ဟားခါးပညာရေးကောလိပ်ကို လာမည့် ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်

ဟားခါးပညာရေးကောလိပ်ကို လာမည့် ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်

ချင်းပြည်နယ်တွင် ဟားခါးပညာရေးကောလိပ်ကို ၂၀၁၇ ဒီဇင်ဘာလ၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း
အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာအောင်အောင်မင်းက
မတ်လ ၂၈ ရက်နေ့တွင် မြန်မာတိုင်း(မ်)သို့ ပြောသည်။

"ဟားခါးပညာရေးကောလိပ်ကို အခုဒီဇင်ဘာမှာ ဖွင့်နိုင်မယ်။ စာသင်ဆောင်၊ အိပ်ဆောင်နဲ့
ထမင်းစားဆောင်တွေပါမယ်။ လူ ၅၀ လောက်နဲ့ဒီနှစ် စလို့ရမယ်"ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပညာရေး ကောလိပ်ပေါင်း ၂၃ ခုရှိပြီး၊
ချင်းပြည်နယ်တွင် ဖွင့်လှစ်မည့် ဟားခါးပညာရေးကောလိပ်သည် ၂၄ မြောက် ပညာရေးကောလိပ်
ဖြစ်လာမည်ဖြစ်သည်။

ထို့အပြင် အဆိုပါ ပညာရေးကောလိပ်သည် ချင်းပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်သည့်
ပညာရေးကောလိပ်ဖြစ်လာမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး