ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်သက်သေခံ လက်မှတ်များ မတ် ၁၇ တွင် စတင်ထုတ်ပေးသွားမည်

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်သက်သေခံ လက်မှတ်များ မတ် ၁၇ တွင် စတင်ထုတ်ပေးသွားမည်

 

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူများ သည် မဲဆန္ဒရှင် သက်သေခံ
လက်မှတ်များကို မတ် ၁၇ ရက်မှ ၃ဝ ရက်ထိ သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်စု
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင်ထုတ်ယူနိုင်ကြောင်းပြည်ထောင်စုရွေး
ကောက်ပွဲကော်မရှင်က ယခုလ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို မဲဆန္ဒရှင် ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးက
ကိုယ်စားလာရောက်ခြင်းဖြင့်ဖြစ်စေ ထုတ်ယူနိုင်မည်ဖြစ်ပြီး သက်သေခံလက်မှတ်များ
ထုတ်ပေးရခြင်းရည်ရွယ်ချက်မှာ မဲဆန္ဒရှင်သည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်
ရရှိကြောင်း ခိုင်လုံစေရန်၊ မဲစာရင်းတွင် လွယ်ကူစွာရှာဖွေနိုင်ပြီး အချိန်ကုန် သက်သာစေရန်၊
မဲဆန္ဒရှင်သက်သေခံ လက်မှတ်ပါ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်မှုပြုနိုင်ရန်
အတွက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

''ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးသူဟာ မဲဆန္ဒရှင်သက်သေခံ လက်မှတ် မပါရှိသော်လည်း
မဲစာရင်းတွင် နာမည်စာရင်း ပါရှိပါကမဲပေးနိုင်မည်'' ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကြိုတင်ဆန္ဒမဲများကို မတ် ၂၂ ရက်ကစတင်၍ ရွေးကောက်ပွဲ မကျင်းပမီနေ့ထိသက်ဆိုင်ရာ
ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲများတွင် ပေးနိုင်မည်ဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့်
နာမကျန်းဖြစ်သူများအတွက် ကြားဖြတ်ရွေးကောက်ပွဲနေ့ မတိုင်မီ နောက်ဆုံးနှစ်ရက်တွင်
ကိုယ်စားလှယ်လောင်းများနှင့် ကော်မရှင်အရာရှိများက အိမ်တိုင်ရာရောက် ဆန္ဒမဲများ
ကောက်ယူသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး
ဦးတင်ထွန်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ပရောက် ကြိုတင်ဆန္ဒမဲ ၃၃၉ မဲကိုမတ်
၁ဝ ရက်တွင် လက်ခံရရှိခဲ့ပြီး အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပမည့် ကြားဖြတ်
ရွေးကောက်ပွဲအတွက် ပြည်တွင်း စောင့်ကြည့်လေ့လာသူအဖွဲ့ ခုနစ်ဖွဲ့က စောင့်ကြည့်
လေ့လာသူ ၁,၈ဝဝ ကျော် စာရင်းပေးသွင်းထားကြောင်း၊ ပြည်ပစောင့်ကြည့်လေ့လာသူ
အဖွဲ့အနေဖြင့် နိုင်ငံတကာသံရုံးအဖွဲ့အစည်းများနှင့် ဥရောပသမဂ္ဂအပြင် Asian Network
for Free Election အဖွဲ့အစည်းများက စောင့်ကြည့်လေ့လာသူ ၁၅ ယောက်ခန့် စာရင်း
ပေးသွင်းထားကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်က ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် တံဆိပ်တုံးခတ်နှိပ် မဲပေးခြင်းစနစ်ကို
အသုံးပြုသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး