(၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

(၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင်
ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ကြောင်း ယနေ့ ဧပြီ ၃ ရက်နေ့တွင်
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမှ၌ ကျင်းပသည့် ှSport Forum မှ သိရသည်။

အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို အာဆီယံ တက္ကသိုလ်များအားကစားကောင်စီမှကြီးမှူးပြီး
၁၉၈၁ ခုနှစ် မှစတင်ကာအာဆီယံနိုင်ငံများအတွင် နှစ်နှစ်တစ်ကြိမ်အလှည့်ကျ ကျင်းပခဲ့ခြင်းဖြစ်သည်။

(၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို ၂၀၁၈ ခုနှစ်ဒီဇင်ဘာလတွင်
ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် အားကစားအမျိုးအစား ၁၆ မျိုးပါ၀င်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်၊ ထိုင်းနိုင်ငံ၌ကျင်းပသည့် ၁၅ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ
အားကစားပြိုင်ပွဲမှ စတင်ပြီး ပါ၀င်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး