ပဋိဇီဝဆေးတွေကို လိုအပ်သလောက် မှန်မှန်ကန်ကန် အသုံးမပြုတဲ့အခါမှာ အချိန်ယူ ကုသရင်ပျောက်ကင်းတဲ့ ရောဂါတွေကနေ ဆေးယဉ်တဲ့ရောဂါတွေ ဖြစ်လာတဲ့အတွက် အဲဒီလို ဆေးဝါးလွဲမှားအသုံးပြုမှုတွေကို နိုင်ငံ အားလုံး ၀ိုင်းဝန်းနှိမ်နင်းကြဖို့ ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျလာမာကယ်လ်က ပြီးခဲ့တဲ့လ ၁၈ ရက်နေ့က ဂျနီဗာမြို့မိန်းခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပဋိဇီဝဆေးတွေကို လိုအပ်သလောက် မှန်မှန်ကန်ကန် အသုံးမပြုတဲ့အခါမှာ အချိန်ယူ ကုသရင်ပျောက်ကင်းတဲ့ ရောဂါတွေကနေ ဆေးယဉ်တဲ့ရောဂါတွေ ဖြစ်လာတဲ့အတွက်
အဲဒီလို ဆေးဝါးလွဲမှားအသုံးပြုမှုတွေကို နိုင်ငံ အားလုံး ၀ိုင်းဝန်းနှိမ်နင်းကြဖို့ ဂျာမနီ ၀န်ကြီးချုပ်
အိန်ဂျလာမာကယ်လ်က ပြီးခဲ့တဲ့လ ၁၈ ရက်နေ့က ဂျနီဗာမြို့မိန်းခွန်းမှာ
ထည့်သွင်းပြောကြားခဲ့ပါတယ်။
တုပ်ကွေးဖျားနာလို ကူးစက်ရောဂါ အပျော့စားတွေမှာ ဆေးမတိုးတာတွေရှိလာတဲ့
ပဋိဇီဝဆေးယဉ်မှု ပြဿနာတွေကို တစ်ကမ္ဘာလုံးအတူတူ အမြစ်ကရှင်းထုတ် ကြမှဖြစ်မယ်လို့
ဂျာမနီဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ "အရေးကြီးတာက လက်ရှိ ပဋိဇီဝဆေး တွေရဲ့
အာနိသင်က စိတ်ချရလားကြည့်ဖို့နဲ့ အဲဒီဆေးတွေကိုလည်း ဆေးပညာဆိုင်ရာ လိုအပ်ချက်
သက်သက်အတွက်ပဲ အသုံးပြုဖို့ ဖြစ်တယ်" ဆိုပြီး ဂျာမနီဝန်ကြီးချုပ်က သံအမတ်တွေနဲ့
ကျန်းမာရေးဆိုင်ရာ ပညာရှင် တွေပါ၀င်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ရဲ့ နှစ်ပတ်လည်ညီ
လာခံဖွင့်ပွဲမှာ ပြောကြား ခဲ့တာဖြစ်ပါတယ်။
ဂျာမနီနိုင်ငံအနေနဲ့ကတော့ ပဋီဇီဝ ဆေးယဉ်ပါးမှုပြဿနာ ကြီးထွားလာတာကို တစ်ကမ္ဘာလုံး
အရေးယူဆောင်ရွက်ရမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီအစဉ်ကြမ်းကို သဘောတူညီပြီး
သားဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး သူထောက်ပြ တာက
ဆေးယဉ်ပါးမှုတွေ တကယ်ဖြစ်လာတဲ့ အခါ အဲဒါတွေကိုနှိမ်နင်းဖို့ ဆေးဝါးအသစ်
တွေထုတ်လုပ်ဖို့က ဒီထက်အများကြီးပိုခက် တယ်ဆိုတာပါပဲ။ ဒါကြောင့် "ဒီဆေးယဉ်
တာတွေ အခိုင်အမာ ဖြစ်မလာအောင် တားဆီး ကြရမယ်" လို့ သူကဆိုပါတယ်။
ပဋိဇီဝဆေးတွေကို မှန်မှန်ကန်ကန် အသုံးမပြုတာနဲ့ လိုတာထက် ပိုသုံးတဲ့ ပြဿနာတွေကို
ကိုင်တွယ်တဲ့နေရာမှာ ကမ္ဘာ့ ဒေသတစ်ခုနဲ့တစ်ခု အချိတ်အဆက်မမိဘဲ ကွာဟနေတယ်လို့
ဧပြီလကုန်ခါနီးက ထွက်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ရဲ့ ထုတ်ပြန်ချက်ထဲမှာ
ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက လည်း အလျင်အမြန်
မကိုင်တွယ်ဘူးဆိုရင် သာမန်ရောဂါတွေ၊ ထိခိုက်မှုတွေကနေ သေမင်းတမန်တွေ
ဖြစ်လာမယ့် ပဋိဇီဝဆေး မနိုင်တဲ့ ရောဂါတစ်ခေတ် ပေါ်ပေါ်လာမယ် လို့ ဧပြီလက
သတိပေးခဲ့ပြီဖြစ်ပါတယ်။၊
ကျော့ဒါလီလင်း ဘာသာပြန်သည်။
















