မြန်မာတွေ စိတ်ရှည်ရှည်နဲ့ တန်းစီဖို့ လိုနေပြီ

မြန်မာတွေ စိတ်ရှည်ရှည်နဲ့ တန်းစီဖို့ လိုနေပြီ

ရန်ကုန်မှာ ယာဉ်ကြောတွေပိတ်ဆို့ရခြင်း အဓိကအကြောင်းရင်းတွေထဲမှာ ရှေ့က ယာဉ်ကြောသိပ်မရွေ့နိုင်တာကို စိတ်မရှည်တဲ့ ယာဉ်မောင်းတွေက ဆန့်ကျင်ဘက်ယာဉ်ကြော က ဖြေးဖြေးသွားမယ့်ကားတွေနဲ့ ရပ်မယ့်ကားတွေအတွက်ထားတဲ့ ယာဉ်ကြောထဲ ဖြတ်ဝင်ပြီး ကျော်တက်တဲ့ အကျင့်ဆိုးကြီးလည်း တစ်ချက် ပါ၀င်ပါတယ်။

ရန်ကုန်မှာ ယာဉ်ကြောတွေပိတ်ဆို့ရခြင်း အဓိကအကြောင်းရင်းတွေထဲမှာ ရှေ့က ယာဉ်ကြော
သိပ်မရွေ့နိုင်တာကို စိတ်မရှည်တဲ့ ယာဉ်မောင်းတွေက ဆန့်ကျင်ဘက်ယာဉ်ကြော က ဖြေးဖြေး
သွားမယ့်ကားတွေနဲ့ ရပ်မယ့်ကားတွေအတွက်ထားတဲ့ ယာဉ်ကြောထဲ ဖြတ်ဝင်ပြီး ကျော်တက်တဲ့
အကျင့်ဆိုးကြီးလည်း တစ်ချက် ပါ၀င်ပါတယ်။

အတ္တကြီးတဲ့ ယာဉ်မောင်းတွေက စက္ကန့်အနည်းငယ်စာအတွက် မဆင်မခြင်လုပ် လိုက်တာကြောင့်
ယာဉ်ကြောတွေ ပိတ်ဆို့ကုန် ပြီး လမ်းမှန်ကို သူပြန်ပြီး ဖြတ်ဝင်တဲ့အခါမှာ လည်း သူ့နောက်က
ကားတွေအတွက် ခရီး နှောင့်နှေးသွားရတာမျိုးကို ဖြစ်စေပါတယ်။

ဒီလို ယာဉ်ကြောပိတ်ဆို့နေတဲ့အချိန်မှာ ယာဉ်ထိန်းရဲတွေလည်း လမ်းရှင်းတာကို ၀ီစီမှုတ်ရင်း ရှင်း
ပေးပေမယ့်လည်း ထိထိရောက် ရောက် မစွမ်းဆောင်နိုင်ပါဘူး။ ကားဟွန်းသံ တွေ တစီစီတညံညံ
နဲ့ ပိုပြီး အခြေအနေဆိုးသွား စေပါတယ်။အများအားဖြင့်တော့ ဒီလိုလမ်းပြောင်းပြန်သုံးပြီး ယာဉ်
ကြောကို ကျော်တက်တဲ့ အကျင့်ဆိုးဟာ စိတ်ကသိကအောက်ဖြစ်စရာလေးတွေပဲ ဖြစ်စေပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်ကြံုခဲ့ရတဲ့ ဖြစ်ရပ်ကတော့ တော်တော့်ကို ဆိုးပါတယ်။ လမ်းပြောင်း
ပြန်မောင်းလာတဲ့ ကားတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှု အကြာကြီးဖြစ်သွားတဲ့ အတွက်
ကျွန်တော်တို့မိသားစု အပန်းဖြေခရီး ထွက်ရာမှာ ခရီးရှေ့မဆက်နိုင်လို့ လမ်းခုလတ် ကနေ
လှည့်ပြန်ခဲ့ရပါတယ်။

ကျွန်တော်တို့ မိသားစု ကျိုက်ထီးရိုးဘုရားဖူး သွားကြဖို့ အိမ်ကကားနဲ့ ထွက်လာခဲ့ကြပါတယ်။
ရန်ကုန်ကနေ မိုင် ၁၀၀ (၁၆၀ ကီလိုမီတာ)လောက်အကွာ ကင်ပွန်းစခန်းကနေ သုံးမိုင်လောက်
အလို လမ်းမှာ ရှေ့ဆက်မတိုးနိုင်တဲ့ ယာဉ်ကြောကြီးနဲ့ ကျွန်တော်တို့ ပက်ပင်းတိုးခဲ့ရ ပါတယ်။

ကျွန်တော်တို့ရှေ့ သွားနေတဲ့ကားတွေ လုံးဝရပ်ထားရလုနီးပါးအထိကို ယာဉ်ကြော ပိတ်နေတာပါ။
ရပ်နေတဲ့ယာဉ်ကြော နောက်ဆုံးကားနောက် မှာ ကျွန်တော်တို့ကားကို ထိုးရပ်လိုက်ပြီး ကားလမ်း
ဘေးမှာ ရပ်သူရပ် ထိုင်သူထိုင်နဲ့ ယာဉ်ကြောအပွင့်ကို စောင့်နေတဲ့ ကျွန်တော့်လို ဘဝ တူ ခရီး
သွားတွေနဲ့ အပျင်းပြေ စကားပြောဖို့ ကား ထဲကနေ ကျွန်တော်တို့ ထွက်ခဲ့ကြပါတယ်။

ကျွန်တော်တို့အရှေ့ ကားတွေက ကားမောင်းသူ တွေ ပြောတာကတော့ ရန်ကုန်ဘက်ကို ပြန်ဆင်း
လာတဲ့ ဘုရားဖူးကားတွေကြောင့် ယာဉ်ကြောတွေခုလို ပိတ်ဆို့သွားရတာပါတဲ့။ ယာဉ်ကြောပိတ်
ဆို့တာ သိပ်မကြာဘူးလို့ ထင်တဲ့အတွက် မြို့မှာ မြင်ရခဲတဲ့ တောတောင်ရှုခင်းတွေကို ခံစား ပြီး
ကျွန်တော်တို့တွေ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်း နေခဲ့ကြပါတယ်။ ကျွန်တော်တို့တွေ ဓာတ်ပုံတွေ
ရိုက်ကြ၊ ဟာသတွေပြောကြနဲ့ ခရီးသွားအချင်းချင်း တော်တော်လေးတောင် ခင်မင်ရင်းနှီးသွား
ကြပါတယ်။

မိနစ် ၃၀ လောက်ကြာတဲ့အခါမှာတော့ လမ်း ပြောင်းပြန်ဘက်ကနေ ကားတစ်စင်းတစ်လေတောင်
ဆင်းလာတာ မတွေ့ရတော့ပါဘူး။ ဒီအချိန်မှာတော့ ကျွန်တော်တို့တွေ စိတ်ကသိကအောက်ဖြစ်ရာ
ကနေ သည်းမခံနိုင်တော့တဲ့ အခြေအနေအထိ ဖြစ်လာကြပါတယ်။ သိပ်မကြာသေးခင်ကရောက်
လာပြီး ကျွန်တော်တို့ကားနောက်ကနေ တန်းစီပြီး စောင်း ဆိုင်းနေကြတဲ့ သူတွေဟာ တစ်ဖက်
ယာဉ်ကြောဘက်ကို ၀င်ပြီး ယာဉ်ကြောကို ကျော်တက်ဖို့ ကြိုးစားကြပါတော့တယ်။ တခြားသူ
တွေလည်း သူတို့နည်းတူ လိုက်ပြီးလုပ်လာကြပါတယ်။ တစ်နာရီအတွင်းမှာပဲ တစ်ဖက်ယာဉ်ကြော
လွတ်မှာ မရွေ့နိုင်ဘဲ ရပ်နေရတဲ့ ကားတန်းဟာ ငါးကီလိုမီတာလောက်ရှိပါတယ်။ ယာဉ်ကြောနှစ်
ဖက်စလုံး လုံးဝကို ပိတ်ဆို့ သွားပါပြီ။ ကျွန်တော်တို့ကားတွေ တစ်လက်မတောင် မရွေ့ရဘဲ စုစု
ပေါင်းခြောက်နာရီလောက် စောင့်လိုက်ရပါတယ်။


 

နောက်ဆုံးတော့ ကျွန်တော်တို့ခရီးရှေ့ဆက်ဖို့ လက်လျှော့လိုက်ပြီး ရန်ကုန်ဘက်ကို စိတ်ပျက်
လက်ပျက်နဲ့ လှည့်ပြန် လာခဲ့ရပါတယ်။ ကျိုက်ထီးရိုးဘုရားဖူး ထွက်လာ တာ မိုင် ၁၀၀ ကျော်
မောင်းပြီးမှ ပြန်လှည့်လာရ တဲ့ အဖြစ်ပါ။ ဒါပေမဲ့ ဂျပန်နိုင်ငံကို မကြာသေးခင်က ကျွန်တော်
သွားဖြစ်ခဲ့တဲ့အခါမှာတော့ ဂျပန်တွေ ဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ရှည်လက်ရှည်နဲ့ စနစ်တကျ
တန်းစီစောင့်ဆိုင်းတတ်ကြတာကို တွေ့ခဲ့ရပါတယ်။

တန်းစီစောင့်ဆိုင်းရတဲ့ အပေါ် သူတို့ရဲ့ သဘောထားက ကျွန်တော်တို့ မြန်မာတွေနဲ့ မတူတာက်ို
လည်း သတိပြုမိခဲ့ပါ တယ်။ မြို့ကြီးတိုင်းမှာကြံုနေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုအခက်အခဲကို ဂျပန်
နိုင်ငံမှာလည်း ခံစားရပါတယ်။ ဒါပေမဲ့ အဲဒီမှာတော့ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ မတွေ့ရတဲ့ စနစ်
တကျရှိတာ ကို တွေ့ရပါတယ်။ နာရိတာလေဆိပ်ကနေ မြို့ထဲကိုသွားတဲ့လမ်းမှာ ကားတွေက
ခပ်ဖြည်းဖြည်းပဲ သွားလို့ရ ပါတယ်။ ဒါပေမဲ့ လုံးဝပိတ်ဆို့သွားတာမျိုး တော့ မဖြစ်ပါဘူး။ ရဲကား
တွေနဲ့ လူနာတင်ယာဉ် တွေအတွက် သီးသန့်ထားထားတဲ့ အမြန်လမ်းမ ကြီးရဲ့ ဘယ်ဘက်အကျ
ဆုံးယာဉ်ကြောနဲ့ ပတ် သက်ပြီး ကျွန်တော်သတိထားမိတာကတော့ ယာဉ်ကြောက လုံးဝရှင်းနေ
ပေမယ့် ဘယ်သူမှ မသုံးကြတဲ့ အချက်ပါ။ ဒီယာဉ်ကြောအသုံး ပြုမှုနဲ့ ပတ်သက်ပြီး စည်းကမ်းတင်း
တင်းကျပ် ကျပ်ချမှတ်ထားကြောင်းနဲ့အရေးပေါ်ယာဉ်မဟုတ်ဘဲ ဒီယာဉ်ကြောကို သုံးမိရင် ဒဏ်ငွေ
အများကြီးဆောင်ရကြောင်း ကျွန်တော်နဲ့တွေ့ ဆုံခဲ့ရတဲ့ ဂျပန်တစ်ဦးရှင်းပြပါတယ်။ ဒါကတော့
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သင်ခန်းစာယူသင့်တဲ့ အချက်ပါပဲ။ ဒီမှာပြဋ္ဌာန်း ထားတဲ့ ယာဉ်စည်း
ကမ်းက မကောင်းတစ်ချက် ကောင်းတစ်ချက်လို့ ပြောရမှာပါ။ ဒါကြောင့် လမ်းအသုံးပြုနေကျ
ယာဉ်မောင်းတွေဟာ ယာဉ်ထိန်းရဲတွေကို ဂရုမစိုက်ဘဲ လုပ်ချင်သလို လုပ်ရဲနေကြပါတယ်။

ဂျပန်တွေက စိတ်ရှည်ပြီး စနစ်တကျတန်းစီရတာကိုလည်း တန်ဖိုးထားကြပြီး ဘယ်တော့မှ
လူတန်းကို ကျော်တက်တာ မျိုး မလုပ်ကြပါဘူးလို့ တိုကျိုမှာ ကျွန်တော်ဆုံခဲ့ တဲ့ မြန်မာတစ်ဦးက
ပြောပြပါတယ်။

ဂျပန်မှာ ကျွန်တော် ပထမဦးဆုံး တန်းစီခဲ့ရ တာကတော့ နာရိတာလေဆိပ်က လူဝင်မှုကြီးကြပ်
ရေးကောင်တာမှာပါ။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ တန်းစီနေတဲ့သူတွေ ကျွန်တော့်ရှေ့မှာ
အများကြီးရှိနေပေမယ့် ကျွန်တော်အဲဒီမှာ မိနစ်ပိုင်းလောက်ပဲ တန်းစီခဲ့ရပါတယ်။ ဖြစ်နိုင်ပါ့မလား
လို့ တွေးမိကြမှာပါ။

လူဝင်မှုကြီးကြပ်ရေးကောင်တာက တာဝန်ရှိ သူဟာ တန်းစီနေတဲ့သူတွေရဲ့ ဖောင်ကို စစ်ဆေး
ရင်းနဲ့ ပျံသန်းမှုအမှတ်၊ လေဆိပ်ကို ရောက်တဲ့နေ့၊ လေဆိပ်အမည် စတဲ့ အချက်အလက်တွေ
ကိုလည်း တစ်ပါတည်း ဖြည့်ပေးပါတယ်။ ဒီလိုဝန်ဆောင်မှုပေးတာမျိုးကို ကျွန်တော် မကြံုဖူးပါ
ဘူး။

ပြီးတော့ မြန်မာနိုင်ငံနဲ့ ကျွန်တော်ရောက် ဖူးခဲ့တဲ့ နိုင်ငံတချို့မှာ တွေ့ရတတ်တဲ့ တစ်ယောက်
ယောက် စိတ်မရှည်ဖြစ်နေတာကိုလည်း မတွေ့ ခဲ့ရပါဘူး။ တိုကျိုမှာ စောင့်ဆိုင်းနေတဲ့ လူတန်း
တွေကို နေရာတော်တော်များများမှာ တွေ့ရပါတယ်။ ဂျပန်တွေဟာ ဈေးဝယ်စင်တာတွေ၊
မြေအောက် မီးရထားဘူတာရုံတွေ၊ တက္ကဆီဂိတ်၊ ဘတ်စ် ကားဂိတ်၊ စားသောက်ဆိုင်၊ ကော်
ဖီဆိုင်နဲ့ အများသုံးအိမ်သာတွေမှာတောင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတတ်ကြပါတယ်။

ကျွန်တော့်ကို မြို့အနှံ့လိုက်ပြတဲ့ ဂျပန်ဧည့်လမ်းညွှန် က ကျွန်တော်မြင်ဖူးသမျှထဲမှာ အရှည်ဆုံး
ဖြစ် တဲ့ လူတန်းကြီးကို ပြပါတယ်။ အဲဒါကတော့ ကော်ဖီဆိုင်အသစ်မှာဖြစ်ပြီး ဂျပန်ဆယ်ကျော်
သက်လေးတွေ ကော်ဖီတစ်ခွက်ရဖို့ သုံးနာရီနီးပါးစောင့်ဆိုင်းပြီး ၀ယ်နေကြတဲ့ လူတန်းရှည် ကြီးပါ။

ကျွန်တော်နဲ့အတူပါလာတဲ့ မြန်မာမိတ်ဆွေက သူသာဆို ကော်ဖီတစ်ခွက်သောက်ရဖို့ အတွက်
တစ်မိနစ်တောင် မစောင့်ချင်ဘူးလို့ ပြောပါတယ်။ ရန်ကုန်က လူအများစုလည်း အခု လို စောင့်
ချင်ကြမှာ မဟုတ်ပါဘူး။ ကော်ဖီတစ်ခွက်ကို သုံးနာရီလောက်တန်းစီစောင့် ပြီးမှ သောက်ရမယ်
ဆိုရင် မြန်မာနိုင်ငံမှာတော့ မဖြစ်နိုင်ပါဘူး။

မြန်မာနိုင်ငံက စူပါမားကက်တွေမှာ တွေ့ရ လေ့ရှိတဲ့တန်းစီနေတဲ့သူ အလှည့်ကို ၀င်လုပြီး ငွေရှင်း
တတ်တဲ့အကျင့်ကို ကြံုလိုက်ရတဲ့ အနောက်နိုင်ငံသား ကျွန်တော့်မိတ်ဆွေက တော်တော်လေးကို
အံ့အားသင့်နေပါတယ်။ အလှည့်ကျော်တာတင် မဟုတ်သေးပါဘူး။ အလှည့်ကျော်တဲ့သူတွေ
မကျော်ဖို့ပြောတဲ့သူ ကိုလည်း ရိုင်းတယ်လို့ ထင်တတ်ကြပါသေး တယ်။ ရန်ကုန်က ရှော့ပင်း
စင်တာတချို့မှာဆို ရင် ငွေရှင်းကောင်တာမှာ တန်းစီစောင့်နေတဲ့ သူကို အလှည့်ကျော်တဲ့သူက
မကျော်ဖို့ ပြောရင် ရိုင်းတယ်လို့ ထင်မှာစိုးလို့ မပြောရဲဖြစ်ရတဲ့ မြန်မာဈေးဝယ်သူတွေအကြောင်း
သူ့အတွေ့ အကြံုကို ကနေဒါနိုင်ငံသား ကျွန်တော့်လုပ်ဖော် ကိုင်ဖက်က ပြောပါတယ်။ မြန်မာတွေ
အားလုံး တန်းမကျော်ဖို့ လိုအပ် နေပါပြီ။

(သီရိမင်းထွန်း ဘာသာပြန်သည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021