ဦးဝီရသူ၏ အားပေး ပြောဆိုမှု ပါရာဇိက မကျနိုင်ဟုဆို

ဦးဝီရသူ၏ အားပေး ပြောဆိုမှု ပါရာဇိက မကျနိုင်ဟုဆို

ရှေ့နေဦးကိုနီ အသတ်ခံရမှုတွင် သတ်သူအပါအဝင် ပါ၀င်ကူညီသူများကို ကျေးဇူးတင်ရှိကြောင်း
ဆရာတော် ဦးဝီရသူ၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
စုံညီအစည်းအဝေးတွင် တစ်စုံတစ်ရာဆွေးနွေးခဲ့ခြင်း မရှိသည်ကို ထောက်ရှုခြင်းအားဖြင့်
ပါရာဇိက မကျနိုင်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့် (၀ိနိစ္ဆယရေးရာ)က
မြန်မာတိုင်း(မ်)ကိုပြောသည်။

"ဦးဝီရသူနဲ့ ပတ်သက်ပြီး ပါရာဇိက ကိစ္စတော့ မဆွေးနွေးခဲ့ဘူး။ ဆိုတော့ မကျလို့ မဆွေးနွေးတာ
ဖြစ်မှာပါ။ သူကိုယ်တိုင်က သတ်တာလည်း မဟုတ်ဘူး။ အကုသိုလ်စိတ် နည်းနည်းတော့ ရှိတာပေါ့။
ဒါကတော့ အာပတ်ဖြေရင် ပြီးသွားတာပါပဲ။ ဒါကို အများအမြင်မှာ ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုတာ
လောက်နဲ့တော့ ပြောလို့ မရဘူး။ ၀ိနည်းဓမ္မကံနဲ့ ပတ်သက်ရင် ၀ိနည်းဓိုရ် ဆရာတော်တွေကပဲ
ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ဒါကို ဆရာတော်ကြီးတွေက မပြောခဲ့ဘူးဆိုတော့ မကျဘူးလို့ပဲ
ကောက်ယူရမှာ ဖြစ်တယ်"ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ် ၁၀ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ
အထူးအစည်းအဝေးတွင် ဆရာတော် ဦးဝီရသူ၏ ပြောဆိုလုပ်ဆောင်ချက် အားလုံးကို သုံးသပ်ကာ
မြန်မာနိုင်ငံတော်အတွင်း တရားဟောပြောခွင့်ကို ၂၀၁၇ ခုနှစ်၊ မတ် ၁၀ ရက်မှ ၂၀၁၈ ခုနှစ်၊
မတ် ၉ ရက်အထိ တစ်နှစ်ပိတ်ပင်သည့် ဆုံးဖြတ်ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်းမရှိပါက
တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး