မျက်မမြင်မလေးတစ်ဦးသည် အမြင်အာရုံကွယ်ပျောက်နေခြင်းကြောင့် သူမကိုယ်သူမ မုန်းတီးလျက် ရှိလေသည်။
မျက်မမြင်မလေးတစ်ဦးသည် အမြင်အာရုံကွယ်ပျောက်နေခြင်းကြောင့် သူမကိုယ်သူမ
မုန်းတီးလျက် ရှိလေသည်။
သူမသည် သူ့ချစ်သူကောင်လေးမှအပ တစ်လောကလုံးရှိ လူများကိုလည်း မုန်းတီးနေခဲ့
သည်။
ချစ်သူကောင်လေးအတွက်တော့ သူမသာလျှင် ထာဝရဖြစ်လေသည်။
မျက်မမြင်မလေးက အကယ်၍ သူသာ လောကကြီးကို မြင်ရပါက သူမ၏ ချစ်သူအား
လက်ထပ်ပါမည်ဟု ပြောလေသည်။
တစ်နေ့တွင် သူမ၏ မျက်လုံးများအတွက် တစ်စုံတစ်ယောက်မှ မျက်စိတစ်စုံလှူဒါန်းလေသည်။
ထို့နောက် သူမသည် သူမချစ်သူအပါအဝင် အရာအားလုံးကို မြင်ခွင့်ရ သွားခဲ့တော့သည်။
“အခုတော့ မင်းအားလုံးကို မြင်ရပြီလေ၊ ကိုယ့်ကိုလက်ထပ်မှာလား” ဟု ကောင်လေးက
မေးမြန်းခဲ့လိုက်သည်။
သူမကဲ့သို့ မျက်မမြင်ဘဝရောက်နေရှာသော ချစ်သူကို မြင်ရသည့်အတွက် အံ့အားသင့်သွားသည့်
မိန်းကလေးမှာ၎င်းချစ်သူနှင့်လက်ထပ် ဖို့ရာငြင်းဆန်လေတော့သည်။
ချစ်သူကောင်လေးမှာ မျက်ရည်များနှင့် ထွက်ခွာသွားခဲ့ပြီး ချစ်သူကောင်မလေးအတွက်
စာတိုလေးတစ်စောင်ဖြင့် အမှာပါးခဲ့သည်။
“မင်းကို လောကတခွင် မြင်ခွင့်ပေးနေတဲ့ ကိုယ့်ရဲ့ မျက်လုံးအစုံကိုတော့ ဂရုစိုက်ပေးပါ”
အခြေအနေတစ်ရပ် ပြောင်းလဲသွားလျှင် လူတို့၏ လောကအမြင်နှင့် စိတ်ခံစားချက်များပါ
ပြောင်းသွားတတ်သည့် ဥပမာကို ဤပုံပြင်လေးက ထင်ဟပ်ပြလိုက်ခြင်းပင်ဖြစ်သည်။
အကြွင်းမဲ့ အချစ်ဆိုသည်မှာ စိတ်ကူးယဉ်ကမ္ဘာထဲဝယ် မြတ်နိုးစရာအကောင်းဆုံး အရာတစ်ခု
ဖြစ်သော်လည်းလက်တွေ့ဘဝတွင်မူ အချိန်အခါ၊ အခြေအနေတို့ကသာ လူတို့၏ စိတ်ခံစားမှုကို
လွှမ်းမိုးနိုင်ပေသည်။









