မလေးရှားသို့ သွားရောက်အလုပ်လုပ်ရန် စောင့်ဆိုင်းနေသူ ထောင်ချီရှိ

မလေးရှားသို့ သွားရောက်အလုပ်လုပ်ရန် စောင့်ဆိုင်းနေသူ ထောင်ချီရှိ

မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့်
အလုပ်သမားများ ထောင်ချီရှိနေပြီး နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ယာယီရပ်ဆိုင်း
ထားသည့် မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းကို ပြန်လည်ခွင့်ပြုပေးရန် ပြည်ပ
အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်များက တောင်းဆိုလျက်ရှိသည်။

''အဖွဲ့ချုပ်အနေနဲ့ အကြိမ်ကြိမ်တင်ပြထားပေမဲ့ ဘာပြန်ကြားချက်မှ မလာဘူးဖြစ်နေတယ်။
တရားဝင်စေလွတ်ခွင့် မရတဲ့အတွက်တရားမဝင်လမ်းကြောင်းကနေ အများအပြားထွက်
နေကြတယ်။ အလည်အပတ် ဗီဇာတွေနဲ့။ နောက်လေဆိပ်ကို ပြန်ပို့ခံရတဲ့ ပြဿနာတွေလည်း
အများအပြားရှိနေတယ်'' ဟုပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်ကုမ္ပဏီ အသင်းချုပ်၊
တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်ဇောက မတ်လ ၆ ရက်တွင် ပြောသည်။

မလေးရှားနိုင်ငံတွင် လုပ်သားလိုအပ်ချက်ရှိနေသဖြင့် တရားမဝင် သွားရောက်နေသူများကိုပင်
တစ်ဖက််နိုင်ငံရှိ ချိတ်ဆက်ထားသည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များက
လက်ခံပေးနေလျက်ရှိသည်ဟု ၄င်းက ပြောသည်။

''နောက်ဆုံးအခြေအနေအရတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် မြန်မာသံရုံးကို
သဘောထားမှတ်ချက် တောင်းထားတယ်။ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေရ
အလုပ်သမားစေလွှတ်ဖို့ သင့်တယ် ဆိုရင်တော့ ကျွန်တော်တို့ ဆက်လက်တင်ပြပြီး
အလုပ်သမားစေလွတ်သွာမှာပါ'' ဟုအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
ဝန်ကြီးဌာန၊ ရွှေ့ပြောင်းသွားလာရေးဌာနမှ ညွှန်ကြားရေးမှူးဦးသိန်းဝင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။

''အခုသွားနေကြတဲ့အစီအစဉ်က ဒီကနေ အလည်အပတ်နဲ့သွားတယ်။ ဟိုရောက်ရင်
တရားဝင်ဖြစ်အောင် လုပ်ပေးတယ်လို့ ပြောတယ်။ ဒါက တကယ့်စွန့်စားရာကျတယ်။ ဒီကနေ
တရားဝင် အလုပ်လုပ်ခွင့်ပါမစ်တွေမပါဘူး။ အရမ်း အလုပ်လိုအပ်နေသူတွေကတော့
အဲဒီပုံစံသွားနေကြတယ်။ ဟိုမှာ အလုပ်ရမလား၊ မရဘူးလားလည်း သေချာ မသိရဘူး။
အလုပ်သမားတွေအတွက် နစ်နာနိုင်တယ်''ဟုမလေးရှားနိုင်ငံသို့ အလုပ်သမား
စေလွှတ်နေသည့် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မလေးရှားရှိ လုပ်ငန်းရှင်များဘက်တွင်လည်း အလုပ်သမား လိုအပ်ချက်များစွာရှိနေပြီး
မြန်မာနိုင်ငံဘက်မှ အလုပ်သမားများ ပြန်လည်စေလွတ်ခွင့်ကို စောင့်မျှော်နေကြလျက်ရှိသည်ဟု
အဆိုပါတာဝန်ရှိသူက ပြောသည်။ မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက်လုပ်ကိုင်ခွင့်ရရန်
စောင့်ဆိုင်းနေကြသည့် အလုပ်သမားထောင်ချီရှိနေသည်ဟု ဆိုသည်။

လက်ရှိတွင် မလေးရှားအစိုးရက ပြည်ပတရားမဝင် အလုပ်သမားများကို တစ်နှစ်သက်တမ်းရှိ
ယာယီနေထိုင်အလုပ်လုပ်ကိုင် ခွင့်လက်မှတ် (န ုေိ) များကို ကန့်သတ်ချက်ဖြင့်အခမဲ့ထုတ်ပေးနေပြီး
တစ်ဖက်တွင်လည်း တရားမဝင် ပြည်ပအလုပ်သမားများကို ရပ်ကွက်များ၊ နေအိမ်များနှင့်
လုပ်ငန်းခွင်များထိ နေ့စဉ်ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေသည်ဟု ကွာလာလမ်ပူမြို့
အခြေစိုက် ကပုန်း ရ ရက်သားသမီးများ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောသည်။

''တရားမဝင်တော့ မလာစေချင်ဘူး။ ဒီရောက်ရင် ထောင်းနန်းစံရမှာ ကြိမ်းသေပဲ။ အခု ကြိမ်ဒဏ်ပါ
ပါနေတယ်'' ဟု ဦးဆန်းဝင်းက ပြောသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူမျိုးများကို လူမျိုးတုံးသတ်ဖြတ်နေသည်ဟုစွပ်စွဲချက်ဖြင့်
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်ဦးဆောင်သည့် လူထုဆန္ဒပြပွဲတစ်ခုကို ဒီဇင်ဘာ ၄ ရက်တွင်
ကျင်းပခဲ့ ပြီးနောက် ဒီဇင်ဘာ ၆ ရက်တွင် မြန်မာအစိုးရက မလေးရှားသို့ လုပ်သားစေလွှတ်မှုကို
ယာယီရပ်ဆိုင်းထားရန် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများသို့ ညွှန်ကြားချက်
ထုတ်ပြန်ခဲ့သည်။

လုပ်သားစေလွှတ်မှုများ ယာယီမပိတ်မီအချိန်က အလုပ်သမား ၃,ဝဝဝ ကျော် မှ ၄,ဝဝဝ ခန့်အထိ
မလေးရှားသို့ လစဉ် သွားရောက်လုပ်ကိုင်လျက် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး