ဒိန်းမတ်အကူအညီဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်းများ စောင့်ကြည့်စနစ် တည်ထောင်မည်

ဒိန်းမတ်အကူအညီဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်းများ စောင့်ကြည့်စနစ် တည်ထောင်မည်

မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် ဒိန်းမတ်နိုင်ငံ အစိုးရတို့
ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ့စီးပွားရေး လုပ်ငန််းများအား စောင့်ကြည့်လေ့လာသည့်စနစ်'
တည်ထောင်ရန် စတင်အကောင်အထည်ဖော်ခြင်း အခမ်းအနားကို ဗဟိုစာရင်းအင်းအဖွဲ့ရုံးတွင်
မတ် ၁၇ ရက်က ကျင်းပခဲ့သည်။

အဆိုပါ စနစ်တည်ထောင်နိုင်ရန် ဒိန်းမတ်နိုင်ငံက ဒိန်းမတ်ငွေကြေး ၁၀ သန်း ထောက်ပ့ံထားပြီး
စီးပွားရေးလုပ်ငန်းများ ကို လေ့လာခြင်း၊ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို မတ်လမှ
၂၀၂၀ ပြည့်နှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံ့စီးပွားရေးအတွက် အရေးပါပြီး အခြေခံလူတန်းစားများ၏ အလုပ်အကိုင်အခွင့်အလမ်း
ရရှိရေးအတွက် အရေးပါသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါ၀ါမောင်က
ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယူအင်န်ဒီပီနှင့် ၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သောစာရင်းများအရ အသေးစားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း ၁၂၆,၅၀၀ ရှိသည်။

အဆိုပါ လုပ်ငန်းများအနက် ထုတ်လုပ်မှုလုပ်ငန်းပမာဏမှာ ၄၀ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးဖြစ်နေပြီး
ကုန်သွယ်မှုကဏ္ဍကိုလုပ်ကိုင်သည့် ပမာဏ ၃၃ ရာခိုင်နှုန်း၊ ၀န်ဆောင်မှု ကဏ္ဍကို လုပ်ကိုင်သည့်
ပမာဏမှာ ၂၇ ရာခိုင်နှုန်း ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ စောင့်ကြည့်လေ့လာသည့်စနစ် တည်ထောင်ခြင်းသည် အသေးစားနှင့် အလတ်စား
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် သတင်းအချက်အလက်များ ပ့ံပိုးပေးနိုင်ရန်ဖြစ်သည်ဟု
တာဝန်ရှိသူများက ပြောသည်။

ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ကိုင်နေသော အသေးစားနှင့် အလတ်စားလုပ်ငန်းများသည်
ပြည်တွင်းထွက် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ဆင့်ကဲထုတ်လုပ်သောကြောင့်
အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်များ ပေးနိုင်ခြင်း၊ တိုင်းပြည်စီးပွားရေးကို
များစွာအထောက်အကူပေးနိုင်ခြင်းကြောင့် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဒေါက်တာဝါ၀ါမောင်က ပြောသည်။

"အသေးစားလုပ်ငန်းတွေ တိုးတက်မှသာ မိသားစုတွေ အလုပ်အကိုင်ရရှိပြီး စားဝတ်နေရေး
အဆင်ပြေမယ်။ ဒါကြောင့့် သူတို့ရဲ့အလုပ်အကိုင်ရရှိမှု၊ လိုအပ်တဲ့နည်းပညာ၊ ဈေးကွက်ရရှိမှု၊
ထုတ်ကုန်ပစ္စည်းအမျိုး အစားတွေကို ဒီထက်ပိုမိုတိုးတက်စေမယ့် မူဝါဒဆိုင်ရာဆုံးဖြတ်ချက်တွေ၊
အချက်အလက်တွေလိုတယ်"ဟု ဒေါက်တာဝါ၀ါမောင်က ပြောသည်။

၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း အရေအတွက်
စစ်တမ်းနှစ်ခုကောက်ယူမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့် နှစ်တွင် အရည်အသွေးစစ်တမ်း
ကောက်ယူမည် ဖြစ်သည်။

အဆိုပါအစီအစဉ်ကို နှစ်နိုင်ငံ ပူးပေါင်းအစီအစဉ်ဖြင့် ဆောင်ရွက်မည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး