"ဆီးဂိမ်းပွဲကြီး အောင်အောင်မြင်မြင်နဲ့ မြန်မြန်ဆန်ဆန် ကျင်းပပြီးစီးပါစေ ဘုရား"... ဆိုပြီး သူ့အခန်းက ဘုရားစင် ရှေ့မှာ ဆွမ်း၊ ဆီမီးပူဇော်ပြီး ဆုတောင်းနေတဲ့ မောင်ကြွက်နီကို စောစောစီးစီး တွေ့လိုက်ရလို့ သူ့နောက်ကနေရပ်ပြီး -
"ဆီးဂိမ်းပွဲကြီး အောင်အောင်မြင်မြင်နဲ့ မြန်မြန်ဆန်ဆန် ကျင်းပပြီးစီးပါစေ ဘုရား"... ဆိုပြီး
သူ့အခန်းက ဘုရားစင် ရှေ့မှာ ဆွမ်း၊ ဆီမီးပူဇော်ပြီး ဆုတောင်းနေတဲ့ မောင်ကြွက်နီကို စောစောစီးစီး
တွေ့လိုက်ရလို့ သူ့နောက်ကနေရပ်ပြီး -
"သာဓု... သာဓု... သာဓုပါဗျာ။ မောင်ကြွက်နီတို့များ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အတော်
ချစ်တတ်တာပဲ။ ငါကလည်း သမ္မတမဖြစ်တော့ ခက်နေတယ်။ ငါသာ သမ္မတဆိုရင် မင်းကို ဘွဲ့ထူး
ဂုဏ်ထူးတစ်ခုလောက်တော့ လွတ်လပ်ရေးနေ့မှာပေးဦးမှာ..." ဆိုပြီးပြောလိုက်ရင်ပဲ မောင်ကြွက်နီ
က နောက်ဘက်လှည့်ပြီး -
"ဘာတွေ လာဖောနေတာလဲ၊ ဒီမှာအင်တာနက် ကွန်နက်ရှင်တွေ နှေးနေလို့၊ ဘာကြောင့် နှေးသလဲ
စုံစမ်းတော့ ဆီးဂိမ်းရှိလို့ နေပြည်တော်ပဲ မြန်အောင်လုပ်ထားတာဆိုလို့ ဆီးဂိမ်းမြန်မြန်ပြီးဖို့
ဆုတောင်းနေတာ၊ ဆက်သွယ်ရေးကလည်း လုပ်လိုက်ရင် အချိုးကိုမကျဘူး"... တဲ့။
"အဲဒီလိုတော့ ဆက်သွယ်ရေးကို အပြစ်မပြောပါနဲ့ကွာ။ ဆက်သွယ်ရေးက မပျက်မကွက်ပေးနေတဲ့
၀န်ဆောင်မှု နှစ်ခု ရှိပါတယ်။ ပြောရင်ကောင်းတာလေးလည်း တွဲပြောပါဟ" လို့လည်း ပြောရော
မောင်ကြွက်နီက -
"ကျွန်တော်ဖြင့် ဆက်သွယ်ရေးကို အကောင်းပြောစရာဆိုလို့ တစ်ကွက်မှ ရှာမရပါဘူးဗျာ။ ပြောစမ်း
ပါဦး၊ ခင်ဗျားကြီးက ဘာများတွေ့ထားလို့လဲ" တဲ့။
"ဟာ.. ဟာ.. ဟ.. တယ်လီဖုန်းမှာ လက်ကျန် ငွေနှစ်ရာအောက်ရောက် နေပြီဆိုတာရယ်၊
ငွေသွင်းပြီးရင်ပြန်ပြီး မတ်စိပို့တာရယ် နှစ်ခုကိုဆက်သွယ်ရေးဘက်က ပျက်ကွက်ဖူးလို့လား။
လက်ကျန် ငွေကျပ်ငါးဆယ်အောက်ရောက်တာနဲ့ ပြောနေတဲ့ ဖုန်းကို တိခနဲဖြတ်ချလိုက်တာရော
မှန်နေတာပဲ မဟုတ်လား" ဆိုပြီး မောင်ကြွက်နီကို ပြန်ခွပ်လိုက်တော့ သင်းက -
"အဟုတ်မှတ်လို့ နားထောင်နေတယ်၊ ဒါက သူတို့ငွေရမယ့် ကိစ္စကိုးဗျ။ အခုက ဖွဘုတ်တောင်
သုံးမရတော့ အွန်လိုင်း ပေါ်တက်ပြီး နှာဘူးထဖို့ (အဲလေ)သတင်းပလင်းနားထောင်ဖို့တောင်
ခက်နေတယ်" ဆိုပဲ။
ဒါနဲ့ မာဂျေက - "မင်းလိုသာ ပြောရရင် ငါ့မှာလည်းပြောစရာတွေ အများကြီး၊ ရုံးမှာ တပည့်တွေက
အင်တာနက်နှေးတယ်ဆိုလို့ တစ်လ ၂၅ ဒေါ်လာတန်ကနေ ဒေါ်လာ ၆၀ တန် ပြောင်းယူလည်း
ဒီအတိုင်းက ဒီအတိုင်းပဲ။ တစ်လကို လေးသောင်းနီး ပါးပိုပေးရတာပဲ အဖတ်တင်တယ်။
နေပြည်တော်ကို ဆီးဂိမ်းအားကစားပွဲတွေ ရုပ်သံရိုက်ကူးဖို့ ရောက်နေတဲ့ ကိုဇော်သက်ထွေး
ကလည်း မီဒီယာစင်တာမှာ အင်တာနက်က သုံးမရအောင်နှေးနေလို့ ဆင်ခြေဆင်လက် တက်မိပါ
တယ်၊ ဗီအိုင်ပီ ၀ိုင်ဖိုင်ကို ဒေါ်လာ ၄၀၀ ပေးပြီးသုံးပါဆိုတဲ့ အဖြေပဲရလို့ စိတ်နာနေသတဲ့"
"အစ်ကိုကြီးက မျက်စိကြီး နားကြီးဆိုတော့ ဘာတွေများဖြစ်လို့ ကျွန်တော်တို့ နိုင်ငံမှာ အင်တာနက်
ကို မြန်အောင် မလုပ်နိုင်ရတာလဲပြောပြဗျာ။ ကျွန်တော်တို့က သူများနိုင်ငံလို တယ်လီဖုန်းလိုင်း
၀ယ်တာနဲ့ အင်တာနက်ကို အလကားလည်း သုံးနေရတာမဟုတ်ဘူး။ တစ်မိနစ်ကို နှစ်ကျပ်ပေးပြီး
သုံးနေရတာဗျ"
"အင်း... အင်တာနက်တင်မကပါဘူး၊ မြန်မာနိုင်ငံမှာ အချိုးပြေတာဘာများ မင်းမြင်ဖူးလို့လဲ။
လမ်းခင်းရင်လည်း မညီမညာ၊ လျှပ်စစ်မီးဆိုရင်လည်း မှန်မှန်မလာ၊ ချမှတ်လိုက်တဲ့ စည်းကမ်း
ဥပဒေတွေကလည်း ပရမ်းပတာနဲ့၊ အခုရက်ပိုင်းမှာ အင်တာနက်က နှေးတာတင် မကဘူး၊ လုံးဝကို
ရပ်နေတာ။ ငါ့အထင်တော့ နိုင်ငံတော်မှာ ကြွားလုံးထုတ်ဖို့ပဲ အဆောက်အအုံတွေ ဆောက်တဲ့
နေရာမှာ ငွေတွေ လှိမ့်သုံးပြီး ကျန်တဲ့ ဖြည့်ဆည်းစရာတွေကို လှည့်တောင် မကြည့်ဘူး ထင်ပါရဲ့
ကွာ။ တစ်ခါတလေများ ငါတစ်လလောက် သမ္မတဖြစ်စေချင်လိုက်တာ၊ ဒါမှ အချိုးမကျတာတွေကို
ဥပဒေကဲ့သို့ တည်သော အမိန့်တွေ ဘာတွေထုတ်ပြီး ပြင်ခိုင်းလို့ရမှာ"
"တော်စမ်းပါ၊ ခင်ဗျားသာသမ္မတဖြစ်ရင် တိုင်းပြည်ပျက်မှာ။ ခင်ဗျားကြီးက ငါ့မြင်းငါစိုင်း စစ်ကိုင်း
ရောက်ရောက်ဆိုတဲ့ အစားထဲက၊ မသိတာတွေကြနေတာပဲ"လို့ မောင်ကြွက်နီက ဩဘာပေးပါ
လေရော -
"ချည်တိုင်နားမှာပဲ ပတ်ပြေးနေတာထက်စာရင် စစ်ကိုင်းလောက်ရောက်ရင် တော်သေးတာပေါ့
မောင်ကြွက်နီရယ်။ ကြည့်ရတာ ငါကြီးပွားမှာကို မနာလို မရှုဆိတ်တဲ့အထဲ မင်းလည်းပါတယ်ထင်
တယ်"
"ကျွန်တော်ကတော့ ဘယ်သူသမ္မတ ဖြစ်ဖြစ်၊ အင်တာနက်လေး မှန်မှန်သုံးလို့ ရရင် တော်ပါပြီ"
"မင်းအရင်ပြောတော့ မြေအောက်ရထားဖြစ်ဖြစ်၊ မိုးပျံရထားဖြစ်ဖြစ်ဆောက်မယ့် ပါတီကို ထောက်ခံ
မယ်ဆို၊ မဲပေးမယ်ဆို" သူ့အရင်ပြောလုံးတွေနဲ့ ပြန်ချည်လိုက်ရတယ်။ သူက -
"တော်ပါပြီ၊ အဲဒါတွေ စိတ်လျှော့လိုက်ပြီ။ အခုတော့ အင်တာနက်ပေါ်မှာ ချစ်သူလေးတစ်ယောက်
လောက် ရှာခွင့်ရရင်ပဲ တော်လှပါပြီ။ အခုတော့ အင်တာနက်မဟုတ်ဘဲ အင်တာရပ် ဖြစ်နေတယ်။
အဝိုင်းလေးလည်တာကို အရင်ကကြည့်ပြီး သမာဓိတောင်ရသေးလို့ အင်တာနက် ကသိုဏ်းလို့
နာမည်ပေးထားတာ၊ အခုတော့ အဝိုင်းလေးတောင် မလည်နိုင်တော့ဘူး။ နောက်နောင်များ
နိုင်ငံတော်မှာ ဘာပွဲလမ်း ကြီးကြီးကျယ်ကျယ်မှ မလုပ်ဖို့ ဆန္ဒပြရမလို ဖြစ်နေပြီဗျ"
"မင်းက ချစ်သူနဲ့ ကျူဖို့ အင်တာနက်သုံးချင်တာ၊ ငါ့မှာ ပြီးခဲ့တဲ့ စနေက ရုံးမှာ အင်တာနက်လုံးဝ
ဖွင့်မရဘူး။ ဒါနဲ့ ကွန်ပလိန့်တင်တော့ ဆာဗာပြင်နေတာတဲ့။ မန္တလေးသတင်းထောက်ကလည်း
မန္တလေးမှာ အင်တာနက်လိုင်းတွေ ကျနေလို့ ဒီတစ်ပတ်သတင်းပို့လို့ မရဘူးတဲ့၊ ချာချာကိုလည်
သွားတာပဲ။ ဒါပေသိသုဝဏ္ဏကွင်းမှာ ဘောပွဲသွားကြည့်တဲ့ တပည့်တစ်ယောက်ကတော့ အဲဒီ
ဘောလုံးကွင်းထဲမှာ အင်တာနက်ကောင်းချက်က လန်ထွက်နေပြီး နိုင်ငံခြားထက်သာသတဲ့။
တစ်စက္ကန့်ကို 2MB ရလို့ ဘောပွဲကြည့်ရင်း သီချင်းအပုဒ် ၂၀ လောက် ဒေါင်းလာခဲ့တယ်ဆိုပဲ"
"အဲဒါပဲပေါ့ဗျ၊ တကယ့်အဖြစ်မရှိဘဲ ဟန်ပြတွေပဲ လုပ်လုပ်ပြနေတာ။ နိုင်ငံခြားကစားသမားတွေက
အဲဒါတွေကို အဟုတ်ထင်ဦးမယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကောင်းတာဘာများရှိသေးလဲဗျာ"
"ရှိတာပေါ့ မောင်ကြွက်ရယ်၊ နိုင်ငံတကာပေါက်ဈေးထက်၊ ဂျူတီဖရီးရှော့ လို့ခေါ်တဲ့ အခွန်လွတ်ဆိုင်
တွေထက် အလွန်သက်သာတဲ့ ဈေးနဲ့ အရက်ဝယ်သောက်နိုင်တာ၊ ဘီယာကို ဈေးအပေါဆုံး
၀ယ်သောက်နိုင်တာ၊ စီးကရက်ကို အလိပ်ချင်း ၀ယ်သောက်နိုင်တာတွေ၊ လမ်းပေါ် မှာ တံထွေး
ကြိုက်သလို ထွေးနိုင်တာတွေ၊ ကွမ်းတံတွေးထုပ်ကို ကားပေါ်ကနေဘယ်သူ့မှန်မှန်ဆိုပြီး ပစ်ချနိုင်
တာတွေ၊ အမှိုက်ကို ပစ်ချင်တဲ့နေရာ ပစ်နိုင်တာတွေက ကောင်းတာပေါ့ဟ။ ဂုဏ်ယူတတ်မယ်
ဆိုရင် ကြံဖန်ယူစရာတွေ အများကြီး၊ ဒါနဲ့မှ မကျေနပ်သေးရင် ပြည်သူပြည်သားတွေ လျှပ်စစ်မီး
လျှော့ထွန်းပြီး ဆောက်ထားတဲ့ မြစ်ကူးတံတားကြီးတွေကလည်း များမှများ၊ မင်းအဲဒါတွေကို
ဂုဏ်ယူလို့ ရတယ်လေ" လို့လည်း ပြောလိုက်ရော -
"ဟာ...ခင်ဗျားကြီးကတော့ ဘယ်လိုမှ မနိုင်တဲ့ အထဲကပဲ။ ဆီးဂိမ်းမှာ အများပြည်သူသုံးတဲ့
အင်တာနက်ကိုနှေးပြီး နေပြည်တော်မှာပဲ မြန်နှုန်းမြင့်အောင် ခင်ဗျားကြီးများ အကြံပေးလိုက်
သလားမသိပါဘူး" ဆိုပြီး ခြေပစ်လက်ပစ် ဖြစ်သွားပါလေရော။

















