မြန်မာ့တပ်မတော်နှင့် ဒီမိုကရေစီ

မြန်မာ့တပ်မတော်နှင့် ဒီမိုကရေစီ

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာဟာ ပေါ်ပေါ်လွင်လွင်နဲ့ သက်ဝင်လှုပ်ရှား တည်ရှိနေတာနဲ့ ပတ်သက်ပြီးဆောင်းပါးတစ်ပုဒ် ဒီနှစ်အစောပိုင်းမှာ ကျွန်တော်ရေးဖြစ်ခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာဟာ ပေါ်ပေါ်လွင်လွင်နဲ့
သက်ဝင်လှုပ်ရှား တည်ရှိနေတာနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ဒီနှစ်အစောပိုင်းမှာ ကျွန်တော်
ရေးဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ ပြန်ကြားရေး အဖွဲ့ကတော့ မြန်မာနိုင်ငံရဲ့ လူမှုရေးမီဒီယာပလက်ဖောင်းမှာ ဖေ့စ်ဘွတ်ခ်ကို
မသုံးဘဲရှောင်နေရင် အကျိုးမရှိဘူးဆိုပြီး ကာချုပ်အတွက် ဖေ့စ်ဘွတ်ခ် အကောင့်ဖွင့်ဖို့
စိတ်ပိုင်းဖြတ်ခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ကာချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ  follower က လေးသိန်းနီးပါးရှိပါတယ်။
ဒါက တော်တော်များတဲ့ အရေအတွက်ပါ။

မူလက ခန့်မှန်းချေ သုံးသိန်းကနေ သုံးသိန်းခွဲကြားလောက်ရှိမယ်လို့ ခန့်မှန်းထားတာထက်စာရင်
တော်တော်လေးကို များပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ အင်္ဂလိပ်နဲ့ မြန်မာ လိုတင်ထားတဲ့ သူ့ရဲ့ပို့စ်တွေဟာ comment (မှတ်ချက်ရေးသားမှု)
ပေါင်း များစွာရရှိထားသလို like (အသိအမှတ်ပြု ကြောင်း အမှတ်အသား)တွေကလည်း
ထောင်နှင့်ချီပြီး ရှိပါတယ်။

ရွေးကောက်ပွဲကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က အရေးအသားတွေဟာ
တပ်မတော်ဆိုတာ နိုင်ငံ့လုံခြံုရေးအတွက် အရေးကြီးတဲ့အ ဖွဲ့အစည်း တစ်ခုအဖြစ် မြင်လာကြအောင်
ကြိုးပမ်းခဲ့ပါတယ်။

ဒါကတော့ မြန်မာ ပြည်သူတွေက နိုင်ငံရေးမှာ စစ်ပုံစံ ပြန်သွင်းတာကို လက်မခံကြတော့တဲ့ အချိန်မှာ
ဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ လာဘ်မြင်တဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ချိန်မှာ ဖြစ်ပျက်ခဲ့တဲ့
အခြေအနေတွေကြောင့် လူတော်တော် များများဟာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဆောင်ရွက်ချက်အပေါ်
သတိနဲ့ စောင့်ကြည့်နေခဲ့ကြပါတယ်။

ယုံကြည်မှုက သိပ်မရှိကြပါဘူး။ ဒါပေမဲ့ လက်ရှိအနေအထားအရကတော့ စစ်တပ် ရဲ့ နိုင်ငံရေးမှာ
ပါ၀င်တဲ့အနေအထားကို နောက်ထပ်လျှော့ချဖို့ အာသီသ စစ်ဗိုလ်ချုပ်ကြီးတွေမှာ ရှိနေတာကို
တွေ့ရပါတယ်။

ဒါကလည်း တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ပေါ်နေပေမယ့် တုံ့ဆိုင်းမှုတချို့ မရှိတာတော့ မဟုတ်ပါဘူး။

ဒါကြောင့် ဘာအပြောင်းအလဲမှ ဖြစ်လာမှာ မဟုတ်သလို စစ်တပ်ကပဲဆက်ပြီး အုပ်ချုပ်နေဦးမှာပဲလို့
တချို့က အခိုင်အမာလက်ခံထားကြပါတယ်။

ဒီလိုပြောဆိုချက်တွေဟာ သူတို့ရဲ့ ကြီးမားတဲ့ အကဲစမ်းမှုတစ်ခုဖြစ်လာ တော့မှာပါ။

ဒါပေမဲ့ လက်ရှိအခြေအနေတွေကတော့ နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက
အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ အခြေအနေအပေါ် စစ်တပ်ကပဲ ပြန်ဦး ဆောင်လာမှာကို
သိပ်စိတ်ပူပန်စရာ မလိုတော့ကြောင်း ညွှန်ပြနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ တွေ့ဆုံခြင်းဟာ မြန်မာနိုင်ငံရဲ့ ဖြည်းဖြည်း ချင်း ပြန်လည်သင့်မြတ်လာတဲ့ အခြေအနေအတွက် နောက်ထပ် ခြေလှမ်းတစ်လှမ်း ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌဟောင်းကြီးတစ်ဦးအဖြစ် အများက
အခုသိထားကြတဲ့ ဦးသန်းရွှေဟာ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၁ ခုနှစ်မှာ
နိုင်ငံတော်အုပ်ချုပ်ရေး တာဝန်ကို ယူပြီးကတည်းက လူပုံအလယ် ထင်ထင်ပေါ်ပေါ် မနေတော့ပါဘူး။

သူ့ရဲ့ မိသားစုဝင်တွေကတော့ တစ်ခါတစ်ခါ လူတွေက သတိထားမိကြ ပေမယ့် ဗိုလ်ချုပ်မှူးကြီးဟောင်း
ကတော့ နောက်ကွယ်မှာ နေရတာကိိုု အားရကျေနပ်နေပါတယ်။

အဲဒီလိုနှစ်တွေအတွင်းမှာတော့ သူ့ရဲ့ နောက်ကွယ်ကနေ ဩဇာလွှမ်းမိုးမှု ရှိတာနဲ့ပတ်သက်ပြီး
တိုးတိုးတိတ်တိတ် ပြောဆိုနေကြတာတွေ ရှိပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေမှာ သူ လုံးဝစိတ်မဝင်စားတော့ဘူးဆိုရင်တော့ ဒါက အရမ်းကို
အံ့ဩစရာကောင်းမှာပါ။

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လမ်းပြမြေပုံ ချမှတ်ပေးခဲ့သူတစ်ဦးအနေနဲ့
ငြိမ်းချမ်းတဲ့ အပြောင်းအလဲတွေအတွက် အရှိန်အဟုန်တွေ ဖန်တီးပေးခဲ့တယ်ဆိုတဲ့ ချီးကျူးလေးစားမှုကို
သူရချင်နေတယ်လို့ မျက်စိကြီးနားကြီးတဲ့သတင်းရင်းမြစ်တွေကတော့ အခိုင်အမာပြောနေဆဲပါ။

အင်န်အယ်လ်ဒီကို ထောက်ခံသူတွေကတော့ လက်ရှိအခြေအနေကို အလွယ်တကူ
မယုံကြည်နိုင်ကြပါဘူး။

သူတို့ရဲ့ အမြင်မှာတော့ ဦးသန်းရွှေဟာ အင်န်အယ်လ်ဒီကို အစိုးရဖွဲ့နိုင်မယ့် အခွင့်အရေးကို
၂၅ နှစ်လောက် နောက်ကျသွားအောင် ဖန်တီးခဲ့သူလို့ မြင်ထားကြပါတယ်။

အလျှော့မပေးဘဲ အာဏာကို ဆက်လက်ဆုပ်ကိုင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးယန္တရားတစ်ခုကို
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက ဆယ်စုနှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ရင်ဆိုင်လာခဲ့ရတဲ့
အချိန်တွေအတွက် အင်န်အယ်လ်ဒီ ထောက်ခံသူတွေဟာ စိတ်မကောင်း ဖြစ်နေကြဆဲပါ။

အခုအချိန်မှာ နှစ်ဖက်စလုံးရင်ဆိုင်ရမယ့် အခြေအနေကတော့ အပြန် အလှန်အကျိုးပြုနိုင်မယ့်
ပုံစံသစ်တွေကို အထောက်အကူဖြစ်စေမယ့် နှစ်ဖက်မျှတတဲ့ အနေအထားမျိုးကို ရှာတွေ့နိုင်ဖို့ပါပဲ။

ဒီမိုကရက်တွေနဲ့ တပ်မတော်ဖက်ကသူတွေဟာ အပြန်အလှန်အပေးအယူလုပ်ဖို့ လိုမှာပါ။

ထင်မြင်ချက်တစ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော် က ထိပ်တန်းအရာရှိတွေနဲ့
ပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတဲ့ အယူအဆကို လက်ခံပုံရပါတယ်။

တပ်မတော်က မြေယာအမြောက်အမြား ပိုင်ဆိုင်ထားမှုတွေ၊ စီးပွားရေး လုပ်ငန်းခွဲတွေကို မရှင်းမလင်း
ဖွဲ့စည်းထားတာတွေနဲ့ မိသားစု၊ ဘာသာရေးနဲ့ စီးပွားရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေအတွက်
ရုန်းမထွက်သာအောင် ပိတ်မိနေတာတွေဟာ စစ်ဗိုလ်ချုပ်ကြီးတွေက နှစ်ပေါင်းတော်တော်များများအထိ
တာဝန်ယူ စီမံပေးဖို့လိုတယ်ဆိုတဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်က သဘောပေါက်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်က မြန်မာ့အာဇာနည်တစ်ဦးဖြစ်တဲ့ အချက်ဟာ ပြည်သူအပေါင်းရဲ့
စိတ်ဝင်စားမှုရရှိဖို့ သူ့အတွက် အလားအလာကောင်းပါတယ်။

ဒါတင်မကသေးပါဘူး မြို့အသစ် တည်လိုက်တဲ့ နေပြည်တော်မှာ သွားရောက်နေထိုင်စေခဲ့တဲ့ ပြီးခဲ့တဲ့
နှစ်တွေအတွင်းမှာ တပ်မတော်က အဓိကနိုင်ငံရေးပွဲမင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း
ပိုသိလာကြပါတယ်။

အင်န်အယ်လ်ဒီဟာ ပြည်ပအားကိုးနေတယ်လို့ စစ်ဗိုလ်ချုပ်ကြီးတွေက အစောပိုင်းမှာ မြင်ကောင်း
မြင်ကြပေမယ့် ဒီမိုကရက်တွေဟာ အဲဒီလိုမဟုတ်ဘူးဆိုတာကို သူတို့အခု တဖြည်းဖြည်း
နားလည်လာကြပါပြီ။

စုပေါင်းခံစားကြရတဲ့ ဆင်းရဲဒုက္ခ ဆိုတာ လူ့အဖွဲ့အစည်းရဲ့ အလားအလာ တစ်ခုခုကို ဖြစ်ပေါ်စေရာ
အရင်းအမြစ် ပုံစံတစ်မျိုးဖြစ်တဲ့ စနစ်တစ်ခုအတွင်းမှာ စစ်တပ်ကသူတွေနဲ့ ဒီမိုကရေစီအရေး
တက်ကြွလှုပ်ရှားသူတွေအတွက် ဆွေးနွေးညှိနှိုင်းစရာ အနည်းငယ်ရှိပါတယ်။

ပထမဦးဆုံးအနေနဲ့ ပြည်တွင်း စစ်ပွဲတွေ အကြောင်းကို ကြည့်ရအောင်ပါ။

တပ်မတော်က လက်ရှိ ထိပ်ပိုင်း ခေါင်းဆောင်တွေ ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ်
တွေမှာ တပ်မတော်ထဲ မဝင်ဖြစ်ခင်ကတည်းက အလွန်တက်ကြွတဲ့ အမျိုးသားရေး အစီအစဉ်
တစ်ရပ်ဟာ တပ်မတော်ရဲ့ အထွတ်အထိပ်အနေအထားကို ကာကွယ်ပေးထားပါတယ်။

ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းစောင့်ရှောက်တာ၊ ခွဲထွက်ရေးသမားတွေကို
ချေမှုန်းတာနဲ့ အမျိုးသားရေးဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး ကျဉ်းမြောင်းတဲ့အမြင်ကို ဖော်ပြတာတွေကို
အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။

ဒါတွေက အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေပါ။

စစ်ပွဲတွေမှာ တပ်သားတွေ ဘယ်နှယောက်လောက် ကျဆုံးခဲ့ရသလဲဆိုတာကို စစ်တပ်က ထိပ်တန်း
ခေါင်းဆောင်တွေမပြောနဲ့ ဘယ်သူကမှ တိတိကျကျမသိပါဘူး။

ဘယ်မိသားစုတစ်စုမှ စစ်ပွဲတွေရဲ့ ဆိုးကျိုးသက်ရောက်မှု မခံစားရဘူးတာ မရှိသလောက်ပါပဲ။

မရေ မတွက်နိုင်လောက်အောင် များပြားလှတဲ့ ဒဏ်ရာတွေကို ပျောက်နိုင်ဖို့ဆိုတာက အချိန်ယူဖို့
လိုသလို အတိုင်းအတာဖော်ပြလို့ မရနိုင်လောက်တဲ့ အနေအထားရှိတဲ့ သည်းခံမှုမျိုးလည်း
ရှိဖို့လိုပါတယ်။

နိုင်ငံအဝန်း တစ်နံတစ်လျားဖြန်ကြက် တည်ရှိနေဆဲ ဖြစ်တဲ့နိုင်ငံရေး ကွန်ရက်တစ်ခုနဲ့အတူ
တပ်မတော်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစတဲ့ နိုင်ငံရဲ့ အမျိုးသားစွမ်းဆောင်နိုင်ရည်အတွက်
အဓိကအရေးပါတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါတယ်။

အင်န်အယ်လ်ဒီက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ တကယ့်အဖြစ်မှန်ကတော့ ဘယ်သူကမှ
ထပ်တူမကျကြပါဘူး။

တကယ်လို့ အခြေတည်စ ဒီမိုကရေစီ ပြောင်းလဲရေးကို တည်တံ့စေချင်တယ်ဆိုရင်တော့
ပြောင်းလဲမှုတွေ ထင်ထင်ရှားရှားရှိဖို့လိုပါတယ်။

အခုအချိန်အတွက်ကတော့ အင်န်အယ်လ်ဒီရဲ့ မဟာဗျူဟာမြောက် တွေးခေါ် မြော်မြင်တတ်သူတွေဟာ
ဖေ့စ်ဘွတ်ခ်နဲ့ တပ်မတော်ရဲ့ သတင်းစကားနဲ့ အာဘော်တွေ ထွက်လာနိုင်မယ့် တခြားဒီမိုကရေစီ
အခြေခံနေရာတွေကို မပြတ်စောင့်ကြည့်နေဖို့ လိုပါတယ် အခက်အခဲတွေ ရှိနေပေမယ့်လည်း
ဖေ့စ်ဘွတ်ခ်ဟာ တပ်မတော်က တပ်မှူးမျိုးဆက်သစ်တွေအတွက် ရွေးချယ်စရာ နေရာတစ်ခု
ဖြစ်လာနေပါပြီ။

သီရိမင်းထွန်း ဘာသာပြန်သည်။


နီကိုလပ်စ်ဖာရယ်လီသည် ဩစတြေးလျအမျိုးသားတက္ကသိုလ်မှ မြန်မာသုတေသနစင်တာ
ဒါရိုက်တာ တစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှအရေးဆိုင်ရာ ၀က်ဆိုက်တစ်ခုဖြစ်သည့်
New Mandala ကို ပူးတွဲတည်ထောင်သူ တစ်ဦးလည်း ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021