ဘန်ကောက်မြို့မှာဖြစ်နေတဲ့ အခြေ အနေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၅ နှစ် တုန်းက ၀တ္ထုရေးဆရာကြီး ချားလ်စ်ဒစ် ကင်ရေးခဲ့တဲ့ A Tale of Two Cities ၀တ္ထု ထဲက အဖွင့်စကားလေးတွေကို သွားပြီး သတိရစေတယ်။
ဘန်ကောက်မြို့မှာဖြစ်နေတဲ့ အခြေ အနေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၅ နှစ် တုန်းက ၀တ္ထုရေး
ဆရာကြီး ချားလ်စ်ဒစ် ကင်ရေးခဲ့တဲ့ A Tale of Two Cities ၀တ္ထု ထဲက အဖွင့်စကားလေးတွေ
ကို သွားပြီး သတိရစေတယ်။
အဲဒီ ၀တ္ထုကလည်း ပြင်သစ်တော်လှန်ရေးကြီး ဖြစ်ခါနီးလေး ရေးသားခဲ့တဲ့ဝတ္ထုဖြစ်တယ်။ အကောင်း
ဆုံးအချိန်တွေ၊ အဆိုးဆုံး အချိန်တွေ၊ ဉာဏ်အမြော်အမြင်ရှိတဲ့ အချိန်အခါ၊ မိုက်မဲတဲ့အချိန်အခါ၊
ယုံကြည်ခဲ့ကြတဲ့ခေတ်၊ ယုံကြည်ခြင်းမရှိ တဲ့ခေတ်၊ အလင်းရောင်ရှိတဲ့ရာသီ၊ မှောင်မိုက်တဲ့ရာသီ
ဆိုတဲ့ စကားလုံးတွေ ကို ချားလ်စ်ဒစ်ကင် ရေးသားခဲ့တယ်။
လူတွေကပြောကြတယ်။ အပြောင်းအလဲတွေများများဖြစ်လေ နဂိုအတိုင်းပိုပြီးရှိနေကြတယ်လို့
အရင် ရှေးအချိန် တုန်းကနဲ့ အခုအချိန်တွေကို ယှဉ်ကြည့် ရင် အံ့ဩစရာလည်းကောင်းတယ်၊
ကြောက်စရာလည်း ကောင်းလာတယ်။
ဉာဏ်အမြော်အမြင်ရှိခြင်းနဲ့ မိုက်မဲ ခြင်း၊ အလင်းရောင်နဲ့ မှောင်မိုက်ခြင်း၊ ဒီလိုမှတ်သားဖွယ်ကောင်း
တဲ့ စကားလုံး တွေရေးခဲ့တဲ့အချိန်မှာ ချားလ်စ်ဒစ်ကင် ဟာ ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေကို
လွယ်လွယ်လေးနဲ့ လှုံ့ဆော်ပေးသလို ဖြစ်ခဲ့တယ်။
ထိုင်းနိုင်ငံ ဆန်းစစ်သူ အတော်များ များတို့က ပိုကောင်းတဲ့ အနာဂတ်ကို မျှော်မှန်းဖို့ အခြေအမြစ်
များရှိကြပေ မယ့် ထိုင်းနိုင်ငံတစ်ဝန်း ဆိုးရွားတဲ့ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ ယုတ္တိရှိတဲ့ စိုးရိမ် မှုက
လည်းရှိနေတယ်။
ဆီးရီးယားအပါအဝင် ကမ္ဘာ့နိုင်ငံ အချို့တွေမှာလို အစုလိုက်အပြံုလိုက် လူတွေသတ်တာကို
တွေးကြည့်လိုက် ပါ။ ဘန်ကောက်မှာလည်း ဒီအခြေအနေမျိုး ဖြစ်လာနိုင်တယ်။ စိတ်မကောင်း
စရာကတော့ ထိုင်းနိုင်ငံ ရဲ့မြို့တော်က လူအတော်များများတို့ ဟာ ဒုက္ခပေးမယ့်ချောင်ထဲကို
၀င်ရောက်၊ သို့မဟုတ် ကိုယ်ကျိုးသမားတွေရဲ့ လမ်းပြမှုကြောင့် ဦးတည်သွားနေကြတယ်။
၀န်ကြီးချုပ် ယင်လတ် ဦးဆောင်တဲ့ လက်ရှိ ဖူထိုင်းပါတီအစိုးရကို သူတို့ မနှစ်သက်ကြဘူး။ ၀န်ကြီး
ချုပ် ယင်လတ် ဟာ ၂၀၀၈ ခုနှစ်က ခြစားမှု စီရင်ချက် အချခံရာမှာ ဒူဘိုင်းသို့ ထွက်ပြေးတိမ်းရှောင်
နေတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ နှမငယ်ဖြစ် တယ်။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်
ဟာ ဘန်ကောက်မြို့ပြင်ရှိ ဆင်းရဲသား တွေနဲ့ လူလတ်တန်းစားတို့ရဲ့ ကျယ်ပြန့် တဲ့ ထောက်ခံမှု
ရရှိထားရာ လူအများက ယင်လတ်ကို သက်ဆင်က နောက်ကနေ ထိရောက်စွာ ကြိုးကိုင်နေတယ်
လို့ ယူဆ ကြတယ်။ ဒီလိုလည်း ဖြစ်နိုင်ခြေရှိပါတယ်။
လူဦးရေရဲ့ လူနည်းစုဖြစ်ပြီး မြို့တော်မှာရှိနေကြတဲ့ နိုင်ငံရေးပြိုင်ဘက်တွေက ဆန္ဒပြကန့်ကွက်နေ
တာ မှားတယ်လို့ ပြောလို့မရပါဘူး။ စိတ်မကောင်းစရာကတော့ ဆန္ဒပြကန့်ကွက်မှုတွေဟာ
တဖြည်းဖြည်းကြမ်း လာတာကတော့ ယင်လတ်နဲ့အပေါင်း ပါတွေရဲ့ တစ်စိတ်တစ်ပိုင်း လုပ်ရပ်
တွေကြောင့်လို့ ပြောနိုင်တယ်။
တချို့ ကလည်း ယင်လတ်ဟာ မာဂရက်သက်ချာ ပုံစံနဲ့ ပြတ်ပြတ်သားသားလုပ် ခြင်းသာဖြစ်
တယ်လို့ ပြောကြတယ်။ ဘယ်လိုပဲပြောပြော ယင်လတ်ရဲ့ ပါလီမန်အမတ်တွေက ၀န်ကြီးချုပ်
ဟောင်း သက်ဆင် ထိုင်းနိုင်ငံကိုပြန် လာနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် မူကြမ်းကို နိုဝင်ဘာလ
က ခွင့်ပြုလိုက်ရာမှ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့တယ်။
လွတ်ငြိမ်းချမ်းသာခွင့် မူကြမ်းကို ၀န်ကြီးချုပ် ယင်လတ်က အမြော်အမြင် ကြီးစွာနဲ့ ပယ်ဖျက်ခဲ့
တာကို မကျေနပ် နိုင်ကြတဲ့ ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ် ယင်လတ် ရာထူးက ထွက်ပေးဖို့တောင်း
ဆိုကြတဲ့အခါ ယင်လတ်က ဖေဖော်ဝါရီ လ ၂ ရက်မှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့
ပြောခဲ့တယ်။
ဆန္ဒပြသူတွေဟာ ရွေးကောက်ပွဲ ကျင်းပရေးကိုလည်း ပယ်ချလိုက်ကြ တယ်။ သူတို့ရဲ့ ခေါင်း
ဆောင်လည်း ဖြစ်၊ အတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင်နဲ့ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ရဲ့
နောက်လိုက်လည်းဖြစ်တဲ့ ဆူသက် သောင်ဆုဘန်က ဖေဖော်ဝါရီ လ အထွေထွေရွေးကောက်ပွဲ
ကျင်းပမှာ ကို မိုက်မဲစွာ သပိတ်မှောက်ခဲ့တယ်။
အဘီဆစ်ကလည်း ဆူသက်အတိုင်း လိုက်လုပ်ပြီး ဆူသက်လည်း ဘန်ကောက် မြို့က ထိပ်တန်း
လူ့အဖွဲ့အစည်းတွေ ထဲမှ သက်ဆင် ဆန့်ကျင်သူတွေရဲ့ပြော ဆိုမှုတွေကို တစ်ဆင့်နာခံနေတယ်။
တစ်ချိန်တည်းမှာ စစ်တပ်ကလည်း အမြော်အမြင်ကြီးစွာနဲ့ ဘေးမှစောင့် ကြည့်နေတယ်။
ဒါကြောင့်လည်း တစ်နေ့မှတစ်နေ့ ဉာဏ်အမြော်အမြင်ကြီးခြင်း၊ မိုက်မဲ ခြင်း၊ အလင်းရောင်ရှိခြင်းနဲ့
မှောင်မိုက် ခြင်းတို့ဖြစ်နေတယ်။ အခုဆိုရင်ပဲ ဇန်နဝါရီလ ၁၃ ရက်မှာ ဘန်ကောက် မြို့ရဲ့ လှုပ်ရှား
မှုကို ရပ်တန့်သွားအောင် လုပ်မယ်လို့ ဆူသက်ရဲ့လူတွေက ခြိမ်း ခြောက်နေပြန်တယ်။ ဒီအကျပ်
အတည်း ထဲက ထွက်ပေါက်ရှိသလား။ တစ်ကယ် ပြောရရင်တော့ ရှိပါတယ်။
အလေးစားခံရတဲ့ ပညာရှင်နှစ်ဦး ဖြစ်ကြတဲ့ Pasuk Phongpaichi နဲ့ Chris Baker တို့ပြောကြတဲ့
စကား တွေကို ဖော်ပြရမယ်ဆိုရင် စစ်တပ်၊ တရား ရေးနဲ့ နန်းတော်တို့က ဗြောင်ဝင်ရောက် စွက်ဖို့
ငြင်းဆိုထားရာ နှစ်ဖက်စလုံး ညှိနှိုင်းအဖြေရှာဖို့ တွန်းအားပေးသလို ဖြစ်လာပါတယ်။ ဒါဟာ ထူးခြား
တဲ့ဖြစ်စဉ်ပဲ။
အဖြေ ရဖို့ နှစ်ဖက်စလုံးက အနစ်နာခံ၊ စွန့်လွှတ်မှုတွေလုပ်ဖို့လိုတယ်။ နောက်ပိုင်း အားလုံးပြေ
လည်သွားပြီး ပြုပြင်ပြောင်း လဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ရွေးကောက်ပွဲအသစ်
ဖြစ် လာမှာပဲ။
ဒီအတိုင်းဖြစ်လာရင် ယင်လတ်နဲ့ အဘီဆစ်နှစ်ဦးစလုံး ရှိမှာမဟုတ်တော့ဘူး။ ယင်လတ်ဦးဆောင်
တဲ့ ဖူထိုင်းပါတီ ဆက်လက်လှုပ်ရှားနိုင်မှာမဟုတ်ဘူး။ ပါတီတွင်းက Chaturon Chaisang တို့လို
ပုဂ္ဂိုလ်မျိုးက ဦးဆောင် လာစရာရှိတယ်။ ဒီအတိုင်းပဲ ချီတုံချတုံ ဖြစ်နေတဲ့ အဘီဆစ်ဟာလည်း
ပိုပြီး ပြတ်သားတဲ့ Korn Chatikavanij၊ သို့မဟုတ် Surin pitsuwan တို့လို ပုဂ္ဂိုလ် တွေအတွက်
နေရာဖယ်ပေးရမယ်။
ဒီ ပုဂ္ဂိုလ်နှစ်ဦးတို့ဟာ ဘဏ္ဍာရေးဝန်ကြီး နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းတို့ အသီးသီးဖြစ်ကြတယ်။
သက်ဆင်ဟာလည်း ထိုင်းနိုင်ငံကို ဘယ်တော့မှ ပြန်လာနိုင်စရာအကြောင်း မရှိဘူးလို့ Pasuk နဲ့
Baker တို့က ပြောကြတယ်။ နောင်တက်မယ့် ဘယ်အစိုးရမဆို နောက်ထပ် လွတ်ငြိမ်းချမ်းသာ
ခွင့် မူကြမ်းမျိုး တင်သွင်းမှာ မဟုတ်ဘူး။ လုပ်ရင်တော့ နိုင်ငံရေးအရ သေကြောင်း ကြံစည်သလို
ဖြစ်မှာပဲ။
ဒီတော့ နှစ်ပါတီစနစ်ဟာ အဆင့် ဆင့် ပြောင်းလဲဖြစ်ပေါ်လာမှာဖြစ်ပြီး ရှင်နာဝပ် လွှမ်းမိုးမှုဘေး
ရောက်ကာ နိုင်ငံရဲ့လူထုအပေါ် မတူမတန် စီးပိုးတဲ့ ဘန်ကောက်ကလူ့မလိုင်တွေလည်း ဖျက်ပစ်
ခံရမှာဖြစ်တယ်။ နောက်တော့ ထိုင်းနိုင်ငံလည်း အလင်းရောင်ထဲမှာ ထွက်ပေါ်လာမှာ ဖြစ်တယ်။
(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏အာဘော်သာဖြစ်သည်။)
















