မြန်မာနိုင်ငံ အင်္ဂလိပ်စာသင်ကြားရေး သမိုင်းကြောင်း

မြန်မာနိုင်ငံ အင်္ဂလိပ်စာသင်ကြားရေး သမိုင်းကြောင်း

ရန်ကုန်မြို့ရှိ အင်္ဂလိပ်စာ စာသင်ဝိုင်းများ၏ သမိုင်းကြောင်းမှာ မဝေးလှသေးသော ၁၉၅ဝ ပြည့်လွန်နှစ်များတွင် ခင်မင်သူများက အန်တီမော်နီကာဟု ချစ်စနိုးခေါ်သည့် ဒေါ်မော်နီကာမြမောင်က မြန်မာလူမျိုးများ အင်္ဂလိပ်စကား ကောင်းမွန်စွာ ပြောတတ်စေရန် စာသင်ဝိုင်းများ စတင်ရာက ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ အင်္ဂလိပ်စာ စာသင်ဝိုင်းများ၏ သမိုင်းကြောင်းမှာ မဝေးလှသေးသော
၁၉၅ဝ ပြည့်လွန်နှစ်များတွင် ခင်မင်သူများက အန်တီမော်နီကာဟု ချစ်စနိုးခေါ်သည့်
ဒေါ်မော်နီကာမြမောင်က မြန်မာလူမျိုးများ အင်္ဂလိပ်စကား ကောင်းမွန်စွာ ပြောတတ်စေရန်
စာသင်ဝိုင်းများ စတင်ရာက ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဒေါ်မော်နီကာမြမောင်သည်အင်္ဂလိပ်အမျိုးသမီးတစ်ဦးဖြစ်ပြီး မြန်မာအမျိုးသားနှင့် လက်ထပ်ကာ
မြန်မာနိုင်ငံအတွက် သူ့ဘဝကို မြှုပ်နှံခဲ့လေသည်။၁၉၈ဝ ပြည့်လွန်ကာလသို့အရောက်တွင်
အင်္ဂလိပ် - အိန္ဒိယကပြား အမျိုးသမီးတစ်ဦး ရန်ကုန်တွင်စာသင်ဝိုင်းများ တည်ထောင်လာသည်။

ရိုဆဲရ်ဆိုသည့် ထိုဆရာမ၏ကျောင်းသားအချို့မှာ ရန်ကုန်တွင် ယခု စာသင် နေကြဆဲ
ဖြစ်ပါသည်။

ဒေါ်မော်နီကာမြမောင်နှင့် ရိုဆဲရ်တို့မရှိတော့သည်မှာ ဝမ်းနည်းဖွယ်ကောင်းပါသည်။

သို့သော် ရန်ကုန်တွင် အင်္ဂလိပ်စာ သင်ကြားသူများ ယခုလို တိုးပွားလာခြင်း၏ အုတ်မြစ်မှာ
သူတို့ပင်ဖြစ်ပါသည်။

အမေရိကန်လူမျိုး ဆရာများနှင့် အင်္ဂလိပ်စာသင်ကြားရေးတွင် နေရာအခိုင်အမာရရှိခဲ့သော
The International School in Yangon (ISY) သည် ယခုအချိန်ထိလည်း ချမ်းသာကြွယ်ဝ
သော မြန်မာများနှင့် နိုင်ငံခြားသားမိဘများ၏ သည်းခြေကြိုက်ဖြစ်နေဆဲဖြစ်သည်။

နောက်ထပ် ကျောင်းတစ်ကျောင်းမှာ The Diplomatic School  ဖြစ်ပြီး ကျောင်းသားများ
နိုင်ငံရပ်ခြားသို့ ပညာသင်သွားချင်စိတ် ပေါ်ပေါက်လာအောင် ကျောင်းရှိ အမေရိကန်ဆရာ
နှစ်ဦးက အတိုင်းထက်အလွန် တိုက်တွန်းနိုင်ခဲ့သည်။

၁၉၉၆ တွင် ဗြိတိသျှကောင်စီက 'တိုက်ရိုက်သင်ကြားရေး အစီအစဉ်'ကို ဖွင့်လှစ်ခဲ့သည်။

ခပ်ကျဉ်းကျဉ်း အစပျိုးခဲ့သော ဗြိတိသျှကောင်စီသည် လက်ရှိတွင် လူကြီး၊ လူငယ်များနှင့်
ကလေးများအတွက်အတန်းများ၊ ပြည်တွင်း ပြည်ပဆရာများအတွက် လေ့ကျင့်ရေးအတန်းများ၊
စာမေးပွဲအကြို လေ့ကျင့်ရေးအတန်းများနှင့် အဆပေါင်းများစွာ တိုးတက်နေပြီဖြစ်သည်။

အမေရိကန်စင်တာသည်လည်း အရေး၊ အပြော နှစ်ခုလုံးအတွက် သင်တန်းများဖွင့်ပေးခဲ့ပြီး
ယခုတိုင်လည်ပတ်နေဆဲ ဖြစ်သည်။

မြန်မာအစိုးရက ထိုနှစ်မတိုင်ခင် တစ်နှစ် ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်သင်ရိုးညွှန်းတမ်းကို
သုံးစွဲသော အစိုးရ အခြေခံပညာကျောင်းများနည်းတူ ပုဂ္ဂလိကကျောင်းများကိုပါ ဖွင့်လှစ်ခွင့်ပြုရန်
ဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ပထမဆုံးအသုံးချခဲ့သော အဖွဲ့အစည်းမှာ  ILBC ဖြစ်သည်။

ILBC ထက် အနည်းငယ်နောက်ကျပြီး (သို့မဟုတ်) တစ်ပြိုင်တည်းလိုလို ဖွင့်လာသောကျောင်းမှာ
Crane School ဖြစ်သည်။

ထို့နောက် The British School ? Pan Hlaing's Harrow School နှင့် Shichida Myanmar တို့
ဖွင့်လှစ်ခဲ့ပြီး ကလေးငယ်များကို အင်္ဂလိပ်စာနှင့် ထိတွေ့ပေးခဲ့သည်။

ထိုကျောင်းများ နောက်တွင် MIS , MISY,  ISM,  YIS,  PRIDE
International, Brainworks, Total,  ALBA, YES တို့ ဆက်တိုက်ဖွင့်လှစ်ခဲ့သည်။

ထို့ပြင် လူကြီးများအတွက် ပုဂ္ဂလိက ဘာသာစကားကျောင်းများကို ၂ဝဝ၉ ဝန်းကျင်ခန့်တွင်
ဖွင့်လှစ်နိုင်ခဲ့ရာ ပထမဆုံးမှာ Nexus ၊ ထို့နောက် ၂ဝ၁၁ ခုနှစ်တွင် Edulink Australia ကို
ဖွင့်လှစ်သည်။

ထို IELTS သင်တန်းများနှင့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက်အရေးကြီးသော ကလေးများအတွက်
သင်တန်းများကို ယခုအချိန်တွင် အဖွဲ့အစည်းအမျိုးမျိုး၊ ကျောင်းအမျိုးမျိုးက ဖွင့်လှစ်နေကြသည်။

သို့ရာတွင် လုပ်ငန်းခွင်အင်္ဂလိပ်စာ သင်တန်းများမှာမူ လိုအပ်ချက်နှင့်ယှဉ်လျှင် အတော်
နည်းနေပါသေးသည်။

ကျောင်းသားများအနေဖြင့် ပုံမှန်အတန်း များကို တက်ရန်အဆင်မပြေလျှင်ဖြစ်စေ၊ ဆရာနှင့်အနီးကပ်
သင်ကြားလိုလျှင်ဖြစ်စေ အလွတ်တန်းဆရာများ လိုအပ်လာသည်။

လက်ရှိတွင် ရန်ကုန်၌ မြန်မာလူမျိုး အင်္ဂလိပ်စာ အလွတ်တန်းဆရာ အနည်းဆုံး ၈ဝဝ ခန့်နှင့်
အလွတ်တန်းဆရာတစ်ယောက်၏ မသေချာမရေရာသော လုပ်ငန်းခွင် အခြေအနေများကို
ရင်ဆိုင်ရဲသည့် နိုင်ငံခြားသား ဝိုင်းဆရာ လက်တစ်ဆုပ်စာခန့် ရှိပါသည်။

ဤနေရာတွင် မသေချာ မရေရာဟု ဆိုလိုရခြင်းမှာ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ၌ပင်လျှင်
မိဘများသည် သူတို့သားသမီးများ အကောင်းဆုံးဆရာနှင့် သင်ယူဖို့ရန် မည်မျှငွေကြေးကိုဖြစ်စေ
ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဝင်ငွေနှုန်းထားများမှာ ထိုနိုင်ငံများကို မမီသေးသောကြောင့်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် အင်္ဂလိပ်ဘာသာ တတ်မြောက်လိုသူ ကျောင်းသားများအတွက် ပညာရေး
အခွင့်အလမ်းများ ရန်ကုန်တွင် တစ်ပုံတစ်ပင် ရှိနေပါသည်။

သို့သော်လည်း သင်တန်းကနေ ဘာတွေရနိုင်လဲ၊ သုံးစွဲမည့်ငွေကြေးသည် ရမည့်အတွေ့အကြံုနှင့်
ထိုက်တန်မည်လား စသည်တို့ကို သေချာစုံစမ်းရန် ဆရာတစ်ဦးအနေဖြင့် အကြံပြုလိုပါသည်။

ကျော့ဒါလီလင်း ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021