အရှေ့တောင်အာရှနိုင်ငံတချို့ရဲ့ နိမိတ်ဆိုးပဲ့တင်သံများ

အရှေ့တောင်အာရှနိုင်ငံတချို့ရဲ့ နိမိတ်ဆိုးပဲ့တင်သံများ

၁၉၉၁ ခုနှစ်တွင် ပါရီငြိမ်းချမ်းရေးသဘောတူညီချက်တွေက ပြည်တွင်း စစ်နဲ့ နိုင်ငံခြားကျူးကျော်မှုကို အဆုံး သတ်စေခဲ့ပြီးနောက်ပိုင်း ကမ္ဘောဒီး ယားနိုင်ငံရဲ့ ငါးကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် ဟွန်ဆန်နဲ့ သူ့ရဲ့ ပြည်သူ့ပါတီဟာ ပွတ်ကာသီကာ နဲ့ ဇူလိုင်လက အနိုင်ရသွားခဲ့တယ်။

၁၉၉၁ ခုနှစ်တွင် ပါရီငြိမ်းချမ်းရေးသဘောတူညီချက်တွေက ပြည်တွင်း စစ်နဲ့ နိုင်ငံခြားကျူးကျော်
မှုကို အဆုံး သတ်စေခဲ့ပြီးနောက်ပိုင်း ကမ္ဘောဒီး ယားနိုင်ငံရဲ့ ငါးကြိမ်မြောက် အထွေထွေရွေး
ကောက်ပွဲမှာ ၀န်ကြီးချုပ် ဟွန်ဆန်နဲ့ သူ့ရဲ့ ပြည်သူ့ပါတီဟာ ပွတ်ကာသီကာ နဲ့ ဇူလိုင်လက
အနိုင်ရသွားခဲ့တယ်။

၀န်ကြီးချုပ်ရဲ့ပါတီဟာ အမတ်နေရာ နှစ်ဒါဇင်နီးပါး ဆုံးရှုံးသွားခဲ့ပြီး ဆမ်ရိန် ဆီ ဦးဆောင်တဲ့
အတိုက်အခံ ကမ္ဘော ဒီးယား အမျိုးသားကယ်တင်ရေးပါတီ (National Rescue Party) ကို
အမတ် အများစု ၆၁ နေရာရှိခဲ့ရာမှ ၁၁ နေရာထိ လျော့ကျသွားခဲ့တယ်။ ဟွန်ဆန်အစိုးရအပေါ်
အယုံအကြည် မရှိဘဲ မဲပေးခဲ့ရာမှာ တခြားနိုင်ငံတွေမှာဆိုရင် ပါတီခေါင်းဆောင်ပိုင်းကို ပြောင်း
လိုက်ဖို့များတယ်။ ဖနွမ်းပင်အစိုးရမှာတော့ ဒီလို မဖြစ် သေးဘူး။ ဘာဖြစ်လာသလဲဆိုတော့
လိမ်ညာမှုနဲ့ မဲခိုးတာတွေကြောင့် ရွေး ကောက်ပွဲ မနိုင်ဘဲ အစိုးရသစ်မဖွဲ့စည်း နိုင်ခဲ့ဘူးလို့
အတိုက်အခံပါတီကဆိုတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ လူ့အလွှာ အသီးသီးတို့က ဟွန်ဆန်ရဲ့
၂၈ နှစ်ကြာအုပ်စိုးစဉ်အချိန်မှာ အဂတိလိုက်စားမှုတွေနဲ့ ဆွေမျိုးသားချင်း ကောင်းစားရေး ၀ါဒ
တွေကြောင့် မကျေမနပ်ဖြစ်ကာ လမ်းများပေါ်မှာ ဆန္ဒပြနေကြတယ်လို့ အတိုက်အခံပါတီက
ဆိုတယ်။

၀န်ကြီးချုပ်ဟွန်ဆန် တာရှည် အုပ်ချုပ်နိုင်တာဟာလည်း အံ့ဩစရာ ကောင်းတဲ့အချက်ပါပဲ။
ဦးနေဝင်း၊ မာဂရက်သက်ချာ၊ ရော်နယ်ရေဂင်၊ တိန့်ရှောင်ဖိန်နဲ့ ဖာဒီနန်မားကို့စ်တို့ အပါအဝင်
စိတ်တူကိုယ်တူ လူသိုက် တွေလည်း မရှိကြတော့ဘူး။ ဒါပေမဲ့ သူ ကတော့ ဆက်လက် ရှင်
သန်နေတုန်းပဲ။ ဆန္ဒတွေပြနေပေမယ့် သူ့ကိုထည့် မတွက်ဘဲ နေလို့မရဘူး။ ဒါပေမဲ့ နောက်
တစ်ကြိမ် ရွေးကောက်ပွဲလုပ် ရင်တော့ သူရှုံးဖို့ သေချာသလောက်ပဲ။

အခုဆိုရင်ပဲ တရုတ်ပြည်လို အခိုင် အမာ မဟာမိတ်တွေကလည်း ပေကျင်း အစိုးရထိန်းချုပ်
ထားတဲ့ မီဒီယာက ကမ္ဘောဒီးယားမှာ ရွေးကောက်ပွဲအသစ် လုပ်ဖို့၊ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပဖို့ အကြံ ပြုထားတဲ့အပေါ် နှစ်ဖက်ခွထားတယ်။ ပြည်သူတွေရဲ့စိတ် ပြောင်းလဲရတာ ကို ရိပ်စားမိ
ကြတဲ့ အလွန်ချမ်းသာ ကြွယ်ဝတဲ့ ခရိုနီတချို့ဟာ အရင်က ဃဏဏ ရဲ့ ခိုင်မာတဲ့ အားပေး
ထောက်ခံသူတွေ ဖြစ်ခဲ့ပေမယ့် အခုဆိုရင် ရိန်ဆီရဲ့ CNRP ရန်ပုံငွေအတွက် ငွေတွေ လှူဒါန်း
နေကြတယ်။

ဟွန်ဆန်ကတော့ အသာတကြည်နဲ့ထွက်ခွာသွားမှာမဟုတ်ဘူး။ ဆန္ဒပြသူတွေအပေါ် အရင်က
လက်ပိုက်ကြည့်နေပေမယ့် အခုသူဟာ ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေပြီဖြစ်တယ်။ အရင်ရက်
သတ္တပတ်ကဆိုရင် ဟွန်ဆန်ရဲ့ လုံခြံုရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြနေကြတဲ့ အထည်စက်ရုံ အလုပ်
သမားတွေကို သေနတ်ပစ်နှိမ်နင်းခဲ့တယ်။ သူတို့ဟာ အမေရိကန်ဒေါ်လာတစ်လ ၈၀ လစာကို
နှစ်ဆတိုးပေးဖို့ဆန္ဒပြတောင်းဆိုကြတာဖြစ်တယ်။

ဒါ့ပြင် ရိန်ဆီဘက်ပါသွားတဲ့ လူတွေလည်း ဖြစ်တယ်။ သေဆုံးတာတွေ၊ ရိုက်နှက် ခံရတာတွေဖြစ်
ခဲ့ပြီးနောက် အထည် စက်ရုံ အလုပ်သမားတွေလည်း လုပ်ငန်း ခွင်ပြန်ဝင်ကြပြီး ဆန္ဒပြသူတွေဟာ
လည်း မြို့တော်မှ ပြည်နယ်တွေဆီကို ရွှေ့သွား ကြပြီး ဟွန်ဆန်ကို အပြီးအပိုင် ဖြုတ်ချရေး
အတွက် တာစူနေကြတယ်။ ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသူတွေနဲ့ပတ်သက်ပြီး
ပြောရရင် ဘယ်လိုအဖြေထွက်လာမယ်လို့ ခန့်မှန်း ရခက်ပေမယ့် ခုထက်ပိုပြီး ဆိုးလာနိုင်
တယ်လို့ ပြောနိုင်တယ်။

ကမ္ဘောဒီးယား က ဆမ်ရိန်ဆီဟာ သူစိမ်းကြောက်တဲ့ တစ်ယူသန်သမား ဖြစ်နေလို့ပဲ။ သူ့ရဲ့
ဗီယက်နမ်ဆန့်ကျင်တဲ့ အမနာ ပစကားတွေဟာ ၁၉၇၀ ပြည့်နှစ်များ အတွင်း စစ်အစိုးရရဲ့ ဗီယက်
နမ်လူမျိုး များအပေါ် နှိပ်စက်တာတွေပဲဖြစ်တယ်။ ထိုင်းနိုင်ငံက ခေါင်းဆောင်တွေလို ကမ္ဘောဒီးယား
ခေါင်းဆောင်တွေဟာ လူမျိုးရေးဝါဒကို သာမန်လူထုအကျိုး မျှော်တဲ့ဝါဒအဖြစ် ယိမ်းယိုင်လာရင်
လူမှု ရေး မတည်ငြိမ်မှုနဲ့ သွေးထွက်သံယို တွေ နောက်ကလိုက်လာမှာဖြစ်တယ်။

ဒီလဆန်းပိုင်းက ရိန်ဆီနဲ့ ဆက်နွှယ်် တဲ့ လူအုပ်တွေဟာ မြို့တော်ရဲ့ ဏကမျနညခ့နပ ရပ်ကွက်မှာ
ဗီယက်နမ်လူမျိုးပိုင် ကော်ဖီနဲ့ စတိုးဆိုင်တွေကို ဖျက်ဆီး လုယက်ခဲ့ကြတယ်။ ဟွန်ဆန်အစိုးရဟာ
ဟနွိုင်းအစိုးရ အပေါ်ကျေးဇူးဆပ်ဖို့ရှိတယ်။ ဗီယက် နမ်လူမျိုးတွေက ကမ္ဘောဒီးယားလူမျိုး တွေရဲ့
အလုပ်အကိုင်တွေနဲ့ မြေတွေကို ခိုးတာကြောင့် ကမ္ဘောဒီးယားလူမျိုး တွေ ဒုက္ခရောက်ရတယ်လို့
ရိန်ဆီရဲ့လူတွေက ပြောကြတယ်။

Cambodian Centre for Human Rights အဖွဲ့က ဒီစွဲချက်ကိုငြင်းဆိုကာ ကမ္ဘောဒီးယားနိုင်ငံ
ရင်ဆိုင်နေရတဲ့ လူမှုရေးနဲ့ စီးပွားရေးကိစ္စတွေအတွက် ဗီယက်နမ်လူမျိုးတွေကို သူတစ်ဦးအတွက်
ကြားကဒဏ်ခံရသူတွေအဖြစ် အသုံးချတာဟာ ပြုပြင်ပြောင်းလဲရေးအတွက် အကျိုးရှိတဲ့ဆွေးနွေး
ပွဲကို အာရုံပျက်စေရုံတင်မကဘဲ ကမ္ဘောဒီးယား နိုင်ငံမှာရှိကြတဲ့ ဗီယက်နမ်လူမျိုးတွေရဲ့ဘေးကင်း
မှုကို ကမောက်ကမဖြစ်စေတယ်လို့ပြောတယ်။

ဒီလို သတ္တိကိုဖော်ပြလိုက်တဲ့ Cambodian Centre for Human Rights အဖွဲ့ဥက္ကဋ္ဌ Ou Virak
ဟာ သူ့အသက် အတွက် ခြိမ်းခြောက်မှုတွေ ရခဲ့တဲ့အပြင် ဗီယက်နမ်လူမျိုးတွေအပေါ် တိုက်ခိုက်မှု
တွေဟာလည်း ဆက်လက် ဖြစ်နေတုန်း ပဲ။ ဒါကြောင့် ကျွန်တော်တို့တစ်တွေဟာ အကောင်းနဲ့
အဆိုးကြားထဲ ဗျာများနေကြတယ်။ အသင့်ဆုံး အဖြေကတော့ ဟွန်ဆန်ဘေးထွက်ပြီး CPP ကို
ပြုပြင် ပြောင်းလဲခွင့်ပြုကာ ရိန်ဆီလည်း သူရှိနေသင့်တဲ့ ပြင်သစ် ပြန်သွားဖို့ပါပဲ။ ဒါပေမဲ့ ဒါတွေ
တစ်ခုမှဖြစ်နိုင်ခြေမရှိ ဘူး။ ဒါကြောင့်လည်း ကမ္ဘောဒီးယား (ထိုင်းနိုင်ငံမဟုတ်ဘူး) ဟာ ပိုဆိုးလာ
တဲ့ ဆူပူမှုတွေနဲ့ သွေးထွက်သံယိုမှုတွေကို လာမယ့် ရက်သတ္တပတ်တွေမှာ ကြံုလာနိုင်တယ်။

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021