ဦးဝီရသူကိစ္စ မဘသ၏ သဘောထားဟုတ်မဟုတ် အမေရိကန်သံရုံးက မေးမြန်း

ဦးဝီရသူကိစ္စ မဘသ၏ သဘောထားဟုတ်မဟုတ် အမေရိကန်သံရုံးက မေးမြန်း

မဘသဗဟိုဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆရာတော် ဦးဝီရသူ၏ ပြောဆိုဆောင်ရွက်မှုများအား
လူမှုကွန်ယက် စာမျက်နှာများတွင် ဝေဖန်ပြောဆိုမှုများနှင့် ပက်သက်ပြီး အမျိုးဘာသာ သာသနာ
စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားများအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး
တာဝန်ရှိသူများက မတ်လ ၂၂ ရက်နေ့တွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြသည်။

အမေရိကန်သံရုံးအဖွဲ့မှ နိုင်ငံရေးဆိုင်ရာ အရာရှိများ ဖြစ်ကြသည့် Mr Sean Smith ၊
Mr David Galbraith ၊ Hanna Kim နှင့် R. C Birthy တို့အဖွဲ့က မေးမြန်းခဲ့ရာတွင်
ဆရာတော်ဦးဝီရသူ၏ ပြောဆိုမှုနှင့် ပတ်သက်၍ တစ်ဦးတစ်ယောက်၏ ထုတ်ဖော်ပြောဆိုမှုသည်
မဘသအဖွဲ့ကြီးတစ်ခုလုံးကို ကိုယ်စားမပြုနိုင်ကြောင်း၊ ရှေ့နေဦးကိုနီ သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍
ဆရာတော်ဦးဝီရသူ၏ ပြောဆိုချက်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သူ၏ ကိုယ်ပိုင်အမြင်
တစ်ခုကိုသာ ချပြခဲ့ခြင်းဖြစ်ကြောင်း မဘသဗဟို ဦးဆောင်ဆရာတော်ဖြစ်သူ
ဆရာတော် ဒေါက်တာဓမ္မပိယ(ငါးကျမ်းပြန်)က ဖြေကြားခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ
ဆရာတော် ဦးဝီရသူအား တရားဟောခွင့် ပိတ်ပင်ခဲ့ခြင်းသည် ပါရာဇိကသိက္ခာပုဒ်များနှင့်
သက်ဆိုင်ခြင်း လုံးဝမရှိကြောင်း ဆရာတော်က ရှင်းလင်းပြောဆိုသည်။

အမေရိကန်သံရုံးက မေးမြန်းပြီးနောက် မိမိတို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသည်
အမေရိကန်နိုင်ငံသာမက နိုင်ငံတကာအသိုင်းအဝိုင်းတွင် မဘသအဖွဲ့နှင့် ပတ်သက်သည့်
သတင်းအမှန်များကို ဖြေကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအခြေစိုက် သံရုံးများအနက် အမေရိကန်သံရုံးသည် ပေါ်ပေါက်လျက်ရှိသော
သတင်းအချက်များအပေါ် မဘသအဖွဲ့ရုံးသို့ မကြာမဏဆိုသလို သွားရောက်တွေ့ဆုံမေးမြန်းလေ့
ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး