ရပ်တည်ချက်မတူရင် အမြင်ချင်းလည်း မတူနိုင်

ရပ်တည်ချက်မတူရင် အမြင်ချင်းလည်း မတူနိုင်

ကျွန်မ မူလတန်းကျောင်းတက်တုန်းက ကျွန်မရဲ့ အတန်းဖော်ကောင်လေးနဲ့ အကြီးအကျယ် စကားများခဲ့ကြတယ်။

ကျွန်မ မူလတန်းကျောင်းတက်တုန်းက ကျွန်မရဲ့ အတန်းဖော်ကောင်လေးနဲ့ အကြီးအကျယ်
စကားများခဲ့ကြတယ်။

ဘာအကြောင်းအရာမှန်း မမှတ်မိပေမယ့် အဲ့နေ့က ရခဲ့တဲ့ သင်ခန်းစာကိုတော့ ဒီနေ့အထိ
ကျွန်မ မမေ့နိုင်သေးပါဘူး။

အဲ့ဒီတုန်းက ကျွန်မမှန်တယ်။

သူကမှားတယ်လို့ သဘောပေါက် လက်ခံထားခဲ့တယ်။

သူကလဲ ဆရာမရှေ့မှာ ကျွန်မ မှားပြီး သူမှန်တယ်လို့ သဘောပေါက်နားလည်ခဲ့တယ်။

အဲအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆရာမခမျာ ကျွန်မတို့ကို ဘဝအတွက် အလွန်အရေးပါတဲ့
သင်ခန်းစာကို သင်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ကျွန်မတို့ နှစ်ယောက်ကို အတန်းရှေ့ခေါ်ထုတ်ပြီး ကောင်လေးကိုတော့ ဆရာမက သူ့ခုံအနားမှာ
ခေါ်ထားလိုက်တယ်။

ကျွန်မက တခြားဖက်အခြမ်းမှာပေါ့။

ကျွန်မတို့နှစ်ယောက်ရဲ့ အလယ်က စားပွဲမှာ လုံးဝန်းတဲ့ အရာကြီးတစ်ခုရှိပါတယ်။

အဲဒီအလုံးကြီးဟာ အနက်ရောင်ဆိုတာ ကျွန်မ သေချာမြင်နေရပါတယ်။

အဲ့ဒီအချိန်မှာ ဆရာမက အဲ့ဒါ ဘာအရောင်လဲလို့ ကောင်လေးကို မေးလိုက်တဲ့အခါ သူက
အဖြူရောင်ဆိုပြီး ထဖြေပါတယ်။

ကျွန်မသူအဖြူရောင် မြင်ရတယ်ဆိုတာ ယုံတောင် မယုံနိုင်ပါဘူး။

ဘာလို့လဲဆိုတော့ ကျွန်မမြင်ရတာက အနက်ရောင်လေ။

ကျွန်မနဲ့ အဲဒီကောင်လေးလည်း အရောင်ကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုန်ကြပြန်တယ်။

ဆရာမက ကျွန်မတို့ နှစ်ယောက်ကို နေရာပြောင်းလိုက်ပြီး၊ ကျွန်မက ဆရာမဘက်ကို
ရောက်သွားတယ်။

သူကလည်း ကျွန်မရပ်ခဲ့တဲ့ နေရာမှာ ရပ်ပြီး ကြည်နေတယ်။

အဲ့အချိန်မှာ ဆရာမက ကျွန်မကို ဘာအရောင်လဲလို့ မေးပြန်တယ်။

ကျွန်မက အဖြူ လို့ ပြန်ဖြေလိုက်တယ်။

အဲဒီအရာဝတ္ထုဟာ တစ်ဖက်နဲ့ တစ်ဖက် အရောင်မတူအောင် ခြယ်ထားတာကြောင့် သူ့ဘက်က
ကြည့်လိုက်ရင် အဖြူရောင်ဖြစ်နေပါတယ်။

ကျွန်မဘက်အခြမ်းမှာ အဲဒီပစ္စည်းက အနက်ရောင် ဖြစ်နေပါတယ်။

တစ်ခါတစ်ရံ ပြဿနာ ဖြေရှင်းတဲ့အခါ အခြားသူတွေရဲ့ ပြဿနာအပေါ် အမြင်ကို နားလည်အောင်
လုပ်ဖို့ လိုပါတယ်။