ရှေးအခါကဗီဂျေးနာဂါ မြို့နိုင်ငံလေးတွင် အလွန်ရက်စက်သော “ဗီးရပ်ဆိုင်း”ဟူူအမည်ရှိ ဘုရင်တစ်ပါးအုပ်စိုးတော်မူခဲ့သည်။ ဗီးရပ်ဆိုင်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ၎င်းအား တိုင်းသူပြည်သားများက လွန်စွာကြောက်ရွ့ံကြကုန်သည် ။
ရှေးအခါကဗီဂျေးနာဂါ မြို့နိုင်ငံလေးတွင် အလွန်ရက်စက်သော “ဗီးရပ်ဆိုင်း”ဟူူအမည်ရှိ
ဘုရင်တစ်ပါးအုပ်စိုးတော်မူခဲ့သည်။ ဗီးရပ်ဆိုင်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ၎င်းအား
တိုင်းသူပြည်သားများက လွန်စွာကြောက်ရွ့ံကြကုန်သည် ။
ဘုရင်ကြီးဗီးရပ်ဆိုင်းတွင် ဂျက်ဟုခေါ်သောခွေးတစ်ကောင်ရှိပြီး၊ ထိုခွေးလေးကိုမူ ဘုရင်ကြီးက
တစ်လောကလုံးထက် ပို၍ချစ်မြတ် နိုးတော် မူလေသည်။
ကြမ္မာငင်သော နံနက်ခင်းတစ်ခုတွင် ခွေးကလေးဂျက်သေဆုံးသွားခဲ့လေသည်။ ဘုရင်ဗီးရပ်ဆိုင်းသည်ခွေးကလေး၏ နောက်ဆုံးစျာပနခရီးအား ရိုးရာဓလေ့အစဉ်အလာအတိုင်း
ကျင်းပပြုလုပ်ခဲ့ရာ ၊မြို့သူမြို့သား အပေါင်းတို့သည် ခွေးကလေးစျာပနမီးသဂြိုလ် ရာနေရာသို့
လာရောက်ခဲ့ကြသည် ။ဘုရင်ကြီး ဗီးရပ်ဆိုင်းမှာများစွာ ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ပြီး၊ တိုင်းသူပြည်သား
များသည် ၎င်းအပေါ် လွန်စွာချစ်မြတ်နိုးသည်၊ ကမ္ဘာပေါ်တွင်၎င်းသာလျှင် အထင်ရှားဆုံး ဘုရင်
တစ်ပါးဖြစ်သည်ဟု ထင်မှတ်သွားခဲ့လေသည် ။ ခွေးကလေး သေဆုံးပြီး ရက်ပိုင်းအတွင်းမှာပင်
ဘုရင်ကြီး ဗီးရပ်ဆိုင်းလည်း နတ်ရွာစံသွား ခဲ့လေသည် ။
သို့သော် ဘုရင်မင်းမြတ်၏ စျာပနအခမ််းအနားသို့ မည်သူတစ်ဦးတစ်ယောက်မျှ မတက်ရောက်ခဲ့ပေ ။
ရိုသေလေးစားခြင်းဟူသည် ရိုသေထိုက်အောင်နေမှ ရသည့် အရာ မျိုးဖြစ်ကြောင်း ဤပုံပြင်လေးက
သတင်းစကား ပါးလိုက်ခြင်းပင်ဖြစ်သည်။
မိမိကို ရိုသေလေးစားလာစေရန် အခြားသူများကို အတင်းကြပ် ဖိအားပေး၍မရပေ။ ကြောက်ရွံ့မှုနှင့်
လေးစားမှု တို့ ကြား၌ မျဉ်းငယ်လေးတစ်ခုသာခြားသောကြောင့် မိမိအား တစ်ပါးသူတို့က
ကြောက်ရွံ့ကြသည်ကို မိမိအားလေးစားကြသည်ဟု ထင်မှတ်မှားမိကြပေသည်။ လေးစား
ခံထိုက်သူဖြစ်အောင် မိမိတို့၏ စရိုက်သွင်ပြင်ကိုကောင်းမွန်မှန်ကန်မှုရှိရန်ပြုပြင်သင့်ကြောင်း
လူသားအားလုံးသိနားလည်သင့်ပေသည် ။









