၀န်ထမ်းတစ်ယောက်ချင်းစီရဲ့ စိတ်ကျန်းမာရေးက အဖွဲ့အစည်းတစ်ခုလုံးအတွက် ဘယ်လောက်ထိ အရေးပါပါသလဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က 'လုပ်ငန်းခွင်တွင် စိတ်ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့် အစီအစဉ်များကို ထည့်သွင်း တည်ဆောက် ခြင်းဖြင့် ၀န်ထမ်းများ၏ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ကုမ္ပဏီ၏ ကုန်ထုတ် စွမ်းအားကို တိုးတက်စေခြင်းနှင့် လူမှုပတ်ဝန်း ကျင်တစ်ခုလုံးအထိပါ ကောင်းကျိုးရရှိစေ ခြင်းတို့ ဖြစ်ပေါ်စေမည်'လို့ ဆိုထားပါတယ်။
၀န်ထမ်းတစ်ယောက်ချင်းစီရဲ့ စိတ်ကျန်းမာရေးက အဖွဲ့အစည်းတစ်ခုလုံးအတွက်
ဘယ်လောက်ထိ အရေးပါပါသလဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က 'လုပ်ငန်းခွင်တွင် စိတ်ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့် အစီအစဉ်များကို
ထည့်သွင်း တည်ဆောက် ခြင်းဖြင့် ၀န်ထမ်းများ၏ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ကုမ္ပဏီ၏
ကုန်ထုတ် စွမ်းအားကို တိုးတက်စေခြင်းနှင့် လူမှုပတ်ဝန်း ကျင်တစ်ခုလုံးအထိပါ ကောင်းကျိုးရရှိစေ
ခြင်းတို့ ဖြစ်ပေါ်စေမည်'လို့ ဆိုထားပါတယ်။ စိတ်ဝေဒနာနဲ့ မသန်စွမ်းမှုဟာ ကာယကံရှင်
စီးပွားရေးလည်း ဆိုးကျိုးသက်ရောက်မှုရှိစေပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က လုပ်ငန်းခွင်မှာ
စိတ်ကျန်းမာရေးဟာ အရေးကြီးတဲ့ အတွက် အဲဒီအတွက် အစိုးရရဲ့ အခန်း ကဏ္ဍနဲ့ စိတ်ကျန်း
မာရေးဆိုင်ရာ မူဝါဒတွေကို ထည့်သွင်းဖို့ဆိုတာတွေကိုလည်း အသေးစိတ် ရှင်းပြခဲ့ပါသေးတယ်။
ဩစတြေးလျရဲ့ စာတမ်း တစ်ခုဖြစ်တဲ့ 'စိတ်ဝေဒနာ ခံစားနေရသူ ၀န်ထမ်းများ(မန်နေဂျာလက်စွဲ)'
ကလည်း အလားတူသဘောမျိုး ဖော်ပြခဲ့ပါတယ်။ ကုန်ထုတ်စွမ်းအား တိုးတက်ဖွံ့ဖြိုးစေဖို့၊
အုပ်ချုပ်သူတွေနဲ့ လက်အောက်ကဝန်ထမ်းထု နှစ်ရပ်လုံး ကောင်းကျိုးရှိစေဖို့နဲ့ ကိုယ်ကျန်း
မာစေဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး က သိပ်ကိုအရေးကြီးပါတယ်။ အမေရိကမှာ
လူ ၁၈ ဒသမ ၂ ရာခိုင်နှုန်းဟာ စိတ်ဝေဒနာ ကို ရက် ၃၀ ခံစားရပြီးနောက် အလုပ်နဲ့ ကိုက်ညီ မှုမရှိတော့တာကို တွေ့ရတယ်လို့ လေ့လာမှု တစ်ခုက ဆိုပါတယ်။ ဂျာမနီက လေ့လာမှုမှာ
လည်း စိတ်ကျန ်းမာရေးကြောင့် တစ်နှစ် ပျမ်းမျှ အလုပ်လုပ်ရက် ၅ ဒသမ ၉ ရက် ဆုံးရှုံးနေ
တယ်လို့ ဖော်ပြထားပါတယ်။
* အလုပ်ခန့်မယ့် ၀န်ထမ်းရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ဘယ်လိုစစ်ဆေး
သိရှိနိုင်မလဲ။
စိတ်ပညာရှင်အဖွဲ့တွေက စီစဉ်ဆောင် ရွက်လေ့ရှိတဲ့ ကိုယ်ရည်ကိုယ်သွေး စိစစ် ရွေးချယ်မှုရဲ့
ရည်ရွယ်ချက်ထဲမှာ ကျန်းမာရေး ပြဿနာဖြစ်ဖို့ အလားအလာရှိတဲ့ ၀န်ထမ်း တွေကို မခန့်ခင်စိစစ်
သိရှိနိုင်ဖို့ ဆိုတာလည်း ပါ၀င်ပါတယ်။ ဒါပေမဲ့ အလုပ်သမားအခွင့် အရေးနဲ့ လူ့အခွင့်အရေး
နှစ်မျိုးစလုံးအရ အဲဒီလို စိတ်ကျန်းမာရေးပြဿနာရှိနေတဲ့ ၀န်ထမ်းတွေဟာလည်း ကူညီဖြေရှင်းမှု
တွေ ရရှိဖို့လိုအပ်ပါတယ်။ လုပ်ငန်းခွင် ကျန်းမာရေးနဲ့ အန္တရာယ်ကင်းရှင်းမှုထဲမှာ စိတ်ကျန်းမာရေး
ဆိုင်ရာ ၀န်ဆောင်မှုတွေကို ထည့်သွင်းပြဋ္ဌာန်းဖို့အတွက် အသေးစိတ် ဖော်ပြချက်တွေ
အပေါ်မှာ စာတ မ်းတွေထဲမှာ ပါရှိပါတယ်။ အဲဒီဖော်ပြချက်တွေအတိုင်း ဆောင်ရွက်ရင် စိတ်ကျန်းမာရေးပြဿနာ တွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ * မြန်မာနိုင်ငံရဲ့
စိတ်ကျန်းမာရေးစောင့်ရှောက်မှုက ဘယ်အနေအထားမှာရှိပါသလဲ။ ဖွံ့ဖြိုးပြီး
နိုင်ငံတွေမှာတောင် စိတ် ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုတွေ၊ အရင်း အမြစ်တွေက
ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ၀န်ဆောင်မှုတွေထက် အများကြီးနောက်ကျ ကျန်နေပါသေးတယ်။
မြန်မာနိုင်ငံမှာတော့ စိတ်ကျန်းမာရေး ၀န်ဆောင်မှုတွေက ဘယ်တုန်းကမှ ဖွံ့ဖြိုးခြင်းမရှိဘူး
ဒါမှမဟုတ် နိုင်ငံတကာစံချိန်တွေနဲ့အညီ မရှိဘူးပေါ့။ ဖွံ့ဖြိုးပြီးကမ္ဘာမှာ အဲဒီလိုဝန်ဆောင်မှုတွေက
ဌာနတစ်ခုအနေနဲ့ တည်ရှိရုံမကဘဲ လူမှု ပတ်ဝန်းကျင်ထဲမှာပါ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။
ဒါ့ပြင် ဦးစားပေးမှုမှာလည်း စိတ်ရောဂါကုပညာကို အခြားဆေးပညာ ဆိုင်ရာ အထူးပြုဘာသာတွေ
နဲ့ယှဉ်ရင် အများကြီးနှိမ့်ထားပါတယ်။ စိတ်ရောဂါကု ပညာအတွက် ဘွဲ့လွန်သင်တန်းတွေအတွက်
ပြည်ပကို ပညာတော်သင် စေလွှတ်ခြင်းမရှိပါ။ ဒါကြောင့် အသိပညာအရရော၊ ကုသမှုပညာ
အရရော၊ ကျင့်သုံးမှုမှာပါ အရည်အသွေး မမီသေးပါဘူး။ ကျန်းမာရေး (ရုပ်ပိုင်းဆိုင်ရာ နဲ့
စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံး)ဟာ လူသား အရင်းအမြစ်ဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရ
နိုင်ငံတစ်နိုင်ငံမှာ ကျန်းမာရေးဟာ အစိုးရ လူမှုဖူလုံရေးလုပ်ငန်းတစ်ရပ်အဖြစ် အမြဲပါ၀င်နေ
သင့်ပါတယ်။ နောက်ပြီး အကျိုး အမြတ်အတွက်မဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်း ဟာ အစိုးရလုပ်
ငန်းနဲ့ ယှဉ်တွဲရပ်တည်နိုင် ဖို့တော့ လိုပါတယ်။
* မြန်မာနိုင်ငံမှာ ပြည်သူ့ကျန်းမာရေးအတွက် ဘယ်စိတ်ပညာအဖွဲ့အစည်းတွေက
လုပ်ဆောင်နေပါသလဲ။
မြန်မာနိုင်ငံစိတ်ပညာအသင်း Myanmar Psychological Association(MPA) မှာ ဆွေးနွေး
တိုင်ပင်တာနဲ့ ၀န်ဆောင်မှုတွေကို ရယူနိုင်ပြီး အလုပ်ရုံဆွေးနွေးပွဲ တစ်ခု နှစ်ခုတောင်
ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော် မနှစ်က အဲဒီကိုရောက်တော့ ပညာရပ်ပိုင်း ဆွေးနွေးမှု
ပညာအတွက် ကျွန်တော့်လုပ်ဖော် ကိုင်ဖက်တချို့နဲ့ နှစ်ရက်ကြာတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို
စီစဉ်ခဲ့ပါတယ်။
















