မြန်မာနိုင်ငံရွေးကောက်ပွဲ မျှော်လင့်ချက် ရောင်ခြည် သန်းလာပြီ သို့သော် လုပ်စရာများစွာကျန်သေးသည်

မြန်မာနိုင်ငံရွေးကောက်ပွဲ မျှော်လင့်ချက် ရောင်ခြည် သန်းလာပြီ သို့သော် လုပ်စရာများစွာကျန်သေးသည်

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲမှာ ကမ္ဘာ့အာရုံကို သိမ်းယူနိုင်ခဲ့ပြီး အားကျဖွယ်ကောင်းလှသည့် ရွေးကောက်ပွဲဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲမှာ ကမ္ဘာ့အာရုံကို သိမ်းယူနိုင်ခဲ့ပြီး အားကျဖွယ်ကောင်းလှသည့်
ရွေးကောက်ပွဲ ဖြစ်ပါသည်။

ပြည်သူများ၏အသံနှင့် အပြောင်းအလဲ လိုလားကြောင်း ဖော်ထုတ်ကြသည့် ဆန္ဒများကို ကြားရပြီ
ဖြစ်သည်။

ဤမျှ အားကျဖွယ်ကောင်းလောက်သည့် ကိန်းဂဏန်းများဖြင့် ၎င်းတို့၏ ဒီမိုကရေစီ အခွင့်အရေးကို
တက်ကြွစွာ ကျင့်သုံးကြသည့်အတွက် ထိုသူတို့အား ကျွနု်ပ်တို့က ရပ်မိရပ်ဖ လူကြီးသူမများအဖွဲ့
(The Elders)များ ကိုယ်စား ၀မ်းမြောက်စကား ပြောကြားလိုပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီ၏ အံ့ဘနန်း
အောင်မြင်မှုအတွက်လည်း ရိုးသားစွာ ၀မ်းမြောက်စကား ပြောကြားလိုပါသည်။

ထို့ပြင် မဲရလဒ်များကို မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရပါတီနှင့် တပ်မတော်က လက်ခံရန်
လိုလားမှုကို လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား ဤမျှ စိန်ခေါ်မှုများသော
တာဝန်ကို စီမံခန့်ခွဲရသည့် ကြိုးပမ်းမှုများအတွက် လည်းကောင်း အသိအမှတ်ပြုလိုပါသည်။

ဤရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ဒီမိုကရေစီလုပ်ငန်းစဉ်၏ အရေးပါလှသော ခြေလှမ်းတစ်ရပ်
ဖြစ်ပြီး အပြစ်အနာအဆာ ကင်းသည်ဟု မဆိုနိုင်သော်လည်း အခွင့်အာဏာတစ်ရပ် ရှင်းလင်းစွာ
ထွက်ပေါ်လာပြီ ဖြစ်ပါသည်။

ယခုအခါ ချောမွေ့စွာ အာဏာ လွှဲပြောင်းနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အဓိက နိုင်ငံရေး
ခေါင်းဆောင်များ စတင် ပူးပေါင်းဆောင်ရွက်ရန် မုချ လိုအပ်နေပြီဖြစ်သည်။

ကျွနု်ပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်အား ဤလုပ်ငန်းစဉ်ကို စတင်ရန် ကမ်းလှမ်းလာသည့်
အတွက် လည်းကောင်း၊ သမ္မတကြီး ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုသို့ တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းချက်ကို
လက်ခံခဲ့သည့်အတွက် လည်းကောင်း ချီးကျူး ဂုဏ်ပြုပါသည်။

မြန်မာပြည်သူများသည်စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်နိုင်မည့်၊
မြင့်မြတ်သော စိတ်ဓာတ်ဖြင့် အားလုံးပါ၀င်နိုင်သည့် မတူကွဲပြားသော အမြင်များကို
ထင်ဟပ်စေမည့် အစိုးရတစ်ရပ်ကို ရထိုက်ပါသည်။

လွတ်လပ်ရေးမရမီကပင် ပြည်တွင်း ပဋိပက္ခများဖြင့် စိတ်ဝမ်းတကွဲတပြား ဖြစ်နေသော
နိုင်ငံတစ်နိုင်ငံတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖော်ဆောင်ရန် မည်မျှ ခက်ခဲမည်ဆိုသည့်
အချက်ကို မည်သူမျှ ယုံမှားခြင်း မရှိပေ။

ယခုအခါ စေတနာဖြင့် ထိန်းကျောင်း လမ်းညွှန်ပြုရမည့် ခေါင်းဆောင်မှု တာဝန်ကို NLD ထံ
ဆင့်ကမ်းခဲ့ပြီ ဖြစ်ရာ အမျိုးသားနိုင်ငံရေး ဆွေးနွေးမှုများမှ ကာလကြာမြင့်စွာ ဖယ်ကြဉ်ခံရသော
ပြည်သူတို့၏ စိုးရိမ်မှုများကို ရှေ့တန်းတင် နားထောင်ခြင်းဖြင့် ပါတီ၏ ဦးဆောင်မှုပေးမည်ဟု
ကျွနု်ပ်တို့ မျှော်လင့်ပါသည်။

ထိုအထဲတွင် လွှတ်တော်နေရာများ အနိုင်မရခဲ့သော်လည်း ၎င်းတို့ စိုးရိမ်မှုများကို ဖွင့်ဟ
ဖော်ထုတ်လိုက်သည့် ပြည်သူတို့အား ကိုယ်စားပြုသည့် တိုင်းရင်းသားပါတီ အများအပြား
ပါ၀င်ပါသည်။

ထို့ပြင် ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဝေါ်သူများ အပါအဝင်၊ လွှတ်တော်၊ အစိုးရ
အဖွဲ့အစည်းများအတွင်း ကိုယ်စားပြုမှု နည်းပါးမည့် သို့မဟုတ် လုံးဝမရှိမည့် ဘာသာရေး
လူနည်းစုများလည်း ပါ၀င်ပါသည်။

ကြာမြင့်စွာ စောင့်မျှော်ခဲ့ကြသည့် အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲသည် အမျိုးသား ပြန်လည်
သင့်မြတ်ရေးအတွက်ရော လက်ဆုပ်လက်ကိုင်ပြနိုင်မည့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအတွက်ပါ
အရေးပါဆုံး နည်းလမ်းဖြစ်ပေသည်။

ဆွေးနွေးမှုများ ထိရောက်စေရန်မူ အားလုံးပါ၀င်မှု၊ စီမံခန့်ခွဲနိုင်မှုနှင့် ကာလ သတ်မှတ်ချက်များ
ရှိသင့်ပေသည်။

အဆုံးတွင် ထွက်ပေါ်လာမည့် ရလဒ်ကို တရားဝင် အတည်ပြုပေးရန်လိုပေမည်။

ရည်မှန်းချက်ပန်းတိုင်ကိုလည်း အစကနဦးကပင် ပါ၀င်သူအားလုံးက ရှင်းလင်းစွာ နားလည်
သဘောပေါက်ရန် လိုပေမည်။

တစ်ချိန်တည်းမှာပင် ဤအမျိုးသားဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုကို မြန်မာနိုင်ငံအတွင်း အပြင်၌
ယခုတိုင် ပြောဆို ထုတ်ဖော်ပိုင်ခွင့် မဲ့နေသူ အများအပြားအတွက် ဆန္ဒထုတ်ဖော်ပိုင်ခွင့်
ပေးနိုင်မည့် အခြားအစိုးရ လုပ်ငန်းစဉ်များဖြင့်လည်း ဖြည့်တင်းရန် လိုပါသည်။

ထိုသူများအနက် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရသူများ၊ နစ်နာကြေးမဲ့ လယ်မြေ
အသိမ်းခံရသော လယ်သမားများ၊ မရေရာသည့် အနာဂတ်နှင့် ရင်ဆိုင်နေရသော ထိုင်းနိုင်ငံနှင့်
အခြား အဝေးရောက် ဒုက္ခသည်များနှင့် အခြေခံ ဒီမိုကရေစီ အခွင့်အရေးများ ချွတ်ခွာခံရသူများပါ
ပါ၀င်ပါသည်။

ဦးသိန်းစိန်အစိုးရ စတင်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လျစ်လျူပြု၍ မရနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုလုပ်ငန်းစဉ်ကို အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု
ပေါ်ပေါက်ရန် အခြေခံရမည် ဖြစ်သည့်အပြင်၊ ဖိနှိပ်ချုပ်ချယ်မှု၊ အကြမ်းဖက်မှု၊ အကြောက်တရားနှင့်
မရေရာမှု ဒုက္ခများ ခံစားရသည့် ပြည်သူများ၏ ဘဝကို လက်ဆုပ်လက်ကိုင်ပြနိုင်မည့်
အပြောင်းအလဲများ ဖော်ဆောင်ရေးအတွက်လည်း လိုအပ်ပါသည်။

ရပ်မိရပ်ဖ လူကြီးသူမများအဖွဲ့ (The Elders) အနေဖြင့် တပ်မတော်၏ နိုင်ငံ့နယ်နိမိတ်အား
ကာကွယ်ရမည့် အမျိုးသားရေး တာဝန်ကို အသိအမှတ်ပြုသည့် တစ်ချိန်တည်းမှာပင် လက်တွေ့
စစ်ရေးလှုပ်ရှားမှုများသည်လည်း တပ်မတော် ခေါင်းဆောင်ပိုင်းက ငြိမ်းချမ်းရေးလိုလားကြောင်း
ဆန္ဒများနှင့် ထင်ဟပ်စေရန် တိုက်တွန်းပါသည်။

ငြိမ်းချမ်းရေး တည်ဆေက်ခြင်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည့် အခင်းအကျင်း ထားရှိရန်
လိုအပ်ပါသည်။

အမျိုးသား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးသော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း တပ်မတော်နှင့်ရော အစိုးရသစ်နှင့်ပါ လေးနက်စွာ
ပြန်လည် ထိတွေ့ ညှိနှိုင်းဆွေးနွေးရန် တောင်းဆိုပါသည်။

မြန်မာပြည်သူများသည် တိုက်ခိုက်မှု ကင်းမဲ့ရုံထက် သာသည့် ငြိမ်းချမ်းရေးနှင့် ထိုက်တန်သူများ
ဖြစ်ပါသည်။

စစ်မှန်သော ဖက်ဒရယ် အစီအစဉ်တစ်ရပ် အောက်တွင် တိုင်းရင်းသားအသိုက်အဝန်းများအတွက်
အဓိပ္ပာယ်ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်မှု ရရှိစေမည့်၊ နိုင်ငံ့အရင်းအမြစ်များကို တန်းတူညီမျှစွာ
မျှဝေခံစားနိုင်မည့်၊ ထို့ပြင် အရေးကြီးဆုံးအချက်အနေဖြင့် ဆယ်စုနှစ် ပေါင်းများစွာ
ငြင်းပယ်ခံခဲ့ရသည့် နိုင်ငံရေး ဆုံးဖြတ်ချက်များတွင် ပြောဆိုပိုင်ခွင့် ရရှိမည့် ငြိမ်းချမ်းရေး
ရထိုက်သူများ ဖြစ်ပေသည်။

ကျွနု်ပ်တို့သည် ၂၀၁၃ ခုနှစ်မှ စ၍ လုပ်ဖော်ကိုင်ဖက် ရပ်မိရပ်ဖလူကြီးသူမများ (The Elders)
အဖွဲ့အစည်းဝင်များနှင့်အတူ လာရောက်ခဲ့သော မြန်မာနိုင်ငံ ခရီးစဉ်များအတွင်း အစိုးရ၊
တပ်မတော်၊ အတိုက်အခံ နိုင်ငံရေးအုပ်စုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ဘာသာရေး
အသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများက ကိုယ်စားလှယ်များနှင့် အစဉ်တွေ့ဆုံခဲ့ပါသည်။

ကျွနု်ပ်တို့ တစ်သမတ်တည်း ကြားသိရသည့် အချက်မှာ ပြည်သူများ နှစ်ပေါင်းကြာရှည်စွာ
ဒုက္ခခံစားနေရကြောင်း၊ နိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး
ဦးတည်သည့် နည်းလမ်းရှာရန် အလွန်အရေးကြီးကြောင်းကို အားလုံးက တစ်သဘောတည်း
မှတ်ယူကြခြင်းပင် ဖြစ်ပါသည်။

ဤပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် လူ့အဖွဲ့အစည်းအားလုံးက ကိုယ်ကျိုးမငဲ့ဘဲ အတူလက်တွဲ
ဆောင်ရွက်နိုင်မည့် နည်းလမ်းတစ်ခု ရှာဖွေနိုင်မည်ဟု ကျွန်ုပ်တို့ ရိုးသားစွာ ယုံကြည်ပါသည်။

နိုင်ငံရေးအနှောင်အဖွဲ့ ကင်းပြီး ကမ္ဘာတစ်လွှားတွင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး မြှင့်တင်ရန်
သန္နိဋ္ဌာန်ဖြင့် သီးခြားလွတ်လပ်စွာ ရပ်တည်သည့် ခေါင်းဆောင်ဟောင်းများဖြစ်သော ရပ်မိရပ်ဖ
လူကြီးသူမများအဖွဲ့ (The Elders) အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုအပေါ်
ဆက်လက် ထိတွေ့ဆက်ဆံပြီး အားပေးရန် ကတိကဝတ်ပြုပြီး ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် သမိုင်းမှတ်တိုင် ထူလိုက်သည့် ရွေးကောက်ပွဲနှင့်တကွ လက်ရှိ
အုပ်ချုပ်သူများထံက အားတက်ဖွယ် တုံ့ပြန်မှုများကို ကြားသိရသောကြောင့် ဤနိုင်ငံသည်
နှစ်ပေါင်းများစွာ ကြာပြီးနောက် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အမှန်တကယ်
ရောက်ရှိလာပြီဟု မျှော်လင့်ရပါသည်။

စကားချပ်။

မာတီ အာတီဆာရီသည် ဖင်လန်နိုင်ငံတွင် ၁၉၉၄ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ သမ္မတ တာဝန်
ထမ်းဆောင်ခဲ့ပါသည်။ ဂရိုဟာလမ် ဘရန့်တ်လန်းသည် နော်ဝေး နိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး
၁၉၈၁ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၀ ပြည့်နှစ်တွင် တစ်ကြိမ်၊
၀န်ကြီးချုပ် သက်တမ်း သုံးကြိမ်မျှ တာဝန်ထမ်းဆောင်ခဲ့ပါသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021