ဇွန်လတွင် အသက် ၉ဝ နှင့်အထက် ဘိုးဘွားများကို ငွေကြေးစတင်ထောက်ပံ့မည်
မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၉ဝ နှစ်နှင့်အထက် ဘိုးဘွားများကို ၂ဝ၁၇၁၈ ဘဏ္ဍာနှစ်မှ
စတင်ကာ သုံးလတစ်ကြိမ် ငွေကျပ်သုံးသောင်းထောက်ပံ့ပေးမည့် အစီအစဉ်ကို ဇွန်လတွင်
စတင်မည်ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို ယခုနှစ် ဧပြီလတွင် စတင်အကောင်အထည်ဖော်ရမည်
ဖြစ်သော်လည်း ဝန်ထမ်းအင်အား အခက်အခဲကြောင့် ယခုနှစ် ဇွန်လမှသာ စတင်ဆောက်
ရွက်နိုင်မည်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် အသက် ၉ဝ နှင့်အထက် ဘိုးဘွားဦးရေ သုံးသောင်းဝန်းကျင်ရှိကြောင်း
လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။















