သရီးအမ်ဒီဂျီ ရန်ပုံငွေ ဆိုတာဘာလဲ၊ မြန်မာနိုင်ငံမှာ ဘာတွေလုပ်နေပါသလဲ။
Three Millennium Development Goal Fund (3MDG) ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ) က ကလေး သူငယ်သေနှုန်းလျှော့ချရေးဆိုတဲ့ MDG 4၊ မိခင်တွေရဲ့ ကျန်းမာရေးကောင်းမွန်ရေးဆိုတဲ့ MDG 5 နဲ့ ကူးစက်ရောဂါများကို တိုက်ထုတ် ရေးဆိုတဲ့ MDG 5 အဲဒီရည်ရွယ်ချက်သုံးခု ကို ရည်ညွှန်းပါတယ်။
သရီးအမ်ဒီဂျီ ရန်ပုံငွေ ဆိုတာဘာလဲ၊ မြန်မာနိုင်ငံမှာ ဘာတွေလုပ်နေပါသလဲ။
Three Millennium Development Goal Fund (3MDG) ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး
ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ) က ကလေး သူငယ်သေနှုန်းလျှော့ချရေးဆိုတဲ့ MDG 4၊ မိခင်တွေရဲ့
ကျန်းမာရေးကောင်းမွန်ရေးဆိုတဲ့ MDG 5 နဲ့ ကူးစက်ရောဂါများကို တိုက်ထုတ် ရေးဆိုတဲ့ MDG 5
အဲဒီရည်ရွယ်ချက်သုံးခု ကို ရည်ညွှန်းပါတယ်။
အဓိကပန်းတိုင်ကတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စအဝဝ နဲ့ ပတ်သက်ပြီး
ကူညီနိုင်ဖို့အတွက် မြန်မာ နိုင်ငံသားတွေ အကုန်လက်လှမ်းမီတဲ့ ကျန်းမာ ရေးဝန်ဆောင်မှုတွေ
ဖြည့်ဆည်းပေးပါ တယ်။
ကျွန်တော်တို့ဟာ ကျန်းမာရေး ၀န်ကြီးဌာန၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ အင်န်ဂျီအိုတွေ၊
ကုလသမဂ္ဂအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ရန်ပုံငွေကို မြန်မာနိုင်ငံမှာ ဘယ်လို သုံးစွဲ နေပါသလဲ။
မြန်မာနိုင်ငံအနေနဲ့ ခံစားနေရတာက ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းနဲ့ ကလေး
သေဆုံးမှုနှုန်းတွေ မြင့်တက်နေတာပါပဲ။ အနည်းဆုံး ကိုယ်ဝန်ဆောင်မိခင် ၂,၄၀၀ နဲ့
ကလေး ရ၀,၀၀၀ နှစ်စဉ် သေဆုံးနေတဲ့ အတွက် နေ့စဉ်ပျမ်းမျှ ကိုယ်ဝန်ဆောင်မိခင် ရ
ယောက်နဲ့ ကလေး ၁၉၁ တစ်ယောက် သေဆုံးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့က
မြန်မာနိုင်ငံတစ်ခွင်မှာရှိတဲ့ မိခင်နဲ့ကလေး တွေအတွက် စဉ်ဆက်မပြတ် ကျန်းမာရေး
စောင့်ရှောက်မှုတွေနဲ့ ကလေးရဲ့ ငယ်စဉ်ဘဝ တစ်လျှောက် စောင့်ရှောက်မှုတွေကို ဖြည့်
ဆည်းပေးနေပါတယ်။ အဲဒီထဲမှာ မျိုးဆက်ပွား ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်ကျန်းမာရေး
၊ မီးဖွားပြီးနောက် ကျန်းမာရေး၊ နည်းစနစ် တကျ နို့ချို့တိုက်ကျွေးစေရေးနဲ့ ကလေးငါးနှစ်
အရွယ်ရောက်တဲ့အထိ အာဟာရ ဖြည့်စွက် ပေးတာ၊ တကိုယ်ရည်သန့်ရှင်းရေး အလေ့
အကျင့်တွေ ပြုစုပျိုးထောင်ပေးတာနဲ့ သာမန် ဖျားနာတာတွေကတွေ အသက်အန္တရာယ်ပေး
တဲ့အထိ မဖြစ်ရအောင် လျှော့ချပေးတာ စတာ တွေပါ၀င်ပါတယ်။
အဓိက အောင်မြင်တဲ့ကဏ္ဍတွေက ဘာတွေလဲ။
မနှစ်ကတော့ မိခင်တွေ၊ မွေးကင်းစ ကလေးငယ်တွေနဲ့ ကလေးငယ်တွေ အားလုံးပေါင်း
၃ ဒသမ ၅ သန်းအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဖြည့်ဆည်း ပေးနိုင်ခဲ့
ပါတယ်။ ဒီက သားဖွားပညာသင် ကျောင်းတိုင်းမှာ ခေတ်မီနည်းစနစ်တွေနဲ့
လေ့ကျင့်သင်ကြားရေးတွေ တိုးတက်လာစေဖို့ အပြင် မြို့နယ် ၂၀၀ နီးပါးက
အကူသားဖွား ဆရာမ ၅,၀၀၀ ကလေ့ကျင့်ရေးအတွက် ကူညီပံ့ပိုးမှုတွေကို
ကျန်းမာရေးဝန်ကြီးဌာနနဲ့ လုပ်ဆောင်နေတာ အခုဆိုရင် တစ်နိုင်ငံလုံး အတွက်
သတ်မှတ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ကျော်နေပြီဖြစ်ပါတယ်။ အဲဒီအတွက်လည်း
တကယ်ကို ၀မ်းသာမိပါတယ်။ တချို့နေရာ တွေ အထူးသဖြင့် ဝေးလံတဲ့ဒေသတွေမှာ
ဆိုရင် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးအတွက် ကျွမ်းကျင်ကျန်းမာရေးလုပ်သားဆိုလို့
အကူ သားဖွားဆရာမတွေပဲ ရှိပါတယ်။ ကျွန်တော်တို့ ကူးစက်ရောဂါတွေကိုလည်း
တိုက်ထုတ်နေပါတယ်။ အိတ်ချ်အိုင်ဗီရောဂါ ကို ခုခံနိုင်ဖို့အထောက်အကူပြု ဆေးဝါး
တွေကို ထိုးပေးခဲ့တာ လူပေါင်း ၂၆,၆၆၁ ယောက်ရှိပြီဖြစ်ပြီး 3MDG ရဲ့ သတ်မှတ်ချက် အတွက်
၁၀၇ ရာခိုင်နှုန်းရှိနေပြီဖြစ်သလို တစ်နိုင်ငံလုံးအတွက် နှစ်စဉ်သတ်မှတ်ချက် အထိပါ ၄၄
ရာခိုင်နှုန်းရောက်ရှိနေပါပြီ။ အမျိုးသား တီဘီရောဂါအစီအစဉ်နဲ့အတူ တီဘီရောဂါဖြစ်ပွားရတဲ့
တိမ်မြုပ်နေတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်နေပြီး ဥပမာ ပြရရင် မိုင်းတွင်းလုပ်သားတွေကို
သယ်ယူရ လွယ်ကူတဲ့ လေဆာစက်တွေနဲ့ အဖွဲ့လိုက် သွားရောက်စစ်ဆေးတာမျိုး ဖြစ်ပါတယ်။
ဘယ်သူတွေကို အဓိက ကူညီပါသလဲ။
ချို့တဲ့ပြီး လိုအပ်နေသူတွေကို ကျွန်တော် တို့ ဦးတည်တာဖြစ်ပြီး ဝေးလံခေါင်သီတဲ့ ဒေသကလူတွေ
များပါတယ်။ အိတ်ချ်အိုင်ဗီ၊ တီဘီ၊ ငှက်ဖျားရောဂါတွေနဲ့ပတ်သက်တဲ့ ၀န် ဆောင်မှုတွေကို
ကျေးလက်နဲ့ မြို့စွန်ဒေသ တွေမှာ ဖြည့်ဆည်းပေးမယ့် အဖွဲ့အစည်းတွေ အတွက် ကျွန်တော်တို့
ပံ့ပိုးပေးပါတယ်။ ဒေသတွေကတော့ ဥပမာ မတူခြားနားတဲ့ လူမျိုး၊ ဘာသာနဲ့ လူမှုရေး နောက်ခံ
အခြေ အနေတွေ ရှိနေတဲ့ ဒေသမျိုးတွေ၊ ရွှေ ထုတ်လုပ်တဲ့ဒေသတွေ၊ ကျောက်စိမ်း မိုင်း
တွင်းဒေသတွေ၊ စက်မှုဇုန်တွေ၊ အကျဉ်း ထောင်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အတွက်
အိုးအိမ်တည်ဆောက်တဲ့နေရာတွေပါ။ ဆင်းရဲနွမ်းပါးပြီး လိုအပ်တဲ့ ၀န်ဆောင် မှုတွေကို
မရရှိနိုင်တဲ့ လူ့အဖွဲ့အစည်းတွေရှိ တဲ့ တောင်တန်းဒေသတွေ၊ ပဋိပက္ခလွန်ဒေသ တွေနဲ့
ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှု သွားရောက်ဖြည့် ဆည်းပေးမယ့်
အဖွဲ့တွေကိုလည်း ထောက်ပံ့ ထားပါတယ်။ အခုဆိုရင် ဒီရန်ပုံငွေက မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့
ပြည်နယ်တိုင်း ကို ရောက်ရှိနေပါပြီ။
စိန်ခေါ်မှုတွေကဘာတွေလဲ၊ ဘယ်လို ကျော်လွှားကြပါသလဲ။
စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ကျွန်တော်တို့မြင်ကြပါတယ်။ ကျွန်တော်တို့ သရီးအမ်ဒီဂျီ
စရောက်တဲ့ ၂၀၁၂ ကနေ ခုထိ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှု ရေး နယ်ပယ်တွေမှာ
တစ်ဟုန်ထိုး ပြောင်းလဲ မှုတွေကို မြင်တွေ့ရပြီးပါပြီ။ ကျွန်တော်တို့ နည်းစနစ်တွေ၊ ပန်းတိုင်တွေကို
အဲဒီအပြောင်း အလဲတွေနဲ့ လိုက်လျောညီထွေရှိအောင် စဉ်ဆက်မပြတ် ထိန်းညှိဖို့က
စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။
ကျော့ဒါလီလင်းဘာသာပြန်သည်။
















