လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဆက်ရှိနေဖို့ ဘာလို့လိုအပ်လဲ

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဆက်ရှိနေဖို့ ဘာလို့လိုအပ်လဲ

မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်း ၄၇ ခုက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံများထံသို့ အောက်ပါ အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့သည်။

မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်း ၄၇ ခုက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်
နိုင်ငံများထံသို့ အောက်ပါ အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့သည်။

မိမိတို့ မြန်မာနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အနေဖြင့် မြန်မာပြည်အတွင်းရှိ လူ့အခွင့်အရေး
အခြေအနေနှင့်ပတ်သက်ပြီး တိုးတက်မှုများ မရှိသည့်အပေါ် အလွန်အမင်း စိုးရိမ်မိပြီး ဂျနီဗာမြို့တွင်
ကျင်းပမည့် (၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေဖြင့်
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေအပေါ် ဆုံးဖြတ်ချက်ကို အစီအစဉ်အကြောင်းအရာ(၄)
အောက်တွင်သာ ဆက်လက်ထားရှိရန် အစည်းအဝေးအကြို ကြိုတင်စာရေးသား တောင်းဆိုလိုက်
ရပါသည်

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားအောင်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ
ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဘာသာရေးလူမျိုးရေး လူစုများကြားပဋိပက္ခများ၊ တရားဥပဒေစိုးမိုးမှု
မရှိခြင်း၊ ဖိနှိပ်သော ဥပဒေများပြဋ္ဌာန်းခြင်း၊ မြေယာသိမ်းဆည်းမှုများ၊ တိုင်းရင်းသားဒေသများရှိ
ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကဲ့သို့ လက်ရှိဆက်လက် ဖြစ်ပေါ်နေသော အရေးကြီး
သည့်ကိစ္စရပ်များကို အထွတ်အထိပ် အရေးပေါ်အခြေအနေများအဖြစ် ကိုင်တွယ်ဖြေရှင်းအောင်
မြန်မာနိုင်ငံ အစိုးရအား ဆက်လက်ဖိအားပေးရန် မရှိမဖြစ် လိုအပ်ပါသည်။

ဤစိုးရိမ်ပူပန်ဖွယ် အချက်များကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး
အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေးကွင်တားနားက မြန်မာပြည်ခရီးစဉ် အဆုံးတွင် ထုတ်ဖော်
ပြောဆိုခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထုတ်ပြန်ခဲ့သော ၎င်း၏
ခရီးစဉ်ဆုံး ကြေညာချက်တွင် မြန်မာနိုင်ငံတွင် အများဆုံးတွေ့ကြံုနေရသော လူ့အခွင့်အရေးကိစ္စရပ်
များအပေါ် ခေါင်းစဉ်အုပ်စုအလိုက် အနှစ်ချုပ် ဖော်ပြခဲ့သည်။

၎င်းကြေညာချက်ထဲတွင် မီးမောင်းထိုးပြထားသောမြင်သာသည့် အချက်နှစ်ချက်ရှိပါသည်။

ပထမတစ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေသည် အလွန်ဆိုရွားနေဆဲဖြစ်ပြီး
အချို့ကဏ္ဍများတွင် တိုးတက်မှုများ အနည်းအကျဉ်း သို့မဟုတ် မရှိသလောက် နည်းပါးနေသည်
ဟူသော အချက်ဖြစ်သည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တစ်ယောက်အနေဖြင့် ကွင်တားနားက "လက်ရှိအချိန်အထိ
စစ်တပ်သည် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောနဲ့ အဆောက်အအုံတွေကို လွှမ်းမိုးချုပ်ကိုင်နေတဲ့
အခန်းကဏ္ဍကနေ ဆက်လက်ရပ်တည်ဆဲ ဖြစ်တယ်။ နိုင်ငံတော် အဖွဲ့အစည်းအဆောက်အအုံ
တွေဟာ ယေဘုယျအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိ ဖြစ်နေဆဲဖြစ်ပြီး တရားရေး မဏ္ဍိုင်
ဟာလည်း လွတ်လပ်အမှီအခိုကင်းတဲ့ အစိုးရရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လည်ပတ်နိုင်မှု
မရှိသေးပါဘူး။ ဒါ့ပြင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိပြီလို့ ပြောလို့မရသေးပါဘူး။ ရခိုင်ပြည်နယ်
အတွင်းက အခြေအနေကို ကိုင်တွယ်ဖြေရှင်းပုံဟာလည်း စိန်ခေါ်မှုကြီး တစ်ခုဆိုတာကို ပြသနေပြီး
ကိုင်တွယ်ဖြေရှင်းခြင်း မရှိဘူးဆိုရင် ပြုပြင်ပြောင်းလဲရေးတစ်စုံ လုံးကိုထိခိုက်နိုင်ပါတယ်"ဟု
ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရန် အခွင့်အရေးရရှိလာမှု၊
နိုင်ငံရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းလာမှု၊ တိုင်းရင်းသား နယ်စပ်ဒေသတွေက လက်နက်ကိုင်
ပဋိပက္ခတွေကို အဆုံးသတ်ရန် ကြိုးစားမှု၏ အရေးပါသော တိုးတက်ဖြစ်ထွန်းမှု အစရှိသည့်
အခြားသောကဏ္ဍများရှိ ပြုပြင် ပြောင်းလဲမှုများသည် ရခိုင်ပြည်နယ်အခြေအနေကြောင့်
နောက်ကြောင်းပြန် လှည့်သွားနိုင်သည့် အန္တရာယ်အတွင်းသို့ ကျရောက်လျက် ရှိသည်။

ဒုတိယအားဖြင့် မြန်မာနိုင်ငံတွင်းအဖြစ် အပျက်များကိုစောင့်ကြည့်ရန်၊ တွေ့ရှိချက်များအပေါ်
ကောင်စီသို့အစီရင်ခံရန်နှင့် အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် အကြံပြုခြင်းတို့ အတွက်
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် လိုအပ်သည်မှာ ငြင်းဆန်၍ မရသည့်အချက်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းကဲ့သို့ အချို့ကဏ္ဍများရှိ အလုံးစုံမဟုတ် ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းများအပေါ်သာအခြေခံ၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မလိုအပ်တော့
ဟု ငြင်းခုန်ချက် ပြုမည်ဆိုလျှင် ရိုးသားမှုမရှိသော မုသားသာ ဖြစ်လိမ့်မည်။

မြန်မာနိုင်ငံ၏ ရင်လေးဖွယ်ရာအရေးကိစ္စ အများအပြားများအနက်မှ ထိုသို့သော ကဏ္ဍများရှိ
တစ်စိတ်တစ်ဒေသသော ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအကြိုက်
နှစ်သိမ့်ပေးလိုသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်နေသော အပေါ်ယံအကွပ် လောက်သာ
ဖြစ်ပါလိမ့်မည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့် အရေးအထူးကိုယ်စားလှယ်၏ ကြေညာချက်ပါ
ရည်ညွှန်းချက်များနှင့် ကောင်စီအကြံပြုချက်များကို လိုက်နာရန် မြန်မာနိုင်ငံအစိုးရ၏ အကြိမ်ကြိမ်
ပျက်ကွက်မှုများအရ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် လိုအပ်သေးရုံ
သာမက ၎င်းအထူးကိုယ်စားလှယ်သည် လူ့အခွင့်အရေးကောင်စီ၏ အစီအစဉ်အကြောင်းအရာ(၄)
အောက် စောင့်ကြည့် လေ့လာခြင်း လုပ်ပိုင်ခွင့် တာဝန်အပြည့်အဝရှိရန် လိုအပ်ပါသည်။

သို့မှ စောင့်ကြည့်လေ့လာခြင်းနှင့် ကောင်စီထံသို့ အစီရင်ခံခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်မည်
ဖြစ်သည်။

ထို့အတူပင် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန် တောင်းဆိုမှု
များက ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး မြန်မာပြည်တွင်အခြေစိုက်ရန် လိုအပ်နေသည်
ကို ထပ်တူထင်ဟပ်ဖော်ပြနေသည်။

လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်း၌ လုပ်ပိုင်ခွင့် တာဝန်အပြည့်အဝ ရှိသော အဆိုပါ
ရုံးတည်ထောင်ခြင်း မဟုတ်သည့် အခြားအဆင့်နိမ့်သော မည်သည့်ဆောင်ရွက်ချက်မဆို လက်ရှိ
အချိန်တွင် တရားမျှတမှုကို ဖော်ဆောင်နိုင်မည် မဟုတ်ပါ။

မြန်မာနိုင်ငံ အစိုးရက လုပ်ပိုင်ခွင့်တာဝန်အပြည့်ရှိသော ရုံးတည်ထောင်ခြင်းကို လက်ခံလိုစိတ်မရှိ
ဖြစ်နေသောကြောင့် လက်ရှိအချိန်တွင် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအစိုးရကြား ကုလသမဂ္ဂ
လူ့အခွင့်အရေး မဟာမင်းကြီးရုံး တည်ထောင်ရေး ကိစ္စဆွေးနွေးမှု ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေသည်
ဟု မိမိတို့နားလည်ထားပါသည်။

ထို့ပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေအပေါ် ဆုံးဖြတ်ချက်များကို လူ့အခွင့်အရေးကောင်စီ
ဆုံးဖြတ်ချက်အကြောင်းအရာ(၁၀)အောက်တွင်သာ ထားရှိခြင်းဖြင့် လူ့အခွင့်အရေးအထူး
ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့် တာဝန်ကို'နည်းပညာပိုင်း ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု' အဆင့်သို့
လျှော့ချပေးရန်၊ သို့မဟုတ် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရာထူးကို အပြီးသတ် ပယ်ဖျက်
ပေးရန် နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေးမှုများတွင် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု မိမိတို့
နားလည်ထားပါသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ တိုက်ရိုက် အရေးယူဆောင်ရွက်မှုများနှင့်
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမှုရှိရေး၊ မြန်မာပြည်သူအားလုံးအတွက်
တရားဥပဒေ စိုးမိုးရေးရရှိရန် ၎င်းတို့၏ လုပ်ဆောင်မှုသည် မရှိမဖြစ်လိုအပ်နေသည်။

ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်ပါက မြန်မာပြည်သူများ ကြံုတွေ့နေရသော နှစ်ရှည်လများ
လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အမြစ်တွယ်နေသော အပြစ်ပေးအရေးယူခံရခြင်း၊ လက်နက်ကိုင်
ပဋိပက္ခများ၊ နိုင်ငံရေးအကျပ်အတည်းနှင့် လူထုဘေးဒုက္ခများစသည်တို့ကို ဆက်လက်တည်မြဲ
စေမည်ဖြစ်သည်။

မိမိတို့၏ တောင်းဆိုမှုကို လာမည့်ကောင်စီအစည်းအဝေးတွင် ထည့်သွင်းစဉ်းစားပေးသည့်အပေါ်
များစွာကျေးဇူးတင်ရှိပါသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021