အသက် ၂၇ နှစ်အောက် ယမကာစပ်သူ များ ပထမအကြိမ် Monin ဖလား အာရှ ပစိဖိတ်
ဂရန်းဖိုင်နယ်ပြိုင်ပွဲကို ကွာလာ လမ်ပူမြို့မှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု
ပြိုင်ပွဲဝင်အဖြစ် ရန်ကုန်မြို့မှာ ဇူလိုင်လက ကျင်းပခဲ့တဲ့ ကော့တေးစပ်ပြိုင်ပွဲက ဆုရပြိုင်ပွဲဝင်
လည်း သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာကျင်းပတဲ့ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၁၂ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ တဲ့အခါ Governor's
Residence က မနီလာဝင်းက ပထမဆုရရှိခဲ့ပြီး စက်တင် ဘာလ ၃ ရက်နေ့မှာ ကွာလာလမ်ပူမြို့
Qba မှာ ကျင်းပတဲ့ ပြိုင်ပွဲကို စရိတ်ငြိမ်း သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာကျင်းပတဲ့ ပြိုင်ပွဲမှာ မနီလာဝင်းဟာ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊
မွန်ဂိုလီးယား၊ နယူး ဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီး ယား၊ တရုတ်(တိုင်ပေ)ထိုင်းနဲ့
ဗီယက်နမ် နိုင်ငံတို့က ဆုရပြိုင်ပွဲဝင် ၁၄ ဦးတို့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။
အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ မလေးရှားနိုင်ငံကတော့ ပြိုင်ပွဲဝင်နှစ်ဦး ပါ၀င်ယှဉ်ပြိုင်ခွင့်ရ
ထားပါတယ်။ ဒီပြိုင်ပွဲမှာ ပထမဆုရတဲ့သူဟာ ဒီနှစ်အကုန်ပိုင်းလောက်ကျရင် ပဲရစ်မှာ ကျင်းပမယ့်
ကမ္ဘာ့အဆင့်နောက်ဆုံးပြိုင်ပွဲမှာ အာရှ ကိုယ်စားပြု ပြိုင်ပွဲဝင်အဖြစ် သွားရောက် ယှဉ်ပြိုင်ရမှာ
ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Monin ရဲ့ ထုတ်ကုန် တွေကို ဖြန့်ဖြူးပေးနေတဲ့ Quarto Products ရဲ့ အရောင်း
မန်နေဂျာ Chad Van Den နဲ့အတူ မနီလာဝင်းဟာ မလေး ရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။
သဘာဝအရသာ ယမကာအချိုရည်တွေ ထုတ်လုပ်ရာ ပြင်သစ်ကုမ္ပဏီ Monin ဟာ
ဒီပြိုင်ပွဲတွေအတွက် အဓိက ပံ့ပိုပေး တဲ့ကုမ္ပဏီဖြစ်ပြီး ပြိုင်ပွဲဝင်တွေဟာ ကော့ တေးစပ်ပြိုင်ပွဲမှာ
Monin ရဲ့ ပစ္စည်းတွေ ကို အသုံးပြုရမှာဖြစ်ပါတယ်။
"ကွာလာလမ်ပူ ပြိုင်ပွဲကတော့ ခြောက် နာရီကြာ ကျင်းပခဲ့တာပါ။ ပထမ အကျော့မှာ ပြိုင်ပွဲဝင်
၁၅ ဦးစလုံးဟာ သူတို့အိမ်မှာ လေ့ကျင့်ထားတဲ့ ယမကာ စပ်နည်းအတိုင်း ကိုယ်အသုံးပြုမယ့်
ပစ္စည်းအမယ်တွေကို ယူလာပြီး ပြိုင်ပွဲဝင်ရတာပါ။ အဲဒီကနေ ဆန်ခါတင် ခြောက်ဦးရွေးပါတယ်"
လို့ Mr Van Den Hoek က ပြောပြပါတယ်။
နီလာဝင်းကတော့ ဂျင်း၊ သခွားရည်၊ ဂက်စ်ပါတဲ့ ၀ုိင်၊ သံပုရာရည်နဲ့ ပင်စိမ်းရွက် တွေသုံးပြီး
စပ်ထားတဲ့ Green Grass ဆိုတဲ့ ကော့တေးနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ "နီလာဝင်းစပ်ထားတဲ့
ကော့တေးက ဂျင်းနဲ့သခွားရည်ကိုစပ်ထားတဲ့အတွက် အတော်လေး ချိုပါတယ်။ ဒါကြောင့်
ခါးတဲ့အရသာပါ၀င်ဖို့ တစ်ခုခုထပ်စပ်ပေး ရမှာပါ။ ဆိုဒါရည်ကတော့ အမြှုပ်ထရအောင်သုံး
ကြတာပါ။
နီလာဝင်းကတော့ အရသာမျှသွားအောင် ဆိုဒါရည်အစား ခါးသက်သက်အရသာပါတဲ့
အီတလီဝိုင် Prosecco ကို အသုံးပြုထားတာပါ" လို့ သူက ပြောပြပါတယ်။ ကံမကောင်းလှစွာ
ဘဲ နောက်ဆုံး ဆန်ခါတင် ခြောက်ဦးထဲမှာ နီလာဝင်း မပါ ၀င်နိုင်ခဲ့ပါဘူး။ အရွေးခံရတဲ့ ဆန်ခါတင်
ခြောက်ဦး ကတော့ Joel Poon၊ Zaintiar Desy Renaldi၊Tran Van Huy၊ဂျပန်က Miyuki
Hongo၊ တောင်ကိုရီးယားက Han Sol Lee နဲ့ တရုတ် (တိုင်ပေ)က Chang Chien Chih-Wen
တို့ပဲ ဖြစ်ပါတယ်။
နီလာဝင်းကတော့ ဆန်ခါတင် ခြောက်ဦးမှာ မပါခဲ့ရပေမယ့်လည်း ကွာလာလမ်ပူမှာ သူသွား
ပြိုင်ခဲ့ရတဲ့ အတွေ့ အကြံုနဲ့ပတ်သက်ပြီး စိတ်ပျက်တာမျိုး မရှိပါဘူး။ "ဒီခရီးက ကျွန်မရဲ့
ပထမဦးဆုံး နိုင်ငံ ခြား ခရီးစဉ်ပါ။ ပြိုင်ပွဲအတွေ့အကြံုတွေ က ကျွန်မအတွက် အရမ်းကောင်းပါ
တယ်။
ကမ္ဘာပေါ်မှာ ပြိုင်ပွဲတွေကို ဘယ် လို ကျင်းပကြလဲဆိုတာကို ခရေစေ့ တွင်းကျ သိသွားပါပြီ။
ကျွန်မ အခု ဆု မချိတ်ခဲ့ပေမယ့်လည်း ဒီခရီးစဉ်ကနေ ဗဟု သုတတွေအများကြီး ရရှိခဲ့ပါတယ်"
လို့ သူက ပြောပါတယ်။
"ကော့တေးစပ်တာကို ကျွန်မဆက်ပြီး လေ့ကျင့်ချင်ပါတယ်။ အခွင့်အရေးရခဲ့ရင် နောက်နှစ်ခါကျ
၀င်ပြိုင်နိုင် အောင်လို့ပါ။ ဒီနှစ်ထက်တော့ ပိုကောင်း အောင် လုပ်နိုင်မယ်လို့ထင်ပါတယ်"
နီလာဝင်းအနေနဲ့ပြောရမယ် ဆိုရင်တော့ သူဟာ နောက်လာမယ့် နိုင်ငံတကာ ကော့တေးစပ်ပြိုင်ပွဲ
တွေကို ၀င်ပြိုင်ဖို့ ကြောက်သွားတဲ့ပုံတော့ မပေါ်ပါဘူး။ တကယ်တော့ နောက်နှစ်ပြိုင်ပွဲမှာ ယှဉ်နိုင်ဖို့
သူ့ရဲ့အရည်အသွေး ပိုကောင်း အောင် ကြိုးစားဖို့ ဆုံးဖြတ်ထားပါတယ်။















