တိုက်ကြီးငလျင်ကြောင့်လူ ၂၆ ဦး ဒဏ်ရာရပြီးအဆောက်အအုံများပျက်စီး

တိုက်ကြီးငလျင်ကြောင့်လူ ၂၆ ဦး ဒဏ်ရာရပြီးအဆောက်အအုံများပျက်စီး

ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့တွင် မတ် ၁၃ ရက်၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်
လူ ၂၆ ဦး ဒဏ်ရာရရှိပြီး၊ လူနေအိမ်ခြောက်လုံး၊ သာသနိကအဆောက်အအုံ ၂၉ ခု၊
ကျောင်းတစ်ကျောင်းနှင့် ရန်ကုန်မြို့ကို ရေဖြန့်ဖြူးပေးနေသော ဂျိုးဖြူပိုက်ကျော်ရန်
တည်ဆောက်ထားသည့် တံတားငယ်နှစ်စင်း ပျက်စီးခဲ့သည်ဟု ကယ်ဆယ်ရေးနှင့်ပြန်လည်
နေရာချထားရေးဦးစီးဌာန၊ တာဝန်ရှိသူများက ပြောသည်။

ပျက်စီးခဲ့သော သာသနိကအဆောက်အအုံနှင့် လူနေအဆောက်အအုံများအတွက် တစ်ခုလျှင်
ကျပ်နှစ်သိန်းနှင့် တိုက်ကြီးဆေးရုံတွင် ဆေးကုသမှုခံယူနေရသူ ခြောက်ဦးကို ကျပ်ငါးသောင်းစီ
ထောက်ပံ့ထားသည်ဟု ရန်ကုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောသည်။

တိုက်ကြီးမြို့၏ အနောက်နှင့်အနောက်တောင်ဘက် ငါးမိုင်အကွာကို ဗဟိုပြု၍ ရစ်ချ်တာစကေး
၅ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု မတ် ၃ ရက် ည ၈ နာရီ ၄၉ မိနစ်တွင် လှုပ်ခတ်ခဲ့ပြီး၊ ည ၁ဝ
နာရီ ၁၉ မိနစ်တွင် ရစ်ချ်တာစကေး ၄ ဒသမ ရ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု
လှုပ်ခတ်ခဲ့သည်။

မတ် ၁၄ ရက်တွင်လည်း ရစ်ချ်တာစကေး ၄ ဒသမ ရ အဆင့်ရှိ ငလျင်နှင့် အခြားသေးငယ်သော
နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊
တာဝန်ရှိသူက ပြောသည်။

တိုက်ကြီးငလျင်သည်် အမည်မရှိ သည့် ပြတ်ရွေ့အသေးစားကြောင့်ဖြစ် သည်ဟု မိုးလေဝသနှင့်
ဇလဗေဒဌာနငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်မျိုးမင်းထွေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး