ခရီးသွားလုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများ

ခရီးသွားလုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများ

MRTV-4 (Sunday Talk) အစီအစဉ်တွင် ကျွန်တော်စကားပြောခဲ့ရစဉ် ခရီးသွားလုပ်ငန်း၏ ကောင်းကွက်များကိုသာ အဓိက ဇောင်းပေး၍ ပြောခဲ့ပါသည်။

MRTV-4 (Sunday Talk) အစီအစဉ်တွင် ကျွန်တော်စကားပြောခဲ့ရစဉ် ခရီးသွားလုပ်ငန်း၏
ကောင်းကွက်များကိုသာ အဓိက ဇောင်းပေး၍ ပြောခဲ့ပါသည်။

အချိန်မရသဖြင့် Tourism ၏ Side Effec များ (ခေါ်) ခရီးသွား လုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများ
အကြောင်းကို မပြောခဲ့ရပါ။ တကယ်တော့ မည်သည့် လုပ်ငန်းမဆို ကောင်းကျိုးနှင့်
ဆိုးကျိုးရောနေ တတ်ပါသည်။

အချိန်မရသဖြင့် Tourism ၏ Side Effec များ (ခေါ်) ခရီးသွား လုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများ
အကြောင်းကို မပြောခဲ့ရပါ။ တကယ်တော့ မည်သည့် လုပ်ငန်းမဆို ကောင်းကျိုးနှင့်
ဆိုးကျိုးရောနေ တတ်ပါသည်။

အလွန် အစွမ်းထက်လှသော ငှက်ဖျားဖြတ်ဆေး၊ တီဘီရောဂါ ကုသဆေး များတွင်ပင်လျှင်
ဘေးထွက်ဆိုးကျိုး (side effect) များ ရှိပါသည်။ ခရီးသွားလုပ်ငန်း တွင်လည်း ထိုနည်းနှင်နှင်ဖြစ်သည်။ ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသားများနှင့် ရောက်တိုင်း ကျွန်တော်တွေးမိတာ
တစ်ခုရှိ သည်။ ယခုအခါ ရွှေတိဂုံစေတီတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ
လာရောက်ဖူးမြော် ကြသော မြန်မာဘုရားဖူးများ ဘုရားရှိခိုး နေကြပုံ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊
ဆီမီး ကပ်လှူ နေကြပုံ၊ တရားထိုင်ကြပုံ၊ တရားစာများ ရွတ်ဖတ်နေကြပုံများကို နိုင်ငံခြားသား
ကမ္ဘာလှည့်ခရီးသည်များက တအံ့တဩ ကြည့်ရှုကြသည်။ ကမ္ဘာလှည့်ခရီးသည်များနှင့်
မြန်မာဘုရားဖူးများ၏ လူဦးရေအချိုး မှာလည်း ဒေသခံ ၁၀ ဦးလျှင် တိုးရစ်တစ်ဦးနှုန်း (၁၀း၁)
လောက်သာရှိပါဦးမည်။ သို့ရာတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသော
တိုးရစ်အရေအတွက်မှာ အိမ်နီးချင်းနိုင်ငံ များလို တိုးတက်လာဦးမည်ဆိုလျှင် နောင်အခါ
ရွှေတိဂုံဘုရားသို့ရောက်သောအခါ မြန်မာ များထက် နိုင်ငံခြားသားများကို ပိုပြီးတွေ့မြင်
ရတာမျိုး၊ မြန်မာထက် တိုးရစ်က များနေတာမျိုး ဖြစ်လာနိုင်ပေသည်။

ထိုသို့ဆိုလျှင် ရွှေတိဂုံသည် အေးအေးလူလူ ဘုရားဖူး တရား အားထုတ်ရာ နေရာဖြစ်သော
မြင့်မြတ်သည့် ဘာသာရေး အထွတ်အမြတ်နေရာတစ်ခုမှ တိုးရစ်များဖြင့် တရုန်းရုန်း
စည်ကားရှုပ်ထွေး နေသော အမှတ်တရ ကြည့်ရှုလည်ပတ်စရာ နေရာတစ်ခု (Tour Site)
တစ်ခုအသွင် ပြောင်းသွားလိမ့်မည်ဖြစ်သည်။ ထိုအဖြစ်မျိုး ကို တွေးကြည့်တာနှင့်ပင်
စိတ်မချမ်းမြေ့ဖြစ် ရပေသည်။

ထိုကဲ့သို့ အခြေအနေမျိုးအောက်တွင် ဒေသခံ ဗုဒ္ဓဘာသာဘုရားဖူးပြည်သူများသည်လည်း
စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်တော့ မည်မဟုတ်ပေ။ သင်သာဆိုလျှင်လည်း မိမိ
ဘုရားရှိခိုးနေစဉ် နိုင်ငံခြားသားအယောက် ၁၀၀ လောက်၏ အထူးတဆန်း ဓာတ်ပုံရိုက်
ခြင်းခံနေရလျှင် စိတ်ချမ်းသာပါဦးမလား ဆိုတာ မေးစရာပင်လိုမည်မထင်ပေ။ ယခုပင်လျှင်
တစ်ခါတစ်ရံ ကမ္ဘာလှည့်သင်္ဘော ( Ocean Cruise) ဖြင့်လာလည်သော နိုင်ငံခြားသားများ
အုပ်စုလိုက် လေ့လာရေးလာသောအခါများ တွင် ရွှေတိဂုံ၌ မြန်မာထက် နိုင်ငံခြားသား
အရေအတွက်များသွားတာ ကိုယ်တိုင် ဧည့်လမ်းညွှန်အဖြစ် လိုက်ပါ ဆောင်ရွက်ဖူး၍
အတိအကျပြောနိုင်ပါသည်။ ဓာတ်လှေကား များတွင် နိုင်ငံခြားသားအုပ်စုကြီးကို ဦးစား
ပေးရသောကြောင့် အချိန်ပို၍ စောင့်ရသော ဒေသခံများ၏ မျက်နှာပေါ်မှ အပြံုးများသည်
ယခုအခါ မပျောက်ကွယ်သေးသော်လည်း ဤဖြစ်ရပ်မျိုး နေ့စဉ်ရက်ဆက် ဖြစ်လာလျှင်
မူကား နောင်အနာဂတ်တွင် သည်းခံစိတ်တို့ ပျောက်ဆုံးလာ နိုင်ပါသည်။ ထိုသို့ဆိုလျှင်
နိုင်ငံခြားသားများကို မလာရဘူးဟု ကန့်သတ်ပိတ်ပင်မလား၊ ထိုသို့ လုပ်လို့ လည်းမရနိုင်၊
သိပ်ပြီးအဆိုးမြင် တုံ့ပြန်ရာရောက်ပေမည်။

အဓိကကတော့ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံခြား သား အလွန်အကျွံလာရောက်မှု
(Tourists Traffic Jam) ကို ဘယ်လိုထိန်းချုပ်ဖြေရှင်း မလဲဟူသော ရေရှည်စီမံချက်ကို
ယခုကတည်း က စဉ်းစားထားကြဖို့ဖြစ်သည်။ ကောင်းမွန် သော စီမံခန့်ခွဲမှုဟူသည် ပြဿနာဖြစ်ခါမှ
လက်ပူတိုက် ဖြေရှင်းသည်ထက် နောင်လာမည့် ငါးနှစ်၊ ၁၀ နှစ်အတွက် ကြိုတင်အစီ
အစဉ်ဆွဲ ပြင်ဆင်ထားခြင်းကို ဆိုလိုပါသည်။ စာရေးသူ အင်္ဂလန်သို့ရောက်ခဲ့စဉ်က
အဲလိဇဘက်ဘုရင်မကြီး၏ ဘက်ကင်ဟန်နန်း တော်၊ မဒမ်တူးဆော့ ပြတိုက်များတွင်
တိုးရစ် များဝင်ချင်တိုင်းဝင်၍မရပါ။ ခရီးသွား ကုမ္ပဏီများက ရောင်းချသော Tour ကို
၀ယ်ထားသူများသည်သာ အထူးဝင်ခွင့် လက်မှတ်ဖြင့် တန်းမစီဘဲ ၀င်ခွင့်ရသော်
လည်းFIT (သို့မဟုတ်) Back Packer ခေါ် ကိုယ့်အားကိုယ်ကိုး ခရီးသည်များမှာ
လူတန်းရှည်ကြီး နောက်တွင်ဝင်၍ တန်းစီရပါသည်။ တစ်ခါ ၀င်ကြည့်လျှင် လူ ၅၀
သာဝင်ခွင့်ပြု ပါသည်။ နောက်ထပ် နာရီဝက်လောက်ကြာမှ နောက် တစ်သုတ်ကို
ထပ်သွင်းပါသည်။

ထို့ကြောင့် နန်းတော်ထဲ၊ ပြတိုက်ထဲတွင် လူတို့စုပြံုမနေတော့ပါ။ ပြင်သစ်နိုင်ငံရှိ
ကမ္ဘာကျော် အီဖယ်လ်မျှော်စင်ပေါ်သို့ တက် ရာတွင်လည်း ဤသို့ပင် တန်းစီပြီး လူဦးရေ
ကန့်သတ်၍ တစ်သုတ်ပြီးတစ်သုတ် တက်ခွင့် ပြုသည်ဟုသိရပါသည်။ သို့ဆိုလျှင် နောင်
အခါတွင် ရွှေတိဂုံတွင်လည်း ဤစနစ်မျိုး ကျင့်သုံးသင့်က ကျင့်သုံးနိုင်ရန် ဂေါပကများသည်
ခေတ်အမြင်ကျယ်ကျယ်ဖြင့် ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုမည်ဖြစ် သည်။ ၎င်းပြင်
လုံခြံု ရေးအစောင့်အရှောက် နည်းပါးလာသော သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးစသော
ရှေးဟောင်းမြို့တော်များက ရှေးဟောင်းပစ္စည်းများကို တရားမဝင် သယ်ဆောင်
သွားသဖြင့်ရှေးအမွေအနှစ်များ ဆုံးရှုံးရခြင်းများလည်း ဖြစ်ပေါ်လာနိုင်သည်။

ကမ္ဘာလှည့်ခရီးသွားများ အဆမတန် ၀င်ရောက်လာကြသောအခါ ဒေသခံတိုင်းရင်းသား
ခရီးသွားများအတွက် သိသာသော အခက်အခဲတစ်ခုမှာ တည်းခိုစရာဟိုတယ် များအရင်လို
မပေါများတော့ခြင်းဖြစ်သည်။ ယခင်က ပေါပေါများများ ရွေးချယ်စရာ ရှိခဲ့သော ဈေးနှုန်း
အသင့်အသင့်ရှိ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းများမှာ အဆမတန် လှိမ့်ဝင်လာသော
နိုင်ငံခြားသားခရီးသည် များက ဈေးပိုပေးပြီး ၀င်ယူသွားကြသော ကြောင့် မြန်မာနိုင်ငံသား
ဒေသခံတို့မှာ တည်းခိုစရာနေရာ ရွေးချယ်ခွင့် ရှားသထက် ရှားလာနိုင်ပါသည်။ ယခုပင်လျှင်
သိသာထင်ရှားသော အချက်မှာ ယခင်က ဧည့်လမ်းညွှန်များ အဆင့် မီစွာ သက်သောင့်
သက်သာတည်းခိုခဲ့ကြ သော ဟိုတယ်အတော် များများမှာ နိုင်ငံခြား သား တိုးရစ်များကို
လက်ခံလိုက်ကြသဖြင့် လမ်းညွန်(ဂိုက်)များက နေရာဖယ် ပေးရခြင်း ဖြစ်သည်။ ခရီးသွားလုပ်ငန်း
ထွန်းကားလာ လျှင် ရေမြင့်ကြာတင့်ဆိုသလို ဧည့်လမ်းညွှန်များ အလုပ်ပေါ၍ ၀င်ငွေတိုးသော်
လည်း Professional ဂုဏ်သိက္ခာကို ပွန်းပဲ့စေသော ယခုလို မနိုင်မနင်းတိုးတက်မှုကိုမူကား
ကျွန်တော်တို့ မလိုလားပါ။

ဧည့်သည် လာလွန်း၍ အိမ်ရှင်များက နေစရာ အိပ်စရာမရှိလောက်အောင် ဖြစ်သွားခြင်းမျိုးကို
ဒေသခံများမှာ ကြာလျှင် သည်းခံနိုင်တော့ မည်မဟုတ်ဘဲ တိုးရစ်များကို ပြဿနာအရှုပ်
ထုပ်များဟုထင်ကာ ဆက်ဆံရေးအေးစက် လာနိုင်ပါသည်။ (ယခုအခါ Tourism ဖွံ့ဖြိုးသော
ထိုင်း၊ မလေးရှားတို့တွင် တိုးရစ်များကို ပြံုးပြသူ နည်းလာသည်မှာ ဤခံစားချက်များ
ကြောင့်ဖြစ်မည်ထင်သည်။ မြန်မာပြည်မှာ တော့ ထင်သလောက်မဆိုးသေးပါ။)
ဤတည်းခိုခန်း မလုံလောက်မှု ပြဿနာ ကို ဖြေရှင်းရန် ထိုင်းနှင့် အိန္ဒိယတွင် ရပ်ကွက်ရှိ
လူနေအိမ်များတွင် မိသားစုနှင့်အတူ တည်းခို နေထိုင်နိုင်သော (Home Stay) စနစ်ကို
ဖော်ဆောင်ခဲ့ကြသည်။ ဒေသခံမိသားစုနှင့် တစ်အိမ်တည်းတွင် နေထိုင်ခွင့်ရ၍ တိုးရစ်
အတွက် ကိုက်သည်။ ဟိုတယ်ကြီးတွေမှာ လို ဈေးမကြီးဘဲ အခန်းခ အလွန်သက်သာ
သောနှုန်းဖြင့် နေနိုင်သည်။

ဒေသခံ တိုင်းရင်း သားများ၏ မိသားစုဘဝနှင့် လူနေမှုစနစ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို
လေ့လာ ခွင့်ရသည်။ အိမ်ရှင်ဘက် ကလည်း အခန်း တစ်ခန်း ပေးလိုက်ရုံဖြင့် အပိုဝင်
ငွေရသည်။ သို့သော် ဘေးထွက် ဆိုးကျိုးမှာ အိမ်ရှင်နှင့် ဧည့်သည် လိင်ကိစ္စ အရှုပ်အရှင်း
များ၊ လူမှုရေး အရှုပ် အရှင်းများ ဖြစ်ပေါ်လာ တတ်ခြင်းဖြစ်သည်။ အိမ်ရှင်မှာ သမီးပျိုရှိခဲ့လျှင်
ဧည့်သည်ကြောင့် သမီးမှာ အနေကျုံ့ နိုင်သည်။ အိမ်ရှင်က အရက်သမား၊ သူခိုးဖြစ် ခဲ့လျှင်
ဧည့်သည်မှာ ဒုက္ခရောက်တော့သည်။

တစ်ခါတစ်ရံ ဧည့်သည်က ပစ္စည်းမပျောက် ဘဲ ပျောက်သည်ဟု လီဆယ် စွပ်စွဲတာတွေ
လည်း ရှိတတ်သည်။ ထို့ကြောင့် ဤစနစ်ကို ဟိုတယ်အခန်းများ မလုံလောက်သေးခင်ကာလ
မှာပင် လက်ပူ တိုက်သုံး၍ နောင်ဟိုတယ်များ ပေါများလာ သောအခါ အစိုးရက သိပ်အား
မပေးတော့ တာ အိမ်နီးချင်းနိုင်ငံများတွင် တွေ့နိုင်သည်။ မြန်မာနိုင်ငံမှာလည်း တောင်တက်
ခရီးစဉ် (Trekking Tour) များတွင်သာ ခေတ္တညအိပ် သည့်အနေဖြင့် ကလော၊ အင်းလေး၊
ပင်းဒယ ဘက်တွင် ဘုန်းကြီးကျောင်း၊ ရွာလူကြီးအိမ် စသည်ဖြင့် သုံးသော်လည်း တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့်မူ Home Stay စနစ် အသုံးမပြုသင့်ပေ။ ဘေးထွက်ဆိုးကျိုးများစွာ
ဖြစ်လာနိုင်ပေသည်။ မကြာသေးခင်က ဂျာနယ်တစ်စောင်က ကျွန်တော့်ကို ဖုန်းဆက်ပြီးမေး၏။
ပုဂံတွင် နိုင်ငံခြားသား၏ ပစ္စည်းများ အလုခံရတာကို ဘယ်လိုမြင်ပါသလဲဆိုသော
မေးခွန်းကို မှတ်ချက်ပေးစေခြင်းဖြစ်သည်။ ကျွန်တော်က ဖြေသည်မှာ တိုးရစ်များ
အလုံးအရင်းနှင့် ၀င်လာသောအခါ တိုးရစ်ပစ္စည်းကို ဒေသခံ က လုခြင်း၊ ခိုးခြင်း၊
ဒေသခံ၏ ပစ္စည်းကို တိုးရစ်က အလစ်သုတ်ခြင်း၊ ခိုးခြင်း၊ တိုးရစ်ကို ဒေသခံက
မုဒိမ်းကျင့်ခြင်း၊ ဒေသခံကို တိုးရစ် က မုဒိမ်းကျင့်ခြင်း၊ လူသတ်မှုဖြစ်ခြင်း၊ တိုးရစ်များ
အသက်ဆုံးရှုံးခြင်း စသည့် ကိစ္စများ သည် လူ့သဘောသဘာဝအရ ဖြစ်လာမည်မှာ
မလွဲဧကန်ဖြစ်၍ (ကျွန်တော့်အမြင် တွင်) ဘာမှ မထူးဆန်းကြောင်း၊ လူရှိလျှင် လူနှင့်ပတ်
သက်သော အမှုအခင်းများဖြစ် ကြသည်မှာ ပုံမှန်ပင်ဖြစ်ကြောင်း၊ မြန်မာ ပြည်မှာ ပြင်ပကမ္ဘာနှင့်
နှစ်ပေါင်းများစွာ အဆက်ဖြတ်ထားပြီး နိုင်ငံခြားသား အရေ အတွက်မှာလည်း
အလွန်နည်းပါးသေး သောကြောင့် နိုင်ငံခြားသားနှင့် ပတ်သက် သည့် အမှုအခင်းများမှာ
ဟိုးလေးတကျော် နှင့် အံ့ဩနေကြခြင်းသာဖြစ်ကြောင်း ရှင်းပြလိုက်ပါသည်။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ထွန်းကားလာလျှင် ကပ်လိုက်လာမည့် ကိစ္စ များသာဖြစ်သည်။
ကိုယ့်ဘက်က လုပ်ရမည် မှာ ဥပဒေကြောင်း အရ နိုင်ငံခြားသားကိုရော၊ နိုင်ငံသားများကိုပါ
လုံလောက်၍ မျှတသော အကာအကွယ်များ ပေးဖို့ဖြစ်သည်။ နိုင်ငံ ခြားသားပိုက်ဆံ ပျောက်လျှင်
ပြည်သူ့ရဲက အားတက်သရော ရှာပေးပြီး မြန်မာ တစ်ယောက် ပစ္စည်းပျောက်၍
သွားတိုင်လျှင် တော်စွလျော်စွ အရေးယူ လုပ်ဆောင်နေတာ မျိုးလည်း မဖြစ်သင့်ပေ။
Child Sex ဆိုသော ကလေးသူငယ်များ လိင်ကိစ္စ မတော်မတရားပြုမှုများလည်း
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့်အတူ ပါလာ နိုင်ပါသည်။ Child Sex ဆိုရာ၌ အရွယ်
မရောက်သေးသော မိန်းကလေးငယ်များကို အမျိုးသားများက ခေါ်ယူပျော်ပါးသည်ကိုသာ
ဆိုလိုခြင်းမဟုတ်၊ အရွယ်မရောက်သေးသော ယောကျ်ားလေးငယ်များကို ခေါ်ယူပျော်ပါး
ခြင်းလည်း ပါ၀င်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် မြန်မာနိုင်ငံ၌ ယခုလောလော ဆယ် တွေ့စပြုနေရသည်မှာ
အရွယ်မရောက် သူ မိန်းကလေးများကို နိုင်ငံခြားသားများက ပျော်ပါးခြင်းမဟုတ်ဘဲ
အရွယ်မရောက်သေး သူ (ဆယ့်ခြောက်နှစ်အောက်) ကလေးအရွယ် ယောကျ်ားလေး
များကို နိုင်ငံခြားသား မိန်းမ လျာများက စည်းရုံးဆွဲဆောင်သိမ်းသွင်း ပျော်ပါးကြခြင်းက
ပိုအဖြစ်များပေ သည်။ သက်ဆိုင်ရာကလည်း ဤကိစ္စကို အလေးထား တိုက်ဖျက်သည့်
အနေဖြင့် ဟိုတယ်ကြီးများတွင် Child Sex ကိစ္စပြုမူခဲ့ လျှင် ဥပဒေအရ ပြင်းထန်စွာ
အရေးယူခံရ မည်ဟု ကြေညာထားကြောင်း သိရသည်။

ထို ကိစ္စကို ဟန့်တားဖို့ရာ အားလုံးမှာ တာဝန်ရှိ ပေသည်။ ခရီးသွားလုပ်ငန်းသည်
သစ်တော၊ ကျောက်မျက်၊ သဘာဝဓာတ်ငွေ့စသော သယံဇာတများကို ထုတ်ရောင်းသကဲ့သို့
ကိုယ့်ဘက်က ကုန်ခန်းသွားစရာမရှိသော လုပ်ငန်းကြီးတစ်မျိုးဖြစ်သည်။ စနစ်တကျ
အသုံးချနိုင်လျှင် နိုင်ငံခြားဝင်ငွေများစွာ ရှာပေးနိုင်ပြီး နိုင်ငံသားများကို အလုပ်အကိုင်
နေရာပေါင်းများစွာ ရှာပေးနိုင်သော ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်စား၍ မကုန်နိုင်သော
အကောင်းဆုံး လုပ်ငန်းကြီးဖြစ်သည်။

သို့သော် ကျွန်တော်တို့ သတိထားရမည်မှာ အလွန်အစွမ်းထက်၍ကောင်းမွန်သော
ဆေးကောင်းဝါးကောင်းများမှပင် Side Effect ဟုခေါ်သော ဘေးထွက်ဆိုးကျိုးများရှိရာ
တန်ဆေးလွန်ဘေးဆိုသကဲ့သို့ ကောင်း မွန်သည့် စီမံခန့်ခွဲမှုများကို ယခုပင်လျှင်
ကြို တင်ပြင်ဆင်ရေးဆွဲထားသင့်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021