိုင်မြို့နယ် အစိုးရတာဝန်ရှိသူတွေကလည်း လာရောက် အကူညီပေးခြင်းမရှိကြောင်း
ကကတိုက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင် အောင်ကပြောပါတယ်။ "ကျွန်တော်
ထိခိုက် ပျက်စီးမှုတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာကို အချိန်မီသတင်းပို့ခဲ့ပါတယ် ဒါပေမဲ့
အခုထိ ဘာအကူညီ မလာသေးဘူး"လို့သူက ဆိုပါတယ်။ အလားတူ အိမ်ခြေ ၄၀ နီးပါး
ပျက်စီးခဲ့တဲ့ ကျုံကပြင် ကျေးရွာအုပ်စုအပိုင် အလယ်ဆည်ကျေးရွာကိုတော့ ၀ါးခယ်မ မြို့နယ်၊
ခရိုင်နဲ့ ကြက်ခြေနီ အဖွဲ့အစည်းတွေကထောက်ပံမှု တွေ ပေးခဲ့တယ်လို့ဒေသခံတွေက
ပြောဆို ကြပါတယ်။
၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေးမှူးက အဲဒီ ပြိုလဲသွားတဲ့ အိမ်တွေအားလုံးအတွက် ဆန်ငါးအိတ်၊
တစ်အိမ် ကျပ်ငါးထောင်စီ၊ ခြင် ထောင်၊ စောင်စတဲ့ အထောက်အပံ့ ပစ္စည်း ရှစ်မျိုးနဲ့ ကြက်ခြေနီ
အဖွဲ့အစည်းက မီးဖိုချောင်သုံးပစ္စည်းတွေလာပြီး ထောက်ပံ့ သွားတယ်လို့ပါတယ်။ "ကျွန်တော်
က ဥက္ကဋ္ဌ အလုပ်ကို နှစ်ပေါင်း များစွာလုပ်ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်၊ လူကြီးတွေနဲ့လည်း
ရင်းနှီးတော့ အချိန်မီ သတင်းပို့ခဲ့လို အထောက်အပံ့တွေရတာ ပါ"လို့ ကျုံကပြင် ကျေးရွာအုပ်ချု
ပ်ရေးမှူး ဦးမောင်တု ကဆိုပါတယ်။ အဲဒီ ရွာတွေကို သွားရေးလာရေးအတွက် တူးမြောင်းဖောက်
လုပ်ထားပြီး တစ်နှစ်ပတ် လုံး ပဲ့ချိတ်နဲ့ သွားရပါတယ်။
ရေခမ်းတဲ့အချိန် မှာတော့ လယ်ကန်သင်းရိုးတွေပေါ်မှာပဲ လမ်းလျှောက်သွားရပါတယ်။
ကားလမ်းပေါက် ချိန်ကတော့ အချိန်အကန့်သတ်ကာလ တစ်ခုပဲရှိတယ်လို့သိရပါတယ်။
ရေစီးနှုန်းအားမသန်ဘဲ ရေညှိ၊ ဒိုက်၊ အမှိုက်ပုပ် အနံ့ တွေထွက်နေတဲ့ တူးမြောင်းက
သူတို့ ဒေသရဲ့ အားထားစရာ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သလို ချက်ပြုတ်သောက်
သုံးရေးအတွက် လည်း မှီခိုနေရပါတယ်။ "အဓိက အခက်အခဲကတော့ လမ်းပမ်းဆက်
သွယ်ရေးပဲ၊ ကျွန်တော်တို့ ရွာကနေ မြို့ပေါ်ကို ရောက်ဖို့ အတော်လေး သွားရ တယ်၊
နောက်တစ်ခုက ရေတွေက ပုပ်နေတော့ သောက်ရေသုံးရေအတွက် အတော်ခက်ပါ
တယ်၊ ဆည်တွေထဲက အမှိုက်တွေကို အစိုးရ အနေနဲ့ဆည်ပေးစေချင်တယ်"လို့ အုပ်ချုပ်ရေး
မှူး ဦးမောင်တုက ပြောပါတယ်။ ၀ါးခယ်မမြို့နယ်ထဲက သက်ဆိုင်ရာ ပြည်သူ့ ကိုယ်
စားလှယ်တွေကလည်း ရွေးကောက်ပွဲ မဲဆွယ်ရေးကာလက လွဲလို့ သူတို့ဒေသအခက်
အခဲကို အကူအညီပေးဖို့ လာရောက်ခြင်းမရှိကြဘူးလို့လည်း ဒေသခံရွာသားတွေက
ပြောဆိုကြပါတယ်။ လေဘေးကြောင့် ပျက်စီးသွားတဲ့ အိမ်တွေ ကို ပြန်ဆောက်ပေးဖို့
လေပြင်းတိုက်ခတ်ပြီး နှစ်ပတ်အကြာမှာ ရန်ကုန်မှာရှိတဲ့ ပရဟိတ အဖွဲ့တစ်ဖွဲ့က
ဦးဆောင်ပြီး ဆွေးနွေးမှုတွေ အမြန်ပြုလုပ်ခဲ့ကြပါတယ်။
ပြည်တွင်းပြည်ပ က တစ်ဦးချင်းစီ လှူဒါန်းထားတဲ့ အလှူရှင်တွေရဲ့ ငွေကြေးတွေကို
အရေးပေါ်ရန်ပုံငွေအဖြစ်စုဆောင်းထားတဲ့ ငွေကြေးနဲ့ အိမ်တွေပျက်စီးပြိုလဲသွားခဲ့တဲ့
မိသားစုတွေကို အိမ်ဆောက်ပစ္စည်းနဲ့ အရေးပေါ် အစားအသောက် တွေ ကူညီခဲ့ကြပါ
တယ်။ " ဒီမှာ မြင်ရတွေ့ရတာတွေက ပျက်သွားတဲ့ အိမ်တွေက မိသားစုတွေရော၊
ကျန်တဲ့ လူတွေ က အတော်လေးကို အထောက်အပံ့တွေလိုအပ်နေကြတာကို
တွေ့ရပါတယ်၊ ကျွန်တော်တို့မှာရှိတဲ့ ငွေကြေးက အကန့်အသတ်ရှိတော့
လေပြင်းကြောင့် အိမ်တွေလုံးဝပြိုလဲသွားတဲ့သူတွေကိုပဲ ထောက်ပ့ံနိုင်ခဲ့ပါတယ်"
လို့ ရန်ကုန် အခြေစိုက် ပရဟိတ လူငယ်များ ကွန်ရက်မှ ကိုတင်မောင်မြင့်က
ပြောပါတယ်။
"ကျွန်တော်တို့တွေ့ ရသလောက် ဒီက ပြည်သူတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး
အသိပညာ ဗဟု သုတကိုနည်းတယ်၊ ဆေးခန်းဆိုလည်း သေရေးရှင်ရေးဖြစ်မှ
၁၄ မိုင်လောက်ဝေးတဲ့ မြို့ကိုပြေးရတယ်၊ ကလေးတွေကိုလည်း တစ်ကိုယ်ရေ
သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး လုပ်ပေးရမှာတွေကို မသိကြတော့ ၀မ်းလျှော၊
၀မ်းပျက်၊ ကူးစက်ရောဂါ၊ ကျောက်ကပ်ရောင် ရောဂါတွေကိုစိုးရိမ်ရတယ်၊
အသက်ဆုံးရှုံးတဲ့ အထိဖြစ်သွားနိုင်တယ်"လို့ ပရဟိတအဖွဲ့နှင့် အတူ
အခမဲ့လောရောက်ဆေးကုသပေးနေသောဒေါက်တာဇာနည်ဝင်းက ပြောပါတယ်။
၀မ်းပျက် ၀မ်းလျှောဖြစ်ပြီး နေမကောင်း ဖြစ်နေတဲ့တစ်နှစ်သားလေးရဲ့ ကျန်းမာရေး၊
ကျောင်းဖွင့်ချိန်မှာ ကျောင်းကို ပို့ရမယ် အကြီး ဆုံး ရှစ်နှစ်သားကလေးနဲ့ ငါးနှစ်သား
ကလေး နှစ်ယောက်ရဲ့ ကုန်ကျစရိတ်တွေ၊ မိသားစု စားဝတ်နေရေးအတွက် လေးအိမ်
တန်းရွာက မချိုမာထွေး စိုးရိန် ပူပန်မှုတွေတိုးလာလို့နေပါ တယ်။ သူ့အိမ်က ခေါင်မိုးတွေ
ပျက်စီးသွား ခဲ့ပေမယ့် လုံးဝပြိုလဲသွားတဲ့ အထဲမပါ၀င် ခဲ့တာကြောင့် ပရဟိတ အဖွဲ့တွေ
ဆီက အထောက်အပံ့တွေ မရပါဘူး။ "ဒီလိုမှန်းသိရင် လေတိုက်နေတဲ့အချိန် အိမ်ကို
အသာလေး တွန်းလှဲလိုက်ရမှာ"လို့ သူက အရွှန်းဖောက်ပြီး ပြောပါတယ်။ ဒါပေမဲ့
တကယ်ပြိုလဲသွားတဲ့ အိမ်တွေက မိသားစုဝင်တွေလည်း သူတို့ မိသားစုလို အကူအညီ
လိုအပ်နေကြတဲ့သူတွေဖြစ်တယ်လို့ မချိုမာ ထွေးက ပြောဆိုပါတယ်။
ရွာသားတွေက ပရဟိတ လူငယ်တွေကို သူတို့ရွာကို နောက်တစ်ကြိမ် အလည်လာဖို့
ဖိတ်ခေါ်ပေမယ့် ဒုကတွေ့တဲ့အချိန်မှာ အကူ ညီပေးဖို့ လာရောက်တာမျိုး မဖြစ်စေချင်တော့
ဘူးလို့ ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က လေဆင်နှာမောင်း လေပြင်းများ ပြင်းပြင်းထန်ထန် တိုက် ခတ်
ခဲ့သလို မိုးသီးတွေပါကြွေတဲ့အထိ ရာသီ ဥတုက ကြမ်းတမ်းခဲ့ပေမယ့် လက်ရှိအချိန်မှာ
နေသာတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ မကြာခင် လေပြင်းနဲ့အတူ မုတ်သုန်မိုးက ၀င်ရောက်လုပ်ဖို
အချိန်ဖြစ်နေပါပြီ။ အပြာရောင် မိုးကောင်းကင် တစ်နေရာမှာတော့ အဖြူရောင် တိမ်တောင်ကြီးတွေ
ရှိနေပေမယ့် နေကတော့ ချစ်ချစ် တောက် ပူလောင် နေဆဲပါ။

















