တစ်ခါက သူငယ်ချင်းနှှစ်ယောက်ဟာ သဲကန္တာရထဲမှာ လမ်းလျှောက်ခဲ့ကြပါတယ်။
တစ်ခါက သူငယ်ချင်းနှှစ်ယောက်ဟာ သဲကန္တာရထဲမှာ လမ်းလျှောက်ခဲ့ကြပါတယ်။
တစ်နေရာအရောက်မှာတော့ အဲဒီသူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်မျက်နှာကို တစ်ယောက်က
ရိုက်တဲ့အထိ အငြင်းအခုန်တစ်ခု ဖြစ်ခဲ့ကြပါတယ်။
ပါးရိုက်ခံလိုက်ရတဲ့သူဟာ နာကျင်သွားခဲ့ပေမယ့် ဘာမှပြန်မပြောဘဲ သဲသောင်ပြင်ပေါ်မှာ
ဒီလိုစာတစ်ကြောင်း ရေးလိုက်ပါတယ်။
“ဒီနေ့ ငါ့အခင်ဆုံး သူငယ်ချင်းက ငါ့ပါးကို ရိုက်တယ်”။
ဒါနဲ့ သူတို့နှစ်ယောက် လမ်းဆက်လျှောက်သွားလိုက်တာ အိုအေစစ်လေးတစ်ခုဆီ
ရောက်သွားပါတယ်။
ဒီတော့ အိုအေစစ်မှာ ရေချိုးဖို့ ဆုံးဖြတ်လိုက်ကြတယ်။
အဲဒီအချိန်မှာဘဲ မျက်နှာကို အရိုက်ခံခဲ့ရတဲ့ တစ်ယောက်ဟာ ရွံ့နွံတောထဲမှာ နစ်တော့မလိုဖြစ်နေတုန်း
သူ့သူငယ်ချင်းက ကယ်တင်လိုက်ပါတယ်။
ရွံ့နွံတောထဲကနေ သူအပေါ်ရောက်ပြီးတဲ့အချိန်မှာ ကျောက်တုန်းပေါ်မှာ ဒီလို စာတစ်ကြောင်း
ရေးလိုက်တယ်။
“ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကို ကယ်တင်ခဲ့တယ်”။
“ငါမင်းကို နာကျင်အောင်လုပ်တုန်းက မင်း သဲပေါ်မှာ ရေးခဲ့ပြီး၊ အခုကျတော့ ဘာလို့
ကျောက်တုံးပေါ်မှာ ရေးတာလဲ” လို့ သူ့ကို မျက်နှာကိုလည်းရိုက်ခဲ့သလို နွံထဲကလည်း
ပြန်ကယ်တင်ခဲ့သူငယ်ချင်းက မေးလိုက်တယ်။
ဒီတော့ သူက “ငါတို့ကို တစ်စုံတစ်ယောက်က နာကျင်အောင်လုပ်တဲ့အခါ ခွင့်လွှတ်ခြင်းဆိုတဲ့
လေပြည်က အလွယ်တကူတိုက်စားလို့ရအောင် သဲပေါ်မှာရေးခဲ့တာ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က
ကိုယ့်အတွက် ကောင်းတာလေး လုပ်ပေးထားတယ်ဆိုရင်တော့ ဘယ်လေကမှ ဖြတ်တိုက်လည်း
မပျက်နိုင်တဲ့ ကျောက်ပေါ်မှာ ထွင်းထုရေးသားရတာပေါ့” လို့ ပြန်ဖြေလိုက်ပါတယ်။
ဒီပုံပြင်လေးကပေးတဲ့ သတင်းစကားလိုဘဲ ကိုယ့်ဘဝမှာရှိတဲ့ ရုပ်ဝတ္တုပစ္စည်းတွေကို တန်ဖိုးမထားဘဲ၊
ကိုယ့်ဘဝထဲမှာ ရှိတဲ့သူတွေ ကိုသာ တန်ဖိုးထားရမှာပါ။
- Moral Stories









