ပြီးခဲ့တဲ့ ၆၈ နှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ဗြိတိန်နိုင်ငံရဲ့ ယူနီယံဂျက်အလံကို မြန်မာနိုင်ငံမှာ နောက်ဆုံးအနေနဲ့ အောက်ကိုချပေးခဲ့ပါတယ်။ ကိုလိုနီအုပ်ချုပ်ရေးနဲ့ စစ်အစိုးရအုပ်ချုပ်ရေးကို နှစ်ပေါင်းများစွာကြိုးပမ်းတွန်းလှန်ခဲ့ပြီးတဲ့နောက် ခေတ်သစ် မြန်မာနိုင်ငံကလွတ်လပ်ရေးဟာ အရင်ကထက်ပိုပြီး ထူးခြားလို့နေပါတယ်။
ပြီးခဲ့တဲ့ ၆၈ နှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ဗြိတိန်နိုင်ငံရဲ့ ယူနီယံဂျက်အလံကို မြန်မာနိုင်ငံမှာ နောက်ဆုံး
အနေနဲ့ အောက်ကိုချပေးခဲ့ပါတယ်။ ကိုလိုနီအုပ်ချုပ်ရေးနဲ့ စစ်အစိုးရအုပ်ချုပ်ရေးကို နှစ်ပေါင်းများစွာ
ကြိုးပမ်းတွန်းလှန်ခဲ့ပြီးတဲ့နောက် ခေတ်သစ် မြန်မာနိုင်ငံကလွတ်လပ်ရေးဟာ အရင်ကထက်ပိုပြီး
ထူးခြားလို့နေပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင်တော့လွတ်လပ်ရေးနေ့ဟာ ဝမ်းနည်းဖွယ်ရာလေးတွေ ရောစွက်
ပါဝင်နေခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အခွင့်အရေးတွေ လက်လွတ် ပျောက်ဆုံးနေခဲ့
ကြပါတယ်။
မြန်မာနိုင်ငံရဲ့အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တို့နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားတက်ကြလွန်းဖို့ဆိုတာ
စစ်အစိုးရလက်ထက်မှာ ပြည်သူတော်တော်များများအတွက် ခဲယဉ်းလှပါတယ်။
စိတ်ပျက်ညှိုးငယ်မှုတွေပဲ မင်းမူထားကြပါတယ်။
ဒါပေမဲ့ အာဏာရှင်ဆန်တဲ့ သမိုင်းကြောင်း အရိပ်အငွေ့တွေ တဖြည်းဖြည်းနဲ့ လျော့ပါးလာတာနဲ့
အမျှ လွတ်လပ်ရေးနေ့ကို မျိုးဆက်သစ်တွေက နှစ်နှစ်ကာကာ ထွေးပွေ့ကြိုဆိုနေကြပါပြီ။
အရင်က ခံစားနေကြရတဲ့ ဆုံးရှုံးမှုတွေနဲ့ စိတ်ပျက်ညှိုးငယ်မှုတွေနေရာမှ အမျိုးသားယဉ်ကျေးမှု၊
နိုင်ငံရေးတိုးတက်ဖြစ်ပေါ်မှုနဲ့ စီးပွားရေး အောင်မြင်မှုအပေါ် ဂုဏ်ယူမှုတွေက အစားထိုးလာနေပါပြီ။
အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာ အကောင်းဆုံးကတော့ နေ့စဉ်လုပ်ငန်းဆောင်
တာတွေအတွက်လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး လုံးလုံးလျားလျားပိုပြီးပျံ့နှံ့သွားတာမျိုး မရှိသေးတာပါ။
ပထမဦးဆုံး ပြောရရင် လွတ်လပ်စွာပြောဆိုခွင့်၊ နားထောင်ခွင့်၊ ရေးသားခွင့်၊ ဖတ်ရှုခွင့်၊ ဖန်တီးခွင့်နဲ့
တွေးခေါ်ခွင့်တွေ သိပ်မကြာသေးခင်က ရရှိလာပါပြီ။မြန်မာပြည်သူတော်တော်များများဟာ သူတို့ရဲ့
ထင်မြင်ချက်တွေနဲ့ ခံယူချက်တွေကို ဝေမျှခွင့်ရတဲ့အချိန်ဆိုတာမျိုး အရင်က မရှိခဲ့ကြပါဘူး။
နည်းပညာသစ်တွေကအထောက်အကူဖြစ်ပေမယ့်လည်းနိုင်ငံရေးအခြေအနေတွေ သိသိသာသာ
ပြောင်းလဲတာမျိုး မရှိဘဲနဲ့တော့ နည်းပညာသစ်တွေကို များများစားစားအသုံးချဖို့ဆိုတာတော့
သူတို့အတွက် သိပ်မဖြစ်နိုင်ပါဘူး။
ပြီးခဲ့တဲ့သုံးလေးနှစ်အတွင်းမှာလည်းစာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးတက်ြ<ွကလှုပ်ရှားသူတွေ၊
ကျောင်းသားတွေနဲ့ တခြားသူတွေ အဖမ်းခံရတာမျိုးတွေကို ရံဖန်ရံခါတွေ့နေရတုန်းပါ။
အခွင့်အရေးကိုရထားတဲ့အနေအထားထက်ပိုပြီး အသုံးချတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အဖမ်းခံကြရတာပါ။
ဒီလိုအကြောင်းပြချက်နဲ့ ဖမ်းဆီးတာမျိုးက တော်တော်လေးများပါတယ်။ ဒါပေမဲ့ လူတိုင်းနီးပါးအတွက်
ကတော့ ဆွေးနွေးငြင်းခုံမှုတွေကို အံ့အားသင့်စရာကောင်းလောက်တဲ့အတိုင်းအတာအထိ လုပ်ကိုင်ခွင့်
ရထားကြပါတယ်။
အခုတော့ မြန်မာတွေပါဝင်တဲ့ဆွေးနွေးပွဲတွေ ခန့်မှန်းရခက်လာတာကို ကျွန်တော်တွေ့ရပါတယ်။
သထောထားအမြင်တွေ အကြီးအကျယ်ကွဲပြားနေတဲ့သူတွေကို အလွယ်တကူတွေ့မြင်နိုင်ပါတယ်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် နောက်တစ်ဆင့်လှမ်းရာမှာ လိုအပ်တဲ့အရာတွေနဲ့ပတ်သက်တဲ့
ထင်မြင်ချက်တွေကို ပါဝင်ဆွေးနွေးသူအားလုံးက သူတို့ရဲ့အမြင်တွေကို ဖော်ထုတ်ပြောလိုစိတ်
ရှိကြပါတယ်။
လူသန်းပေါင်းများစွာရဲ့ မတူကွဲပြားတဲ့အမြင်တွေကနေ အများဆန္ဒတစ်ခုရဖို့ကတော့ မဖြစ်နိုင်ပါဘူး။
ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ ကြည့်ကြည့်လိုက်ပါ။ ပြီးခဲ့တဲ့ သုံးလေးနှစ်လောက်က တည်တည်
ငြိမ်ငြိမ်အနေအထားမှာရှိခဲ့တဲ့ ရန်ကုန်မြို့ကြီးမှာကားလမ်းပိတ်တာတွေ၊ အရင်းရှင်ဝါဒတွေ၊
လူမှုရေးဒုက္ခတွေနဲ့ ဖရိုဖရဲဖြစ်နေပြီလို့ လူတော်တော်များများက ခံစားမိနေကြပါတယ်။
ရန်ကုန်မှာ ကျွန်တော်ပထမဦးဆုံး လည်ပတ်ဖြစ်တဲ့အချိန်ကဆိုရင် ခေတ်ရေစီးကြောင်းက
လွတ်ပြီးနောက်ကျကျန်ခဲ့တဲ့နေရာလေးတစ်ခုလို ငြိမ်သက်နေပါတယ်။
ပျောက်ကွယ်သွားတဲ့ ဒီအခြေအနေတွေကို အခုတော့ တသသနဲ့ပြောမဆုံးဖြစ်နေကြတဲ့
သူတွေလည်း ရှိပါတယ်။
အရာတော်တော်များများက အလျင်အမြန်ပြောင်းလဲသွားခဲ့ပြီလေ။
ဒါပေမဲ့ အရင်တုန်းက ကောင်းကွက်တွေရှိခဲ့သလို စိတ်ပျက်စရာ၊ အားမလိုအားမရဖြစ်စရာတွေနဲ့
အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။
အရင်တုန်းကအခြေအနေမှာ စိတ်ပျက်စရာကောင်းတာတွေရှိခဲ့တာကိုလည်း ကျွန်တော်တို့
မမေ့သင့်ပါဘူး။
တခြားနေရာတွေမှာလိုပဲ ရန်ကုန်မှာလည်း လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ်၊
ပြီးတော့ အပြောင်းအလဲကြီးကြီးမားမားတွေ ဆက်ပြီးဖြစ်လာလိမ့်မယ်လို့လည်း ကိုယ်ပိုင်
အဆုံးအဖြတ်နဲ့ လွတ်လွတ်လပ်လပ်ယူဆနိုင်ပါတယ်။
မြန်မာနိုင်ငံက သန်းပေါင်းများစွာသော သတင်းမီဒီယာသုံးစွဲသူတွေအတွက် သတင်းအချက်
အလက်ရယူဖို့ ရွေးချယ်စရာနယ်ပယ်တွေ အများကြီး ရှိနှင့်နေပါပြီ။
နိုင်ငံပိုင်ရုပ်သံ၊ ရေဒီယိုနဲ့ သတင်းစာတွေ ရှိသလို ဧရာဝတီနဲ့ မဇ္စျိမလို ပုံနှိပ်ထုတ်ဝေမှုကို
ရပ်တန့်လိုက်တဲ့ သတင်းမီဒီယာတွေအပါအဝင် အမည်တစ်ခုချင်းစီမဖော်ပြနိုင်လောက်အောင်
များပြားလှတဲ့ ပုဂ္ဂလိကပိုင်သတင်းစာနဲ့ဂျာနယ်တွေကိုလည်း ရထားကြပါတယ်။
အွန်လိုင်းဆင်ဆာဆိုတာလည်း နောက်ဆိုရှိတော့မှာ မဟုတ်တဲ့အရာမျိုးအဖြစ် အလျင်
အမြန်ဖြစ်လာပါပြီ။
မြန်မာ့အင်တာနက်က ဘယ်စံနှုန်းနဲ့တိုင်းတိုင်း လွတ်လပ်ပါတယ်။
ဖေ့စ်ဘွတ်ခ်ရဲ့ကောင်းကွက်တွေကို ဒီစာမျက်နှာမှာ ကျွန်တော်ခဏခဏဖော်ပြဖြစ်ပါတယ်။
နှစ်အနည်းငယ်လေးအတွင်းမှာပဲ မြန်မာပြည်သူတော်တော်များများဟာ ဖေ့စ်ဘွတ်ခ်ကို
အချင်းချင်းဆက်သွယ်ဖို့နဲ့စကားစမြည်ပြောဆိုဖို့အတွက် အသုံးပြုလာကြပါတယ်။
သိပ်မကြာခင်မှာဘဲ လူမှုရေးမီဒီယာနဲ့ အွန်လိုင်းတွေမှာ ပြည်သူ့အခွင့်အရေးတွေ၊နိုင်ငံရေးအခွင့်
အရေးနဲ့ ပတ်သက်တဲ့ကမ္ဘာ့အကဲဖြတ်ချက်တွေကို ပိုတွေ့လာကြမှာပါ။
ဒီအကဲဖြတ်ချက်တွေဟာ လွတ်လပ်ခွင့်တွေ နင်းခြေခံလိုက်ရတဲ့ဖြစ်ရပ်တွေကို ပြောင်းလဲပစ်ဖို့နဲ့
အလေးထားကြဖို့ တဖြည်းဖြည်းဖြစ်ပေါ်လာစေတတ်ပါတယ်။
မြန်မာစာနယ်ဇင်းသမားတစ်ဦး ထောင်ကျသွားတဲ့အခါ ဒါမှမဟုတ် ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြသူတွေကို
အာဏာပိုင်တွေကြောင့် အကျပ်ရိုက်ကြရတဲ့အခါမျိုးတွေမှာတော့ဒီလမ်းကြောင်းတွေက အထောက်
အကူမဖြစ်ပါဘူး။ ပြီးတော့နိုင်ငံရေးလုပ်ငန်းတွေမှာ မွတ်စလင်တွေ မပါရအောင် စနစ်တကျဖယ်ထုတ်ဖို
နိုင်ငံရေးပါတီကြီးတစ်ပါတီက ကြိုးပမ်းနေတဲ့အခါမျိုးမှာဆိုရင်လည်း မြင်ရကြားရတာမကောင်းပြန်ပါဘူး။
ဒီအခြေအနေတွေအပေါ် ကျွန်တော်တို့ စိုးရိမ်ပူပန်သင့်သလို တစ်ခါတလေ ပြစ်တင်ရှုံ့ချတာမျိုးနဲ့
ထိုက်တန်ပါတယ်။ အရာအားလုံး ပြည့်စုံကောင်းမွန်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ အထိအခိုက်မခံတဲ့ အကြောင်းအရာမျိုးတွေကိုတောင် လွတ်လပ်စွာပြောဆိုခွင့်ပိုရှိစေဖို့နဲ့ ပိုပြီး
ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ဖို့အတွက် ကျွန်တော်တို့ပိုပြီးအာရုံထားသင့်ပါတယ်။
ဒီလွတ်လပ်ခွင့်က ပိုပြီးအခြေခံကျပါတယ်။ အောင်မြင်တဲ့လူ့အဖွဲ့အစည်းတွေဟာ သူတို့ရဲ့
အခက်အခဲတွေကို လွတ်လပ်ခွင့်နဲ့ဖြေရှင်းကြပြီး ရေရှည်ကျင့်သုံးလာတဲ့ စီမံခန့်ခွဲရေးစနစ်နဲ့
ဆက်သွားကြပါတယ်။
လူထုကြားပွင့်ပွင့်လင်းလင်းဆွေးနွေးရာမှာ လုံလောက်တဲ့စည်းကမ်းသတ်မှတ်ချက်တွေမရှိတဲ့အတွက်
မကောင်းတဲ့ မူဝါဒတွေဆက်လက်တည်မြဲနေစေဖို့ ပိုပြီးလွယ်ကူစေသလို တရားမျှတမှုမရှိတာတွေလည်း
အဟန့်အတားမရှိဖြစ်နေနိုင်ပါတယ်။
ဒါ့ပြင်သြဇာအာဏာရှိတဲ့သူတွေကို တာဝန်ခံခိုင်းစေဖို့အတွက် လူတွေရဲ့ မျှော်လင့်ချက်လည်း ပျက်ပြားဖို့
လွယ်သွားပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားတာမျိုးမရှိတဲ့ ပြဿနာတွေရှိနိုင်ပေမယ့်
အဲဒီကိစ္စမျိုးတွေမှာ ဟုတ်တိုင်းမှန်ရာဖွင့်ပြောဖို့ဆိုတာထက် လူတွေရဲ့အကြောက်တရားက ပိုများနေတာ
မျိုးတွေရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲရလဒ်တွေကြောင့် ၂ဝ၁၆ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက်အကောင်းဆုံးနှစ်ဖြစ်
လာမယ့် အခွင့်အလမ်းကောင်းတွေရှိတယ်ဆိုတာကို ကျွန်တော်တို့ နားထဲမှာ မြည်ဟည်းနေတုန်းပါပဲ။
ပြီးတော့ အသစ်အသစ်သော လွတ်လပ်ခွင့်တွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘာတွေ
လုပ်ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အလေးအနက်ဆွေးနွေးကြတာကို တွေ့ကောင်းတွေ့နိုင်ပါတယ်။
အခုအချိန်ကတော့ မြန်မာနိုင်ငံရဲ့ နုနယ်လှတဲ့ ဒီမိုကရေစီယန္တရားကို ခိုင်မာအောင်လုပ်ဖို့အခွင့်အလမ်းတွေ
ပေးမယ့်အချိန်ပါ။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဟာ အဲဒါကို လိုအပ်နေပါတယ်။

















