ငြိမ်းချမ်းရေးက ဘာကြောင့် အရေးပါသလဲ

ငြိမ်းချမ်းရေးက ဘာကြောင့် အရေးပါသလဲ

နှစ်ပေါင်း ၆၀ ကျော် စစ်မက်ဖြစ်ပွားပြီးနောက် ကျွနု်ပ်တို့ လူထုမှာ ငြိမ်းချမ်းရေးအကြောင်း အိပ်မက်မက်လာကြရသည်။ အကယ်၍ အစိုးရနှင့် တပ်မတော်တို့က အစစ်အမှန် ကြိုးပမ်းကြမည်ဆိုလျှင် ကျွနု်ပ်တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို များမကြာမီ သဘောတူညီမှု ရရှိပါလိမ့်မည်။ ...

နှစ်ပေါင်း ၆၀ ကျော် စစ်မက်ဖြစ်ပွားပြီးနောက် ကျွနု်ပ်တို့ လူထုမှာ ငြိမ်းချမ်းရေးအကြောင်း
အိပ်မက်မက်လာကြရသည်။ အကယ်၍ အစိုးရနှင့် တပ်မတော်တို့က အစစ်အမှန် ကြိုးပမ်းကြမည်
ဆိုလျှင် ကျွနု်ပ်တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို များမကြာမီ
သဘောတူညီမှု ရရှိပါလိမ့်မည်။ နောက်ဆုံးအဆင့်အထိ အတူတကွ ဆက်သွားကြရအောင်ပါ။

မြန်မာပြည်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် လွန်ခဲ့သော ၁၇ လတွင်
ရှာဖွေခဲ့ကြသည်။

သို့သော် ငြိမ်းချမ်းရေးကို ရှာဖွေတွေ့ရှိနိုင်မည့် လမ်းကြောင်းအထိတိုင် စေ့စပ်ညှိနှိုင်းမှုများကို
ဆက်လက်လုပ်ဆောင်ကြရမည်။

အစိုးရနှင့် တပ်ဘက်က စေ့စပ်ညှိနှိုင်းရေး အဖွဲ့သည် ဤဆန္ဒအပေါ်တွင် တညီတညွတ်တည်း
ရှိသည်ဟု ကျွနု်ပ်တို့ မျှော်လင့်ထားသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဦးအောင်မင်းက ဦးဆောင်နေပြီး တိုင်းရင်းသားလက်နက်ကိုင်
တော်လှန်ရေး အဖွဲ့အစည်း ၁၆ ဖွဲ့ ပါ၀င်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့(အင်န်စီစီတီ) ကို မိမိက ဦးဆောင်ဦးရွက်ပြုနေသည်။

နှစ်ဖွဲ့စလုံးက အမြင်အမျိုးမျိုး ဖလှယ်ကြသလို အခြား တစ်ဖက်မှာလည်း သဘောမတူမှုလည်း
ရှိကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သို့ ရောက်ရှိရန် နှစ်ဖက်စလုံးက
ကြီးစွာသော ကြိုးပမ်းအားထုတ်မှုများ ရှိကြရာ ကျွနု်ပ်တို့အနေဖြင့် သဘောတူညီချက်သို့
ရောက်လုနီးပြီဖြစ်သည်။

များမကြာမီက ပြုလုုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏
လော်ခီးလာထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကြီးပြီးနောက် စာချုပ်မူကြမ်းမှာ
မပြောပလောက်သော ပြင်ဆင်ချက်အချို့ နှင့်အတူ လက်မှတ်ရေးထိုးရန် အဆင်သင့် ရှိနေပြီ
ဖြစ်သည်။

ပြင်ဆင်ချက်ဆိုရာမှာလည်း မဖြစ်မနေ ပြုလုပ်ရမည့်အချက်များပင် ဖြစ်သည်။

ရှေ့ဆက်သွားနိုင်ဖို့ရန်အတွက် တပ်မတော်ဘက်က လက်ရှိပြုလုပ်နေသော ထိုးစစ်ဆင်မှုများကို
ရပ်တန့်ရမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရာတွင်
အင်န်စီစီတီ အဖွဲ့ဝင်များ အားလုံး ပါ၀င်ရေးပင် ဖြစ်သည်။

စာချုပ်တွင် နိုင်ငံတကာအသိသက်သေများအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနှင့်
တရုတ်အစိုးရတို့အပြင် အခြားသောနိုင်ငံတကာ အစိုးရများလည်း ပါ၀င်သင့်သည်။

အစိုးရနှင့်တပ်မတော်အတွက် မပြောပလောက်သော ဤခြေလှမ်းများသည် ငြိမ်းချမ်းသော
အနာဂတ်တစ်ခုဆီသို့ အရောက်သွားမည့်ဆန္ဒမှန်ကို ပြသရာရောက်ပါလိမ့်မည်။

ပြည့်စုံလုံလောက်သော နိုင်ငံတကာ အသိသက်သေများအပါအဝင် စစ်ရေးအရ ထိုးစစ်ဆင်မှုများ
ရပ်တန့်ပေးခြင်း၊ လက်မှတ် ရေးထိုးရန် အင်န်စီစီတီအဖွဲ့ဝင်များအားလုံးကို ဖိတ်ခေါ်ခြင်းတို့သည်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်ကို ပြီးပြည့်စုံစေ၍ တရားဝင်မှုရှိစေသည့်
ကျန်ရှိနေသေးသော အချက်များပင် ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း၏ ဤကျန်ရှိသေးသည့်
ကွဲပြားမှုများမှာ ပြီးခဲ့သော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏
လိုင်ဇာနှင့် လော်ခီးလာ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတို့က အဆိုပြုထားချက်များပင်
ဖြစ်သည်။

ထောင်ပေါင်းများစွာသော ဒုက္ခသည်များ ၎င်းတို့၏နေရပ်ရင်းနှင့် အိုးအိမ်များကို စွန့်ခွာ
ထွက်ပြေးလာကြရခြင်း၏ အကြောင်းရင်းဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး
အဖွဲ့အစည်းများအပေါ် တပ်မတော်က လက်ရှိဆက်လက်ထိုးစစ်ဆင်နေမှုများကြောင့်
ဤတောင်းဆိုမှုများမှာ ကျိုးကြောင်း ဆီလျော်မှုရှိသည်ဟု ကျွနု်ပ်တို့ယုံကြည်ထားသည်။

ဒုက္ခသည်များက ဆင်းရဲ ဒုက္ခအကြီးအကျယ် ခံစားနေရချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
သဘောတူစာချုပ်တစ်ခု တိုးတက်မှုအပေါ် အောင်ပွဲခံနေခြင်းက တရားမျှတကြောင်း ကျွနု်ပ်တို့
မပြသနိုင်ပေ။

ယင်းအစား ရှုံးနိမ့်ခြင်းနှင့် အောင်မြင်ခြင်းကြားက အန္တရာယ်ပြည့်နှက်စွာ တည်ရှိနေသော
အစွန်းတစ်ဖက်အပေါ် ကျွနု်ပ်တို့ ဟန်ချက်ညီ ကြရမည်။

စစ်မှန်သောငြိမ်းချမ်းရေးအတွက် ဖြစ်ရှိနေသော လက်တွေ့အခက်အခဲများကို မဖြေရှင်းထားဘဲ
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို ထောက်ခံ လိုက်ခြင်းက တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးဆီသို့ အရောက်သွားမည့် နောက်ဆုံးခရီးမိုင်ကို မလျှောက်လှမ်းခြင်းပင်
ဖြစ်သည်။

ကျွနု်ပ်တို့ ထိုအဆင့်များကို လျှောက်လှမ်းကြရမည်ဖြစ်သည်။

ပြီးနောက် ရေရှည်တည်တံ့ ခိုင်မြဲသောငြိမ်းချမ်းရေး ထွက်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲသို့
နှစ်ဖက်စလုံးက ဆက်သွားကြရမည်ဖြစ်သည်။

တစ်နှစ်ခွဲနီးပါးကြာ စေ့စပ်ညှိနှိုင်းမှုများမှာ ခက်ခဲပြင်းထန်သောကာလများဖြင့် ပြည့်နှက်နေပြီး၊
ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတို့လည်း တစ်ပြိုင်နက် ရှိထားကြသည်။

စိန်ခေါ်ချက်ပေါင်းများစွာကို နှစ်ဖက်စလုံးက အတူတကွ ရင်ဆိုင်ကြရသည်။

သို့သော် ယုံကြည်မှုဖြင့် စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ အမြဲပြန်သွားကြခြင်းဖြင့် တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆီသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

အစိုးရအပေါ် သံသယရှိခြင်းသည် ဆယ်စု နှစ်ပေါင်းများစွာဖြစ်ရှိနေသော ပြည်တွင်းစစ်နှင့်အတူ
အတိတ်ကာလတစ်ခုက သတ်မှတ်ပေးလိုက်သည့် တိုက်ရိုက်အကျိုးဆက် တစ်ခုပင်ဖြစ်သည်။

ဤအသိစိတ်များမှာ မြန်ဆန်စွာ ကုစားဖြေဖျောက်၍ ရနိုင်မည် မဟုတ်ပေ။

ယုံကြည်မှုသည် စကားလုံးများ အပေါ်တွင် မူတည်သည်သာမက ပြောစကား တည်ပြီး ပြောသည့်
အတိုင်း နောက်မှလိုက်ပါ ဆောင်ရွက်မှုတို့ရှိသော နားလည်မှုရှိခြင်း အပေါ်တွင်လည်း
မူတည်သည်။

ယုံကြည်မှုက အချိန်ကာလအပေါ် သက်သေထူသည်။

ကျွနု်ပ် လက်ခံယုံကြည်ထားသည်မှာ ဗမာ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည်
တိုင်းပြည်အနှံ့ ငြိမ်းချမ်းရေး ရရှိရေးအပေါ် ဆန္ဒပြင်းပြကြပြီး လူမျိုးတိုင်း တန်းတူအခွင့်အရေး
မျှဝေခံစား ရရှိစေလိုကြသည်။

သို့ရာတွင် ထိုအိပ်မက်အတွက် သင့်တော်သော ကာကွယ်ပေးမှုများနှင့် လိုက်လျောညီထွေရှိသော
လိုက်ပါဆောင်ရွက်မှုများ ရှိကြရပေမည်။

အခွင့်အရေးပေးထားပြီး အာမခံချက်လည်း ရှိရမည်။

အမှတ်မထင် (သို့တည်းမဟုတ်) အပေါ်ယံလောက် နည်းဟန်ဖြင့် မရနိုင်ပေ။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံပုံစံ ဖြစ်ရမည်။

ဦးသိန်းစိန်၏ ဖက်ဒရယ် အပေါ်အသိအမှတ်ပြုခြင်းမှာ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ
လျှောက်လှမ်းရာတွင် မရှိမဖြစ် လိုအပ်သောအစိတ်အပိုင်းတစ်ခု၊ ခုတုံးတစ်ခုအဖြစ်
ကျွနု်ပ်တို့အနေဖြင့် အသိအမှတ်ပြုသည်။

ဤစကားလုံးများ အတည်ဖြစ်ခြင်းအားဖြင့် အစိုးရငြိမ်းချမ်းရေးလုပ်ရန် လိုလားသော ဆန္ဒရှိကြောင်း
ကျွနု်ပ်တို့မျှော်လင့်ချက်မှာ ရှင်သန်စေမည် ဖြစ်သည်။

ဤစကားလုံးများ ရှိထားသော်ငြားလည်း စေ့စပ်ညှိနှိုင်း ရေးဖြစ်စဉ်တစ်လျှောက် တပ်မတော်၏
မနားတမ်း ထိုးစစ်ဆင်နေမှုများက စိန်ခေါ်ချက် ဖြစ်လာသည်။

ကျွနု်ပ်တို့ ငြိမ်းချမ်းရေး လိုလားသည်။ သို့သော် ပကတိအမှန်တရားကို ကျွနု်ပ်တို့ ရင်ဆိုင်ရပေမည်။

တပ်မတော်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကြီးမားသော စစ်ရေးထိုးစစ်များ
ဆောင်ရွက်နေပြီး၊ များမကြာမီက ရခိုင်ပြည်နယ်တွင်လည်း ဖြစ်ပေါ်လာသည်။

ကချင်၊ ပလောင်၊ ကိုးကန့် နှင့် ရခိုင်တိုင်းရင်းသားလူမျိုးများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထောင်ပေါင်းများစွာသော ဒုက္ခသည် ရွာပုန်းရွာရှောင်များမှာ ကချင်ပြည်နယ်တွင်ရှိနေပြီး
ရှမ်းပြည်နယ်တွင်လည်း တူညီသောအရေအတွက်နီးပါး ရှိလာနေပြီ ဖြစ်သည်။

ဤအဖြစ်အပျက်များက မိမိတို့ သက်တမ်းကာလတွင် ငြိမ်းချမ်းရေးဖန်တီးရန် ဆန္ဒပြုသော
အပြုသဘောဆောင်သည့် ညွှန်းကိန်း သင်္ကေတများ မဟုတ်ပေ။

သို့သော် ကျွနု်ပ်တို့ ဆက်လက် သွားမည်ဖြစ်သည်။

ဦးသိန်းစိန်နှင့် ဦးအောင်မင်းတို့ထံက ပါးလာသောစကားများမှာ အားတက်စေသည်။

သို့ရာတွင် တပ်မတော်၏ မြေပြင်လက်တွေ့ အခြေအနေမှန်ကို ကြည့်ခြင်းအားဖြင့် တူညီသော
အားတက်စိတ်ကို မဖြစ်ပေါ်စေပဲ စိတ်ပျက်အားလျော့မှုကို ဖြစ်စေသည်။

တပ်မတော်နှင့် အစိုးရသည် ငြိမ်းချမ်းရေးအတွက် တူညီသောလမ်းကြောင်းတစ်ခုတည်းတွင်
ရှိစေဖို့ရန် ကျွနု်ပ်တို့ မျှော်လင့်ထားသည်။

ဗမာနယ်မြေအပါအဝင် နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလူမျိုးများကို ခွဲခြားဆက်ဆံကာ
ဖိနှိပ်ချုပ်ချယ်သည့် မူဝါဒနှင့်အတူ ဗမာပြည်ကို စစ်အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်း ၅၀ ကျော်
အုပ်ချုပ်ထားပြီဆိုသည်ကို ကျွနု်ပ်တို့ မမေ့သင့်ပေ။

ဗမာမဟုတ်သော တုုိင်းရင်းသားများအနေဖြင့် စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုနှင့်အတူ
အမြဲနေရသည်သာမက ဗမာပြည်သူ အများစုကလည်း ကြမ်းတမ်းသောဖိနှိပ်အုပ်ချုပ်မှုအောက်တွင်
ခံစားနေရသည်။

စေ့စပ်ညှိနှိုင်းမှုများမှာ ယခင်စစ်အာဏာရှင်၏ ဖိနှိပ်သူနှင့် ဖိနှိပ်ခံများကြားတွင် ဖြစ်သည်။

မည်သူမျှ ကျွနု်ပ်တို့ထက် ငြိမ်ချမ်းရေးကို လိုချင်ကြမည်မဟုတ်ပေ။ ကျွနု်ပ်တို့ လက်နက်ကိုင်
ထားသည်က တိုက်ခိုက်ရန်အတွက် မဟုတ်ဘဲ ၁၉၄၇ ခု ပင်လုံသဘောတူညီချက်တွင်
ကတိပြုခဲ့ကြသည့်အတိုင်း မိမိတို့ လူမျိုးများ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်။

စစ်ပွဲက ရက်စက်ကြမ်းကြုတ်သည်၊ ကျွနု်ပ်တို့ စိတ်ဓာတ်များကို ဖျက်ဆီးပစ်သည်။

ကျွနု်ပ်တို့ ဘဝများ၊ အနာဂတ်အတွက် မျှော်လင့်ချက်များနှင့် သဘာဝသယံဇာတများကိုပါ
ပျက်စီးစေသည်။

ကျွနု်ပ်တို့ ကလေးများမှာ ပညာဆည်းပူးရေးနှင့် ဘဝမျှော်လင့်ချက်များ ကန့်သတ်ခံရသည်။

ဗမာနယ်မြေအပါအဝင် တိုင်းရင်းသားဒေသများတွင် မျိုးဆက်ပေါင်းများစွာ ဆုံးရှုံးသွားသည်ကိုလည်း
တွေ့မြင်ကြရသည်။

အကယ်၍သာ တန်းတူရည်တူရှိစွာ ရှေ့ဆက်သွားနိုင်ကြလျှင် ကျွနု်ပ်တို့အားလုံး အောင်မြင်နိုင်မည်
ဖြစ်သည်။

လက်ရှိစေ့စပ်ဆွေးနွေးမှုများမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်သက်ဆိုင်ကာ နိုင်ငံရေး
အဖြေတစ်ခု ရရှိရေးအတွက် ဆွေးနွေးပွဲများသို့ ဆက်သွားမည့် ပထမခြေလှမ်း တစ်ခုပင် ဖြစ်သည်။

လက်ရှိနိုင်ငံရေးဆွေးနွေးရေးမူဘောင်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စစ်တပ်၏
အခန်းကဏ္ဍတို့တွင် ပြင်ဆင်မှုများ မပြုလုပ်ဘဲ မိမိတို့တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရရှိမည် မဟုတ်ပေ။

နိုင်ငံရေး ဆွေးနွေးပွဲတွင် အာဏာခွဲဝေရေးနှင့် ဖက်ဒရယ်မူဝါဒများ ပါ၀င်ရမည်ဖြစ်သောကြောင့်
ပိုမိုခက်ခဲမည်၊ ပို၍အရေးကြီးမည်ကိုလည်း ကျွနု်ပ်တို့အားလုံး နားလည်သဘောပေါက်ထား
ကြသည်။

ဖက်ဒရယ်မူဝါဒ၏ အရေးပါမှုနှင့် ပတ်သက်၍ ရှင်းလင်းမှုရှိရေး သမ္မတအနေဖြင့် ယုံကြည်
လက်ခံထားသင့်သည်။

၎င်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အချက်များ ပါ၀င်ရမည်ဖြစ်သည်။

လွန်ခဲ့သော အပတ်က တပ်မတော်အကြီးအကဲများ၏ တိုက်ရိုက် အမိန့်ပေးမှုအောက်တွင်ရှိသော
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်
၎င်းတို့အတွက် ဗီတိုအာဏာ အပြည့်အဝသုံးရန် အာမခံထားသော ပုဒ်မ (၄၃၆)(က) ပြင်ဆင်ရန်
အချက်ကို မပြင်ဆင်နိုင်ရေးအတွက် ဆန့်ကျင်မဲပေးခဲ့ကြသည်။

ကချင်ကို ထိုးစစ်ဆင်နေမှုနှင့်အတူ သမ္မတ က တစ်ခုပြောလိုက်၊ ကာကွယ်ရေးဦးစီးချုပ်က
ဆန့်ကျင်ဘက် တစ်ခုလုပ်လိုက်ဖြစ်နေသည်။

လွှတ်တော်ထဲရှိ မဲပေးမှုပုံစံမှာ စိုးရိမ်ဖွယ်ရာတစ်ခုပင် ဖြစ်သည်။

မည်သည့်အောင်မြင်မှု အတွက်မဆို ဗီတိုအာဏာကိုင်ထားသော ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတတို့၏ ကြိုးပမ်းမှုများ လိုအပ်နေသည်။

ဤအချက်သည် နိုင်ငံရေးဆွေးနွေးပွဲတွင် အဓိကကျသော ကိစ္စရပ် တစ်ခုပင် ဖြစ်သည်။

စိန်ခေါ်မှုတစ်ခုုလည်း ဖြစ်ပေလိမ့်မည်။

သို့သော် ဤအချက်က ကျွနု်ပ်တို့အနေဖြင့် နှစ်ပေါင်း ရ၀ ကျော် တိုက်ပွဲဝင်နေကြသည့်အရာ
တစ်ခုလည်း ဖြစ်ပေသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အပေါ် အတူတကွ လာရောက်
လက်မှတ်ရေးထိုးနိုင်ရန် နောက်ဆုံး သဘောတူညီချက် ရရှိရေး ဖြစ်နိုင်ခြေအလားအလာ
ရှိနေသည်။

ထိုသို့ လုပ်ဆောင်ကြမည်ဆိုလျှင် ကျွနု်ပ်တို့အားလုံးက အမှန်တကယ် မိမိတို့ မျက်လုံးများပိတ်ပြီး၊
မိမိတို့ ကလေးငယ်များနှင့် မြေးမြစ်များအတွက် စဉ်းစားလုပ်ဆောင်သင့်ပေသည်။

မည်သူကမှ မောင်းခလုတ်ကို မဆွဲမီ ဤအချက်ကို ဖြစ်အောင် လုပ်ကြရမည်။

ကျွနု်ပ်တို့ကိုယ်တိုင်က ပြန်လည်စဉ်း စားဖို့ရန်မှာ မိမိတို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ပြိုင်ဘက်ကင်းနေရာတွင် ယခု ရောက်ရှိနေပြီဖြစ်သည်။

အကယ်၍ အောင်မြင်သောဆွေးနွေးပွဲသို့ ဦးတည်လျှင် ဤအချက်က သမိုင်းစာအုပ်များတွင်တွင်
ကျန်ရစ်မည့် သမ္မတ၊ အတိုက်အခံ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး
အဖွဲ့အစည်းများ ဖြစ်လာလိမ့်မည်။

သို့ရာတွင် တိုင်းရင်းသားဒေသတွင်ဖြစ်စေ၊ ဗမာဒေသတွင်ဖြစ်စေ ကျွနု်ပ်တို့အားလုံးက တိုင်းပြည်ရှိ
ပြည်သူတစ်ရပ်လုံးအတွက်ပင်ဖြစ်ပြီး အားလုံးအတွက် ဖြည့်ဆည်းပေးသင့်ပေသည်။

(နိုင်ဟံသာ သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ၏
ခေါင်းဆောင်ဖြစ်သည်)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021