အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၆)

အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၆)

အားသစ်လောင်းသော တရားမျှတမှု လိုအပ်မလား၂၀ ရာစု အလယ်ပိုင်းနဲ့ နှောင်းပိုင်းမှာ ဒီမိုက ရေစီ အသွင်ကူးပြောင်းခဲ့ကြတဲ့ နိုင်ငံတွေရဲ့ အတွေ့အကြံုတွေအရ ဒဏ်ခတ်အရေးယူသော တရားမျှတမှုအပေါ် စိတ်တိုင်းမကျစရာတွေ တိုးပွားလာနေတာကြောင့် ဒီတရားမျှတမှု အစီအစဉ်နဲ့ တွဲဖက်ပေးဖို့၊ သို့မဟုတ် အစားထိုး အသုံးပြုဖို့အတွက် အခြားနည်း တရားမျှတမှု ယန္တရားတစ်ရပ်တော့ လိုအပ်နေပြီဆိုတာ တွေ့ရှိခဲ့ကြရပါတယ်။

အားသစ်လောင်းသော တရားမျှတမှု လိုအပ်မလား
၂၀ ရာစု အလယ်ပိုင်းနဲ့ နှောင်းပိုင်းမှာ ဒီမိုက ရေစီ အသွင်ကူးပြောင်းခဲ့ကြတဲ့ နိုင်ငံတွေရဲ့
အတွေ့အကြံုတွေအရ ဒဏ်ခတ်အရေးယူသော တရားမျှတမှုအပေါ် စိတ်တိုင်းမကျစရာတွေ
တိုးပွားလာနေတာကြောင့် ဒီတရားမျှတမှု အစီအစဉ်နဲ့ တွဲဖက်ပေးဖို့၊ သို့မဟုတ် အစားထိုး
အသုံးပြုဖို့အတွက် အခြားနည်း တရားမျှတမှု ယန္တရားတစ်ရပ်တော့ လိုအပ်နေပြီဆိုတာ
တွေ့ရှိခဲ့ကြရပါတယ်။

အထူးသဖြင့် ပဋိပက္ခ လွန်နိုင်ငံတွေမှာ ပြန်လည်ရင်ကြားစေ့ရေး အစီအစဉ်ဟာ မရှိမဖြစ်
လိုအပ်တာကြောင့် ဒီအစီအစဉ်ကို ပံ့ပိုးပေးနိုင်မယ့်၊ သို့မဟုတ် အနည်းဆုံးမထိခိုက်စေမယ့်
တရားမျှတမှု ယန္တရားကို ရှာဖွေခဲ့ကြတာပါ။ အာဖရိက၊ ဩစတြေးလျ၊ နယူးဇီလန်၊ မြောက်
အမေရိကနဲ့ ကနေဒါနိုင်ငံတွေက ဒေသခံတိုင်းရင်းသား များရဲ့ ရိုးရာစဉ်လာ ကြားဝင်ဖျန်ဖြေပေး
မှုကို အခြေခံတဲ့ တရားမျှတမှုလုပ်ငန်းစဉ်တွေ အပေါ် လူတွေက ပိုပြီး သတိ ပြုမိလာကြတယ်။
ပညာရှင်တွေက ဒီလိုရိုးရာ အစဉ်အလာ တရား မျှတမှုအစီအစဉ်ကနေ "အားသစ်လောင်းသော
တရားမျှတမှု" အယူအဆသစ်ကို ၁၉၇၀ ပြည့်လွန်စောစောပိုင်းနှစ်တွေမှာဖော်ထုတ် နိုင်ခဲ့တယ်
လို့ စာအုပ် တစ်အုပ်မှာ ဖတ်ခဲ့ ရပါတယ်။

ဒဏ်ခတ်အရေးယူသော တရားမျှတမှုရဲ့ အားနည်းချက်ကတော့ စာရှုသူများအားလုံး သိရှိကြပြီး
ဖြစ်တဲ့အတိုင်း ကျူးလွန်ဖောက် ဖျက်သူကိုသာ ရှေးရှုစဉ်းစားခြင်း၊ တရားစီရင် သောစနစ်က
နစ်နာသူအတွက် လိုအပ်ချက်နဲ့ ခံစားချက်ကို ဦးစားမပေးတဲ့အတွက် နစ်နာ ခဲ့ရတဲ့လူတွေအတွက်
စိတ်ပျက်စရာဖြစ်စေတဲ့ အပြင် တချို့ကိစ္စတွေမှာ နောက်ထပ်တစ်ဖန် နစ်နာဆုံးရှုံးမှု
ပင်ဖြစ်စေနိုင်ခြင်း၊ ကျူးလွန် ခဲ့တဲ့အပြစ်နဲ့ အပြစ်ဒဏ်အပေါ်မှာသာ အလေးပေး စဉ်းစား
လွန်းတဲ့အတွက် ပဋိပက္ခ တွေထဲမှာ အချိန်ကြာမြင့်စွာကျရောက်နေ ခဲ့ရတဲ့ လူ့အသိုက်
အဝန်းတစ်ခုလုံးအပေါ် မရှုမြင်နိုင်ခဲ့ခြင်း စသည်တို့ ဖြစ်ပါတယ်။ ဒီအားနည်းချက်တွေ
နေရာမှာ ပြန်လည် အားဖြည့်ပေးထားတဲ့ အားသစ်လောင်းသော တရားမျှတမှုအစီအစဉ်
ကတော့ အမှုတွဲ တွေ ကို ကွဲပြားခြားနားစွာ ကိုင်တွယ်သွားနိုင်ပါ တယ်။ အတိတ်တုန်းက
ဘယ်လိုအမှားအယွင်း တွေ ဖြစ်ခဲ့သလဲဆိုတဲ့ အချက်အလက်ရှာဖွေ တဲ့ နေရာမှာရော၊
ချင့်ချိန်စဉ်းစားဆုံးဖြတ် တဲ့အခါမှာရော၊ အနစ်နာခံခဲ့ရတဲ့ လူတွေအပြင် လူ့အသိုက်အဝန်းထဲက
အခြားသက်ဆိုင်တဲ့ လူတွေပါ အပြည့်အဝ ပါ၀င်ဆောင်ရွက်နိုင်ပါတယ်။

အားသစ်လောင်းသော တရားမျှတမှုရဲ့ အန္တိမရည်မှန်းချက်က နစ်နာခဲ့ရတဲ့လူတွေရော၊
ကျူးလွန် ဖောက်ဖျက်ခဲ့တဲ့လူတွေရော၊ သူတို့အားလုံးနဲ့ သက်ဆိုင်တဲ့ ကျယ်ပြန့်သော
လူ့အသိုက်အဝန်းနဲ့ပါ ဆက်ဆံရေး အခြေ အနေတွေကို ကောင်းနိုင်သမျှ ကောင်းလာ
အောင် အားသစ်လောင်းပေးဖို့ပါပဲ။ အားသစ်လောင်းသော တရားမျှတမှုဟာ ဒဏ်ခတ်
အရေးယူသော တရားမျှတမှုမှာ ဘယ်လိုနည်းနဲ့မျှ ရှာဖွေလို့မတွေ့ရှိနိုင်တဲ့ တန်ဖိုးတွေ
ရှိနေပါတယ်။ အားသစ်လောင်း သော တရားမျှတမှုက ကျူးလွန်ဖောက်ဖျက် သူကို
ကြီးလေးသော အပြစ်ဒဏ်ပေးခြင်းဖြင့် လူ့အသိုက်အဝန်းအတွင်းမှာ ရန်လိုမှုတွေနဲ့
အခြားဆုံးရှုံး မှုတွေ တိုးပွားလာစေမယ့်အစား နစ်နာခံခဲ့ရတဲ့လူတွေနဲ့ သူတို့ရဲ့ အသိုက်
အဝန်းကို အားသစ်လောင်းပေးဖို့ ပိုပြီး အလေး ထားတယ်။ ပြစ်မှုကြောင်းစီရင်တဲ့အခါမှာ
လည်း အနစ်နာခံခဲ့ရတဲ့လူတွေရဲ့ အရေးပါမှု၊ ပါ၀င်ပတ်သက်မှုနဲ့ သူတို့ရဲ့လိုအပ်ချက်များကို
ပို၍တန်ဖိုးထားတယ်။ ကျူးလွန်ဖောက် ဖျက်ခဲ့တဲ့လူတွေကို သူတို့ရဲ့ ကျူးလွန်ဖောက် ဖျက်မှုကြောင့်
အတိဒုက္ခရောက်ခဲ့ရတဲ့ လူတွေ နဲ့ သူတို့အသိုက်အဝန်းအပေါ်မှာ တိုက်ရိုက် တာဝန်ယူမှုရှိစေဖို့
အမြဲတောင်းဆိုတယ်။ နစ်နာသူများကိုရော၊ ကျူးလွန်ခဲ့သူများကိုပါ အနာကျက်စေရေးအတွက်
တိုးမြှင့်ဆောင် ရွက်ပေးရန် လူ့အသိုက်အဝန်းတစ်ခုလုံးကို အားပေးအားမြှောက်ခြင်း၊
တိုက်တွန်းခြင်း အမြဲပြုပါတယ်။

ပြင်းထန်သောပြစ်ဒဏ်ချပေးခြင်းအစား ကျူးလွန်ခဲ့သူများကို သူတို့ရဲ့အပြု အမူအတွက်
သူတို့မှာ တာဝန်ရှိတယ်ဆိုတာ လက်ခံစေပြီး နောက်ထပ်မဖြစ်ရအောင် ပြင် ဆင်စေပါတယ်။
ကျူးလွန်သူရဲ့ အပြုအမူအတွက် သွယ်ဝိုက်၍ အကူအညီပေးရာရောက်တဲ့ လူမှုရေးအခြေ
အနေများအတွက် လူ့အသိုက် အဝန်းတစ်ခုလုံးက တာဝန်ယူခြင်းရှိဖို့ လိုအပ်တာကိုလည်း
ထောက်ညွှန်နိုင်တယ်။ အားသစ်လောင်းသော တရားမျှတမှု အစီ အစဉ်ဟာ အခြားသော
တရားမျှတမှုအစီအစဉ်များထက် ထူးခြားတဲ့ ကြန်အင်လက္ခဏာ တချို့ရှိပါတယ်။

သူက ပြဿနာတွေကို ရှုမြင်တဲ့အခါ ဒါဟာ ငါ့ဘက်က ပြဿနာ၊ သူ့ဘက်က ပြဿနာလို့ မရှုမြင်ရဘူး။
လူ့အသိုက်အဝန်း တစ်ခုလုံး၊ သို့မဟုတ် မျိုးနွယ်စုတစ်ခုလုံးရဲ့ ပြဿနာလို့ပဲ မြင်တယ်။ သူအလေး
အနက် ထားတာက ကျူးလွန်ဖောက်ဖျက်သူကို နောင် ကြဉ်သွားအောင် ထိုက်တန်တဲ့အပြစ်ဒဏ်
ပေးနိုင်ဖို့ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွင်း မှာ ပြန်လည်ရင်ကြားစေ့စေဖို့နဲ့ သဟဇာတဖြစ်
လာဖို့ပါပဲ။ ရှေးရိုးအစဉ်အလာအရ အားသစ် လောင်းသော တရားမျှတမှုမှာ ခုံသမာဓိ လူကြီးများ
ကို သက်ဆိုင်ရာလူ့အသိုက်အဝန်း အတွင်းက သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် နဲ့
ပြည့်စုံတဲ့ပုဂ္ဂိုလ်များကို ခန့်အပ်လေ့ ရှိတယ်။ ဆုံးဖြတ်ချက်တစ်ခုခုရရှိဖို့အတွက်ဓလေ့
ထုံးတမ်းဥပဒေနဲ့အညီ အများပူးပေါင်း ပါ၀င် ဆုံးဖြတ်ကြတယ်။

မည်သည့်တရားရေး ရာပညာရှင်မျှ ပါ၀င်လေ့မရှိဘူး။ ပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှု
အများဆုံးရနိုင်တယ်။ သက်သေခံအထောက်အထားနဲ့ ကျင့်ထုံး ဥပဒေတို့ဟာ ပုံသေကား
ကျမဟုတ်ဘဲ အခြေ အနေနဲ့ ဆီလျော်အောင် ပြုပြင်ပြောင်းလဲမှု ရှိနိုင်တယ်။ ဒီတရားမျှတမှု
လုပ်ငန်းစဉ်မှာ ပါ၀င်ကြသူတွေ အားလုံးဟာ စေတနာ့ ၀န်ထမ်းများ ဖြစ်ကြတယ်။ ဆုံးဖြတ်
ချက်တွေ က အများရဲ့ဆန္ဒ၊ သဘောတူချက်ပေါ်မှာ အခြေခံပြီး ထွက်ပေါ်လာတယ်။ အပြစ်ဒဏ်
ပေးတဲ့အခါမှာ လူ့အသိုက်အဝန်းအတွင်း အချင်းချင်းဆက်ဆံရေးကို အားသစ်လောင်း စေတဲ့
အပြစ်ဒဏ်ဖြစ်အောင် အလေးထား တယ်။ ဆုံးဖြတ်ချက်များကို လက်တွေ့ အကောင်
အထည်ဖော်တဲ့အပိုင်းမှာလည်း လူ့အသိုက်အဝန်းအတွင်းရှိ အချင်းချင်းရဲ့ ဖိအားနဲ့ပဲထိန်း
ကျောင်းဆောင်ရွက်နိုင်တယ်။

ဆုံးဖြတ်ချက်တွေကို အတည်ပြုတဲ့အခါမှာ လည်း ပြန်လည်ပေါင်းစည်းရေးအတွက်
ရည်ရွယ်ထားတဲ့ ရိုးရာဓလေ့ထုံးတမ်းများနဲ့ အညီ အတည်ပြုကြတယ်။ အမှုသွားအမှုလာ
တူတိုင်းလည်း အရေးယူဆောင်ရွက်မှုခြင်း တူညီအောင် လုပ်ဖို့မလိုပါဘူး။ ဒီလိုထူးခြား
တဲ့လက္ခဏာရှိတဲ့ အားသစ် လောင်းသော တရားမျှတမှုဟာ အောက်ခြေ အဆင့်အထိ လူတွေကို ပြန်လည်ရင်ကြားစေ့ ရေးနဲ့ ပေါင်းစည်းညီညွတ်ရေးအတွက် အားဖြစ်စေနိုင်ပါတယ်။
တစ်ချိန်တုန်းက ကျူးလွန်ဖောက်ဖျက်မှုတွေ ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်နဲ့ ဝေးလံခေါင်
ဖျားဒေသများမှ ဒေသခံများ ခြေလျင်သွားလာနိုင်သော အကွာ အဝေးအတွင်းမှာပင် ခုံရုံးလုပ်ငန်းစဉ်ကို ဒေသခံဘာသာစကားနဲ့ ပြုလုပ်နိုင်တယ်။ ရှေ့နေငှားဖို့လည်း မလိုဘူး၊
တရားရုံးများရဲ့ သမားရိုးကျလုပ်ငန်းစနစ်များကြောင့် အမှု နှောင့်နှေးကြန့်ကြာမှု မရှိတော့ဘူး။

နောက်ပြီး ခုံရုံးအဆုံးအဖြတ်များဟာ ပြန်လည်ရင်ကြား စေ့ရေး၊ အားသစ်လောင်းခြင်း၊
ပြန်လည်ထူ ထောင်ပေးခြင်းနဲ့ ပေးလျော်ခြင်းတို့အပေါ် မှာပဲ အခြေခံထားတာ ဖြစ်တဲ့အတွက်
ကျေး လက်ဒေသ၊ တိုင်းရင်းသားများဒေသနဲ့ စုစည်း ညီညွတ်စွာ နေထိုင်လေ့ရှိတဲ့ လူ့အသိုက်
အဝန်းများအတွက် ပို၍သင့်လျော်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်များကြောင့် ယခင်ပဋိပက
္ခ ဖြစ်ခဲ့တဲ့ ရပ်ရွာဒေသနဲ့ ရွာနီးချုပ်စပ်ဒေသ တွေမှာ လူမှုရေး၊ စီးပွားရေး ပူးပေါင်းဆောင်
ရွက်မှုတို့ကို ဖြစ်ထွန်းစေပါတယ်။ တာရှည်ခံ ပြီး လက်တွေ့အသုံးဝင်တဲ့ ဖြေရှင်းနည်းတစ်ခု
ရရှိနိုင်ဖို့အတွက် နစ်နာသူ ကျူးလွန်သူတို့ သာမက သူတို့ လူ့အသိုက်အဝန်းတစ်ခု လုံးကပါ
၀ိုင်းဝန်းဆွေးနွေးကြပါလိမ့်မယ်။ ဒါကြောင့် လူ့အသိုက်အဝန်းမှာ ပါ၀င်ကြ သူ တွေအားလုံး
အတွက်လည်း အသိပညာပေး ရာကျပါတယ်။ လူအချင်းချင်းဆက်ဆံရေးဟာဘာကြောင့်
အရေးကြီးရတယ်၊ ဘယ်လို အခြေအနေမှာ ဆက်ဆံရေးထိခိုက်နိုင်တယ်၊ ပဋိပက္ခတွေကို
ဘယ်လိုငြိမ်းချမ်းစွာဖြေရှင်း နိုင်တယ်ဆိုတာ လက်တွေ့ပြသသွားနိုင်ပါတယ်။
အားသစ်လောင်းသော တရားမျှတမှု ခုံရုံးတွေမှာ ထောင်ဒဏ်မပါတဲ့အတွက် ထောင်
တွေမှာ လူပြည့်ကျပ်နေခြင်း မဖြစ်နိုင်တဲ့အပြင် အကျဉ်းထောင် ဘတ်ဂျက်များကို
လူမှုဖွံ့ဖြိုး ရေးအတွက် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ကျူးလွန် ခဲ့သူတွေအနေနဲ့လည်း
ထောင်ဒဏ်အပြစ်ပေး ခံရခြင်းမရှိတဲ့အတွက် လူမှုရေး၊ စီးပွားရေး လုပ်ငန်းများမှာ
ဆက်လက်လုပ်ကိုင်သွား နိုင် တဲ့အပြင် အနစ်နာခံခဲ့ရသူတွေအတွက်လည်း ပေးလျော်
မှုလုပ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ မည်သည့်တရားမျှတမှု အစီအစဉ်မှာမဆို အားသာ
ချက်များရှိသလို အားနည်းချက်များ လည်းရှိပါတယ်။ အားသစ်လောင်းသော တရား
မျှတမှုရဲ့ အဓိကအားနည်းချက်ကတော့ လူအများပါ၀င်ပြီး ညှိနှိုင်းရရှိခဲ့တဲ့ဆုံးဖြတ် ချက်ဟာ
အဲဒီလူ့အသိုက်အဝန်းအတွင်းမှာ ရှိနေကြတဲ့ နိုင်ငံရေးပါတီဝင်တွေ၊ အဖွဲ့ အစည်းဝင်တွေရဲ့
အင်အားပမာဏနဲ့ ဩဇာ အာဏာတို့ရဲ့ ရောင်ပြန်ဟပ်မှု ရှိနိုင်ခြင်းပါပဲ။

အပြန်အလှန်ထိန်းကျောင်းမှု စနစ်ကလည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါ၀င်မှုသာဖြစ်တဲ့
အတွက် သူတို့ရဲ့ လူမှုရေးရပ်တည်ချက်များဟာ ကျားမ၊ အသက်အရွယ်၊ လူမျိုး၊ ဘာသာ
စတဲ့ ကိစ္စတွေမှာ မညီမျှမှုတွေ မရှိဖို့ လိုအပ် ပါလိမ့်မယ်။ ခုံရုံး လုပ်ငန်းကို ဦးစီးဦးဆောင်
ကြမယ့် ရိုးရာထုံးတမ်းစဉ်လာခေါင်းဆောင် များဟာ သူတို့ရဲ့နိုင်ငံရေးသစ္စာခံယူမှု၊ စီးပွား
ရေး၊ ပညာရေးအခြေခံအပေါ်မှာ မူတည်ပြီး တချို့ပါတီအဖွဲ့အစည်းတွေကို မျက်နှာသာ
ပေးတာ ရှိနိုင် ပါတယ်။ နောက်ထပ်အားနည်း ချက်တစ်ခုကတော့ ခုံရုံးလုပ်ထုံးလုပ်နည်း
တွေကို အမြဲတမ်း သမာသမတ်ကျ နေအောင် လုံလုံလောက်လောက် မထိန်းကျောင်း
မကိုင် တွယ်နိုင်ခြင်းပါပဲ။ ဒါကြောင့် အားသစ်လောင်းသော တရား မျှတမှုဟာ စင်းလုံးချော
လို့တော့ မယူဆနိုင် ပါဘူး။ သူက လူ့အသိုက်အဝန်းရဲ့ ဓလေ့ရိုးရာ အစဉ်အလာအပေါ်မှာ
အများကြီးတည်နေ ပါတယ်။ လူ့အသိုက်အဝန်းက သဟဇာတဖြစ် စေချင်တယ်၊ ပြန်လည်
ရင်ကြားစေ့ စေချင် တယ်၊ ကောင်းခဲ့တာပဲဖြစ်ဖြစ် ဆိုးခဲ့တာပဲဖြစ် ဖြစ် လူ့အသိုက်အဝန်းမှာ
လည်း တာဝန်ရှိ တယ်ဆိုတဲ့ အယူအဆရှိဖို့ လိုပါတယ်။

ခပ်လှမ်းလှမ်းမှာရှိတဲ့ တူညီသော ပန်းတိုင်ကို လှမ်းမြင်နိုင်ရမယ်။ သူ့ဘက်ကိုယ့်ဘက်
အစွဲအလမ်းမထား၊ အမြင်တိုသောဖြတ်လမ်း မသုံး၊ လူတစ်ယောက်၊ လူတစ်ဖွဲ့တည်း
အပေါ် မှာပဲ အပြစ်တွေ ပုံချလိုတဲ့စိတ်မရှိဖို့ လိုပါ တယ်။ ဒီလိုဖြစ်ဖို့အတွက် လူ့အသိုက်
အဝန်း အသီးသီးမှာ အကျိုးသင့်အကြောင်းသင့် ဆင်ခြင်တုံတရားနဲ့အညီ စဉ်းစားနိုင်တဲ့
လူတွေ လုံလုံလောက်လောက်ရှိနေဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ဆီက လူ့အသိုက်
အဝန်းတိုင်းမှာ ဒီလိုအခြေအနေတွေနဲ့ ပြည့်စုံ ဖို့ မလွယ်သေးပေမယ့် အမျိုးသားပြန်လည်ရင်
ကြားစေ့ရေးကို တကယ်လုပ်ကြတော့မယ် ဆိုရင် အားသစ်လောင်းသောတရားမျှတမှု
အစီအစဉ်က အချိန်ကာလတစ်ခုထိ လိုအပ် မှာ ဖြစ်ပါတယ်။

ခိုင်မာတဲ့ခေါင်းဆောင်မှု ကသာ ကျွန်တော်တို့မှာရှိနေတဲ့ ဟာကွက်ကို ဖြည့်ဆည်းပေးနိုင်
ပါလိမ့်မယ်။ နိုင်ငံတချို့ဟာ အတိတ်ကာလက လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်မှုများ
အတွက် အားသစ် လောင်းသောတရားမျှတမှုကို သမားရိုးကျဒဏ်ခတ်အရေးယူသော
တရားမျှတမှုအစီအစဉ်နဲ့ တွဲဖက်၍သော် လည်းကောင်း၊ အစားထိုး၍သော်လည်းကောင်း
သုံးစွဲခဲ့ကြတာတွေ့ရပေမယ့် တရား မျှတမှုတကယ်ရှိရဲ့လားဆိုပြီး အငြင်းပွားမှု တွေကတော့
ရှိနေဆဲဖြစ်တာ တွေ့ရပါ တယ်။ ရိုးရာထုံးတမ်းစဉ်လာအရ စစ်ဆေး စီရင်တဲ့ ခုံရုံးများဟာ
ရပ်ရွာထဲမှာဖြစ်တတ် တဲ့ ခိုးမှု၊ ရန်ဖြစ်မှုလို ကိစ္စတွေအတွက်သာ ရည်ရွယ်ခဲ့တာ ဖြစ်လေတော့
ဆယ်စုနှစ် ပေါင်းများစွာ ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုများ ကြောင့်ဖြစ်ခဲ့တဲ့ ကျူးလွန်ဖောက်ဖျက်မှု
များ၊ အစုလိုက်သတ်ဖြတ်မှုများအတွက် စစ်ဆေးစီရင်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာတွေ
ရှိနေခဲ့တာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒီသံသယတွေဟာ အခု နှစ်အနည်း ငယ်အတွင်းမှာ
အတော်ကလေး လျော့ပါး သွားပြီ ဖြစ်ပါတယ်။ နှစ်ဆယ်ရာစု ကုန်ဆုံး ခါနီးမှာ ပါပူးဝါးနယူး
ဂီနီနိုင်ငံ နယ်ခြား ကျွန်းကလေးဖြစ်တဲ့ ဘူဂိန်းဗီးလ်ကျွန်းမှာ ပြည်တွင်းစစ်အပြီး အုပ်စုလိုက်
ပဋိပက္ခတွေ ကို ဖြေရှင်းပေးခဲ့ရာမှာ နိုင်ငံတကာ အထောက်အပံ့နဲ့ အားဖြည့်သော တရား
မျှတမှုအစီအစဉ်ကို ရှေးဦးစီမံကိန်းအဖြစ် စမ်းသပ်အကောင် အထည်ဖော်ခဲ့ဖူးပါတယ်။
နှစ်အနည်းငယ်အတွင်းမှာပင် စီမံ ကိန်းအောင်မြင်ကြောင်းနဲ့ နာကျင်မှုများ ကောင်းစွာ
အနာကျက်စေခဲ့ကြောင်း အစီရင်ခံစာများ ထွက်ပေါ်လာခဲ့ပါတယ်။လူဦးရေတစ်သိန်းကျော်
သာရှိတဲ့ ကျွန်း တစ်ကျွန်းမှာ အားဖြည့်သော တရားမျှတမှု အစီအစဉ် အောင်မြင်ခဲ့တယ်
ဆိုသော် လည်း ပိုမိုကြီးမားသော ပဋိပက္ခများအတွက် ကတော့သံသယဖြစ်နေခဲ့ကြပါသေးတယ်။
၁၉၉၄ ခုနှစ်က ရဝမ်ဒါမှာ လူမျိုးတုံးသတ် ဖြတ်မှုတွေကြောင့် လူခုနစ်သိန်းကျော်သေ
ဆုံးခဲ့ပါတယ်။

အစိုးရသစ်တက်ပြီး ငါးနှစ် အကြာအထိ တရားမျှတမှုနဲ့ ပြန်လည်ရင် ကြားစေ့မှုမရှိလို့
အခက်အခဲတွေ အမျိုး မျိုးတွေ့နေရချိန်မှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက တောင်
အာဖရိကပုံစံ အမှန်တရားနှင့် ပြန်လည် ရင်ကြားစေ့ရေး ကော်မရှင်ဖွဲ့စည်းဖို့ အကြံပေးကြပါ
တယ်။ အပြစ်ပေးတဲ့အစီအစဉ်မပါဘဲ အတူတကွ ခရီးဆက်လို့ မဖြစ်နိုင်ဘူးလို့ အစိုးရက
ငြင်းနေပေမယ့်နောက်ဆုံးမှာ အလှူရှင်နိုင်ငံ တွေနဲ့ ပူးပေါင်းပြီး ရိုးရာအစဉ်အလာ တရား
မျှတမှုကို ခေတ်မီအောင်ပြုပြင်ထားတဲ့ "မြက်ခင်းပေါ်က စီရင်ချက်"လို့ အဓိပ္ပာယ် ရတဲ့
"ဂါချာချာ" (ွခေခေေ) ခုံရုံးပေါင်း မြောက်မြားစွာကို ၂၀၀၂ ခုနှစ်မှာ စတင်ဖွဲ့ စည်းနိုင်ခဲ့တယ်။
၂၀၁၂ ခုနှစ်အထိအမှု ပေါင်းသိန်းနဲ့ချီ စီရင်ခဲ့ပြီးနောက် ရဝမ်ဒါ အစိုးရက ဂါချာချာခုံရုံးတင်
စစ်ဆေးမှုများ အောင်မြင်စွာ ပြီးဆုံးကြောင်း၊ ဂါချာချာဟာ တရားမျှတမှုနဲ့ ပြန်လည်
ရင်ကြားစေ့ရေး အတွက် ရဝမ်ဒါနိုင်ငံရဲ့ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ကြေညာ
ခဲ့ပါတယ်။ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ပညာရှင်တချို့ ကလည်း ရဝမ်ဒါ နိုင်ငံရဲ့ ဂါချာချာခုံရုံးများ
အောင်မြင်မှုဟာ အာဖရိကနိုင်ငံများမှာ ပြန်လည်ရင်ကြားစေ့ရေးနဲ့ လူမှုရေးအရင်း
တည်ဆောက်ဖို့အတွက် နမူနာယူသင့် ကြောင်း ထောက်ခံချက်ပေးခဲ့ကြပါတယ်။ ဒါဟာ
အားသစ်လောင်းသော တရားမျှတမှု အတွက် သံသယများ ကင်းရှင်းသွားစေရန် အထောက်
အကူဖြစ်စေခဲ့ပါတယ်။ ပဋိပက္ခလွန် လူ့အဖွဲ့အစည်းတွေမှာ သမားရိုးကျဒဏ်ခတ်အရေးယူသော
တရား မျှတမှုအစီအစဉ်များဟာ အမှန်တကယ် ပြဿနာရှိကြပါတယ်။

နိုင်ငံရေးဆိုင်ရာ ပြဿနာများ တစ်ကျော့ပြန်ပေါ်လာနိုင် ခြင်းဟာ အကြီးမားဆုံးအန္တရာယ်တစ်ခု
ပါပဲ။ ဒါကြောင့်ရိုးရာအစဉ်အလာ တရား စီရင်မှုကို အခြေခံတဲ့ အားသစ်လောင်းသော
တရားမျှတမှုအစီအစဉ်ဟာ ဆွဲဆောင်မှုရှိနေရတာ ဖြစ်ပါတယ်။ အမှန် တရားဖော်ထုတ်ပေးခြင်း အစီအစဉ်အပြင် ပေးလျော်ခြင်းအစီအစဉ်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အားသစ်လောင်းသော
တရား မျှတမှုဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးနဲ့ ပေါင်းစည်းစွမ်းအင်ပေါ်ထွန်းရေး
လိုလားနေကြတဲ့ နိုင်ငံများစွာတို့အတွက် ထိရောက်မှုအရှိဆုံး ယန္တရားတစ်ရပ်ပါပဲ။ ဒါကြောင့်
အားသစ်လောင်းသော တရား မျှတမှုဟာ ဒဏ်ခတ်အရေးယူသော တရား မျှတမှုနဲ့ အသားလွတ်
ခွင့်လွှတ်လိုက်ရခြင်း တို့အကြားမှာ သင့်လျော် ကောင်းမွန်တဲ့ တရားမျှတမှု အစီအစဉ်
တစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021