အာတိတ်ဒေသက ပြန်လည်ရှင်သန်လာသည့် ဆိုဗီယက်ခေတ် မြို့ကလေး

အာတိတ်ဒေသက ပြန်လည်ရှင်သန်လာသည့် ဆိုဗီယက်ခေတ် မြို့ကလေး

ပီရမီဒင် - အနက်ရောင် ကုတ်အကျႌဝတ်လျက်ချက်ပ်ကာ ဦးထုပ်ဆောင်းပြီး ရိုင်ဖယ်သေနတ်ကိုပခုံးသိုင်းလွယ်ထားတဲ့ 'ဆပ်ရှား'ဟာ ဆိုဗီယက်ခေတ်က လူတွေ စွန့်ခွာထွက်ပြေးခဲ့ပြီး ဒီနေ့မှာအာတိတ်ဒေသရဲ့ အထူးအဆန်း မြို့တစ်မြို့ဖြစ်နေတဲ့ ပီရမီဒင်မြို့ဆီကို အလည်ရောက်လာတဲ့ ခရီးသည်တွေကို ဆိပ်ခံတံတားပေါ်ကငေးကြည့်နေပါတယ်။

ပီရမီဒင် - အနက်ရောင် ကုတ်အကျႌဝတ်လျက် ချက်ပ်ကာ ဦးထုပ်ဆောင်းပြီး ရိုင်ဖယ်သေနတ်ကို
ပခုံးသိုင်းလွယ်ထားတဲ့ 'ဆပ်ရှား'ဟာ ဆိုဗီယက်ခေတ်က လူတွေ စွန့်ခွာထွက်ပြေးခဲ့ပြီး ဒီနေ့မှာ
အာတိတ်ဒေသရဲ့ အထူးအဆန်း မြို့တစ်မြို့ဖြစ်နေတဲ့ ပီရမီဒင်မြို့ဆီကို အလည်ရောက်လာတဲ့
ခရီးသည်တွေကို ဆိပ်ခံတံတားပေါ်က ငေးကြည့်နေပါတယ်။

၁၉၉၈ ခုနှစ်က ကျောက်မီးသွေးမိုင်း လုပ်ငန်းမြို့ဖြစ်ခဲ့ပြီး အစွန့်ပစ်ခံရတဲ့ ဒီမြို့ကို ရုရှားလူမျိုး
ဆက်ရှားကစောင့်ရှောက်နေတာ ပါ။ ဒီနေ့မှာလည်း ရုရှားကုမ္ပဏီ Arktikugol  ကုမ္ပဏီကပဲ
ပိုင်ဆိုင်နေပါတယ်။ ပိရမစ်ပုံ တောင်ကြီးကို နောက်ခံပြုထား တဲ့မြင်ကွင်းကြောင့် ပီရမီဒင်လို့
အမည်တွင် ခဲ့တာပါ။ ခရီးသည်တွေ သင်္ဘောပေါ်ကဆင်းတာနဲ့ ဆပ်ရှားက လုံခြံုရေးကို
သူ့ရိုင်ဖယ်သေနတ်နဲ့ တာဝန်ယူရပါသေးတယ်။ ဒီမြို့ရဲ့ တစ်မျိုး တည်းသောမြို့ခံဖြစ်တဲ့ ၀င်ရိုးစွန်း
၀က်ဝံ တွေရဲ့ရန်ကို ကာကွယ်ဖို့ဖြစ်တယ်လို့ သူက ခရီးသည်တွေကို ပြောပြတယ်။ "မေလ
ဒီဘက်ပိုင်းမှာ တစ်ကောင်မှမတွေ့သေးပါ ဘူး။ အန္တရာယ်ကို စိတ်မချရဘူးဗျ"ဟု သူက ညည်း
လိုက်သည်။ ဆိုဗီယက်အစိုးရက ဆွီဒင် အစိုးရထံမှ (ထိုစဉ်က ကျောက်မီးသွေးတွင်း အငယ်
စားမျှသာဖြစ်သော) ယခုမိုင်းကို ၁၉၂၇ ခုနှစ်က ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ဒီမြို့ကလေးဆီကို
၁၉၃၆ ခုနှစ်မှာ ပထမဆုံး အခြေချသူတချို့ ရောက်လာကြပေမယ့် ဒုတိယကမ္ဘာစစ် အစဦးကာလမှာ
ဗြိတိသျှ စစ်တပ်က သိမ်းပိုက်လိုက်တယ်။

၁၉၅၆ ခုနှစ်မှာ ကျောက်မီးသွေးမိုင်းလုပ်ငန်းကိုပိုင်ပိုင်နိုင်နိုင် စတင်လုပ်ကိုင်နိုင်ခဲ့တယ်လို့လည်း
ဆိုပါတယ်။ ပီရမီဒင်မြို့ကလေးမှာ ၁၉၇၀ ပြည့်လွန် ဆယ်စုနှစ်နဲ့ ၁၉၈၀ ပြည့်လွန် ဆယ်စုနှစ်
တွေက ရုရှားလူမျိုး ၁,၂၀၀ လောက် အဆင် ချောစွာ နေထိုင်ခဲ့ကြပါတယ်။ လေးထပ်
အဆောက်အအုံတချို့၊ ဆေးရုံတစ်ရုံ၊ စာသင် ကျောင်းတွေ၊ ဘောလုံးကွင်းတစ်ခု၊ နွားနဲ့
ကြက်မွေးမြူရေးခြံတစ်ခြံလည်း ရှိခဲ့ကြတယ် လို့ ဆက်ရှားက ပြောတယ်။

အားကစားနဲ့ ယဉ်ကျေးမှုဌာန အဆောက်အအုံ အပြင် ဘက်မှာ ဆိုဗီယက်ခေါင်းဆောင်
လီနင်ရဲ့ ရင်ဘတ်တစ်ပိုင်းပုံ ရုပ်တုတစ်ခုကို တွေ့နိုင် ပါသေးတယ်။ ဘေ့စ်ဘောနဲ့
ဟော်ကီပြိုင်ပွဲတွေ၊ စစ် ဘုရင်ဗိုလ်လုပွဲတွေရဲ့ အဖြူအမည်း ဓာတ်ပုံ တွေကို ခန်းမအဝင်မှာ
ချိတ်ဆွဲပြသထား ပါတယ်။ ထိုင်ခုံ ၃၀၀ ရုပ်ရှင်ရုံနဲ့ ဘတ်စ်ကက် ဘောကစားကွင်းတွေကို
မနေ့တစ်နေ့ကမှ အသုံးပြုခဲ့တဲ့ အနေအထားမျိုးနဲ့ ပြသထား ပါသေးတယ်။ အပေါ်ထပ်က
စာကြည့်တိုက်ထဲမှာ ကလေးတွေအတွက် စာအုပ်တချို့ကို တွေ့နိုင် သေးတဲ့အပြင်
အခန်းငယ်လေး တစ်ခုထဲ မှာလည်း စန္ဒရားတစ်လုံး၊ အကော်ဒီယံတစ်ခု၊ ဘင်နဲ့
ဘင်တီးတုတ်ချောင်းတွေကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။ ၁၉၉၀ ပြည့်လွန်
ဆယ်စုနှစ်တွေမှာတော့ ပီရမီဒင်မြို့ကလေး ကြမ္မာဆိုးကြံုရတော့ တာပဲ။ ဆိုဗီယက်
ယူနီယံရဲ့ မိုင်းလုပ်ငန်း အကျိုးအမြတ် လျော့နည်းလာသလို မိုင်း အလုပ်သမားတွေကို
လုပ်ခ ပုံမှန်မပေးနိုင် တော့လို့ပါ။ ၁၉၉၈ ခုနှစ်မှာ လုပ်ငန်းပိတ်သိမ်းကြောင်း Arktikugol
ကုမ္ပဏီက ကြေညာလိုက်ရတော့တယ်။

မြို့လူထုတွေလည်း မြို့ကလေးကို စွန့်ခွာသွားကြပါတယ်။ အခုအခါ နေမမြင်ရအောင် အေးလွန်းတဲ့
ဆောင်းရာသီကာလတွေမှာ ဆက်ရှားခမျာ လည်း မြို့ကလေးက ထွက်ခွာနေရရှာပါတယ်။
မတ်လရောက်ပြန်ရင်တော့ ဆက်ရှားက ပီရမီဒင်ကို ပျော်တပြံုးပြံုးနဲ့ ပြန်ရောက် လာပြီး တစ်ချိန်က
တစ္ဆေခြောက်မတတ် အသက်ကင်းမဲ့ခဲ့တဲ့ မြို့ကလေးမှာ အာတိတ် စက်ဝိုင်းဒေသရဲ့
တောင်တန်းတွေ၊ ရှည်လျား ကျဉ်းမြောင်းတဲ့ ပင်လယ်ရေလက်ကြားတွေနဲ့ ရေခဲလွှာ၊
ရေခဲမြစ်တွေရဲ့ ဖြစ်စဉ်ကို ပိုမို များပြားလာတဲ့ ခရီးသည်တွေကို စိတ်ဝင်စားဖွယ်
ပြန်လည်ပြောပြခံစားစေနိုင်နေပါပြီ။

၂၀၀၇ ခုနှစ်မှာ အဆောက်အအုံတစ်ခု ကို အခန်း ၂၄ ခန်းနဲ့ သစ်သား ပရိဘောဂ အမျိုးမျိုး၊
ဗော့ဒ်ကာယမကာ အလုံအလောက် ဖြည့်ဆည်းထားတဲ့ ဟိုတယ်တစ်ခုအဖြစ် ပြုပြင်ဖွင့်လှစ်ခဲ့ပါတယ်။
အခုနှစ် နွေရာသီမှာ ပီရမီဒင်က ဒီဟိုတယ်မှာ တာဝန်ယူဖို့ လမ်းပြ နှစ်ယောက်အပါအဝင် ရုရှားလူမျိုး
ရှစ်ယောက်ကို တာဝန်ပေးလိုက်ပါပြီ။ လျှပ်စစ် မီးစက်၊ ကျောက်မီးသွေးမီးသုံးတဲ့ ရေပေးစနစ်
တွေမှာလည်း ၀န်ထမ်းတွေ ရှိပါတယ်။ ဆက်ရှားကို ကူညီနေတဲ့ အသက် ၂၆ နှစ် အရွယ်
ဓာတ်ပုံပညာသင်တန်းသား  Pavel Arkharov ကတော့ အစွန့်ပစ်ခံထားရတဲ့ ဒီမြို့ကလေးကို
စိတ်ပျက်စရာအဖြစ် သူမတွေ့ ရပါဘူးလို့ ဆိုနေပါတယ်။ "ဒီမြို့ကလေးဟာ တကယ့်ကို အေးချမ်း
သာယာနေပါတယ်"တဲ့။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021