သင်္ကြန်ရုံးပိတ်ရက် ငါးရက် လျှော့ရန် အစိုးရစီစဉ်နေ

သင်္ကြန်ရုံးပိတ်ရက် ငါးရက် လျှော့ရန် အစိုးရစီစဉ်နေ

ယခုနှစ် သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်ကို၁ဝ ရက်မှ ငါးရက်အထိ လျှော့ချရန်
အစိုးရကစီစဉ်နေပြီး ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီးပါက အများပြည်သူသို့
ကြေညာပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက
ယမန်နေ့တွင် ပြောသည်။

သင်္ကြန်ကာလရုံးပိတ်ရက် များပြားခြင်းကြောင့် ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်
မှုများကို မည်မျှထိခိုက်နိုင်မည်နှင့် ရုံးပိတ်ရက်လျှော့ချပါက လုပ်ငန်းဆောင်ရွက်မှုများ
မည်မျှတိုးတက်နိုင်မည်ကိုဝန်ကြီးဌာနများနှင့် ညှိနှိုင်းနေခြင်းဖြစ်ကြောင်းနှင့်
သင်္ကြန်မတိုင်မီ အမြန်ဆုံး ကြေညာပေးသွားမည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

''ရုံးပိတ်ရက်လျှော့ဖို့ စီစဉ်နေပါတယ်။ တကယ်လို့ လျှော့လိုက်မယ်ဆိုရင်
ဘာဖြစ်သွားနိုင်မလဲ အစရှိတာတွေကို သုံးသပ်နေကြပါတယ်''ဟု ၄င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရဖွဲ့ပြီးနောက်ပိုင်းတွင်
ရန်ကုန်တိုင်းဒေသကြီး၌ စီးပွားဖြစ် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခြင်းကို
ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ကန်တော်ကြီးနှင့် အင်းလျားကန်က ရေများကိုလည်း
ထုတ်ယူသုံးစွဲခွင့်ပိတ်ပင်ခဲ့ရာ ယခုနှစ်တွင်လည်း ဆက်လက်ပိတ်ပင်မည်ဟု
ဦးမောင်မောင်စိုးက ပြောကြားထားသည်။

ယခုနှစ်အတွက် ထုတ်ဝေထားသည့် ပြက္ခဒိန်များအရ ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိ
သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး