မျက်စိကျန်းမာရေးစစ်တမ်း ဧပြီလကုန် စကောက်မည်

မျက်စိကျန်းမာရေးစစ်တမ်း ဧပြီလကုန် စကောက်မည်

၁၉၉၇ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံတွင် လူ ၁,ဝဝဝ ၌ မျက်မမြင်ခြောက်ဦးရှိ၊
မျက်စိဝေဒနာများအနက် အတွင်းတိမ်ရောဂါမှာ ၆ဝ ရာခိုင်နှုန်းရှိ ...

မြန်မာနိုင်ငံ မျက်စိရောဂါဖြစ်ပွားမှုအခြေအနေများကို ကိုယ်စားပြုနိုင်မည့် မျက်စိကျန်းမာရေး
စစ်တမ်းကို ဧပြီလနောက်ပိုင်းတွင်စတင် ကောက်ယူနိုင်ရန် စီစဉ်နေကြောင်းရန်ကုန်မျက်စိ
ဆေးရုံကြီးက ဆေးရုံအုပ်ကြီးပါမောက္ခ ဦးတင်ဝင်းက မတ် ၂၁ ရက်တွင် ပြောသည်။

အဆိုပါ မျက်စိကျန်းမာရေးစစ်တမ်းကို တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်သည့် ဧရိယာ ၁၁ ခုတွင်
ကောက်ယူမည်ဖြစ်ပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊
မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''တစ်နိုင်ငံလုံက ဖြစ်ပွားမှုကို ကိုယ်စားပြုနိုင်အောင် ဒီစစ်တမ်းကောက်တာပါ။ ရာသီဥတု၊
ပတ်ဝန်းကျင်၊ စီပွားရေစတဲ့ နယ်မြေအနေအထား တူတဲ့နေရာတွေကို တစ်ခုစီရွေးချယ်ထား
တယ်။ ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ စနစ်တကျ တွက်ချက်ပြီးကောက်ယူမှာဖြစ်တယ်။
သင်္ကြန်ကျော်ရင် စစ်တမ်းကောက်ယူရာမှာ ပါမယ့်သူတွေကို သင်တန်းပေးဖို့ရှိတယ်''ဟု
ပါမောက္ခဦးတင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းတာကိုယ်စားပြုသည့် မျက်စိကျန်းမာရေးစစ်တမ်းကို
၁၉၉၇ ခုနှစ်က ကောက်ယူခဲ့ပြီးနောက်ပိုင်း ထပ်မံကောက်ယူထားခြင်း မရှိသောကြောင့်
ခေတ်နှင့်အညီ မျက်စိရောဂါ ဖြစ်ပွားမှုအခြေအနေများကို သိရှိစေရန်ကောက်ယူခြင်းဖြစ်ကြောင်း
၄င်းက ပြောသည်။

''ှုဗဏြ က ပညာရှင်တွေက စစ်တမ်းကောက်ယူဖို့ နည်းပညာတွေကို သင်တန်းပေးပါမယ်။
ကျွန်တော်တို့ရည်ရွယ်ချက်က တိကျတဲ့ ကိန်းဂဏန်း အချက်အလက်တွေ ရဖို့ပါ။ ဒါမှ အချက်
အလက်အပေါ် အခြေခံပြီး ဆောင်ရွက်တဲ့စီမံကိန်းတွေမှာ အကျိုးရှိရှိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာက ၁၉၉၇ ခုနှစ်တုန်းက အချက်အလက်တွေကိုပဲ အသုံးပြုနေရတယ်။ နှစ်စဉ်
ခရိုင်အလိုက် လုပ်တဲ့ စစ်တမ်းတွေရှိပေမဲ့ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုတဲ့အတွက် ဒီစစ်တမ်းကို
လုပ်တာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

၁၉၉၇ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံတွင် မျက်မမြင်ဖြစ်ပွားမှုနှုန်းမှာ လူ ၁,ဝဝဝတွင်
ခြောက်ယောက်ခန့်ရှိသည်။ မျက်စိရောဂါများအနက် အတွင်းတိမ်ရောဂါမှာအများဆုံးဖြစ်ပြီး
အတွင်းတိမ်ဖြစ်ပွားမှုမှာ ၆ဝ ရာခိုင်နှုန်း၊ ရေတိမ်မှာ ဒုတိယအများဆုံးဖြစ်ကာ၂ဝ ရာခိုင်နှုန်းခန့်
ရှိသည်။

တစ်နိုင်ငံလုံးတွင် မျက်စိစင်တာပေါင်း ရ၄ ခုရှိပြီး ဗဟိုအဆင့်၊ ခရိုင်အဆင့်နှင့် တိုင်းအဆင့်
ဆေးရုံများတွင် တွဲဖက်ဖွင့်လှစ်ထားပြီး ယမန်နှစ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက
လူနာပေါင်း ၁ဝဝ,ဝဝဝကျော်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်းရန်ကုန်မျက်စိဆေးရုံကြီးထံမှ
သိရသည်။

''ကျွန်တော် ထင်းပေါက်ရင်းနဲ့ မတော်တဆမျက်စိ ခိုက်မိသွားလို့ လာပြတာပါ။ ဆေးကုတာရော၊
စစ်တာရော အကုန်အခမဲ့ရတယ်လေ၊ အခက်အခဲတော့ မဖြစ်ပါဘူး။ မျက်စိကတိမ်လည်းရှိတယ်၊
လာတော့မပြဖြစ်ဘူး။ အခုလို ထိခိုက်မှ လာပြဖြစ်တာ''ဟု ဧရာဝတီတိုင်းမှ မျက်စိဆေးရုံသို့
လာရောက်ပြသသည့် လူနာတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ငါးနှစ်နှင့် နှိုင်းယှဉ်ပါကမျက်စိကျန်းမာရေးဆိုင်ရာ အသိပညာများ ရရှိလာပြီဖြစ်
သော်လည်း လိုအပ်နေသေးကြောင်း ပါမောက္ခ ဦးတင်ဝင်းက ပြောသည်။

မျက်စိရောဂါများအနက် အတွင်းတိမ်၊ရေတိမ်၊ မျက်ကြည်လွှာတွင်ဖြစ်သောရောဂါ၊ အာရုံလွှာတွင်
ဖြစ်သော ရောဂါများနှင့် ထိခိုက်မှုကြောင့်ဖြစ်သည့် ရောဂါများ အဖြစ်များသည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး