ဇူလိုင် ၂၇ ရက် ညပိုင်းကစပြီး ရေတွေ တစိမ့်စိမ့်နဲ့ စဝင်နေပြီလေ။ စေတုတ္တရာမြို့လေးက အမှတ်(၁)နဲ့ အမှတ်(၂)ရပ်ကွက်ဆိုပြီး နှစ်ခု ခွဲထားတယ်။
ဇူလိုင် ၂၇ ရက် ညပိုင်းကစပြီး ရေတွေ တစိမ့်စိမ့်နဲ့ စဝင်နေပြီလေ။ စေတုတ္တရာမြို့လေးက အမှတ်(၁)နဲ့
အမှတ်(၂)ရပ်ကွက်ဆိုပြီး နှစ်ခု ခွဲထားတယ်။
(၁)ရပ်ကွက်က အဘွားဒေါ်အေးမြတို့ ဘာလုပ်ရမှန်း မသိအောင် ဗျာများပြီ။ အဘွားခမျာ အားကိုးရတဲ့
မြေးယောကျ်ားလေးကလည်း တစ်လောကမှ အစာအိမ်ရောဂါနဲ့ ဆုံးရှာတယ်။
အဲဒါကြောင့် မြေးချွေးမလေးနဲ့ မြစ်သုံး ယောက်နဲ့ဘဝကို အားကိုးရာမဲ့စွာ ဖြတ်သန်းနေရတဲ့အချိန်
အခုလို ရေကြီးလာပြီဆိုတော့ သူတို့မှာ အားကိုးစရာ ယောကျ်ားလည်းမရှိ မြေးအဘွားတွေ
ကိုယ်လွတ်ရုန်းပြီး ရေလွတ် ရာနေရာကို အဲဒီညပဲ ပြေးကြရတယ်။
မြေးချွေးမလးက အဘွားကို ကျောပိုးပြီး တစ်ခါပို့ပြီးမှ လူမမည်ကလေးတွေကို တစ်ခါ ပြန်လာခေါ်
အဲဒီတော့ ဘာပစ္စည်းမှ သယ်လို့ မရတော့ဘူးလေ။
အဘွားဒေါ်အေးမြရဲ့ အသက်က ၉၁ နှစ်ရှိပြီ။ မျက်လုံးကလည်း မကောင်းဘူး၊ တိမ်စွဲနေပြီ။
သောကတွေ တစ်ပွေ့ တစ်ပိုက်ကြီးနဲ့ပေါ့။ ဒုက္ခတွေကလည်း အထုပ်အထည်နဲ့ပေါ့။
အိမ်မှာ ကျန်ခဲ့တဲ့ တီဗီလေးကလည်း ရေမြုပ်သွားတော့ ပျက်သွားပြီလေ။
၃၀ ရက်ကျတော့ သူတို့အိမ်က ခေါင်မိုးပဲ ကျန်တော့တယ်။
စေတုတ္တရာ အမှတ်(၁)ရပ် ကွက်တစ်ခုလုံး ရေလွှမ်းသွားပြီ။
အမှတ်(၂)ရပ်ကွက်ကတော့ ကုန်းမြင့်ပိုင်းကအိမ်တွေ ရေလွတ်ပြီး အိမ်ခြေ ၈၀ ကျော်
ရေလွှမ်းသွားတယ်။
အဘွားဒေါ်အေးမြတို့ မိသားစုလေးလည်း ရေကျသွားမှ ကိုယ့်အိမ်ကို ပြန်လာကြတယ်။
ကယ်ဆယ်ရေးစခန်းမှာ နေတုန်းက ရခဲ့တဲ့ ဆန် ခုနစ်အိတ်လည်း ပါလာတယ်။
စောင်၊ ခြင်ထောင်လေးတွေလည်း ရခဲ့တယ်။ အိုးခွက်၊ ပန်းကန်လေးတွေလည်း ရခဲ့တယ်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးက လူမှုရေးအဖွဲ့အစည်းတွေက လှူလိုက်တာလေးတွေပေါ့။
သူတို့ အိမ်ကို ပြန်ရောက်မှလည်း လူမှုအဖွဲ့အစည်းတွေက ငွေ ကျပ် ၁၀,၀၀၀ လှူတယ်။
ကြက်ခြေနီအသင်းကလည်း သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ရေပုံး စတာလေးတွေ
လာလှူတယ်။
အိမ်က ရေလွှမ်းထားတော့ သစ်သားတွေက ဆွေးကုန်မှာ ကြောက်ရတယ်။
ဒါပေမဲ့ အားကိုးစရာ အမျိုးသားကလည်း မရှိတော့ ဒီအတိုင်းပဲ ထားရတယ်။
အိမ်သာကလည်း ရေထဲပါ သွားတယ်။ အိမ်သာကတော့ မရှိမဖြစ်လို့ အခု လူငှားနဲ့ ကျင်းအသစ်တူးပြီး
ပြန်ဆောက်နေရတယ်။
မြေးချွေးမလေးကလည်း ရလာတဲ့ ဆန်လေးတွေကို ကြိတ်ပြီး မုန့်ပျားသလက် လုပ်ရောင်းပြီး
အဘွားတို့ မိသားစု တစ်ခုလုံးရဲ့ ၀မ်းစာကို ဖြေရှင်းနေရတယ်။
အဘွားက သူ့မြေးချွေးမလေးကို မုန့်ကြိတ်ဆုံလေးလည်း ၀ယ်ပေးချင်တယ်။
သူ့မျက်လုံးလေးလည်း ခွဲချင်တယ်။
ဒါတွေက မရေမရာ သူ့ဘဝရဲ့ ခပ်ရေးရေး မျှော်လင့်ချက်ကလေးတွေပေါ့။
အခုလို ရေလွှမ်းခဲ့တဲ့ နေရာလေးတွေမှာ လူမှု ရေးအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို
မျှော်လင့်နေကြရတဲ့ အဘွားဒေါ်အေးမြလို လူတွေအများကြီး ရှိနေမှာပါ။

















