ဗဟိုဝန်ဆောင်ဆရာတော်တစ်ပါး၏ အမျိုးသားရေးလက္ခဏာဆောင်သော မဘသအဖွဲ့
ရှိသင့်ကြောင်း အကြံပြုတိုက်တွန်းချက်နှင့် စပ်လျဉ်း၍ မဘသလုပ်ငန်းကို သံဃာ့အဖွဲ့အစည်း
အခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ် နည်းများနှင့် တည်ဆဲဥပဒေများ အရသာ ဆောင်ရွက်
ရမည်ဖြစ်ကြောင်းနိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သတ္တမအကြိမ် နိုင်ငံတော်
ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့အစည်းအဝေးတွင် ပြန်ကြားခဲ့သည်။
ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်တွင် မတ် ရ ရက်က ကျင်းပပြုလုပ်သည့်
အစည်းအဝေး၌ ''နိုင်ငံတော်သံဃမဟာနာယကဆရာတော်များသည် တာဝန်မကျေ
သူ့ဆန်စား မရဲကြသောကြောင့် မဘသအဖွဲ့ ပေါ်လာသည်ဟု သံဃာထုက ထင်မြင်နေပြီး
မျိုးစောင့်ဥပဒေ ပေါ်ပေါက်ခဲ့ရခြင်းသည်သာသနာတော်ကို ထိခိုက်မည်ထင်သော
အဆောက်အအုံများ ပေါ်ပေါက်လာမှုက ကင်းဝေးခြင်း၊ အခြားမလိုလားအပ်သော
အကြောင်းအရာများ မဖြစ်ပေါ်အောင် တားမြစ်ခြင်းကြောင့် အမျိုးသားရေးလက္ခဏာ
ဆောင်သော မဘသအဖွဲ့ ရှိသင့်ပါကြောင်း'' သံဃာ့ဗဟိုဝန်ဆောင် ဆရာတော်တစ်ပါးက
အကြံပြုလွှာဖြင့် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
သံဃမဟာနာယကအဖွဲ့က ပြန်ကြားရာတွင် ''ထေရဝါဒဗုဒ္ဓသာသနာတော်၏ အရေးသည်
တပည့်တော်များအားလုံး၏ တာဝန်ဖြစ်၍ ဆောင်ရွက်ကြသူ ရဟန်းရှင်လူပြည်သူများ
ဆောင်ရွက်ချက်များကို သာဓုအမြဲခေါ်ဆိုလျက်ရှိပါသည်။ သို့ရာတွင် သံဃာ့အဖွဲ့အစည်း
အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ထုတ်ပြန်ထားခြင်းဖြစ်၍
ယင်းအခြေခံ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့် တည်ဆဲဥပဒေများအရသာ ဆောင်ရွက်ရမည်
ဖြစ်ကြောင်း'' ဟု ဆိုသည်။
နိုင်ငံတော်သံဃာဝန်ဆောင်ဆရာတော်တစ်ပါး၏ အကြံပြချက်သာဖြစ်သည့်အတွက် သံဃမဟာ
နာယကအဖွဲ့၏ သတင်းထုတ်ပြန်ကြေညာချက် မဟုတ်ကြောင်းနှင့် အဆိုပြုဆွေးနွေးဆုံးဖြတ်ချက်လည်း
မဟုတ်ကြောင်း၊ထေရဝါဒဗုဒ္ဓသာသနာတော်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်မှုများတွင် သံဃာ့
အဖွဲ့အစည်း အခြေခံစည်းမျဉ်းနဲ့အညီ ဆောင်ရွက်ချက်များကို သာဓုခေါ်ဆိုခြင်းသာ ဖြစ်ကြောင်း
သာသနာရေးဦးစီးဌာန(ဝိနိစ္ဆယရေးရာဌာန) ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောသည်။
''မသဘအဖွဲ့ ရှိခြင်း၊ မရှိခြင်း အပေါ်ယခင်ကြေညာချက် ထုတ်ပြန်ခဲ့တာက အမှန်တရား ဖြစ်ပါတယ်။
လက်ရှိမှာလည်း သံဃာ့အဖွဲ့အစည်း အခြေခံလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့သာ ဖြစ်ပါတယ်။
ယခင်သဘောထားအတိုင်းပါပဲ'' ဟု ၄င်းက ဆိုသည်။















