တိုင်းပြည်စာရင်းစနစ်၊ သို့မဟုတ် အမျိုးသားစာရင်းစနစ် အပိုင်း(၅)

တိုင်းပြည်စာရင်းစနစ်၊ သို့မဟုတ် အမျိုးသားစာရင်းစနစ် အပိုင်း(၅)

ယခင်တစ်ပတ်မှ အဆက် - ဆက်လက်၍ တိုင်းပြည်စာရင်းစနစ် ဖော်ဆောင်ရာတွင် တစ်ဦးတစ်ယောက်တည်း၊ သို့မဟုတ် အုပ်စုအဖွဲ့တစ်ခုတည်းဖြင့် အကောင်အထည်ဖော်၍ မရပါ။

ယခင်တစ်ပတ်မှ အဆက်

ဆက်လက်၍ တိုင်းပြည်စာရင်းစနစ် ဖော်ဆောင်ရာတွင် တစ်ဦးတစ်ယောက်တည်း၊ သို့မဟုတ်
အုပ်စုအဖွဲ့တစ်ခုတည်းဖြင့် အကောင်အထည်ဖော်၍ မရပါ။

ကဏ္ဍ အသီးသီးက ကျွမ်းကျင်သူ ပုဂ္ဂိုလ်များ ပါ၀င်ရန် လိုအပ်သည်ကို မြင်လွယ်သော ဥပမာ
တစ်ခုဖြင့် တင်ပြပါမည်။

ကမ္ဘာကျော် စီးပွားရေးပညာရှင် J.R. HICKS ၏ ၁၉၆၀ ပြည့်နှစ်တွင် ပုံနှိပ် ထုတ်ဝေသော
THE SOCIAL FRAME WORK - AN INTRODUCTION TO ECONOMICS
စာအုပ်ငယ်ကလေးထဲမှ အပိုဒ်နှစ်ခုကို ဘာသာပြန်လျက် ဥပမာပေးပါမည်။

ယင်းမှာ - "၁၉၆၀ ပြည့်နှစ်၊ နွေဦးပေါက်ရာသီဟု ဆိုပါစို့။ နေ့တစ်နေ့တွင် ဤစာအုပ်ကို
ဖတ်ရှုသူက နံနက်စာအဖြစ် ပေါင်မုန့်တစ်လုံးကို စားကောင်းစားလိမ့်မည်။

ထိုပေါင်မုန့် တစ်လုံး၏ နောက်ကွယ်တွင် ထည့်သွင်း စဉ်းစားလောက်သော သမိုင်းကြောင်း
ရှိခဲ့သည်။

ပေါင်မုန့်ဖုတ်သူက နှစ်ရက်၊ သို့မဟုတ် သုံးရက်ကြိုတင်ပြီး ပေါင်မုန့်ကို ဖုတ်ခဲ့သည်။

သူ၏ ပေါင်မုန့်ဖုတ်သော ဖြစ်စဉ်တွင် ပါ၀င်ပစ္စည်း အမျိုးမျိုးကို အသုံးပြုခဲ့ရပြီး အဓိကမှာ
ဂျံုမှုန့်ဖြစ်သည်။

ဂျံုမှုန့် ရရှိရန် သီတင်းပတ်များ မတိုင်မီ ဂျံုကိုကြိတ်ရသည်။ ဂျံုအမျိုးမျိုးကို ရောစပ်ကောင်း ရောစပ်ပေ
လိမ့်မည်။

အချို့ကို ပြည်ပမှ တင်သွင်းပြီး အချို့ကို ပြည်တွင်း၌ ထုတ်လုပ်သည်။

ဂျုံကို ၁၉၅၉ ခုနှစ် အတွင်းက ရိတ်သိမ်းခဲ့ပြီး ဖြစ်မည်။ မရိတ်သိမ်းမီ လများက ဂျုံကိုစိုက်ခဲ့သည်။

ဂျုံမစိုက်မီ မြေကို ထွန်ယက်ရသည်။ မြေကို ထွန်ယက်သည်မှ နံနက်စာ စားပွဲပေါ်အရောက်
ပေါင်မုန့်ဖြစ်သည်အထိ တစ်နှစ် ထက်မနည်း ကြာခဲ့မည်။

ထွန်ယက်ခြင်း စိုက်ပျိုးခြင်း ရိတ်သိမ်းခြင်း၊ ချွေခြင်း၊ အမှုန့်ကြိတ်ခြင်း၊ ပေါင်မုန့်ဖုတ်ခြင်း
အဆင့်တိုင်း၌ စွမ်းအင်၊ သို့မဟုတ် လောင်စာလိုအပ်ခဲ့မည်။

ထွန်ယက်ခြင်း၌သမားရိုးကျမြင်းကို သုံးခဲ့လျှင် ထိုမြင်းကို အစာကျွေးရမည်။ မြင်းစာအတွက်
စိုက်ရမည်။ မြင်းစာ ထုတ်လုပ်မှုအတွက် အချိန်လိုအပ်ပြန်သည်။

ထွန်စက်ကို သုံးခဲ့လျှင် ထွန်စက်သုံးဆီ လိုအပ်မည်။ ထိုထွန်စက်သုံးဆီကို လုပ်ကွက်အရောက်
သယ်ယူပို့ဆောင်မှုကိုလည်း ပေါင်မုန့်ထုတ်လုပ်သော ဖြစ်စဉ်တွင် ထည့်သွင်းစဉ်းစားရမည်။

ရိတ်သိမ်းခြင်း၊ ချွေခြင်း၊ အမှုန့်ကြိတ်ခြင်းတို့အတွက် လိုအပ်သော စွမ်းအင်ကိုလည်း ထိုနည်းနှင်နှင်
ထည့်သွင်း စဉ်းစားရမည်။

ပေါင်မုန့်ဖုတ်ရာတွင် ကျောက်မီးသွေး၊ သို့မဟုတ် လျှပ်စစ်ကို သုံးရမည်။ တစ်ဖန် ထွန်စက်၊
ချွေစက်၊ ပြည်ပမှ တင်သွင်းလျှင် ပို့ဆောင်ပေးသော သင်္ဘော၊ သိုလှောင်ရုံ၊ အမှုန့်ကြိတ်သော
စက်ကရိ ယာများ၊ ပေါင်မုန့်ဖုတ်သော မီးဖိုများ စသည်တို့ကို ပေါင်မုန့်ထုတ်လုပ်ခြင်းတွင်
ထည့်သွင်းစဉ်စားရမည်" ဟု ဖြစ်ပါသည်။

ပေါင်မုန့်ထုတ်လုပ်သော လုပ်ငန်းတစ်ခုတွင် ဂျံုမှပေါင်မုန့်ဖြစ်လာသည်အထိ လုပ်ငန်းအဆင့်ဆင့်
ရှိပါသည်။

ထို့အတူ ဂျံုစိုက်ပျိုးရေးတွင်လည်း လုပ်ငန်းအဆင့်ဆင့် ရှိပါသည်။

လုပ်ငန်းအဆင့်တိုင်း၌ လိုအပ်သော ကုန်ကြမ်း၊ လုပ်အား၊ ပစ္စည်းကိရိယာ စသည်တို့ ရှိပါသည်။

လုပ်ငန်းတစ်ခုနှင့် တစ်ခု သဘောသဘာဝများ မတူကွဲပြားကြပါသည်။

ထို့ကြောင့် SNA တွင် ကဏ္ဍအလိုက် ကျွမ်းကျင်သူများ ပါ၀င်ကြရမည် ဖြစ်ပါသည်။

စတင်အုတ်မြစ်ချရာတွင် အခြေခံ ခိုင်မာရန် လိုအပ်ပါသည်။

အထူးသဖြင့် SNA ကို စတင်အကောင်အထည်ဖော်ရန် ခြေလှမ်းပြင်နေသော ကျွနု်ပ်တို့
မြန်မာနိုင်ငံအဖို့ တာထွက်ကောင်းရန် လိုအပ်ပါသည်။

စနစ်ကျရန် လိုပါသည်။

SNA အကောင် အထည်ဖော်ရန် အကျံုးဝင် ပါ၀င်နေသူ အားလုံး အခြေခံကောင်း ရရှိရန်
လိုပါသည်။

အသေးစိတ် စဉ်းစားရန် လိုပါသည်။

အခြေခံပညာကောင်း လိုပါသည်။

ဤအပိုင်း (၅) တွင် ခန့်မှန်းခြေနှင့်အတူ အနားသတ်အမှားကို ဖော်ပြပေးရန် မစ္စပီတာအေဒီ၏
စိုက်ပျိုးရေးကဏ္ဍ သီးနှံများ၏ ထုတ်လုပ်မှုမှ ဓနိ/သက်ငယ် ကို အကြောင်းပြု၍ ISIC မှ MSIC သို့
ကူးပြောင်းခြင်းကိစ္စတို့ကို အလေးပေး ဖော်ပြခဲ့ပါသည်။

အပိုင်း (၆)တွင် မစ္စပီတာအေဒီ၏ တွက်ချက်မှုများကို ဆက်လက် တင်ပြပါမည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021