လူအများစုဟာ ရွေ့လျားဖို့ တတ်နိုင်စွမ်းရှိတယ်လို့ မှတ်ယူကြတယ်။ လူတွေဟာ မဆိုင်းမတွ လျှောက်လှမ်းကြတယ်။ ကခုန်ကြတယ်။ ပစ္စည်းတွေကို လက်လှမ်းယူကြတယ်။ ဒါပေမဲ့ တချို့ လူတွေဟာ နည်းနည်းရွေ့လျားဖို့ကိုတောင် နာကျင်ကြတယ်။ ၎င်းတို့ဟာ ရိုးဆက်ရောင်ရမ်းနာ (ခေါ်) အဆစ်ရောင်နာ ခံစားနေရလို့ပါပဲ။
လူအများစုဟာ ရွေ့လျားဖို့ တတ်နိုင်စွမ်းရှိတယ်လို့ မှတ်ယူကြတယ်။ လူတွေဟာ မဆိုင်းမတွ
လျှောက်လှမ်းကြတယ်။ ကခုန်ကြတယ်။ ပစ္စည်းတွေကို လက်လှမ်းယူကြတယ်။ ဒါပေမဲ့ တချို့
လူတွေဟာ နည်းနည်းရွေ့လျားဖို့ကိုတောင် နာကျင်ကြတယ်။ ၎င်းတို့ဟာ ရိုးဆက်ရောင်ရမ်းနာ
(ခေါ်) အဆစ်ရောင်နာ ခံစားနေရလို့ပါပဲ။
ရိုးဆက်ရောင်ရမ်းနာလို့ခေါ်တဲ့ အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲတာဟာ အဆစ်အမြစ်တွေနဲ့
တွယ်ဆက်တစ်ရှူးတွေကို ထိခိုက်တဲ့ နာမကျန်းဖြစ်ခြင်းမျိုးစုံနဲ့ ဆက်စပ်နေတယ်။
ရိုးဆစ်ရောင် နာခြင်းရဲ့ မသန်မစွမ်းဖြစ်မှုနဲ့ နာကျင်ခြင်းကို မကြာခဏ ထိန်းချုပ်နိုင်ပြီး သိသိချင်း
ကုသရင် ပိုထိန်းချုပ်နိုင်တယ်။
အဆစ်အမြစ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို အရိုးနှစ်ခုဆုံတဲ့ နေရာဖြစ်တယ်။
အရိုးနှစ်ခုကြားမှာ နေရာလပ်ရှိပြီး အရိုးတွေ ကို ကြိုးနဲ့တူတဲ့ ရိုးဆက်ရွတ်တွေ၊ ကြက်စွန်းကြော
တွေနဲ့ ထိန်းထားတယ်။
ခိုင်မာပြီး ရော်ဘာလို ပစ္စည်းဖြစ်တဲ့ မပျော့မမာ တစ်ရှူး (အရိုးနု) က အရိုးအစွန်းတွေကို ဖုံးအုပ်
ထားလို့ အရိုးတွေ ရွေ့လျားရင် အချင်းချင်း ပွတ်တိုက်မိခြင်း မဖြစ်ပါ။
'ဆင်နိုဗီယမ်' (Synovium) လို့ခေါ်တဲ့ အမှေးပါးကအရိုးနုကို အားဖြစ်စေဖို့ ချော်တဲ့ အရည်ကို
ထုတ်ပေးပြီး၊ အရိုးအဆစ်ကို ချောဆီ ထည့်ပေးကာ ရွေ့လျားမှုကို ပိုလွယ်အောင် ပြုလုပ်ပေးတယ်။
ရိုးဆက်ရောင်ရမ်းနာမှာ အဆိုပါ ကာကွယ်ပေးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံတချို့ ပျက်သွားတယ်။
ဒီအခြေအနေဟာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်ပြီး ဘယ်အသက်အရွယ်မှာ မဆို ချက်ချင်း
ဖြစ်ပေါ်နိုင်တယ်။
နံနက် အိပ်ရာထလာရင် မိနစ်အနည်းငယ်ကြာ အဆစ်အမြစ် တောင့်တင်းမှု၊ အရိုးအဆစ်ရောင်ခြင်း၊
နီရဲခြင်း၊ အထိမခံနိုင်ခြင်း၊ အရိုးအဆစ်မှာ ပူနေခြင်း၊ မရှင်းပြနိုင်တဲ့ အဖျား၊ အားနည်းခြင်းနဲ့
ကိုယ်အလေးချိန်လျော့ခြင်း စတဲ့လက္ခဏာတွေထဲမှာ နှစ်ခု၊ (သို့မဟုတ်) နှစ်ခုထက်ပိုတဲ့ လက္ခဏာ
တွေ ခံစားရရင် ဆရာဝန်ကို ပြသင့်ပါတယ်။
ရိုးဆက်ရောင်နာခြင်း နှစ်မျိုးနှစ်စား ရှိပါတယ်။ Osteoarthritis လို့ခေါ်တဲ့ ရိုးဆက် ယိုယွင်း
ရောင်နာခြင်းဟာ အသက် ၆၀ ကျော်ရင် ဖြစ်တတ်တယ်။
၎င်းဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သုံးဆ ပိုဖြစ်တတ်တယ်။ အထူးသဖြင့် လက်တွေ၊
အလေးချိန်သယ်ပိုးထားရတဲ့ အဆစ်အမြစ်တွေဖြစ်တဲ့ ခါး၊ ဒူး၊ ခြေထောက်နဲ့ နောက်ကျောရိုးတွေမှာ
ဖြစ်တတ်တယ်။
အရိုးရဲ့ အစွန်းပတ်လည်ရှိ အရိုးနုရဲ့ အခုအခံက ပွန်းပြီး ပါးသွားတဲ့အခါ ရိုးဆက် ယိုယွင်းရောင်နာ
ခြင်းဖြစ်တယ်။ ေ
လျှာခနဲ သွားဖို့ ချောမွတ်တဲ့ မျက်နှာပြင်မရှိရင် အရိုးများ အချင်းချင်း နာကျင်စွာ ပွတ်တိုက်မိပြီး
အချိုင့်တွေ ဖြစ်ပေါ်လာတယ်။
အရိုးရဲ့ အစွန်းများ မာကြောလာပြီး ဆူးတွေ ဖြစ်ပေါ်လာတယ်။ အရိုးစတွေနဲ့ အရိုးနုတွေ ကွဲထွက်
လာပြီး အဆစ်အမြစ်ရဲ့ ကွက်လပ်မှာ မျောနေကာ၊ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို ဖြစ်စေတယ်။
ထိခိုက်တဲ့ အရိုးအဆစ်တစ်ဝိုက် ကြွက်သားတွေ အားနည်းလာတယ်။ ရိုးဆက်ယိုယွင်းရောင်ရမ်းနာ
ဟာ အရိုးအဆစ်တွေ ယိုယွင်းပျက်စီးမှုကြောင့်လို့ နှစ်ပေါင်းများစွာ လက်ခံထားကြတယ်။
ဒဏ်ရာတွေ၊ အရိုးအဆစ်တစ်ခုကို ဆက်ကာဆက်ကာ အကြမ်းပတမ်း အသုံးပြုခြင်းနဲ့ အရိုးအဆစ်
တွေမှာ အနည်းငယ် အပြစ်အနာအဆာ ရှိခြင်း တို့ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။
အခြေအနေကောင်းတဲ့ အရိုးအဆစ် ရွေ့လျားရင် အရိုးနုကို အစာခြေတဲ့ အင်ဇိုင်းတွေ လွှတ်ပေး
တယ်။ အရိုးနုထဲမှာရှိတဲ့ ဆဲလ်တွေက အပျက်အစီးကို ပြုပြင်ပေးတယ်။ ရိုးဆက်ယိုယွင်း ရောင်နာ
ဟာ အင်ဇိုင်း သိပ်များများလွှတ်ပေးခြင်းနဲ့ ပြုပြင်ပေးတဲ့ လုပ်ငန်းစဉ် နှေးကွေးခြင်းတို့အနက်
တစ်ခုခုနဲ့ ဆက်စပ်မှုရှိတယ်လို့ နောက်ဆုံးပေါ် သုတေသနတစ်ခုက ဆိုတယ်။
Rheumatoid Arthritis ခေါ် ရူမတွိုက် ရိုးဆက်ရောင်ရမ်းနာဟာ မသန်မစွမ်းအဖြစ်ဆုံး ပုံစံရှိ
ရိုးဆက်ရောင်ရမ်းနာဖြစ်တယ်။ ဒီရောဂါ ဖြစ်တဲ့ လူတွေရဲ့ လေးပုံသုံးပုံဟာ အမျိုးသမီးတွေ
ဖြစ်တယ်။ အသက် ၂၀ နဲ့ ၅၅ နှစ်ကြားမှာ ဖြစ်တတ်တယ်။
ဒီအခြေအနေကိုဖြစ်စေတဲ့ အကြောင်းရင်းက အလိုအလျောက် ကိုယ်ခံအားတုံ့ပြန်မှုလို့ ထင်ကြ
တယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်က အခြေအနေကောင်းတဲ့ တစ်ရှူးတွေ အပေါ်ဘက်ပြန်ခြင်း
ဖြစ်တယ်လို့ ဆိုလိုတယ်။
နဂိုက ချော်ပြီး ချောမွေ့တဲ့ ဆင်နိုဗီယမ်လို့ခေါ်တဲ့ အရိုးများကြား အမှေးပါးဟာ ရောင်ရမ်းလာပြီး
ကြမ်းတမ်းလာတာကြောင့် ဖြစ်တယ်။ ရောင်ရမ်းမှုဟာ တခြား အရိုးအဆစ် တစ်ရှူးဆီသို့
ပျံ့နှံ့သွားပြီး အရိုးအစွန်းတွေကို ဖုံးနေတဲ့ အရိုးနုကို ပျက်စီးစေပြီး ၎င်းမှ အရိုးအဆစ်တွေကို ပုံပျက်
သွားစေတယ်။
တချို့ဖြစ်ရပ်တွေမှာ ရူမတွိုက် ရိုးဆက်ရောင် နာဟာ အဆစ်အမြစ်တွေ မတရားသုံးခြင်း၊ တချို့
ဆေးဝါးတွေ ရာသီဥတုပြောင်းလဲခြင်း စိတ်ခံစားမှုဆိုင်ရာ ဖိစီးမှုတို့ကြောင့် ပိုမိုဆိုးရွား လာတတ်
တယ်။
တခြားနာတာရှည် ရောဂါတွေလို ထင်ရှားတဲ့ အကြောင်းပြချက်မရှိဘဲ ရောဂါထလာပြီး ၎င်းနောက်
ပြန်ပြီး သက်သာသွားတတ်တယ်။
ရိုးဆစ်ရောင်ရမ်းနာခြင်းအတွက် ပျောက်ကင်းအောင် မလုပ်နိုင်ပေမယ့် ၎င်းရဲ့ လက္ခဏာတွေကို
ထိရောက်တဲ့ ထိန်းချုပ်တဲ့နည်းလမ်းတွေ ရှိပါတယ်။
ရိုးဆက်ရောင်ရမ်းနာရှိတဲ့လူတွေ မသက်မသာဖြစ်ခြင်းကို ကာကွယ်ဖို့ လွန်ကဲတဲ့ လှုပ်ရှားမှု မလုပ်
တာကောင်းတယ်လို့ ယူဆကြတယ်။
တကယ်တော့ လှုပ်ရှားမှုဟာ အရိုးအဆစ်တွေရဲ့ ပုံမှန်အလုပ်ကို ထိန်းထားရာမှာ အရေးကြီးပါ
တယ်။ သက်သက်သာသာ လှုပ်ရှားတဲ့ အေရိုးဗစ်၊ စက်ဘီးစီးခြင်းနဲ့ ရေကူးခြင်းက ခံနိုင်ရည်ရှိမှု၊
အရိုးအဆစ်ပြောင်းလွယ်၊ ပြင်လွယ်ရှိမှု၊ ရောဂါကို ပိုမဆိုးရွားစေဘဲ နေ့စဉ် ပြုဖွယ်ဆောင်တာ
တွေကို လုပ်နိုင်စွမ်း စတာတွေကို တိုးပွားစေတယ်။
လှုပ်ရှားမှု မဖြစ်ပေါ်စေဘဲ ကိုယ်လက်အစိတ်အပိုင်းတွေကို ဖိနှိပ်ခြင်းဖြင့် ကြွက်သား ကြ့ံခိုင်မှုကို
ပိုကောင်းမွန်စေတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုရာမှာ ကိုယ်အလေးချိန်က အရေးကြီးတယ်။
ပိုလေးရင် ဒဏ်ဖြစ်နေပြီးဖြစ်တဲ့ အရိုးအဆစ်များအပေါ် မညှာမတာ ပိုခိုင်းသလို ဖြစ်နေတယ်။
နာကျင်မှု သက်သာအောင်နဲ့ အရိုးအဆစ် ရောင်ရမ်းနာရဲ့ အရောင်ကို လျော့စေဖို့ ဆေးတွေ
ရှိပါတယ်။ မိမိမှာ အစာအိမ်ရောဂါ ရှိရင် ပြဿနာ ရှိနိုင်လို့ ဆရာဝန် ညွှန်ကြားတဲ့ ဆေးကိုသာ မှီဝဲ
သင့်ပါတယ်။
ရိုးဆက်ရောင်ရမ်းနာ ပိုပြင်းထန်လာရင် အထူးကုဆရာဝန်ရဲ့ အကြံပေးချက်အရ ခွဲစိတ် ကုသမှု
ခံယူရမယ်။
Health and Nutrition (Dec 1990) ကို ကိုးကားသည်။
















