ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နို့တိုက်သတ္တဝါ ၃၁ မျိုးခန့် တွေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နို့တိုက်သတ္တဝါ ၃၁ မျိုးခန့် တွေ့ရှိ

ရှမ်းမြာက်ပိုင်းရှိ ကုန်းမြင့်သစ်တောများတွင် ကျား၊ ကျားသစ်၊ အာရှဆင်၊ ကြောင်မင်း၊
ပသျှူးဝက်ဝံနှင့် တောခွေး အပါအဝင် နို့တိုက်သတ္တဝါ ၃၁ မျိုးကို ထောင်ချောက်ကင်မရာ
မှတ်တမ်းများအရ တွေ့ရှိခဲ့သည်ဟု လွန်ခဲ့သောရက်သတ္တပတ်အတွင်း ကရင်သားငှက်
ထိန်းသိမ်းရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ကရင်သားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်
ခဲ့သည့် စစ်တမ်းအရ အရှေ့တောင်အာရှ၏ နောက်ဆုံးလက်ကျန် သားရိုင်းတိရစ္ဆာန်များ
ကြွယ်ဝသည့် ဒေသကို မြန်မာနိုင်ငံ ရှမ်းမြောက်ဒေသတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထောင်ချောက်
ကင်မရာများမှတစ်ဆင့် တွေ့ရှိခဲ့သည့် နို့တိုက်သတ္တဝါ ၃၁ မျိုးအနက် ၁၇ မျိုးမှာ ကမ္ဘာပေါ်ရှိ
သတ္တဝါမျိုးစိတ် များ၏ မျိုးသုဉ်းပျောက်ကွယ်အဆင့်ကို သတ်မှတ်ပေးလေ့ရှိသည့် IUCN
အဖွဲ့၏ အနီရောင်အဆင့် သတ်မှတ်ချက်ရှိသည့် တိရစ္ဆာန်မျိုးစိတ်စာရင်းတွင် ပါဝင်သည်ဟု
ဆိုသည်။

လုံခြံုရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကုန်းမြင့်
တောင်တန်းဒေသသည် ဇီဝဗေဒပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
သမားများ ရောက်ရှိခြင်းမရှိသည့် ဧရိယာဖြစ်သည်။ အဆိုပါဒေသတွင် ထောင်ခြောက်
ကင်မရာပေါင်း ၉,ဝဝဝ ကျော်ဖြင့် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း စာရင်းကောက်ယူမှု
ခြောက်ကြိမ်ပြုလုပ်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။

ရှမ်းမြောက်ဒေသည် သားငှက်တိရစ္ဆာန်များ ပေါကြွယ်ဝစွာ တွေ့ရသည့်ဒေသဖြစ်ပြီး
ကာလရှည်ကြာ ထိန်းသိမ်းခဲ့မှုသည် ထိုဒေသအတွင်းမှ ကျား၊ ဆင်များနှင့် အခြားမျိုးစိတ်များ
အတွက် ခိုလှုံရာဖြစ်ခဲ့သည်ဟု အဆိုပါစစ်တမ်းကောက်ယူမှုတွင် ပါဝင်ခဲ့သည့် သြစတြေးလျ
အခြေစိုက် Wildlife Asia အဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာ ကလဲကမ့်ဘဲက ပြောသည်။

''ဒီနေ့ကမ္ဘာပေါ်မှာ ဒီလောက်သားငှက်တိရစ္ဆာန် ပေါကြွယ်ဝတာမျိုးကို တွေ့ရှိနိုင်ဖို့ဆိုတာ
အလွန်ဖြစ်ခဲလှပေမဲ့ အရှေ့တောင်အာရှမှာတော့ ရှာတွေ့ခဲ့ပါပြီ''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး