စာသင်ခန်းကတစ်ဆင့် လက်တွေ့ဘဝထဲသို့ ဝင်ရောက်သင်ယူခြင်း

စာသင်ခန်းကတစ်ဆင့် လက်တွေ့ဘဝထဲသို့ ဝင်ရောက်သင်ယူခြင်း

ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်ရေး အဓိကဦးတည်တဲ့ ပရဟိတပညာရေးအဖွဲ့အစည်း တွေဟာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေရုံမကဘူးလို့ ပညာရေးဆိုင်ရာ ဥပဒေကျွမ်းကျင်သူ အီဝင်ကင်မရွန်းက ဆိုပါတယ်။

''ပရဟိတ ပညာရေးသမားတွေဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ပါဝင်လာစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်
ရေးအတွက် ဦးတည်ဆောင်ရွက် နေသလို သူတို့အနေနဲ့ လစ်ဟာနေတဲ့ကွက်လပ်တွေကို
ဖြည့်ရုံသက်သက်သာမကဘဲ မြန်မာ့ပညာရေးအတွက် အဖြေရှာနေသူတွေဖြစ်တယ်'' လို့
သပြေပညာရေးဖောင်ဒေးရှင်း က ပညာရေးဥပဒေပညာရှင် အီဝင်ကင်မရွန်း (Education Policy
Fellow) က ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသားတွေအနေနဲ့ အထက်တန်းကျောင်းပြီးဆုံးလို့ ဆက်လက်
ပညာသင်ကြားချင်တဲ့အခါ သူတို့ရရှိမှာက ကြိုတင်စီရင်ထားပြီးသား အနာဂတ်တွေပါ။

တက္ကသိုလ်မှာ သူတို့ရရှိမယ့် ဘာသာရပ်ဟာ အထက်တန်းကျောင်းက သူတို့ရရှိတဲ့
ရမှတ်ပေါ်မူတည်နေပါတယ်။

အခွင့်ထူးခံ အသိုင်းအဝိုင်းကလာရင်တော့ ပုဂ္ဂလိကကျောင်းတွေမှာ ရွေးချယ်စရာတွေ
ရနိုင်သလို နိုင်ငံရပ်ခြားထိ သွားနိုင်ပါသေးတယ်။

ကျောင်းသားအများစု အထူးသဖြင့် အဖိနှိပ်ခံ လူ့အဖွဲ့အစည်းကလာတဲ့ ကျောင်းသားတွေအဖို့တော့
ရွေးချယ်စရာဆိုတာမရှိပါဘူး။

သို့ပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ လူမှုရေးအဖွဲ့တွေနဲ့ ပြည်တွင်း အင်န်ဂျီအိုတွေက
မြန်မာနိုင်ငံက အခွင့်အရေးဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ပညာရပ်ဆိုင်ရာ အခွင့်အလမ်းတွေ
ပေးနိုင်ဖို့ရည်ရွယ်ချက်နဲ့ ပညာသင်ကြားရေးအစီအစဉ်တွေ၊ အဖွဲ့အစည်းတွေ တည်ထောင်လာ
ကြပါတယ်။

မြည်မာပြည်အနှံ့ ပေါ်ပေါက်လာတဲ့ အလယ်တန်းလွန် ပရဟိတ ပညာရေးအစီအစဉ်တွေမှာ
တူညီချက်တွေ ရှိနေတတ်ပါတယ်။

အဲဒီက ကျောင်းသားတွေဟာ အသက် ၂ဝ၊ ၂ဝ ကျော်ဝန်းကျင်တွေဖြစ်ပြီး အများစုက
လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းတွေက ဖြစ်နေတတ်ပါတယ်။

အင်္ဂလိပ်စာနဲ့ လူမှုရေးပညာတွေကို အဓိကသင်ကြားတဲ့ တစ်နှစ်သင်တန်းတွေကို
တက်ရောက်လေ့ ရှိကြပါတယ်။

''အင်္ဂလိပ်စာက သူတို့နေထိုင်တဲ့လောက အပြင်ဘက်ကို ပို့ဆောင်ပေးနိုင်ပါတယ်။
သူတို့ရဲ့ စိတ်တံခါးကိုဖွင့်ပေးပြီး လက်တွေ့လောကကို သိမြင်စေပါတယ်'' လို့ မြစ်ကြီးနား
ပညာတံခါး အကယ်ဒမီက တာဝန်ခံဆရာ သောမတ်စ်က ဆိုပါတယ်။

ပညာတံခါး အကယ်ဒမီဟာ ကချင် ပြည်နယ်က လူငယ်တွေအတွက် အင်္ဂလိပ်စာနဲ့
လူမှုရေးပညာရပ်တွေကို ဖွင့်လှစ်သင်ကြားခဲ့တာ နှစ်နှစ်ရှိပြီဖြစ်ပြီး ပထမနှစ်မှာ အင်္ဂလိပ်စာကို
သီးသန့် မဖြစ်မနေသင်ရပါတယ်။

အင်္ဂလိပ်စာဟာ အသိပညာအရင်းအမြစ်ကို ချဲ့ထွင်ပေးရုံသာမက ပိုမိုကောင်းမွန်တဲ့
အလုပ်အကိုင် အခွင့်အလမ်းတွေ အထူးသဖြင့် ဖွံ့ဖြိုးကဏ္ဍတွေမှာ အကျိုးရှိစေပါတယ်။

ရန်ကုန်မှာဆိုရင် ကံ့ကော်ပညာရေးစင်တာဟာ ၂ဝဝ၉ ခုနှစ်ကတည်းက ဖွင့်လှစ်တဲ့
ပထမဆုံး အလယ်တန်းလွန် ပရဟိတ ပညာရေးအဖွဲ့အစည်းတွေထဲမှာ တစ်ခုအပါအဝင်
ဖြစ်ပါတယ်။

သပြေပညာရေး ဖောင်ဒေးရှင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တစ်နှစ်ကို ကျောင်းသား ၆ဝ
ဝန်းကျင်လက်ခံပါတယ်။

ကျောင်းသားတွေဟာ မြည်မာပြည်အနှံ့က လာပြီး တစ်နှစ်ကြာမြင့်တဲ့ အင်္ဂလိပ်စာ၊ လူမှုရေးပညာနဲ့
ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားနည်း သင်တန်းတွေကို တက်ရောက်ကြပါတယ်။

နိုင်ငံတကာ ပညာသင်ဆုတွေ ရွေးချယ်ရာမှာ လိုအပ်တဲ့ အင်္ဂလိပ်စာနဲ့ အထွေထွေပညာတွေကို
သင်ကြားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစဉ်အစီကို စတင်ခဲ့တာဖြစ်ပြီး မနှစ်က နိုင်ငံတကာ
တက္ကသိုလ်တွေကနေ ကျောင်းသား ခြောက်ယောက် ပညာသင်ဆုရရှိခဲ့ပါတယ်။

ဒီအစီအစဉ်က ပညာသင်ဆုကို ဦးတည်ချက်ထားပေမယ့် ပိုမိုကျယ်ပြန့်တဲ့ ရည်ရွယ်ချက်
တစ်ခုအဖြစ် ယခုအခါ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို အဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ကိုင်နိုင်မယ့်
အရည်အချင်းပြည့်ဝတဲ့ မျိုးဆက်သစ်တစ်ခု ပေါ်ထွက်လာစေဖို့ ဦးတည်နေပြီဖြစ်ပါတယ်။

''ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ အင်္ဂလိပ်စာနဲ့ လူမှုရေးပညာကိုတတ်ကျွမ်းပြီး ဓမ္မဓိဋ္ဌာန်ကျကျ
လည်း စဉ်းစားတွေးခေါ်တတ်တဲ့ ကျောင်းသားတွေကို လိုအပ်နေပါတယ်။ကျွန်မတို့ကတော့
ဒီအစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးကို အခြေပြုတဲ့ အထွေအထွေပညာရေးလို့ မှတ်ယူထားပါတယ်''လို့
ပရိုဂရမ် ဒါရိုက်တာ ဒေါ်ဇင်မာဦးက ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်က Level Upအစီအစဉ်ဟာလည်း လူမှုရေးအဖွဲ့အစည်းတွေရဲ့
အလယ်တန်းလွန်ပညာရေး တစ်ခုအဖြစ် ဥပမာပြစရာပဲဖြစ်ပါတယ်။  

နှစ်နှစ်ကြာမြင့်တဲ့ ပေါင်းစပ်ဘာသာတွဲ သင်တန်းတွေကို ဖွင့်လှစ်ထားပြီး ကယားပြည်နယ်
တစ်ဝိုက်ကနေ တစ်နှစ်ကို ကျောင်းသားသုံးဆယ် ရွေးချယ်လက်ခံပါတယ်။

ဒီပေါင်းစပ်ဘာသာတွဲ သင်တန်းတွေ လိုအပ်နေတဲ့အကြောင်းကို ကျောင်းအုပ် အယ်လိစ်က
အခုလိုရှင်းပြပါတယ်။

''ကျောင်းသားတွေ အထက်တန်းကျောင်းပြီးတဲ့အခါ အလုပ်လုပ်မယ် ဒါမှမဟုတ်
ရှေ့ဆက်ပညာသင်ယူမယ်ဆိုရင် ကျွမ်းကျင်မှုတွေ ယုံကြည်မှုတွေ သူတို့မှာ လိုအပ်နေပါသေး
တယ်။ Level Up ရဲ့ကျောင်းသားဟောင်းတွေဟာ ဆရာ ဆရာမတွေ၊ လူထုကျန်းမာရေး
အရာရှိတွေ၊ အင်န်ဂျီအိုဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်နေကြပြီး သူတို့တွေဖွံ့ဖြိုး
တိုးတက်ရေးနယ်ပယ်တွေမှာ အတည်တကျ နေရာတစ်ခု ရရှိဖို့ ဒီသင်တန်းက အထောက်
အပံ့ဖြစ်တဲ့အကြောင်း အယ်လိစ်က အခုလိုမှတ်ချက်ပေးပါတယ် အခုဆိုရင် ပိုမြင့်တဲ့ရာထူးတွေကို
သူတို့ရနိုင်သလို အဖွဲ့အစည်းဆိုင်ရာ အစီအစဉ် ဆွဲတာတွေ ဆုံးဖြတ်ချက်ချတာတွေမှာလည်း
ပါဝင်နိုင်နေပါပြီ''တစ်နိုင်ငံလုံးအနေနဲ့ဆိုရင် အဲဒီသင်တန်းတွေကို တက်ရောက်တဲ့ ကျောင်းသား
အရေအတွက်ဟာ ပုဂ္ဂလိကပညာရေးနယ်ပယ်မှာ အတော်အတန် နည်းပါးနေသလို
တက်ရောက်ခွင့်ရဖို့လည်း သိပ်မလွယ်လှပါဘူး။

သို့ပေမဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်အကျိုးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါတဲ့အတွက် ရလဒ်ကတော့
ကျယ်ပြန့်နိုင်ပါတယ်။

ကျောင်းသားတွေကို သူတို့ရဲ့ ကိုယ်ရေးကိုယ်တာရည်မှန်းချက်တွေအတွက် ပညာရေး
အထောက်အပံ့ဆိုတဲ့အမြင်သာမက လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိရိယာတစ်ခု
ဆိုတဲ့ အမြင်ကိုပါ ရရှိစေတဲ့အတွက် ဖြစ်ပါတယ်။

ကျွန်မတို့ဆီက ကျောင်းသားတွေက သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တဲ့ ဒေသတွေ၊
ဝင်ငွေနည်းတဲ့ မိသားစုတွေလိုမျိုး အဖိနှိပ်ခံ လူ့အဖွဲ့အစည်းကလာပြီး ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းတွေမှာ ပါဝင်တာတို့ လုပ်အားပေးတို့လို လူမှုရေးလုပ်ငန်း အတွေ့အကြံုရှိကြတယ်။

သူတို့ဒီမှာတက်ပြီးတဲ့အခါ နေရပ်မှာ ပိုကောင်းတဲ့လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စိတ်အား
ထက်သန်လာကြတယ်။

ပညာတံခါးရဲ့ ပညာရေး အစီအစဉ်ကတော့ သင်ယူလေ့လာခြင်းရဲ့ လက်တွေ့မြင်သာတဲ့
ဦးတည်ချက်ကို အလေးထားတဲ့အကြောင်း သောမတ်စ်က အခုလိုမှတ်ချက်ပေးပါတယ်။

''ဒီကကျောင်းသားဟောင်းတွေ ကျွမ်းကျင်ပညာရှင် ဖြစ်လာတဲ့အခါ သူတို့ရဲ့လူ့အဖွဲ့အစည်းကို
အကျိုးပြုနိုင်ပါတယ်။ ဥပမာ လူမှုရေးသိပ္ပံမှာ ကျားမကွဲပြားမှု ပြဿနာတွေကို
ကျွန်တော်တို့သင်ပါတယ်။ ဒါပေမဲ့ ကျားမဆိုင်ရာအသိပညာတွေကို လက်တွေ့ဘဝမှာ
ဘယ်လိုအသုံးချမလဲဆိုတာလည်း ကျွန်တော်တို့သင်ပါတယ်။

''အဲဒီပညာရေး အစီအစဉ်တွေဟာ လွတ်လပ်တဲ့အလျောက် အစိုးရကျောင်းများ ပုဂ္ဂလိက
ကျောင်းများထက် ပိုမိုလိုက်လျောညီထွေရှိတဲ့ သင်ကြားမှုစနစ်ကို ပေးနိုင်ပါတယ်။ ပုံမှန်အတိုင်း
စာဖတ်ရုံ ဆွေးနွေးရုံထက်ပိုတဲ့ လက်တွေ့သိမြင်သင်ယူနည်းကို သင်တန်းအများစုမှာ
ထည့်သွင်းထားတတ်ပါတယ်။ လက်တွေ့သိမြင်သင်ယူနည်းရဲ့ ဇာစ်မြစ်ကတော့
သမိုင်းကြောင်းရှည်လျားလှပါတယ်။ ကွန်ဖြူးရှပ်ဟာ ဒီအယူအဆကို အစောဆုံး
တင်ပြခဲ့တဲ့သူတွေထဲက တစ်ယောက်ပါ။

သူ့ရဲ့ကျော်ကြားတဲ့ စကားတစ်ခွန်းက ''ကြားလိုက်တယ် မေ့သွားတယ်၊ မြင်လိုက်တယ်
မှတ်မိတယ်၊ လုပ်လိုက်တယ် နားလည်သွားတယ်'' ဆိုတာပါ။

ဒီသင်ယူနည်းရဲ့ အကျိုးကျေးဇူးတွေကို စိတ်ဝင်စားတဲ့သူများပါတယ်။

ဒါပေမဲ့ ဆန်းနေတာက ဒီနည်းကို ပညာရေး လေ့လာသုံးသပ်သူတွေကြားမှာ လူကြိုက်များနေပြီး
လက်တွေ့အသုံးချမှုကျတော့ နည်းနေတာပါ။

ဒီအချက်နဲ့ အကိုက်ညီဆုံးက မြန်မာနိုင်ငံပါပဲ။

ဒီမှာ လက်ရှိအချိန်ထိ အလွတ်ကျက် သင်ယူနည်းကို သင်ကြားရေးနည်းအဖြစ် တွင်တွင်
ကျယ်ကျယ် သုံးနေကြဆဲ ဖြစ်ပါတယ်။ သို့ပေမဲ့ ပရဟိတ ပညာရေး အစီအစဉ်တွေမှာတော့
လက်တွေ့သင်ယူနည်းရဲ့ အကျိုးကျေးဇူးကို ယုံကြည်ပြီး သူတို့ရဲ့သင်ခန်းစာတွေထဲမှာ
ထည့်သွင်းထားကြပါတယ်။

ပညာတံခါးမှာရော Level Up မှာပါ စီမံကိန်း စီမံခန့်ခွဲတာ၊ အကောင်အထည်ဖော်တာနဲ့
ကိုယ်တိုင်စီမံကိန်းတွေ ချမှတ်တာ စတဲ့ဘာသာရပ်တွေမှာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး
သင်ခန်းစာတွေ ပါရှိပါတယ်။

ကံ့ကော်မှာလည်း အလားတူအစီအစဉ်မျိုး ရှိပါတယ်။ ကျောင်းသားတွေအနေနဲ့ ှService
Learning လို့ခေါ်တဲ့ ကိုယ်တိုင်လက်တွေ့လုပ်ကိုင်တဲ့နည်းနဲ့  သင်ယူရတဲ့ စီမံကိန်း
စာသင်နှစ်တစ်နှစ် လုပ်ကိုင်ရပါတယ်။

အတန်းထဲမှာ လေ့ကျင့်ပြီးတဲ့အခါ နိုင်ငံတစ်ခွင်က တွဲဖက်အဖွဲ့အစည်းတွေနဲ့အတူ
လူမှုရေးလုပ်ငန်းတွေ များသောအားဖြင့် ပညာရေးနဲ့ ကြိုတင်ကာကွယ်ရေးဆိုင်ရာ
စီမံကိန်းတွေကို သွားရောက် လုပ်ကိုင်ကြပါတယ်။

မရွှေရည်ဦး က ကံ့ကော်မှာ ၂ဝ၁၂ ခုနှစ်က တက်ရောက်ခဲ့တာပါ။

သင်တန်းပြီးတဲ့နောက် ပြည်တွင်း ပြည်ပအင်န်ဂျီအိုမှာ သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။

လက်တွေ့သိမြင်သင်ယူနည်းရဲ့ အကျိုးကျေးဇူးတွေကို သူကပြန်ပြောပြ ပါတယ်။

''မွန်ပြည်နယ်မှာ ပအို့ဝ်၊ ကရင်၊ မွန်လူမျိုးတွေနဲ့ အတူလုပ်လုပ်ခဲ့ပါတယ်။ ကျွန်မက သူ့တို့ကို
သင်ပေးတာ ဆိုပေမယ့် ကျွန်မလည်း သူတို့ဆီက ပြန်သင်ယူရပါတယ်။ လက်တွေ့သင်ယူနည်း
က ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်သင်ယူထားတာကို လက်တွေ့ဘဝမှာ
ဘယ်လိုသုံးရမလဲ မသိဘူးဆိုရင် အကျိုးမရှိလို့ပါ။''အခု မြန်မာအစိုးက စတင်ဆောင်ရွက်နေတဲ့
အမျိုးသားပညာရေး ပြန်လည် တည်ဆောက်ရေး နှစ်ရှည်စီမံကိန်းရဲ့ အနာဂတ် အစီအစဉ်တွေက
ဘာတွေများလဲ။

အချို့က ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့  ပူးပေါင်းစေချင်ကြမယ်။ အချို့လည်း ပုဂ္ဂလိက
ကျောင်းတွေ ဖြစ်လာကြမယ်။

ယခုအတိုင်း သီးသန့်ရပ်တည်လိုသူတွေလည်း ရှိပေဦးမယ်။ ဘယ်လမ်းကိုပဲရွေးရွေး
'ကွက်လပ်ဖြည့်ရုံ' သက်သက်မကဘဲ ပညာရေးနည်းလမ်းသစ်တွေကိုပါ ဖန်တီးနေကြတာ
ဖြစ်ပြီး နောက်လာမယ့်ပညာရေးအစီအစဉ်တွေအတွက် နမူနာဖြစ်မယ့် တီထွင်ဆန်းသစ်တဲ့
သင်ရိုးညွှန်းတမ်းတွေ၊ သင်ယူနည်းတွေနဲ့ ပညာရေးနည်းလမ်းသစ်တွေပါ ပါဝင်ပါလိမ့်မယ်။

ကျော့ဒါလီလင်း ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021