စီးပွားရေးစွမ်းဆောင်ရှင်တွေ ပေါများလာမယ့် ကရင်ပြည်နယ်

စီးပွားရေးစွမ်းဆောင်ရှင်တွေ ပေါများလာမယ့် ကရင်ပြည်နယ်

ကရင်ပြည်နယ်က ပဋိပက္ခ အဆုံးသတ်သွား တာနဲ့အတူ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်ကိုင်သူတွေ နည်းပါးပြီး ကိုယ့်ရပ်ကိုယ့်ရွာမှာပဲနေထိုင်ကြတော့မှာမို့ ပညာသင်ကြားပေးစရာအခွင့်အလမ်းတွေလည်း ပိုများလာခဲ့ပါပြီ။

ကရင်ပြည်နယ်က ပဋိပက္ခ အဆုံးသတ်သွား တာနဲ့အတူ ထိုင်းနိုင်ငံကို ရွှေ့ပြောင်း
လုပ်ကိုင်သူတွေ နည်းပါးပြီး ကိုယ့်ရပ်ကိုယ့်ရွာမှာပဲနေထိုင်ကြတော့မှာမို့ ပညာ
သင်ကြားပေးစရာအခွင့်အလမ်းတွေလည်း ပိုများလာခဲ့ပါပြီ။

အစိုးရက ဦးဆောင်တဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားရေးအစီအစဉ်
ဖြစ်တဲ့ Technical and Vocational Education and Training (TVET) ကို ကုလသမဂ္ဂက
စီမံခန့်ခွဲတဲ့ အစားအသောက်ကွပ်ကဲရေးနှင့် အသက်မွေးမှုဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Livelihoods
and Food Security Trust Fund - LIFT ) က ရန်ပုံငွေ ထောက်ပံ့ပေးထားပါတယ်။

TVET ရဲ့ ဘားအံ သင်ကြားရေး ပထမအသုတ်ကနေ ကိုယ်ပိုင်လုပ်ငန်း
ထူထောင်သွားကြသူ ၅ဝ ရာခိုင်နှုန်းရှိတယ်လို့ LIFT မှ ရူဘင်မာဟီရာရီးရားက
ရေးသားထားပါတယ်။

မြန်မာ့စီးပွားရေး တံခါးဖွင့်ခြင်းကြောင့် အရည်အသွေးပြည့်ဝတဲ့ ကျွမ်းကျင်လုပ်သား
တွေကို ထုနဲ့ထည်နဲ့ လိုအပ်လာတာဟာ အစိုးရဦးဆောင်တဲ့ TVET အစီအစဉ်ရဲ့
အရေးပါပုံကို ပိုမိုသိသာစေပါတယ်။

TVET ဟာ ၂ဝ၁၂ - ၂ဝ၁၄ ခုနှစ်အတွက် အစိုးရရဲ့ ပညာရေးသုံးသပ်ချက်ထဲက
မြန်မာ့ပညာရေးစနစ်ကို ပြန်လည်တည်ဆောက်နေတဲ့ အဓိက နယ်ပယ်
ခြောက်ခုထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

သို့ပေမယ့် TVET ဟာ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

ပထမဆုံးက သင်တန်းတွေဟာ ဝန်ကြီးဌာန၁၉ ခုအောက်မှာ တကွဲတပြားစီ
ဖြစ်နေတာပါ။

ဒုတိယက TVET အနေနဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိကလုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းတွေနဲ့
အချိတ်အဆက်ကောင်း မရှိတာပါပဲ။

သင်ကြားပေးတာတွေနဲ့ အလုပ်စျေးကွက်က လိုအပ်တာတွေနဲ့ အံဝင်ခွင်ကျမဖြစ်ဘူးလို့
ဆိုလိုချင်တာပါ။

တတိယဖြစ်တဲ့ အခြေခံအဆောက်အအုံကတော့ အဓိကပြဿနာ ဖြစ်ပါတယ်။
နည်းပညာပိုင်း၊ ပစ္စည်းကိရိယာပိုင်းနဲ့ အလေ့အကျင့်ပြည့်ဝတဲ့ ဆရာတွေ
လိုအပ်နေပါတယ်။

အဲဒါရဲ့ရလဒ်ကတော့ သင်ကြားပေးနေတဲ့ သင်တန်းတွေ၊ ပညာရပ်တွေအပေါ်မှာ
ယုံကြည်မှုကင်းမဲ့စေတာပါပဲ။

နိုင်ငံစုံအလှူရှင်ဖြစ်တဲ့ LIFT က ကရင်ပြည်နယ်မှာ LIFT ကို အင်အားဖြည့်တင်းပေး
နေပါတယ်။

ဝင်ငွေရရှိမယ့် အခွင့်အလမ်းတွေကို LIFT က မြှင့်တင်ပေးပြီး ကုန်ထုတ်လုပ်မှုမရှိတဲ့
အိမ်ထောင်စုတွေကို စိုက်ပျိုးရေးနယ်ပယ်ကနေ ကုန်ထုတ်လုပ်မှုပိုများတဲ့
လုပ်ငန်းတွေကို ခြေချဖို့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေနဲ့ ကူညီပေးပါတယ်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်မှာ လျာထားတဲ့ ဘားအံ လေယာဉ်မောင်း
သင်တန်း စီမံကိန်းအတွက် TVET ရဲ့ အဆောက်အအုံတွေကို Adventist Development
and Relief Agency's (ADRA's) က ပြုပြင်မွမ်းမံလျက်ရှိပြီး အဲဒီအတွက် LIFT က
ရန်ပုံငွေပံ့ပိုးပေးနေပါတယ်။

ကရင်ပြည်နယ်မှာ နှစ်ပေါင်း ၆ဝ ကြာမြင့်ခဲ့တဲ့ ပဋိပက္ခအပြီး ထိုင်းနိုင်ငံဘက်ကို
အလုပ်သွားလုပ်ဖို့လည်း  တားမြစ်ထားတဲ့အတွက် လူငယ်တွေအနေနဲ့
အလုပ်အကိုင်ရှာဖွေဖို့ ဘားအံ့မြို့ကိုပဲ လာကြတာကို ဒီစီမံကိန်းကနေ တွေ့ရှိခဲ့ပါတယ်။

ဘားအံနည်းပညာကောလိပ်မှာရှိတဲ့ TVET ရဲ့ အဆောက်အအုံတွေကို ပြုပြင်မွမ်းမံခဲ့ပြီး
ပြီဖြစ်သလို ကောလိပ်က ဆရာတွေအနေနဲ့လည်း ထိုင်းနိုင်ငံ TVET ကောလိပ်တွေရဲ့
လေ့ကျင့်ရေး အစီအစဉ်မှာ သွားရောက်ပါဝင်ခဲ့ကြပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပြင်အတတ်၊ ဆိုင်ကယ်ပြုပြင်နည်း၊ ကွန်ပျူတာပညာနဲ့
အပ်ချုပ်ပညာတွေလို ကရင်ပြည်နယ်မှာ လတ်တလော လိုအပ်ချက်မြင့်နေတဲ့
ပညာရပ်တွေအတွက် ကာလတိုသင်တန်းတွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ အသက်မွေးဝမ်းကျောင်းပညာရေးကော်မရှင် the Office of Vocational
Education Commission (OVEC)ဆီကမွမ်းမံထားတဲ့သင်ရိုးညွှန်းတမ်းနဲ့ အလုပ်ရှာဖွေရာမှာ
လက်တွေ့လိုအပ်တာတွေကိုလည်း သင်တန်းမှာ ထည့်သွင်းထားပါတယ်။ ကျား၊
မဆိုင်ရာနဲ့ အစာအာဟာရဆိုင်ရာ အသိပညာ၊ အလုပ်ခွင်အကြိုလေ့ကျင့်ရေး၊
အသေးစားလုပ်ငန်းဆိုင်ရာ ပညာရပ်တွေနဲ့အတူ ဖြည့်စွက်သက်မွေးပညာ
ဘာသာရပ်ဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်တွေရှိပြီး သင်တန်းပြီးပါက အလုပ်သင်အဖြစ်
နှစ်ပတ်လုပ်ကိုင်ပြီး အလုပ်ခွင်ဝင်နိုင်အောင် လုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားပါတယ်။

ဆင်းရဲနွမ်းပါးသူတွေပါ တက်ရောက်နိုင်ဖို့ စရိတ်ငြိမ်းပညာသင်ဆုလည်း ပါဝင်ပါတယ်။

ပထမအသုတ်သင်တန်းဆင်းထဲက ကိုယ်ပိုင်လုပ်ငန်းထူထောင်သွားသူနဲ့ အလုပ်
ရရှိသွားသူ ရဝ ရာခိုင်နှုန်းရှိပြီး တစ်လကို ၂၅,ဝဝဝ ကနေ၂ဝဝ,ဝဝဝ ကြားဝင်ငွေ
ရရှိကြပါတယ်။

ဖောက်သည်တွေနဲ့ စည်ကားနေတတ်တဲ့ ဘားအံက ဒေါ်ပိုပိုရဲ့ ပုံနှိပ်ဆိုင်က
ကွန်ပျူတာဘွဲ့ရ နှစ်ဦးကို အလုပ်သင်အဖြစ် ခေါ်ခဲ့ပါတယ်။

အလုပ်သင်ကာလ နှစ်ပတ်ပြီးတဲ့ နောက် ဒေါ်ပိုပိုက သူတို့နှစ်ဦးကို အချိန်ပြည့်
ဝန်ထမ်းအဖြစ် ခန့်ခဲ့ပါတယ်။

''ဒါက နှစ်ဖက်စလုံးအကျိုးရှိတဲ့ ကိစ္စပါ။ ကျွန်မက ဝန်ထမ်းကောင်းရသလို သူတို့လည်း
သင့်တော်တဲ့အလုပ်ကိုရကြတယ်''လို့ ဒေါ်ပိုပိုက ဆိုပါတယ်။

နော်တင်တင်အေးကတော့ ပညာသင်ဆုရခဲ့ပြီး အပ်ချုပ်ဆိုင်ဖွင့်ဖို့အတွက် ချေးငွေထုတ်ယူ
ခဲ့ပါတယ်။

ရွာမှာ ကားဂိတ်နဲ့ကပ်လျက်နားက သူ့ရဲ့အပ်ချုပ်ဆိုင်လေးဟာ ဖွင့်ဖွင့်ချင်း
လတွေမှာတင် တစ်လကို ဝင်ငွေ ၁ဝဝ,ဝဝဝ ရခဲ့ပါတယ်။

အဲဒီကနေ လုပ်ငန်းချဲ့ထွင်နိုင်ခဲ့လို့ သားသမီးတွေကိုလည်း ကျောင်းထားနိုင်ခဲ့ပါတယ်။
''အခုဆို ကျွန်မကို လူတွေက ယုံကြည်နေကြပြီ၊ ကျွန်မဘဝမှာ ဒီလိုမျိုးဖြစ်လာတာ
ဒါပထမဆုံးအကြိမ်ပဲ''လို့ သူက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေး နိုင်ငံတကာရုံးရဲ့အဆိုအရ ထိုင်းနိုင်ငံကိုသွားတဲ့ မြန်မာ
ရွှေ့ပြောင်းလုပ်သား လေးပုံသုံးပုံဟာ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့
တနင်္သာရီတိုင်းဒေသကြီးတို့က ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကရင်လူမျိုး လုပ်သားတွေများပြားတဲ့အတွက် ဌာနေမှာ TVET
သင်ကြားရေးတွေကို တိုးမြှင့်ပေးခြင်းအားဖြင့် ထပ်သွားမယ့်သူတွေအနေနဲ့
ကျွမ်းကျင်အရည်အသွေးတွေရှိလာပြီး အလုပ်အကိုင်ကောင်းရရှိနိုင်သလို
မိသားစုတွေထံကိုလည်း ငွေများများပြန်ပို့နိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရပ်ကိုယ်ရွာမှာပဲ နေမယ်ဆိုရင်လည်း ကြီးထွားဖွံ့ဖြိုးလာတဲ့ ကုန်ထုတ်လုပ်ငန်း
တွေမှာ ပါဝင်နိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မှာပါ။

မြန်မာ့ကျေးလက်က ဆင်းရဲနွမ်းပါးပြီး အားနည်းသူတွေရဲ့ လူနေမှုဘဝနဲ့
အခွင့်အလမ်းတွေ တိုးတက်လာစေဖို့ ၂ဝဝ၉ ခုနှစ်မှာ LIFT ကို ဖွဲ့စည်းခဲ့ပါတယ်။

သြစတြေးလျ၊ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊
နယူးဇီလန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုအစိုးရ
အဖွဲ့အစည်းတွေနဲ့အတူ ပုဂ္ဂလိက အဖွဲ့အစည်းအနေနဲ့ မစ်ဆူဘီရှီကော်ပိုရေးရှင်းတို့က
ရန်ပုံငွေ ပူးပေါင်းမတည်ထားတာ ဖြစ်ပါတယ်။

အဲဒီရန်ပုံငွေကိုတော့United Nations Office for Project Services (UNOPS) က
စီမံခန့်ခွဲပါတယ်။ ထပ်မံသိရှိလိုပါက www.lift-fund.org  ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ကျော့ဒါလီလင်း ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021