Mekong Challenge ၂ဝ၁၇ ပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆုရရှိ

Mekong Challenge ၂ဝ၁၇ ပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆုရရှိ

(၁၁) ကြိမ်မြောက် Mekong Challenge2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပထမဆုံးအကြိမ်
ရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း ပြိုင်ပွဲညှိနှိုင်းရေးမှူး မစ္စတာစတီဗင်ပီတာဆန်က ပြောသည်။

မဲခေါင်ဒေသတွင်းရှိလူငယ်များ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွန့်ဦးတီထွင်မှု စီးပွားရေး
လုပ်ငန်းများကို လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကျင်းပသည့် အဆိုပါပြိုင်ပွဲကိုယခုလ
၁၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊
လာအိုနှင့် ဘူတန်နိုင်ငံများမှပြိုင်ပွဲဝင်အဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင်
မြန်မာနိုင်ငံက ရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်သည်။ ရွှေတံဆိပ်ဆုကို မြန်မာနိုင်ငံက
ဝင်ရောက်ယှဉ်ပြိုင်သည့် အဖွဲ့လေးဖွဲ့အနက် Gulpzilla  အဖွဲ့က ရရှိခဲ့ခြင်းဖြစ်ပြီး
အဆိုပါအဖွဲ့သည် Gulpzilla  အမည်ဖြင့် စားသောက်ဆိုင်များ၏ နာမည်နှင့်တည်နေရာကို
မြေပုံဖြင့် ဖော်ပြထားသည့် အက်ပလီကေးရှင်းတစ်ခုကို တီထွင်၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း
ဖြစ်သည်။

ရန်ကုန်မြို့၌ကျင်းပခဲ့သည့် အဆိုပါ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို မြန်မာနိုင်ငံက Gulpzilla အဖွဲ့၊
ငွေတံဆိပ်ဆုကို ဘူတန်နိုင်ငံက Gladden Gull  အဖွဲ့၊ ကြေးတံဆိပ်ဆုကိုလာအိုနိုင်ငံက 
Herb Power  အဖွဲ့တို့ရရှိခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး