နေ့အပူချိန် မြင့်တက်မှုကြောင့် နောက်ဆက်တွဲ ရာသီဥတုဖြစ်စဉ်များ သတိပြုရန် လို

နေ့အပူချိန် မြင့်တက်မှုကြောင့် နောက်ဆက်တွဲ ရာသီဥတုဖြစ်စဉ်များ သတိပြုရန် လို

ဧပြီလနှင့် မေလတို့တွင် နေ့အပူချိန်များ မြင့်တက်မှုကြောင့် လေထုမတည်မငြိမ်ဖြစ်ခြင်းနှင့်
မိုးတိမ်တောင်များကြောင့် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ မိုးလေဝသ အခြေအနေများကို
သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဧပြီလတွင် မိုးတိမ်တောင်ဖြစ်နိုင်ခြေ အများဆုံးရှိပြီး စစ်ကိုင်း၊ ချင်း၊ ကချင်၊ မန္တလေးနှင့် ရှမ်းပြည်နယ်
ဒေသများတွင် ဖြစ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧပြီ ၄ ရက်တွင် ပြောသည်။

လက်ရှိအချိန်တွင် အထက်ပိုင်းဒေသများ၌ ဆက်တိုက် လေပြင်းတိုက်ခြင်းနှင့်
မိုးရွာသွန်းခြင်းများကြောင့် လတ်တလော အပူချိန်အနည်းငယ်လျော့သွားသော်လည်း နေ့အပူချိန်များ
ပြန်လည်မြင့်လာနိုင်သည်ဟု ဆိုသည်။

မတ်လနောက်ဆုံးပတ်နှင့် ဧပြီလပထမပတ်အတွင်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့်
ရှမ်းပြည်နယ်တို့တွင် လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၀၀ ကျော်
ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း၊ မတ် ၂၈ ရက်တွင် ကျိုင်းတုံမြို့၌ လေပြင်းတိုက်ခြင်းနှင့်
မိုးသီးကြွေကျခြင်းများကြောင့် နေအိမ် ၂၀ ခန့် ပျက်စီးခဲ့သည်။

မိုး/ဇလ ဌာန ၏ ဧပြီလအတွက် နေ့အပူချိန်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီစင်တီဂရိတ်အထိ အပူချိန် ပိုနိုင်သည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး