(ယခင်တစ်ပတ်မှအဆက်) သာဓကအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်မှုမရှိ၍ အလုပ်အကိုင်အလွန်ရှားပါးသော မြန်မာနိုင်ငံမှ ပြည်သူပြည်သား ၁ ဒသမ ၄ သန်း ခန့်သည် တရားဝင်နည်းလမ်း၊ တရားမဝင် နည်းလမ်းများဖြင့် အိမ်နီးနားချင်းနှင့် အခြားတိုင်းတစ်ပါးနိုင်ငံများသို့ သွားရောက်ကာ အနှိမ်ခံ၊ အနှိပ်စက်ခံ၊ အညှဉ်းဆဲခံ၊ အသတ်ခံ စသဖြင့် ထမင်းတစ်လုတ်အတွက် ဒုက္ခ မျိုးစုံခံကာအလုပ်အကိုင်ရှာဖွေ လုပ်ကိုင်နေကြရကြောင်း သိရှိရပါသည်။
(ယခင်တစ်ပတ်မှအဆက်)
သာဓကအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်မှုမရှိ၍ အလုပ်အကိုင်အလွန်ရှားပါးသော မြန်မာနိုင်ငံမှ
ပြည်သူပြည်သား ၁ ဒသမ ၄ သန်း ခန့်သည် တရားဝင် နည်းလမ်း၊ တရားမဝင် နည်းလမ်းများဖြင့်
အိမ်နီးနားချင်းနှင့် အခြားတိုင်းတစ်ပါးနိုင်ငံများသို့ သွားရောက်ကာ အနှိမ်ခံ၊ အနှိပ်စက်ခံ၊ အညှဉ်း
ဆဲခံ၊ အသတ်ခံ စသဖြင့် ထမင်းတစ်လုတ်အတွက် ဒုက္ခ မျိုးစုံခံကာအလုပ်အကိုင်ရှာဖွေ လုပ်ကိုင်
နေကြရကြောင်း သိရှိရပါသည်။
"၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခါစက မြန်မာနိုင်ငံ၏နောက်တွင် အများကြီး ကျန်နေသည့် နိုင်ငံများ၊
မြန်မာနိုင်ငံနှင့် တန်းတူနိုင်ငံများသည် ယခုအခါ မြန်မာ နိုင်ငံ၏ ရှေ့ကို အများကြီးကျော်လွန်သွား
ကြပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ ယင်းနိုင်ငံများ၏နောက် များစွာကျန်နေ ခဲ့ပြီဖြစ်ကြောင်း၊
ဒါကြောင့်မို့ ယခုအချိန်အခါသည် တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း ငြင်းခုံနေကြရမည့်
အချိန် မဟုတ်တော့ကြောင်း၊ အချင်းချင်းညီညီညွတ်ညွတ်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
၀ိုင်းဝန်း ကြိုးပမ်းသွားရမည့် အချိန်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း" မကြာသေးမီက လက်ရှိ
နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် နိုင်ငံတော်၏ ပကတိအခြေအနေမှန်ကို ထုတ်ဖော်ဝန်ခံပြောကြား
သွားခဲ့ဖူးပါသည်။
နိုင်ငံတော်သမ္မတကြီး၏ ထုတ်ဖော်ပြောကြားချက်များနှင့် အထက်ပါ တာဝန်ရှိ ပြည်ထောင်စု
၀န်ကြီး၏ အပိုဒ် (က) ပါအတိုင်း ဖြေကြားချက်များမှာ ပြဒါးတစ်လမ်း သံတစ်လမ်း၊ အရှေ့နှင့်
အနောက်၊ တောင်နှင့် မြောက်ဆိုသလို လုံးဝဆီလျော်မှု မရှိသော၊ အမြီးအမောက်မတည့်သော၊
ပကတိအခြေအနေမှန်နှင့် ကင်းကွာသော ဖြေကြားချက်တစ်ခုဖြစ်ကြောင်း တွေ့ရပါသည်။
၎င်းပြင် အပိုင်း (ခ) နှင့် (ဂ) ပါ ဖြေကြားချက်များမှာ အရပ်ဘက် ၀န်ထမ်းများသည် လုပ်ငန်းကို
လျင်မြန်စွာ မဆောင်ရွက်တတ်၊ မကြိုးစား၊ သစ္စာမရှိ၊ ဇွဲလုံ့လဝီရိယမရှိ၊ စွန့်လွှတ်စွန့်စား အနစ်နာခံမှု
မရှိ၊ အရည်အသွေး မရှိသူများဟု ဆိုလိုရာရောက်ပြီး မျက်စိကို စုံမှိတ်ကာ ဖြေကြားသွားခဲ့သည်။
အရပ်ဘက် ၀န်ထမ်းများထဲတွင်လည်းကောင်း၊ စစ်ဘက်ဝန်ထမ်းများထဲတွင် လည်းကောင်းအရာရာ
အကောင်းချည်းပဲ မရှိနိုင်ပါ။
မည်သည့်နေရာ၊ မည်သည့် အဖွဲ့အစည်းတွင်မဆို အကောင်းနှင့် အဆိုးသည် ဒွန်တွဲလျက်ရှိနေ
ကြောင်း သတိထားဖို့ လိုပါသည်။
အနီးစပ်ဆုံး သာဓကတစ်ခုအနေဖြင့် ၂၉-၁၂-၂၀၁၁ နေ့က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊
ကူးတို့ဆိပ်ရပ်ကွက် မီးလောင်မှုတွင် လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်တတ်သော၊ ကြိုးစား
သော၊ သစ္စာရှိသော၊ ဇွဲလုံ့လဝီရိယရှိသော၊ စွန့်လွှတ်စွန့်စား အနစ်နာခံသွားသော ပုဂ္ဂိုလ်များ
အရပ်ဘက်ဝန်ထမ်းများထဲတွင် များစွာရှိနေကြောင်းသိရှိရန် လိုပါသည်။
အလားတူ အခြားသော အရပ်ဘက် ဌာနများ၊ စက်ရုံအလုပ်ရုံများတွင်လည်း များစွာရှိနိုင်ပါသည်။
စစ်ဘက်ဝန်ထမ်းများ၏ စွန့်လွှတ် စွန့်စားအနစ်နာခံမှုကို မငြင်းလိုသော်လည်း ယင်းသို့ စွန့်လွှတ်
စွန့်စား အနစ်နာခံသူများဖြစ်၍ စစ်ဘက်ဝန်ထမ်းများမှာ ပုံမှန်လစာအပြင် အရပ်ဘက် ၀န်ထမ်းများ
ခံစားခွင့်မရှိသော အခြားခွင့်ပြုငွေများ၊ ပညာသည်စရိတ်များ၊ ရိက္ခာများ ခံစားခွင့်ပြုထားသည့်အပြင်
အငြိမ်းစားလစာနှင့် လုပ်သက်ဆုငွေ ပိုမိုခံစားခွင့်ရရှိခြင်း၊ လုပ်သက် ၁၀ နှစ် ပြည့်ပါက နှစ်ပြည့်
ပင်စင် ခံစားခွင့်ရရှိခြင်း စသည့် အခွင့်အရေးများကို ခံစားခွင့်ပြုထားသည်ကို မျက်ကွယ်မပြုရန်
လိုပါသည်။
၎င်းပြင် တာဝန်ရှိပြည်ထောင်စု ၀န်ကြီးက "အရည်အချင်း၊ အရည်အသွေးခံယူချက်၊ ယုံကြည်ချက်
အဆင့်အတန်းတူသူများသည် သူ့နေရာနှင့် သူ့အဆင့်အတန်း ရရှိခံစားနေရပြီဖြစ်ကြောင်း၊ တန်းတူ
အခွင့်အရေးပေးထားပြီး ဖြစ်ကြောင်း" ဖြေကြားချက်မှာလည်း လုံးဝလွဲချော်သည့် ဖြေကြားချက်
ဖြစ်ပါသည်။
ဥပမာ- စစ်ဘက်မှ ပြောင်းလာသည့် ဌာနအကြီးအကဲ တစ်ဦးသည် လက်ရှိလစာအပြင် စစ်ဘက်
ပင်စင်လစာ နှစ်ရပ်ပေါင်း ကျပ် ၃ ဒသမ ၅ သိန်းခန့်ရရှိနေသော်လည်း အရပ်ဘက်မှ တက်လာ
သည့် ဌာနအကြီးအကဲလစာမှာ ကျပ်နှစ်သိန်းသာ ရရှိပါသည်။
အရပ်ဘက်တွင် ၉၀ ရာခိုင်နှုန်းခန့်ရှိသော အောက်ခြေဝန်ထမ်းများ၏ လစဉ် ပျမ်းမျှလစာမှာ
ကျပ် ငါးသောင်းခန့်သာ ရှိပါသည်။
မည်သို့မျှ တန်းတူညီမျှမှု မရှိပါ။ ၎င်းပြင်စစ်ဘက်မှ ပြောင်းလာသော အထက်ပါ ဌာနအကြီးအကဲ
သည် စစ်ဘက်မှ လုပ်သက်ဆုငွေသိန်း ရ၀ ခန့်ရရှိပြီး၊ လက်ရှိ အရပ်ဘက်ရာထူးမှ ပင်စင်ယူသည့်
အခါ ထပ်မံ၍ ပင်စင်လစာနှင့် လုပ်သက်ဆုငွေခံစား ခွင့်ရရှိဦးမည်ဖြစ်ပါသည်။
သို့ရာတွင် အရပ်ဘက်မှ ဌာနအကြီးအကဲ ပင်စင်ယူသည့်အခါ လုပ်သက်စုငွေမှာ ကျပ် ၄၂ သိန်း
ထက် မပိုပါ။
လူရယ်လို့ ဖြစ်လာပြီဆိုပါက မျှော်လင့်ချက်ဖြင့် အသက်ရှင်ကြရပါသည်။
သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက်ဌာနဆိုင်ရာ အမှုထမ်း/ အရာထမ်းများ၏
မျှော်လင့်ချက် ရောင်ခြည်များမှာ မှေးမှိန်ဝေဝါးလျက် ရှိနေပါသည်။
တစ်နည်းအားဖြင့် အသက်ရှင်လျက်နှင့် သေနေသူများဟုပင် ခေါ်ဆိုရမလို ဖြစ်နေပါသည်။
ယင်းသို့ အရပ်ဘက်ဌာနများသို့ ကြားဖြတ် ၀င်ရောက်မှုများပြားနေသည့်အတွက် "၀န်ကြီးဌာနများ
၏ လုပ်ငန်းများ အထိုက်အလျောက် ကျဆင်းသွားနိုင်ကြောင်း၊ အောက်ခြေမှ တက်လာသည့်
ကျွမ်းကျင်ဝန်ထမ်းများ စိတ်ဓာတ်ကျ ဆင်းစေနိုင်ကြောင်း၊ မူလဝန်ထမ်းများအတွက် လမ်းပိတ်
ထားသည့် ပုံစံမျိုး မဖြစ်စေရန် စဉ်းစားဆောင်ရွက်သင့်ကြောင်း" စသည်ဖြင့် နိုင်ငံတော်၏
ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) နှင့် ပတ်သက်၍ ရှင်းလင်းညှိနှိုင်း
အစည်းအဝေးတွင် ဒုတိယသမ္မတက မှာကြားသွားခဲ့သည်။
ယခင်စစ်အစိုးရများလက်ထက်က Marshal Laws ဖြင့် အုပ်ချုပ်ရသည့် အစိုးရများဖြစ်၍ စစ်အစိုးရ
အလိုကျလုပ်ဆောင်ခဲ့ကြသော်လည်း ယခုအခါ ခေတ်တွေ၊ စနစ်တွေပြောင်းလဲကာ 'ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် အစိုးရ' တစ်နည်းအားဖြင့် ဒီမိုကရေစီခေတ်ကို ပြောင်းလဲပြီး ပြည်သူလူထု
က ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များအစိုးရ လက်ထက်တွင်
သန့်ရှင်းသောအစိုးရ (Clean Government)၊ ကောင်းမွန်သော စီမံခန့်ခွဲမှု (Good Governance)
များကို ဖော်ဆောင်နေသည့် အချိန်ကာလကို ရောက်ရှိနေပြီဖြစ်ပါသည်။
သို့ဖြစ်၍ နိုင်ငံသားများ၏ မူလအခွင့် အရေးများ မဆုံးရှုံးစေရေး၊ လူ့အခွင့်အရေးများ မဆုံးရှုံးစေရေး
တို့အတွက် 'မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်'ကို ဖွဲ့စည်းကာ စိစစ်ဆောင်ရွက်နေပြီ ဖြစ်ပါ
သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကလည်း အထက်ပါ အရပ်ဘက် ၀န်ထမ်းများ၏ လူ့အခွင့်
အရေးဆုံးရှုံးနေမှုများကို အလေးအနက်ထား၍ အလျင်အမြန်စိစစ်ဆောင်ရွက် ပေးရန် လိုအပ်နေပါ
ပြီ။
သို့ပါ၍ ချင်းပြည်နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်များကို ထောက်ခံ
ကြိုဆိုရင်း မြန်မာနိုင်ငံရှိ အရပ်ဘက်ဝန်ထမ်းများ၏ နှစ်ပေါင်း ၅၀ ခန့် လူ့အခွင့်အရေး ပိတ်ပင်
ဆုံးရှုံးနေမှုများအား ရပ်တန်းက ရပ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
















