ကလေးဖျက်ချခြင်းက မိခင်တွေရဲ့အသက်ကို ခြိမ်းခြောက်နေ

ကလေးဖျက်ချခြင်းက မိခင်တွေရဲ့အသက်ကို ခြိမ်းခြောက်နေ

မြန်မာ့ ဓလေ့၊ ရိုးရာ အစဉ်အလာအရ ကိုယ်ဝန်လို့ ပြောလိုက်ရင် အများစု ချက်ချင်းလက်ခံ လိုက်တာက 'အသက်၊ ဇီဝ'။ ဒါကိုထိန်းသိမ်း ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်။

မြန်မာ့ ဓလေ့၊ ရိုးရာ အစဉ်အလာအရ ကိုယ်ဝန် လို့ ပြောလိုက်ရင် အများစု ချက်ချင်းလက်ခံ
လိုက်တာက 'အသက်၊ ဇီဝ'။ ဒါကိုထိန်းသိမ်း ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်။

ဒီအသက်ကို ပေးတဲ့မိခင်အတွက် ထည့်သွင်းစဉ်းစား ပေးဖို့ကျ အားနည်းနေပါတယ်။
မြန်မာနိုင်ငံရဲ့ မူဝါဒ၊ ဘာသာရေး ယုံကြည်မှုနဲ့ လူအဖွဲ့အစည်းအတွင်းက စံနှုန်း တွေအရ
ကလေးဖျက်ချတာကို အားမပေး ပါဘူး။ ခလုတ်တိုက်ရင်တောင် 'ဟာ..ဒါလုပ် ထားလို့။
ငါအကုသိုလ်လုပ်ထားလို့' ဆိုတဲ့ အတွေးက အမြဲခြောက်လှန့်နေမှာဆိုတော့ တော်ရုံလုပ်ပါ
ဆိုရင်တောင် မလုပ်ချင်ကြဘူး။ သက်ဆိုင်ရာကသိရင် ဆေးကုသခွင့် လိုင်စင်အသိမ်းခံရမှာ
ဖြစ်လေတော့ တရားဝင် ဆေးကုသခွင့်လိုင်စင် ကိုင်ဆောင် ထားတဲ့ ဆေးပညာရှင်တွေက
ဒီကိစ္စကို ရှောင်ကြတယ်။ ဒီတော့ တရားမဝင်တဲ့ လူတွေ က ကလေးဖျက်ချတဲ့အမှုကို
လုပ်ဆောင် ပေးတယ်။ ဒါပေမဲ့ လူအဖွဲ့အစည်းကတော့ ဖျက်ပေးတဲ့သူရော၊ ဖျက်တဲ့သူကိုပါ
ရှုတ်ချ ကြတာများတယ်။ အမျိုးသမီး တစ်ယောက်ရဲ့ အခွင့်အရေး နဲ့ ဆုံးဖြတ်ပိုင်ခွင့်လား။
အသက်ဇီဝကို ကာကွယ်ထိန်းသိမ်းခြင်းကပဲ လူအဖွဲ့အစည်း၊ ဘာသာရေး ယုံကြည့်မှုနဲ့
ထုံးတမ်းအစဉ် အလာရဲ့ အခွင့်အရေးပဲလားဆိုတာ လက်ရှိ အချိန်ထိ အငြင်းပွားစရာကိစ္စဖြစ်နေ
ပါတယ်။ ဆေးပညာမှ ပျက်ကျတာနဲ့ ဖျက်ချတာကို ရောပြီး ပြောနေတတ်တာလည်း ရှိတယ်။
ဖျက်ချတာဆိုရင် ပြင်ပယောဂတွေပါလာ ပြီ။ ဆေးရုံကို ရောက်လာသမျှ-အများစုရဲ့ ပြောစကားတွေ
အရ ရေဆွဲရင်း ချော်လဲ သွားလို။ ကလေးကိုကောက်ချီလိုက်တာ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။
စသည်ဖြင့် ပြောတတ်ကြတယ်။ အရပ်အသုံးအနှုန်းနဲ့ ရောနေပေမယ့် ဆေးပညာရှု့ထောင့်မှာ
ကိုယ်ဝန်ဖျက်ချခြင်း နဲ့ ပျက်ကျခြင်း ကိုလွယ်ကူစွာခွဲခြားနိုင်တယ်။

သဘာဝအတိုင်း ကိုယ်ဝန်ပျက်ကျတဲ့ မိခင် တွေက အဖျားမရှိဘူး၊ ရောဂါဖြစ်စဉ်အနေနဲ့
ဆီးစပ်ကိုက်ခဲလာမယ်။ အမျိုးသမီး အင်္ဂါက သွေးတ-စ်စက်နှစ်-စက် ဆင်းမယ်။ အဲဒီအချိန်မှာ
ကိုယ်ဝန်ကို တကယ်လိုချင်တဲ့ သူဆို ဆေး ခန်းကို ပြေးပြီ။ ကိုယ်ဝန်မြဲအောင် ထိန်းပါ တော့မယ်။
ဖျက်ချတယ်ဆိုတဲ့ အမျိုးအစားကတော့ ဖျက်ချတယ်ဆိုတာကို အမှန်အတိုင်း မပြောရင် ရှိရမယ်။
ရောဂါလက္ခဏာတွေကိုတော့ အမှန် အတိုင်းပြောကြတယ်။

လူနာကိုမေးလိုက်ရင် ဖျားတယ်ဆိုတာက စတယ်။ ရေကျဲကျဲ ကနေ ပန်းရောင်အရည်တွေ
ဆင်းတယ်။ ပြီးရင် သွေးဆင်းမယ်။ ဖျားတာ ဘယ်နှစ်ရက်ရှိပြီလဲ မေးလိုက်ရင် သဘောပေါက်ပြီ။
အဲဒီ ကာလ ရှေ့ နှစ်ရက်လောက်က ဖျက်ချတာပါပဲ။ 'ကိုယ်ဝန်ဖျက်ချတဲ့ နည်းလမ်းတွေက တော့
အမျိုးကိုစုံလို့။ သားအိမ်ခေါင်းထဲကို သံချောင်း၊ ထီးရိုး၊ စက်ဘီးစမုတ်တံ၊- ၀ါးခြမ်းပါး စတာတွေနဲ့
ထိုးထည့်ပြီး ဖျက်ကြတယ်။ ကလေးရဲ့အသက်က ရေမြွှာပေါ်မှာ မူတည် တယ်။ ရေမြွှာအိတ်ပေါက်
ရသွားရင် ကိုယ်ဝန် ပျက်ဖိုသေချာပြီ။ အဲဒီတော့ ရေမြွှာကို ပေါက် အောင် တစ်နည်းနည်း
သုံးကြတယ်။

အများစု အသုံးပြုတာ မရွေးပင်ရဲ့ အရိုး။ နောက် တစ်နည်းက ပိုက်နဲ့ သားအိမ်ထဲ အက်စစ်ထည့်
တယ်။ သားအိမ်က ကြောင်ရှာပန်းပွင့်ပွင့် သလိုကို ပွင့်ထွက်သွားတာ။ မြင်တောင်မမြင် ရက်ဘူး"
လို့ သင်္ဃန်းကျွန်း စံပြဆေးရုံက သားဖွားမီးယပ် အထူးကုနှင့် အတိုင်ပင်ခံ ဒေါက်တာ အေးသီတာက
မြန်မာတိုင်း(မ်) ကို ပြောပါတယ်။ "ဖျက်ချတဲ့နည်းတွေက အန္တရာယ်ရှိနေ တယ်။ ခန္ဓာဗေဒကို
နားမလည်ဘဲ မိန်းမ ကိုယ်ထဲ အရမ်းထိုးထည့်တော့ တချို့ဆို အရှိန်လွန်ပြီး အထဲက ကလီစာတွေပါ
ပေါက် ကုန်တဲ့အထိ။ ဆေးရုံ၊ ဆေးခန်းကို အချိန်မီ မရောက်ကြတာများတယ်။ အဓိကက ပိုးဝင်
သွားပြီး ကျောက်ကပ်ကို ထိတယ်။ ဒီတော့ ဆီးမထွက်တော့ဘူး။ ကျောက်ကပ်ပျက်ပြီး အသက်
ဆုံးတာပဲ။ အောက်ကနေ ထည့်ထား တာမျိုး၊ နောက်အပေါ်ကနေ နှိပ်ချတာလည်း ရှိသေးတယ်။
ကေစ့်တစ်ခုဆို အမေကသူ့ဗိုက် ပေါ် ကလေးတစ်ယောက်ကို အချက်တစ်ရာ ခုန်ခိုင်းတယ်။
ကလေးက သုံးယောက်မွေးထား လို့ အချက် ၃၀၀ ခုန်လိုက်တာ သားအိမ်တင် မက၊ အူပါပေါက်ပြီးသေသွားတယ်"လို့ ဒေါက်တာ အေးသီတာက ပြောပါတယ်။

ကိုယ်ဝန်ဖျက်ချခြင်းက အရွယ်ရောက်ပြီး သူ အမျိုးသမီးတိုင်းမှာ ဖြစ်နိုင်ပေမယ့် အထူးသဖြင့်
ဆယ်ကျော်သက်နဲ့ အသက် ၄၀ ၀န်းကျင် အမျိုးသမီးများမှာ အဖြစ်များ ပါတယ်။ ကိုယ်ဝန်ကို
မလိုချင်ဘူးဆိုတာထက် လက်တွေ့အခြေအနေမှာ မတတ်နိုင်တဲ့ အတွက် ဖျက်ချတဲ့နည်းလမ်းနဲ့
ဖြေရှင်း ကြတယ်။ ပြီးခဲ့တဲ့သင်္ကြန်မှာ ကွန်ဒုံးတွေ ပြန်သိမ်းတယ်ဆိုတာ ကြားလိုက်တယ်။ ကွန်ဒုံး
ဆိုတာ ဝေရမှာ။ လက်လှမ်းမီတဲ့နေရာ မှာ ထားပေးရမှာပါ။ ကွန်ဒုံး အသုံးပြုခြင်းဟာ
သားဆက်ခြားနည်းတွေမှာ တစ်ခုအပါ အဝင်ဖြစ်သလို ရောဂါကူးစက်ပြန့်ပွားရေးကို ကာကွယ်နိုင်ဖို့
အတွက် အရေးပါတယ်လို့ သူက ပြောပါတယ်။

နိုင်ငံရဲ့ မူဝါဒ၊ ဘာသာရေးယုံကြည်မှု နဲ့ လူအဖွဲ့အစည်းအတွင်းက အယူအဆတွေ ကလည်း
အမျိုးသမီးတွေရဲ့ ဘဝကို အများကြီး လွှမ်းမိုးထားပါတယ်။ သားယောကျာ်းလေးကို ဦးစားပေးတဲ့
ဓလေ့ကလည်း ကလေးဖျက်ချ ခြင်းအတွက် ခန်းစီးနောက်ကွယ်မှာရှိနေ တဲ့ တွန်းအားတစ်ရပ်ပါ။
တိုင်းရင်းသား လူမျိုးစုတိုင်းမှာ သားယောကျာ်းလေး လိုချင် တဲ့ ပြသနာက ဒီနေ့ခေတ်အထိ
အမြစ်တွယ် နေဆဲပါလို ကျား၊ မ ရေးရာ တန်းတူညီမျှ ရေး ကွန်ရက် တွဲဖက်ဥက္ကဋ္ဌ ဒေါ်နန်းဖြူဖြူလင်းက
ပြောပါတယ်။ "လက်ရှိဖြစ်နေတဲ့ အခြေအနေက မျိုးဆက်ပွား ကျန်းမာရေးဆိုတာကိုပဲ အဓိက
ဇောင်းပေးပြောကြရတယ်။ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အခွင့်အရေးဆိုတာ ရှိတယ်ဆိုတာကို
သိပ်မပြောချင်ကြဘူး။

တကယ်တမ်း 'အခွင့်အရေး' လို့ ဆိုလာရင် ၀န်ဆောင်မှုဆိုတာ ကိုယ်လိုချင်မှ ယူမယ်။
ကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ် ပိုင်ခွင့်ရှိရမယ်။ ဒါပေမဲ့ ဒီအကြောင်းတွေကို
ခေတ်အဆက်ဆက် မြန်မာနိုင်ငံက အမျိုး သမီးတွေက မသိကြဘူး။ သိအောင်လည်း အခွင့်
အရေးမပေးကြဘူး" လို ဒေါ်နန်းဖြူဖြူ လင်းက ဆိုပါတယ်။ အန္တရာယ်ရှိတဲ့နည်းနဲ့ ကလေးဖျက်ချတာ
ကို ကာကွယ်ဖို့အတွက် သားဆက်ခြားရေးကို ထိထိရောက်ရောက်ပေးဖို့လို အပ်တယ်လို
ပြောလိုက်ရင်လည်း ကျား၊ မ တန်းတူ ညီမျှ ရေး ဘယ်လောက်ရှိနေသလဲလိုမေးရပါမယ်။
"ဒီကိစ္စက ရှက်ရမယ်။ မိန်းကလေးတွေ မသိသင့်ဘူး" ဆိုတဲ့အယူအဆ အမှားတွေက
အဟန့်အတား ဖြစ်စေပါတယ်။ ရှေးရိုးစွဲ ဓလေ့နဲ့ ယုံကြည်မှုတွေကလည်း သားဆက်ခြားရေးကို
အဟန့်အတား ဖြစ်စေ ပါတယ်။ ဥပမာ - ကလေးနို့တိုက်နေတဲ့ မိခင်က ရာသီမလာဘူး။
(lactation amenorrhea)  ရာသီမလာပေမယ့် သားဥကြွေတယ်။ ပြောချင်တာ
သန္ဓေအောင်နိုင်တယ်ပေါ့ ။

ဒါပေမဲ့ နို့တိုက်ခြင်းဖြင့် တားနိုင်တယ်။ ကလေးကို မိခင်နို့ တစ်မျိုးတည်းသာ တိုက်နိုင်ဖို့အတွက်
ခန္ဓာကိုယ် ဇီဝပြောင်းလဲမှုက နောက်ထပ် သန္ဓေမရအောင် တားပေးထားတယ်။ စည်း
ကမ်းချက်အနေနဲ့ ကလေးကို နေ့ရော ညပါ မပြတ်နို့တိုက်ရတယ်။ အမေက အလုပ်သွားလို့
ကလေးကို နို့ဘူးတိုက် ညဘက်မှာ မိခင်နို့တိုက်တာမျိုး မရပါဘူး။ ဒီခေတ်မှာ ဒီလိုလုပ်နိုင်ဖို့
ရာခိုင်နှုန်းအရမ်းနည်းတယ်။ ဒါကြောင့် နိုတိုက်တယ်ဆိုပေမယ့် ၄၅ ရက် ပြည့်တာနဲ့ ရာသီလာလာ
မလာလာ၊ တားဆေး ထိုးပါလို့ ကျန်းမာရေးစောင့်ရှောက်သူတွေက တိုက်တွန်းကြပေမယ့်
လက်တွေ့မှာ လိုက်နာ မှု အားနည်းပါးတယ်။ ဒီတော့ နောက် ကလေးယူဖို့ အဆင်သင့်
မဖြစ်ခင်သေးခင် ကိုယ်ဝန်ထပ်ရပါတယ်။

ဘုရားပေးတဲ့ ကလေး မွေးသာမွေးနော် မတားကောင်းဘူး၊ ကျွေးတာကရော ဘုရား ကျွေးမှာလား လူကျွေးမှာလား။ နောက် မွေးလာမယ့်ကလေးက ယောကျ်ားလေးလား၊ မိန်းကလေးလား။
မိန်းကလေးဆို အပြင်မှာ လေးယောက်လောက်ရှိပြီ ဖျတ်ချလိုက် ဖျက်ချ လိုက်။ တချို့ကလည်း
မျိုးဆက်ပြတ်မယ်။ မိန်းမတွေက စက်ရုပ်ဆိုတော့ ယောကျာ်းလေး မရမချင်းမွေး။ "ကလေးဖျက်ချ
တယ်လို့ပြောရင် နယ်စပ် ပြဿနာကလည်း အကြီးကြီးပဲ။ ကလေး ဖျတ်ချတာ ဘယ်လောက်ပဲ
တရားမဝင်ဘူး ပြောပြော နယ်စပ်မှာ တရားဝင် ကလေး ဖျက်ချပေးတဲ့နေရာတွေရှိတယ်။ ကျွန်မတို့
ရှမ်းမြောက်မှာ မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်းတွေလုပ်တော့ အဲဒီမှာတွေ့တာပဲ။

နယ်စပ်ကိုကူးလိုက် ဟိုဘက်မှာ 'ကလေး ထုတ်ပေးသည်၊ ထည့်ပေးသည်' တဲ့ ကျောက် သင်ပုန်းမှာ မြေဖြုခဲနဲ့ မြန်မာလို ရေးထားတာ နော်။ ကိုယ့်ပြည်မှာသာ ခက်ချင်ခက်မယ်။
ခြေတစ်လှမ်းကျော်လိုက်တာနဲ့ အလွယ်လေး လုပ်ပေးနေတယ်။ ချင်းပြည်နယ် နယ်စပ်
လည်း အဲဒီလိုပဲ" လို့ ဒေါ်နန်းဖြူဖြူလင်းက ပြောပါတယ်။

အရှင်မွေး တစ်သိန်းမှာ မိခင်သေဆုံးမှုနှုန်း ၂၀၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန
စာရင်းများအရသိရတယ်။ အဲဒီ ၂၀၀ ထဲမှာ ဦး ၂၀ က အန္တရာယ်ရှိတဲ့နည်းနဲ့ ကိုယ်ဝန်
ဖျက်ချလို အသက်ဆုံးရသူဖြစ်ပါတယ်။ မြန်မာ့ လူအဖွဲ့အစည်းအတွင်း လက်ခံ ထားတဲ့
ဓလေ့အရ ဒီအကြောင်းတွေကို မသိလေ ကောင်းလေ၊ ရှောင်နိုင်လေ ကောင်းလေပေါ့။
ဒါကို ကာကွယ်ဖို့ မူဝါဒနဲ့ တားပါတယ်။ ဘာသာရေးယုံကြည့်မှုအရ ထိန်းချုပ်ပါတယ်။
လူ့အဖွဲ့အစည်းက ရှုတ်ချ တာနဲ့ ကာကွယ်တားတယ်ပေါ့။ တကယ့်တော့ အန္တရာယ်ဖြစ်မှာစိုးလို
စေတနာနဲ့ ကာကွယ် ပေးထားတာပါ။ အဲဒီလို ကာကွယ်ပေးရုံ နဲ့ လူသားတွေရဲ့ ဘဝအစိတ်အပိုင်း
တစ်ခု ဖြစ်တဲ့ မျိုးဆက်ပွားခြင်းကိစ္စကိုတော့ မလုပ်နဲ့ လို့ ဘယ်သူမှ မတားနိုင်ကြတာကိုတော့ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ပြောင်းလဲ လာတဲ့အခြေအနေနဲ့ လိုအပ်ချက် မြင့်လာ ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် ၀န်ဆောင်မှုက မလိုက်နိုင်တဲ့ အခြေအနေမှာထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်
လာပါတယ်။

"သားဆက်ခြားနည်းနဲ့ ၀န်ဆောင်မှုတွေ ကို ထိထိရောက်ရောက်ပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့်
ကျေးလက်နေလူထု၊ စီးပွားရေး ခက်ခဲနေသူတွေ၊ ပညာချို့တဲ့သူနဲ့ ဆယ်ကျော် သက်တွေ
ကသားဆက်ခြားနည်းတွေကို လိုတဲ့ အတိုင်း ရမနေကြပါဘူး။ အဲဒီလို လွဲမြဲအတိုင်း လွဲနေရင်
ပညာရေး၊ စီးပွားရေးနဲ့ အသက် အရွယ်ကအစ နိမ့်ပါးတဲ့သူတွေ ပိုခံရပါမယ်။ စေတနာနဲ့
တားပေမယ့် ဒီကိစ္စကတားထားလို့ ရတာမှ မဟုတ်တာ။ ကာကွယ်ပေးချင်တဲ့ လူ့အဖွဲ့အစည်းက
ကာကွယ်ပေးခံရသူတွေရဲ့ ဘဝကို နားမလည်တတ်ကြဘူး။ ကာကွယ်ပေး ချင်တဲ့ အုပ်စုတွေက
ကာကွယ်ပေးခံရသူ နားမှာ တစ်ချိန်လုံး ရှိမနေနိုင်ကြဘူးလေ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်
ကာကွယ်နိုင်တဲ့ စွမ်းရည်တွေကို သင်ပေးရမှာ။

အန္တရာယ် လျော့ပါးစေတဲ့ နည်းလမ်းတွေကို စီစဉ်ပေး ထားကြရမှာ" လို့ လူထုကျန်းမာရေးလုပ်ငန်း
များ ဆောင်ရွက်နေသူ ဒေါက်တာ စစ်နိုင်က မြန်မာတိုင်း(မ်) ကိုပြောပါတယ်။ လက်ရှိမှာ
သင်္ဃန်းကျွန်း စံပြဆေးရုံ အပါ အဝင် အစိုးရဆေးရုံအများစုမှာ သားကြော ဖြတ်ဌာန
ဖွင့်လှစ်ပေးထားပါတယ်။ သားဆက် ခြားနည်းတွေကို ကာယကံရှင်ဆန္ဒအလျောက်
ရွေးချယ်အသုံးပြု နိုင်ဖို့အတွက် အခမဲ့ တိုင်ပင် ဆွေးနွေး ညိနှိုင်းပေးနေပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021