ကျေးရွာအတွင်း TNLA တပ်များဝင်ရောက်လာမှုကြောင့် နောင်ချိုမြို့ပေါ်သို့ တိမ်းရှောင်လာ

ကျေးရွာအတွင်း TNLA တပ်များဝင်ရောက်လာမှုကြောင့် နောင်ချိုမြို့ပေါ်သို့ တိမ်းရှောင်လာ

နောင်ချိုမြို့နယ်ပင်တီးအုပ်စုနောင်ကွမ်(ရှမ်းတိုင်းရင်းသား)ကျေးရွာ TNLA တပ်များဝင်ရောက်
လာမှုကြောင့် ဒေသခံရွာသားများသည် နောင်ချိုမြို့ ပေါ်သို့ မတ်လ ၂၉ ရက် နေ့ ည ၈ နာရီအချိန့်တွင်
တိမ်းရှောင်လာကြောင်း သိရသည်။

''တိမ်းရှောင်လာတာ အားလုံး ၄၂ ဦးပါ။ လောလောဆယ် သူတို့အတွက် လိုအပ်တဲ့ စားဖွယ်
သောက်ဖွယ်၊ ဆန်တို့၊ ဆီတို့၊ ခေါက်ဆွဲခြောက်တို့ ကို မြို့နယ်အာဏာပိုင်အဖွဲ့နဲ့ပေါင်းပြီး လှူထား
တယ်။ ကျန်းမာရေးစောင့် ရှောက်မှုတွေလည်း ပေးထားပါတယ်''ဟုနောင်ချိုမြို့နယ်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က ပြောသည်။

အဆိုပါကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွားသည့်အသံမကြားရသော် လည်း ဒေသခံများအနေဖြင့်
တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး တိမ်းရှောင် လာသည်ဟုထင်ကြောင်း ၄င်းက ပြောသည်။

''ဝင်လာတဲ့ TNLA တပ်အင်အားက နှစ်ရာလောက်ရှိတယ်လို့ကြားတယ်။ ဒါ့ကြောင့် နောင်ချိုနယ်ထဲ
ကိုထပ်ပြီးကျွံမလာအောင်တော့ ကျွန်တော်တို့ဘက်က သတိထားပြီး ကြည့်နေတယ်''ဟု ၄င်းက
ပြောသည်။

နောင်ချိုမြို့နယ်နှင့်ကပ်လျက်ရှိ ကျောက်မဲမြို့နယ်အနောက်ဘက်တွင် ပလောင်ဒေသများရှိပြီး
ယင်းမှတဆင့် နောင်ချိုမြို့နယ်အတွင်းသို့ ဝင်ရောက် လာခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

နောင်ချိုမြို့ခံတစ်ဦးဖြစ်သူ ဦးအောင်မြင့်ထွန်းက ''အရင်တုန်းက နောင်ချိုနယ်ထဲကို TNLA တပ်တွေ
ဝင်မလာဖူးဘူး။ အခုမှ ဝင်လာတာ''ဟု ပြောသည်။

လက်ရှိတွင် ပင်တီးကျေးရွာအုပ်စု နောင်ကွမ်ရွာမှ အိမ်ထောင်စု၁၄ စု၊ လူဦးရေ ၄၂ ယောက်သည်
နောင်ချိုမြို့ ကျောက်ဂူဘုန်းကြီးကျောင်းတွင် ယာယီနေထိုင်လျက်ရှိသည်။

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်း၌
TNLA တပ်နှင့် တပ်မတော်တို့အကြား တိုက်ပွဲ များဖြစ်ပွားမှုကြောင့် ရှမ်းတိုင်းရင်းသား ၁၇၈ ဦးသည်
နမ္မတူမြို့မှတဆင့် နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်
ဖူးကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး