မြောက်ဦးလေဆိပ် ဆက်လက်တည်ဆောက်ရေး တင်ဒါခေါ်ယူမည်

မြောက်ဦးလေဆိပ် ဆက်လက်တည်ဆောက်ရေး တင်ဒါခေါ်ယူမည်

မြောက်ဦးလေဆိပ်တည်ဆောက်ရေးအတွက် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ၍
ယခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ၊
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက မြန်မာတိုင်း(မ်) ကိုပြောသည်။

"မြောက်ဦးလေဆိပ်ကို ၂၀၁၅ ခုနှစ်က စလုပ်ခဲ့တာ အခုဆို နှစ်နှစ်ရှိနေပြီ။ လက်ရှိ ဘတ်ဂျက်အရ
တစ်နှစ်ကို ကျပ်နှစ်ဘီလျံလောက် သုံးနိုင်တယ်။ သူ့ စီမံကိန်းတန်ဖိုးက ကျပ်ငွေ ၂၆ ဘီလျံလောက်
လိုတယ်။ ဆိုတော့ ပြည်နယ်အစိုးရ ဘတ်ဂျက်နဲ့ဆို ၁၀ နှစ်လောက်လုပ်ရမယ်။ အစိုးရအနေနဲ့
ပုဂ္ဂလိကကို ပေးလိုက်ရင် သုံးနှစ်အတွင်း မြန်မြန် ပြီးသွားနိုင်တယ်။ အဲဒါကြောင့် တင်ဒါခေါ်ဖို့
ဆုံးဖြတ်လိုက်တာဖြစ်တယ်" ဟု ၎င်းက ပြောသည်။

မြောက်ဦးမြို့မှ ခြောက်မိုင်အကွာ မြောက်ဦးနှင့် မင်းပြားမြို့ကြား ရန်ကုန်-စစ်တွေ ကားလမ်းဘေးတွင်
အဆိုပါ လေဆိပ်တည်ဆောက်ရေး စီမံကိန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။

"မြောက်ဦးက လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြံုရေးတိုးတက်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်း
ပိုမိုတိုးတက်လာမယ်လို့မြင်တယ်" ဟု မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်က
မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိတွင် မြောက်ဦးဒေသသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်နှစ်လျှင် ၄,၀၀၀ ကျော်
၀င်ရောက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် လျာထားခြင်းခံရကာ
ရှေးဟောင်းဘုရားစေတီ ၁,၅၀၀ ကျော်ခန့်ရှိသော ရှေးဟောင်းမြို့တော်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး