ဥပဒေပြဿနာများ ဆွေးနွေးဖက်ဖြစ် တဲ့ တပည့်ရှေ့နေ ရောက်လာပြန်ပြီး ဥပဒေရေးရာ မေးမြန်းဆွေးနွေးခဲ့ကြ တာကို လူငယ်ဥပဒေသမားများနဲ့ ပြည်သူအများ ဥပဒေသုတရရှိစေဖို့ ပြန်ရေးလိုက်ပါတယ်။
ဥပဒေပြဿနာများ ဆွေးနွေးဖက်ဖြစ် တဲ့ တပည့်ရှေ့နေ ရောက်လာပြန်ပြီး ဥပဒေရေးရာ
မေးမြန်းဆွေးနွေးခဲ့ကြ တာကို လူငယ်ဥပဒေသမားများနဲ့ ပြည်သူအများ ဥပဒေသုတရရှိစေဖို့
ပြန်ရေးလိုက်ပါတယ်။
"လွန်ခဲ့တဲ့ နှစ်လလောက်က Arbitration အကြောင်း ဆရာဟောပြောခဲ့ တာကို နောက်မှသိရလို့
မတက်နိုင်ခဲ့ဘူး ဆရာ။ အဲဒီဟောပြောပွဲမှာ ရောင်းချတဲ့ စာအုပ်ကလေးကိုတော့ ကျွန်တော့်
တပည့်တစ်ဦးက ၀ယ်လာပြီး လက်ဆောင် ပေးလို့ ကျွန်တော်ရထား ပါတယ်ဆရာ" "ဟုတ်တယ်ကွ၊ အောက်တိုဘာလ နောက်ဆုံးအပတ်လောက်က ဖြစ်မယ်။ ဟောပြောဖို့အချိန်က
တစ်နာရီလောက် ပဲဆိုတော့ အဲဒီဘာသာရပ်အကြောင်း အပြည့်အစုံပြောဖို့က မဖြစ်နိုင်ဘူး။
ဒါကြောင့် အဲဒီစာအုပ်ကလေးကို ဟောပြောပွဲ တက်ရောက်သူတွေ အတွက် ရည်ရွယ်ပြီး မိတ္တူကူး
ယူရောင်း ချခဲ့တာပါ။ ရောင်းချတယ်ဆိုပေမယ့် လည်း မိတ္တူကူးခကိုပဲယူတာပါ။ အခမဲ့ ဖြန့်ဝေချင်
ပေမယ့်လည်း အလကားရ တာကို တန်ဖိုးမထားချင်ကြလို့ မိတ္တူကူးခ ကို ရောင်းဈေးအဖြစ်
သတ်မှတ်တဲ့ သဘောပေါ့"
"မိတ္တူကူးယူတယ်ဆိုတာ ဘယ်က ကူးတာပါလဲဆရာ"
"၂၀၀၄ ခုနှစ်တုန်းက ငါရေးသား ထုတ်ဝေခဲ့တဲ့ 'ကုန်ရောင်းခြင်းအက် ဥပဒေ အပြည်ပြည်ဆိုင်ရာ
ကုန်သွယ်မှု ဥပဒေနှင့် လက်တွေ့ကျင့်သုံးမှုများ' ဆို တဲ့စာအုပ်၊ ဒုတိယတွဲက အခန်း (၁၆) ကို
မူလအတိုင်း ကူးယူထားတာပါ။ ဒါပေ မဲ့ အဲဒီအခန်းရဲ့ ခေါင်းစဉ်ကတော့ Arbitration မဟုတ်
ဘူးကွ။ မင်းရထား တယ်ဆိုတဲ့ စာအုပ်ကလေးရဲ့ မျက်နှာဖုံး မှာဖော်ပြထားတဲ့အတိုင်း 'အငြင်း
ပွား မှုများကို ဖြေရှင်းခြင်း' (Settlement of Disputes) ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ Arbitration
ဆိုတာကတော့ အငြင်းပွားမှု ဖြေရှင်းနည်းအမျိုးမျိုးထဲက ဖြေရှင်း နည်းတစ်မျိုးပေါ့ကွာ"
"ဟုတ်ကဲ့၊ ရှင်းပြပါဦးဆရာ"
"အငြင်းပွားမှုဆိုတာကလည်း အမျိုး မျိုးရှိတယ်လေ။ အဲဒီအငြင်းပွားမှုမျိုးစုံ ကို ဖြေရှင်းတဲ့နည်း
တွေက (၁)စေ့စပ် ဆွေးနွေးခြင်း(negotiation)၊ (၂) ညှိနှိုင်း ဖျန်ဖြေခြင်း (conciliation) ၊
(၃) ဒိုင်လူကြီး ခန့်ထားပြီးဖြေရှင်းခြင်း (Settlement by a referee) ၊ (၄) ခုံသမာဓိခန့်
ထား၍ ဆုံးဖြတ်ခြင်း (arbitration) နဲ့ (၅) တရား စွဲဆိုခြင်း (litigation) ဆိုပြီး ငါးနည်းရှိ
တယ်။ ပထမ လေးနည်းက အငြင်းပွားမှု အတွက် တရားစွဲဆိုခြင်းမပြုဘဲ ဖြေရှင်း တာဖြစ်လို့
"Extrajudicial Dispute Settlement" သို့မဟုတ် "Settlement of Dispute outside
the Court" လို့ ခေါ်တယ်။ တရားစွဲဆိုပြီး အငြင်းပွားမှု ကို ဖြေရှင်းတာမဟုတ်လို့ 'အခြားနည်း
ဖြင့် အငြင်းပွားမှုကိုဖြေရှင်းခြင်း' (Alte- rnative Dispute Resolution) လို့ လည်း
ခေါ်ကြသေးတယ်။ အဲဒီနည်းတွေ ကို တစ်ခုပြီး တစ်ခုအစဉ်လိုက်အသုံးပြု ဖို့တော့ မဟုတ်ပါဘူး။
ဘယ်အငြင်းပွား မှုမျိုးကိုမဆို အဲဒီနည်းတစ်နည်းနည်း နဲ့ ဖြေရှင်းနိုင်တယ်လို့ ဆိုလိုတာပါ။
အငြင်းပွားမှုဆိုရာမှာလည်း စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေသာ
မက တရားရုံးမှာ တရားစွဲဆိုဖြေရှင်းရမယ့် အငြင်းပွားမှု အမျိုးအစားအားလုံးကို ဆိုလိုတယ်။
အဲဒီ နည်းငါးမျိုးမှာ တရားစွဲဆိုတဲ့နည်းလမ်း အကြောင်းကတော့ လူအများသိရှိထား ပြီးဖြစ်လို့
မပြောတော့ဘူး။ ကျန်တဲ့ နည်းလေးနည်း အကြောင်းကိုပဲ အကျဉ်းချုပ်ပြီး ဆွေးနွေးရအောင်"
"ဟုတ်ကဲ့ပါဆရာ၊ အခုဆရာပြောခဲ့ တဲ့ အငြင်းပွားမှုကိုတရားရုံးပြင်ပမှာ ဖြေရှင်းနည်း (၄) မျိုး
အနက် Arbitration နည်းနှင့်ပတ်သက်လို့ဥပဒေ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ ကျန် သုံး နည်းဖြစ်
တဲ့ စေ့စပ်ဆွေးနွေးခြင်း၊ ညှိနှိုင်း ဖျန်ဖြေခြင်းနဲ့ ဒိုင်လူကြီးခန့်ထားပြီး ဖြေရှင်းခြင်းတို့နဲ့ ပတ်သက်
လို့တော့ ဥပဒေပြဋ္ဌာန်းချက် မတွေ့ဖူးပါဘူး ဆရာ"
"ဟုတ်တယ်။ အဲဒီနည်း (၃) နည်းနဲ့ ပတ်သက်လို့ ဥပဒေပြဋ္ဌာန်းပေးထားတာ မျိုးတော့ မရှိဘူးကွ။
စေ့စပ်ဆွေးနွေး မှု (negotiation) လုပ်တာကတော့ အငြင်းပွားသူနှစ်ဖက်တို့က မိမိတို့ သဘော
အလျောက် တွေ့ဆုံညှိနှိုင်းကြ တာပဲ။ အဲဒီလိုနှစ်ဖက် သဘောတူညီမှု ရရင် ကိစ္စပြီးသွားတာပေါ့။
ငွေကြေး ကုန်ကျမှုမရှိတဲ့ နည်းပေါ့ကွာ။ ဖျန်ဖြေမှု (conciliation) လုပ်ရာမှာတော့ အငြင်းပွား
သူနှစ်ဖက်စလုံးက လေးစားယုံကြည်ပြီး ဘက်မလိုက်တဲ့ ညှိနှိုင်းဖျန်ဖြေသူ (conciliator) တစ်ဦး
ကို နှစ်ဖက်သဘောတူ ရွေး ချယ်ရမယ်။ သူ့ရဲ့အဆိုပြု ဖြေရှင်း ချက်ကို နှစ်ဖက်စလုံးက လက်ခံ
တယ် ဆိုရင် ကိစ္စပြီးသွားတာပဲ။ အဲဒီအတွက် ဥပဒေပြဋ္ဌာန်းပေးထားတာမျိုး မရှိပေ မယ့် ကုလ
သမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဥပဒေကော်မရှင် (The UN Commission on
International trade Law- UNCITRAL) က ထုတ်ပြန်ထားတဲ့ UNCITRAL Conciliation
Rules နဲ့ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး အသင်းကြီး (The International
Chamber of Commerce-ICC) က ထုတ်ပြန်ထား တဲ့ ICC Rules of Concialitation ဆိုတာ
တွေတော့ရှိတယ်။ အဲဒါတွေက နိုင်ငံ တစ်နိုင်ငံရဲ့ ပြဋ္ဌာန်းဥပဒေတွေမဟုတ် ပေမယ့် အဲဒီလုပ်ထုံး
လုပ်နည်းတွေကို အသုံးပြုပြီး အငြင်းပွားမှုကို ဖျန်ဖြေပေး လို့ ရတယ်။ နောက်တစ်နည်းဖြစ်တဲ့
ဒိုင်လူကြီးခန့်ထားပြီး ဖြေရှင်းနည်းဆို တာကတော့ အဆင့်မြင့်နည်းပညာ ကျွမ်းကျင်မှုပါ၀င်တဲ့
စီမံကိန်းလုပ်ငန်း ကြီးတွေမှာ နှစ်ဖက်အငြင်းပွားမှုပေါ် ပေါက်တဲ့အခါ ဖြေရှင်းတဲ့ နည်းဖြစ်တယ်။
ဒီနည်းမှာလည်း သက်ဆိုင်ရာလုပ်ငန်း နဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကို
ဒိုင်လူကြီး (refree) အဖြစ် ခန့်ထားပြီး သူက အကြံပြုတင်ပြတာကို နှစ်ဖက်လက်ခံ နိုင်ရင် ကိစ္စ
ပြီးသွားတာပဲ။ အဲဒီနည်း အတွက် အပြည်ပြည်ဆိုင်ရာကူးသန်း ရောင်းဝယ်ရေးအသင်းကြီးက
ထုတ်ပြန် ထားတဲ့ "ICC Pre Arbitral Referee Procedure" ဆိုတာရှိတယ်။ အဲဒါ ကိုအ
သုံးပြုနိုင်တယ်"
"အဲဒီလိုမျိုး ညှိနှိုင်းချက်၊ ဖြေရှင်းချက် တွေကို အကျိုးသက်ရောက်မှုရှိအောင် ဥပဒေအရ အကောင်
အထည်ဖော်နိုင် ပါ သလားဆရာ၊ ဆိုလိုတာက တရားရုံး ရဲ့ ဒီကရီလိုအကောင်အထည်ဖော်လို့
ရနိုင်ပါသလား ဆရာ" "တရားရုံးရဲ့ ဒီကရီလိုအရေးယူ၊ အကောင်အထည်ဖော်နိုင်ဖို့အတွက်
သီးခြားဥပဒေ ပြဋ္ဌာန်းပေးထားတာမျိုး တော့ မရှိဘူးကွ။ အဲဒီလို အကောင် အထည်ဖော်နိုင်ဖို
့အတွက် အဲဒီညှိနှိုင်း ဖြေရှင်းချက်၊ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် တွေကို စာနဲ့ရေးသားမှတ်တမ်းတင်
ပြီး အငြင်းပွားသူ နှစ်ဦးနှစ်ဖက်စလုံးက လက်မှတ်ရေးထိုး ထားရမယ်။ အဲဒီ သဘောတူညီချက်
မှတ်တမ်းက ပဋိညာဉ် (Contract) ဖြစ်သွားတဲ့အတွက် နောင်အခါမှာ တစ်ဖက်ဖက်က မလိုက်
နာဘူးဆိုရင်၊ မိမိတာဝန်ကို မဆောင် ရွက်ဘူးဆိုရင် ပဋိညာဉ်ချိုးဖောက်မှု (breach of contract)
ဖြစ်သွားမယ် မဟုတ်လား။ အဲဒီအတွက် "The Specific Relief Act" အရ 'ပဋိညာဉ်အတိုင်း
ဆောင်ရွက်ပေးစေလိုမှု' နဲ့ တရားစွဲလို့ ရတာပေါ့"
"ဟုတ်ပါပြီ ဆရာ။ တရားမစွဲဘဲ အငြင်းပွားမှု ဖြေရှင်းနည်းနောက် တစ်မျိုးဖြစ်တဲ့ "Arbitration"
အကြောင်း ဆက်ပါဦး ဆရာ"
"အေးကွ၊ ဒို့ဥပဒေလောကမှာ အင်္ဂလိပ်ဥပဒေဝေါဟာရဖြစ်တဲ့ Arbitration လို့ပဲ သုံးနေကြတော့
ဥပဒေ သမားမဟုတ်သူတွေအနေနဲ့ အဲဒီ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်တဲ့ သူအလွန်နည်း
မယ် ထင်တယ်။ အဲဒီ ဝေါဟာရရဲ့ မြန်မာဘာသာပြန်စကားလုံး ရှိပေမယ့် အသုံးမတွင်ကျယ်ခဲ့ဘူး"
"ကျွန်တော် လေ့လာမိသလောက် အငြင်းပွားမှုကို Arbitration နည်းနဲ့ ဖြေရှင်းတဲ့စနစ်က အင်္ဂလိပ်
တရားစီရင် ရေးစနစ်ကနေ ဆင်းသက်လာတာ မဟုတ်လား ဆရာ။ အင်္ဂလိပ်ဘာသာ နဲ့ ထုတ်ဝေ
ခဲ့တဲ့ ရှေးဟောင်းစီရင်ထုံး တွေကို ကြည့်မယ်ဆိုရင် အတော်ကို စောတာပဲ"
"အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲအပြီး ကစပြီး အင်္ဂလိပ်တွေက သူတို့သိမ်းပိုက် ခဲ့တဲ့ မြန်မာ့နယ်မြေ
တွေမှာ သူတို့တရား စီရင်ရေးစနစ်ကို သွတ်သွင်းလာခဲ့တာ ဆိုတော့ အကြမ်းဖျင်းအားဖြင့် ၁၉
ရာစု အလယ်လောက်ကတည်းက အင်္ဂလိပ် တရားစီရင်ရေး စနစ်နဲ့အတူ Arbitration စနစ်လည်း
ပါလာခဲ့တယ်လို့ ပြောနိုင်တယ်။ Arbitration ရဲကဘာသာ ပြန်ဝေါဟာရကို ငါ့အနေနဲ့ အစောဆုံး
တွေ့ဖူးတာက ၁၉၀၈ ခုနှစ်မှာ အစိုးရ စာပုံနှိပ်တိုက်က မြန်မာဘာသာနဲ့ ထုတ်ဝေခဲ့တဲ့ 'တရားမ
ကျင့်ထုံးကိုဓ ဥပဒေ' မှာပဲ။ အဲဒီမှာ Arbitration ကို 'အနုညာတ စီရင်ဆုံးဖြတ်ခြင်း' လို့ ဘာသာ
ပြန်ထားတာ တွေ့ရတယ်။ အဲဒီနှစ်ထက်စောပြီး အစဉ်အဆက် သုံးလာခဲ့ကြတာဖြစ်မယ်။ ၁၉၇၀
ပြည့် နှစ်မှာ မြန်မာဘာသာနဲ့ ထုတ်ဝေခဲ့တဲ့ တရားရုံးများလက်စွဲ' မှာ Arbitration ကို 'အနုညာ
တ ခုံတင်ဆုံးဖြတ်ခြင်း အက်ဥပဒေ'၊ အနုညာတစီရင်ဆုံးဖြတ် ရေးအက်ဥပဒေ'၊ အနုညာတဆုံးဖြတ်
ချက်အက်ဥပဒေ' ဆိုပြီး စာအုပ်တစ် အုပ်ထဲမှာပဲ ကွဲလွဲစွာ သုံးစွဲထားတာကို လည်းတွေ့ရတယ်"
"အနုညာတ' ဆိုတာက ပါဠိဘာသာ စကားလုံးမဟုတ်လား ဆရာ။ အဓိပ္ပာယ် ပြောပါဦး"
"ဟုတ်တယ်၊ 'အနုညာတ' ကို 'အနုန် ညာတာ့'လို့ အသံထွက်ရကြောင်း မြန်မာအဘိဓာန်မှာ
ဖော်ပြ ထားပြီး အဓိပ္ပာယ်အဖြစ် 'တရားဆိုင်ပြိုင်သူ များက သဘောတူတင်မြှောက်ထား သော
'တရားသူကြီး'လို့လည်း ဖော်ပြ ထားတာတွေ့ရတယ်။ အင်္ဂလိပ်ဥပဒေ အဘိဓာန်မှာ Arbitration
ရဲကအဓိပ္ပာယ် ကို 'အငြင်းပွားသူနှစ်ဖက်တို့က တရား သူကြီးအဖြစ် တင်မြှောက်ထားတဲ့ ခုံသမာဓိ
၊ သို့မဟုတ် ခုံလူကြီးက ဆုံးဖြတ် ခြင်း' လို့ ဖော်ပြထားတော့ 'အနုညာတ' နဲ့ အဓိပ္ပာယ်အတူတူပဲ
ပေါ့။ ခုံသမာဓိ နဲ့ ခုံလူကြီးဆိုတာက အဓိပ္ပာယ်အတူတူ ပဲ။ Arbitration ကိုမြန်မာဘာသာပြန်ဆို
ထားတာပေါ့"
"ဟုတ်ပါပြီဆရာ၊ အဲဒီအနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုတဲ့ Arbitration ရဲ့သဘောသဘာဝက
ပြောပြပါဦး"
"နိုင်ငံတကာမှာ တူညီတဲ့ လက္ခဏာ တွေကတော့ အငြင်းပွားသူနှစ်ဖက်တို့ က အငြင်းပွားမှုကို
အနုညာတနည်းဖြင့် ဖြေရှင်းရန် သဘောတူညီမှသာ ဒီနည်း ကို ကျင့်သုံးနိုင်တယ်။ အငြင်းပွား
သူ နှစ်ဖက်တို့အနေနဲ့ ခုံသမာဓိ/ခုံလူကြီး တစ်ဦးတည်း၊ သို့မဟုတ် အများကို နှစ်ဖက်သဘော
တူ တင်မြှောက်ခွင့်ရှိ တယ်။ အများအားဖြင့် တစ်ဖက်စီက ခုံသမာဓိတစ်ဦးစီ တင်မြှောက်ပြီး
ဆုံးဖြတ်ရာမှာ သူတို့နှစ်ဦးသဘောထားကွဲလွဲလို့ရှိရင် တတိယခုံလူကြီး၊ သို့မဟုတ် ဒိုင်လူကြီး
(Third arbitrator or umpire) ကို သူတို့က တင်မြှောက်ပြီး အဲဒီခုံလူကြီးရဲ့ အဆုံးအဖြတ်
ခံယူနိုင် တယ်။ ခုံသမာဓိ၊ သို့မဟုတ် ခုံသမာဓိ အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို "Award" လို့ ခေါ်တယ်။
အဲဒီဆုံးဖြတ်ချက်ကို တရား ရုံးက ချမှတ်တဲ့ ဒီကရီအဖြစ်သတ်မှတ် ပြီး သက်ဆိုင်ရာနိုင်ငံရဲ့ စီရင်
ပိုင်ခွင့် ရှိ တဲ့ တရားရုံးကအကျိုးသက်ရောက်မှုရှိ အောင် အတည်ပြုအကောင်အထည် ဖော်ပေးရ
တယ်။ နိုင်ငံတကာမှာ လက်ခံ ကျင့်သုံးကြတဲ့ အနုညာတ ဆုံးဖြတ်ခြင်း ဆိုင်ရာဥပဒေ၊ လုပ်ထုံး
လုပ်နည်း (Arbitration Rules) တွေအများကြီးရှိပေ မယ့် ယေဘုယျအားဖြင့် တူညီကြတယ်။
အငြင်းပွားသူ နှစ်ဖက်စလုံးက သဘောတူညီတဲ့ Arbitration Rules ကို ရွေးချယ်ခွင့်ရှိတယ်"
"အငြင်းပွားသူနှစ်ဖက်တို့က သူတို့ အကြားပေါ်ပေါက်နေတဲ့ အငြင်းပွားမှု ကို အနုညာတနည်းဖြင့်
ဖြေရှင်းမယ် ဆိုတဲ့ သဘောတူညီချက်မရှိရင် အနု ညာတစီရင်ဆုံးဖြတ်ခြင်း မရှိနိုင်ဘူးဆို တဲ့
သဘောပေါ့ဆရာ"
"ဟုတ်တယ်။ အဲဒီလိုသဘောတူညီ ချက်ကို လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပဋိညာဉ်စာချုပ်ရှိရင် အဲဒီ
စာချုပ်မှာ ထည့်သွင်းချုပ်ဆို နိုင်တယ်။ အများ အားဖြင့်တော့ လုပ်ငန်းဆိုင်ရာ ပဋိညာဉ် စာချုပ်
တွေမှာ အငြင်းပွားမှုပေါ်ပေါက် ခဲ့ရင် Arbitration နည်းဖြင့် ဖြေရှင်းမယ် ဆိုတဲ့စာပိုဒ် (သဘော
တူညီချက်) ကို ထည့်လေ့ရှိကြပြီး ဘယ် Arbitration rule ကိုရွေးချယ်တယ်။ ဘယ်နေရာ
(ဘယ်နိုင်ငံ) မှာ Arbitration ခုံရုံး ထိုင်မယ်။ "ခုံရုံးက စုံစမ်းစစ်ဆေးဆုံးဖြတ်ရာ မှာ ဘယ်ဘာသာ
စကား (Language) ကိုအသုံးပြုမယ် ဆိုတာတွေကို တစ်ပါ တည်းဖော်ပြလေ့ရှိတယ်။ အငြင်းပွား
မှု တစ်မျိုးမျိုး ပေါ်ပေါက်တဲ့အခါကျမှ အဲဒီအငြင်းပွားမှုကို တရားစွဲဆိုခြင်း ဖြင့် မဖြေရှင်းဘဲ
အနုညာတဆုံးဖြတ် နည်းဖြင့်ဖြေရှင်းမယ်ဆိုပြီး သဘောတူညီချက် (Arbitration Agreement)
ပြုလုပ်ရင်လည်း ရတယ်။ အဲဒီကိစ္စမျိုး မှာတော့ Arbitration rule ရွေးချယ် ရေးနဲ့ Arbitration
ပြုလုပ်မယ့် နေရာ ရွေးချယ်ရေးမှာ သဘောတူညီမှုမရနိုင် တဲ့ အခက်အခဲမျိုး ပေါ်ပေါက်တတ်
တယ်"
"ဟုတ်ပါပြီဆရာ။ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ Arbitration Rules တွေ အကြောင်း ပြောပါဦးဆရာ"
"ဒီမှာက နျစ်ပိုင်းရှိတယ်။ တစ်ပိုင်း ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြု အဖွဲ့က ပြဋ္ဌာန်းပေးတဲ့
Arbitration Act ပေါ့။ အများအားဖြင့်တော့ နိုင်ငံတိုင်း လိုလိုမှာ Arbitration act တွေရှိကြတာ
ပဲ။ နောက်တစ်ပိုင်းကတော့ အစိုးရ မဟုတ်တဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းက ကမကထပြုပြီး
ချမှတ်ပေး တဲ့ Arbitration rule တွေပေါ့။ တခြား နိုင်ငံတွေရဲ့ Arbitration ဗခအ တွေ အားလုံး
ကိုတော့ဒို့မသိနိုင်ဘူး။ ဒီမှာ ဆွေးနွေး ဖို့လည်းလိုမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံ ရဲ့ Arbitration Act
တွေအကြောင်းကို တော့ နောက်ပိုင်းမှ ပြောရအောင်၊ အခု ထင်ရှားတဲ့ International Arbitration
Ruleတချို့အကြောင်းအရင်ပြော မယ်"
"ဟုတ်ကဲ့ပါဆရာ"
"အစောဆုံးလို့ ပြောနိုင်တဲ့ International Arbitration Rule တစ်ခုက တော့ ၁၉၂၃ နဲ့ ၁၉၂၇
ခုနှစ်တွေမှာ သဘောတူ ရေးဆွဲချမှတ်ခဲ့တဲ့ "Protocol on Arbitration Clauses ၁၉၂၃ နဲ့
Convention on the Execution of Foriegn Arbitral Awards of ၁၉၂၇' ဆိုတဲ့ အပြည်
ပြည်ဆိုင်ရာသဘောတူ စာချုပ်များ (Conventions) ပဲဖြစ် တယ်။ အဲဒါနှစ်ခုကို တစ်ပေါင်းတည်း
ရည်ညွှန်းပြောဆိုတဲ့အခါ "Geneva Protocol and Convention"လို့ အတိုနည်းနဲ့ ပြောဆိုလေ့
ရှိကြတယ်။ အဲဒီ Protocol and Convention က အနုညာတ ဆုံးဖြတ်ခြင်းဆိုင်ရာ လုပ်ထုံး
လုပ်နည်းများ (Arbitration Rules) နှင့် နိုင်ငံခြားခုံသမာဓိဆုံးဖြတ် ချက်ကို အတည်ပြု အကောင်
အထည် ဖော်နည်း (Enforcement of Foreign Arbitral Awards) တွေကို ပူးပေါင်း ဖော်ပြထား
တာဖြစ်တယ်"
"အဲဒါက International Convention ဆိုတော့ အဲဒီစာချုပ်မှာ ကျွန်တော် တို့မြန်မာနိုင်ငံက
အဖွဲ့ဝင်အဖြစ်ပါ၀င် ထားပါသလား ဆရာ" "ဒို့မြန်မာနိုင်ငံက ဗြိတိသျှကိုလိုနီ အဖြစ် ကွန်ဗင်းရှင်း
မှာပါ၀င်ခဲ့ရတာ။ ၂၀၀၄ ခုနှစ်မှာ ငါရထားတဲ့စာရင်း အရဆိုရင် ကွန်ဗင်းရှင်းအဖွဲ့ဝင် ၁၉ နိုင်ငံသာ
ရှိပြီး အာရှတိုက်ကဆိုရင် လည်း Siam (ယခု Thailand)နိုင်ငံ တစ်နိုင်ငံတည်း သာပါတယ်။
မြန်မာနဲ့ အိန္ဒိယတို့ကတော့ ဗြိတိသျှကိုလိုနီဖြစ် တော့ ဗြိတိန်နိုင်ငံထဲမှာပါတဲ့ နယ်မြေ အဖြစ်
ပါသွားတာ။ ဗြိတိသျှကိုလိုနီ ဟောင်းများဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ပ့ါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်
တို့လည်း ပါနိုင်ပေမယ့် ငါ့အနေနဲ့တော့ အသေ အချာမပြောနိုင်သေးဘူး။ ထိုင်းနိုင်ငံ ကလွဲပြီး ကျန်
တဲ့အဖွဲ့ဝင်နိုင်ငံအားလုံးက ဗြိတိန်နိုင်ငံအပါအဝင် အားလုံး ဥရောပနိုင်ငံတွေချည်းပဲကွ။ ဒီကွန် ဗင်း
ရှင်းကို ဆက်ခံတယ်လို့ဆိုနိုင်တဲ့ နြတ ့သမု ဃသညလနညအငသည ကို ၁၉၅၈ ခုနှစ် မှာ လက်
မှတ်ရေးထိုးခဲ့ကြတဲ့အတွက် အခုပြောနေတဲ့ ဂျနီဗာကွန်ဗင်းရှင်းမှာ အဖွဲ့ဝင်နိုင်ငံတိုးလာဖို့ အခြေ
အနေမရှိ တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ၁၉၅၈ ခုနှစ်နောက်ပိုင်းမှာ Arbitration ကိစ္စနှင့်
ပတ်သက်ပြီး နယူးယော့ခ်ကွန် ဗင်းရှင်းမှာသာဝင်ရောက်ကြလို့ပဲကွ"
"ဟုတ်ကဲ့၊ ဆက်ပါဦးဆရာ"
"Arbitration Rule နဲ့ ပတ်သက် လို့ နိုင်ငံတွေရဲ့ ဥပဒေပြဋ္ဌာန်းချက်အရ မဟုတ်ဘဲ။ ဒီကိစ္စ
အတွက် သီးခြား တည်ထောင် ဖွဲ့စည်းထားတဲ့ အစိုးရ မဟုတ်တဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့
အစည်းတွေလည်း ရှိသေးတယ်။ သူတို့ကို "Institutes of Arbitration" (Arbitration
ကိစ္စများကို ကြီးကြပ်သည့်အဖွဲ့ အစည်းများ) လို့ခေါ်တယ်။ အဲဒီအဖွဲ့ အစည်းတွေကလည်း
Arbitration rule တွေ ထုတ်ပြန်ထားကြတယ်။ အဲဒီ Arbitration ruleတွေကိုအသုံး ပြုပြီး
Arbitration နည်းနဲ့ ဆုံးဖြတ် တာကို ှုညျအငအကအငသညေူ Arbitration လို့ ခေါ်တယ်။
Arbitration ကိုကြီးကြပ်တဲ့ အဖွဲ့အစည်းတွေထဲမှာ ရှေးအကျဆုံး နဲ့ ယုံကြည်ကိုးစားခြင်းခံ
ရတဲ့ အဖွဲ့ အစည်းကတော့ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအသင်း (The
International Chamber of Commerce- ICC) ပေါ့ကွာ။ ဒီအသင်းကြီး ကထုတ်ပြန်ထားတဲ့
"ICC Arbitration Rules" ကတော့ သက်တမ်းရှည်ပြီး အတွေ့အကြံုလည်းများတာကြောင့်
ကမ္ဘာမှာအသုံးများပြီး ထင်ရှားတယ်။ ICC ကတည်ထောင်ထားတဲ့ International Court of
Arbitration က ပြင်သစ်နိုင်ငံ ပါရီ မြို့မှာ ရုံးစိုက်တယ်"
"ဟုတ်ကဲ့။ ICC အကြောင်းကိုတော့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလောက မှာ သိတဲ့လူများပါ
တယ်ဆရာ။ ကျန်တဲ့ အဖွဲ့အစည်းတွေအကြောင်း ဆက်ပါဦး ဆရာ"
"၁၉၇၆ ခုနှစ်နောက်ပိုင်းမှာ ထင်ရှား လာတဲ့ Arbitration rule တစ်ခုက တော့ ကုလသမဂ္ဂ၊
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဥပဒေကော်မရှင် (The UN Commission on International
Trade Law- UNCITRAL)က ထုတ်ပြန် ခဲ့တဲ့ "The UNCITRAL Arbitration Rule" ပဲဖြစ်တယ်၊
၁၉၇၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အဲဒီ Ruleအရပြုလုပ်တဲ့ Arbitration ရေးရာ
ကိစ္စများကို ကြီးကြပ်တဲ့ အဖွဲ့ အစည်း (Institute of Arbitration ) ကို တော့ တည်ထောင်
ထားခြင်း မရှိဘူး။ UNCITRAL လို့ အတိုကောက်ခေါ် ကြတဲ့ 'ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ
ကုန်သွယ်ရေး ဥပဒေကော်မရှင်' ကလည်း Arbitration ပြုလုပ်မှုများကို ကြီးကြပ်ပေးခြင်းမရှိဘူး။
လုပ်ထုံးလုပ် နည်းကိုသာထုတ်ပြန်ပေးထားတာကွ"
"ဟုတ်ကဲ့ပါ ဆရာ"
"အခုပြောခဲ့တဲ့ Arbitration Rule တွေလောက် တစ်ကမ္ဘာလုံးအနေနဲ့ မထင်ရှား၊ လူသိမများပေ
မယ့် အပြည်ပြည် ဆိုင်ရာ တခြား Arbitration Rule တွေ လည်း ရှိသေးတယ်။ လန်ဒန်အပြည်
ပြည် ဆိုင်ရာ အနုညာတ တရားရုံးက ထုတ်ပြန် ထားတဲ့ "The Rules of London Court of
International Arbitration" ၊ အမေ ရိကန်ပြည်ထောင်စုမှာ "American Arbitration
Association- AAA" က ထုတ်ပြန်ထားတဲ့ "The AAA Commercial Arbitration Rules"၊
"The International Bank of Reconstruction and Development" (ပြန် လည်ထူ
ထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအပြည်ပြည်ဆိုင်ရာဘဏ်) က ထုတ်ပြန်ထားတဲ့ "The
Convention on the Settlement of Investment Disputes between States and
Nationals of other States" (နိုင်ငံ အစိုးရများနှင့် အခြားနိုင်ငံများ၏ နိုင်ငံ သားများအကြား
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းခြင်းနှင့် စပ်လျဉ်းသည့်ကွန်ဗင်းရှင်း) နဲ့ "The
European Convention International Commercial Arbitration" (ဥရောပနိုင်ငံများ၏
အနုညာတဆုံး ဖြတ်ခြင်း ဆိုင်ရာကွန်ဗင်းရှင်း) စတာ တွေပေါ့။ ကဲ ဒီနေ့တော့ ဒီလောက်နဲ့ ပဲ
နားလိုက်ကြရအောင်၊ နောက်မှဆက် ကြသေးတာပေါ့"
















